သူနှင့်ကစားခြင်း
Vol. 007 Ch. 653
သေးငယ်သောလက်သည် သူ့လက်သီးဆုပ်ကိုကိုင်ထားသည်ကို လျူမင်ယွမ် မြင်လိုက်ရသည်။ သူ ကြည့်လိုက်ရာ သူမ၏ ပြုံးနေသောမျက်လုံးများကို တွေ့လိုက်ရသည်။
“ကျွန်တော်ပြန်ပြောပေးလိုက်မယ်၊ နောက်တစ်ခါဆုံးဖြတ်ချက်မချခင် ကိုယ့်ပြိုင်ဘက်ကို နားလည် အောင်လုပ်ပါ၊ ကျွန်တော်က ဝိဉာဉ်သခင်အပြင် ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ထားတယ်၊ ဒီနေ့ ကျွန်တော်နဲ့ တွေ့မှတော့ ခင်ဗျားရှုံးမှာပဲ” ရှီမာယူယူသည် ပြုံးကာ ပြောပြီးသည်နှင့် လျူမင်ယွမ်၏ လက်ကို သူမအားထည့် ကာ လှည့်လိုက်သည်။
ထို့နောက်တွင် သူမ၏ ညာဘက်လက်လှုပ်ရှားကာ သူ့ကိုထိုးလိုက်သည်။ သူမ ချက်ချင်းလိုက်သွား သော်လည်း ပြိုင်ဘက်၏လှုပ်ရှားမှုမှာလည်း မနှေးကွေးပေ။ သူ အထိုးခံလိုက်ရသော်လည်း ချက်ချင်းပင် လှည့် ထွက်နိုင်ကာ ရှီမာယူယူ၏ ကန်ချက်ကို ရှောင်ပြီး တစ်ပြိုင်နက်တည်းပင် မတ်တပ်ရပ်လိုက်ကြသည်။
သူတို့သည် မျက်နှာချင်းဆိုင် ပြန်ဖြစ်သွားသည်။
သူသည် ပါးစပ်အစွန်းမှသွေးများကိုသုတ်ပြီး ရှီမာယူယူအား သတိရှိစွာဖြင့် ကြည့်လိုက်သည်။ ဒီတစ် လှည့်တွင် ရှုံးသွားလိမ့်မည်ဟု သူမထင်ထားပေ။ တစ်ဖက်လူသည် သူနှင့် အားချင်းတူသည်သာမက ခန္ဓာကိုယ် ကိုလည်းလေ့ကျင့်ထားသဖြင့် သူ့ထက်ပင်သာလွန်နေသည်။ သူ၏ အားသာချက်များသည် သူမရှေ့တွင် အသုံး မဝင်ပေ။
ကြည့်ရှုသူများသည် အံ့သြကြသည်။ သူမက တကယ်ပဲ လျူမင်ယွမ်ကို ဒဏ်ရာရအောင်လုပ်လိုက် တာလား။
လူအများ၏ အမြင်များပြောင်းသွားကြသည်။ သူတို့အမြင်တွင် သူမသည် လူသစ်မဟုတ်တော့ပဲ သန်မာ သောပြိုင်ဘက်ဖြစ်သွားသည်။
“ဟင် ကျူလေး ထွက်လာခဲ့”
လျူမင်ယွမ်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ရှီမာယူယူသည် သူနှင့်အဆင့်တူသည်ကို သိသွား လေပြီ။ သူ့အားနည်းချက်ကို ပြရန်မဖြစ်ပေ။ သူ့ဝိဉာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်အင်အားတို့သည် သူမကို ကျအောင် မလုပ်နိုင်မှတော့ သူ၏ အပေါင်းအဖော်ကိုဆင့်ခေါ်ရတော့မည်။
“ရွှီး ရွှီး”
စပါးအုံးမြွေကြီးသည် ပြိုင်ပွဲနေရာတွင်းပေါ်လာပြီး နေရာတစ်ခုလုံးပြည့်သွားလေသည်။ ပုံးတစ်ပုံးစာ အထူရှိသောခန္ဓာကိုယ်သည် လျူမင်ယွမ်ဘေးတွင် ရပ်လိုက်သည်။ လူနှင့် မိစ္ဆာတစ်စုံတို့သည် လိုက်ဖက်ညီလှ သည်။
အဆင့်၃ အထွတ်အထိပ်မိစ္ဆာတစ်ကောင်သည် သာမာန်လူများအကြားတွင် ရှားပါးသော စာချုပ်မိစ္ဆာပင် ဖြစ်သည်။
“သူ့မှာပဲ အထွတ်အထိတ်မိစ္ဆာရှိတယ်များထင်နေလား” လျူမင်ယွမ်၏ ဘဝင်မြင့်သော ပုံစံကိုကြည့်ပြီး ဖက်တီးကျူသည် အထင်သေးစွာပြောလိုက်သည်။
ထန်ယန်သည် ဖက်တီးကျူကိုကြည့်လိက်သည်။ သူသည် ဖက်တီးကိုမသိသော်လည်း ရှီမာယူရန်ကို သိသည်။ ထိုလူများသည် သူမနှင့်တစ်ဖွဲ့တည်းဖြစ်ရမည်။
“ဟာစွန်ထွက်လာပြီး မြွေလေးနဲ့ ကစားပေးလိုက်” ရှီမာယူယူ စကားဆုံးသည်နှင့် ဟာစွန် အားလုံးရှေ့ ပေါ်လာသည်။
ဟာစွန်ပေါ်လာပြီးနောက်တွင် စပါးအုံးသည် ချက်ချင်းပင်ကြောက်သွားကာ ဘေးသို့ရောက်သွားလေ သည်။
“ဟာစွန် သူမသေအောင်တော့ ဂရုစိုက်ကစားပေး” ရှီမာယူယူ ပြောလိုက်သည်။
ဟာစွန်သည် အတောင်ပံခတ်လိုက်သည်။ သူသည် စပါးအုံးမြွေကို ဆုပ်ယူကာ မိုးပေါ်သို့ ခေါ်သွားလေ သည်။
စပါးအုံးမြွေအဖမ်းခံလိုက်ရသည်ကို လျူမင်ယွမ်တွေ့လိုက်သောအခါ ကြောင်သွားလေသည်။
“ခေါင်းဆောင်လျူ မှင်တက်လွန်းလို့ သေသွားတော့မှာပဲ” ရှီမာယူယူသည် ညင်သာစွာ သတိပေးလေ သည် “ခင်ဗျားဖွက်ထားတဲ့လှည့်ကွက်တွေကို ပြလိုက်တာကောင်းမယ်၊ မဟုတ်ရင် အကောင်းဆုံးလုပ်လိုက် တယ်လို့တောင် ပြောလို့ရမှာမဟုတ်ဘူး”
လျူမင်ယွမ်သည် ရှီမာယူယူ၏ စကားများကို အထိနာသွားသည်။ သူ ထိသွားကာ နောက်ထပ် အထွတ် အထိပ်မိစ္ဆာတစ်ကောင်ကိုခေါ်ထုတ်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် အိမ်ပြန်စဉ်က သူ့မိသားစုသည် ထို အကောင်နှင့် စာချုပ်ချုပ်ရန်လုပ်ပေးခဲ့သည်။ ထိုအကြောင်းကို သိသည့်သူမရှိပေ။ သူသည် ညီလာခံ၃ခုတွင် အဆင့် ၃၀အတွင်းဝင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဒီနေ့ကို ထုတ်ပြရလိမ့်မည်ဟု ထင်မထားပေ။
ကျောင်းသားသစ်ဆီတွင် ရှုံးနှိမ့်ရသည်ထက် ဒီလျှို့ဝှက်ချက်ကိုဖော်လိုက်ရသည်က ပိုကောင်းသည်။
“လျူမင်ယွမ်က တကယ်ပဲအထွတ်အထိပ်မိစ္ဆာ၂ကောင်ရှိတာပဲ၊ သိုသိပ်လိုက်တာ” ထန်ယန်သည် ပြောပြီးနောက် ယပ်တောင်ဆက်ခတ်နေလေသည်။
“ညီလာခံ၃ခုအတွက် ပြင်ဆင်နေတာထင်တယ်” မိုဘင်း စကားစလာသည်။
“သူဘာလုပ်မလဲသိချင်မိ… လျူမင်ယွမ်နဲ့ သူ့စာချုပ်မိစ္ဆာကို ကိုယ်တွယ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး” ထန်ယန် မှတ်ချက်ပေးလေသည်။
“သူ ပြာမသွားပါဘူး” မိုဘင်းသည် သူမတွင်နည်းလမ်းရှိလိမ့်မည်ဟု ယုံကြည်သည်။
ရှီမာယူယူသည် ဒုတိယအထွတ်အထိပ်မိစ္ဆာကိုကြည့်ကာ ရယ်မောလိုက်သည် “ဟိန်းသံထောင်ချီ ထွက် လာပြီး ကစားလိုက်ဦး သေအောင်တော့မလုပ်နဲ့”
ဟိန်းသံထောင်ချီသည် အမြီး၈ချောင်းဖြန့်ကာ ထွက်လာသည်။ တစ်ဖက်လူကို အံ့သြချိန်ပင် မပေးပဲ တိုက်ခိုက်လေသည်။
“ခေါင်းဆောင်လျူ ရှိသေးလား”
လျူမင်ယွမ်သည် ရှီမာယူယူ၏ မျက်နှာမှ အပြုံးကိုကြည့်ပြီး မနှစ်မြို့ပေ။ သူ ဝိဉာဉ်စွမ်းအားများစုစည်းပြီး သူမကို တိုက်ခိုက်လိုက်သည်။ ရှီမာယူယူ သူ့ဆီသို့ပျံသွားလိုက်သည်။ သူတို့သည် မြေပေါ်မှ လေပေါ်၊ လေပေါ်မှ မြေပြင်အထိ သွားလာတိုက်ခိုက်ကြလေသည်။
လျူမင်ယွမ်တွင် တိုက်ခိုက်မှုစွမ်းအင်ရှိသေးသည်ဟု ပြေလာို့ရသည်။ လူနှစ်ယောက်၏ ဝိဉာဉ်စွမ်းအား နှင့် ခန္ဓာကိုယ်သန်မာမှုတို့သည် အချင်းချင်းတိုက်ခိုက်ကြသည်။ ရှီမာယူယူသည် မရှုံးနိုင်ပေ။
အားလုံးသည် သူတို့နှစ်ယောက်ကြားမှ တိုက်ခိုက်မှုကို ရင်သပ်ရှုမောဖြစ်နေကြသည်။ မိုးကြိုးသွားအဖွဲ့ မှလူများသည် သူတို့ခေါင်းဆောင်နှင့် အချိန်အတော်ကြာအောင် တိုက်နိုင်သော သူမကို ကြက်သီးထမိသည်။
ဒါဆိုရင် သူမက သူတို့ကို တကယ်ပဲ သက်ညှာပေးထားတာပဲ။
တခြားသူများကသာ သူတို့သည် အကြိတ်အနယ်ဖြစ်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် မလွယ်ကူသည်ကို လျူမင်ယွမ်သိသည်။ သူသည် အကောင်းဆုံးကြိုးစားထားသော်လည်း တစ်ဖက်လူသည် အခြေအနေကောင်းနေသေးသည်။
“ဘန်း”
ရှီမာယူယူသည် လျူမင်ယွမ်အားကန်လိုက်ရာ မြေပေါ်ကျသွားလေသည်။ သူ လှည့်ထမည်အပြုတွင် ရှည်လျားသော ဓားရှည်သည် သူ့လည်ပင်းပေါ်သို့ ရောက်နေလေပြီ။
“ခင်ဗျားရှုံးသွားပြီ”
လျူမင်ယွမ်သည် ခေါင်းမငုံ့ချင်ပဲငုံ့ကာ အရှုံးကိုဝန်ခံရတော့သည်။
“ဒါဆိုရင် ခင်ဗျားတို့အဖွဲ့ဝင်တွေ မျက်စိရှေ့ရောက်မလာဖို့ သဘောတူထားတာကို မှတ်မိမှာပါ” ရှီမာယူယူသည် ပြောရင်းနှင့် စင်မြင့်အောက်မှ လူများကိုကြည့်လိုက်သည်။
သူမကြည့်လိုက်သည်နှင့် မိုးကြိုးသွားအဖွဲ့ဝင်များသည် ခေါင်းများပုဝင်သွားကြသည်။ တစ်ဖက်လူသည် အလွယ်တကူပင် အနိုင်ကျင့်လို့ရသည်ဟု သူတို့ထင်ခဲ့ကြသည်။ ထိုလူသည် သူတို့လိုက်မှီရန် ဝေးကွာလွန်းလိမ့် မည်ဟု မထင်ထားကြပေ။
သူမသည် လင်းလုံအားသိမ်းလိုက်ပြီး ပြိုင်ပွဲနေရာမှ ဆင်းလာသည်။
သူမ ဆင်းလိုက်သည်နှင့် လျူမင်ယွမ်၏ အထွတ်အထိပ်မိစ္ဆာ ၂ကောင်သည် သူ့ဘေးသို့ ကျလာသည်။ သူတို့သည် အသက်အန္တရာယ်မရှိသော်လည်း ပြိုက်ဘက်၏လက်ထဲတွင် သေလုနီးပါးပင်။
“ယူယူ” ဘေဂုံထန်တို့သည် ထွက်ပေါက်တွင်ရောက်နေသည်။
“မိုးကြိုးသွားအဖွဲ့ကလူတွေက ငါတို့ကို ထပ်ပြီးနှောင့်ယှက်ရဲတော့မယ်မထင်ဘူး၊ သူတို့ ကြိတ်ကြံမှာ ကိုတော့ သတိထားရမယ်၊ ငါတို့အဖွဲ့လည်းဖွဲ့ပြီးပြီဆိုတော့ ပန်းတိုင်ကလည်းပိုကြီးလာပြီ” ရှီမာယူယူ ပြောလိုက် သည်။
“မစိုးရိမ်ပါနဲ့ သူတို့ ငါတို့ကိုမတိုက်ရဲပါဘူး” ရှီမာယူရွှီ ပြောလိုက်သည်။
“ပြန်ရအောင် ဗိုက်ဆာတယ်” ရှောင်ချီသည် လူအုပ်ကိုမနှစ်သက်သဖြင့် ရှီမာယူယူလက်ကို ဆုပ်ကိုင် လိုက်သည်။
“ကောင်းပြီ” ရှီမာယူယူ ငုံ့ကြည့်ပြီး သူမကိုပြုံးပြလိုက်သည် “ငါတို့ ထွက်လာတာကြာနေပြီ ရှောင်ချီ ဗိုက်ဆာနေပြီ၊ ငါတို့ပြန်တော့မယ် အစ်ကိုကြီး ကျွန်တော်တို့အရင်ပြန်လိုက်ဦးမယ် အစ်ကိုကြီးကိုပဲ အပ်ခဲ့လိုက် ပြီ”
“စိတ်ချ” ရှီမာယူရွှီ ပြောလိုက်သည်။
“ရှောင်ချီသွားရအောင် အောင်ပွဲခံတဲ့အနေနဲ့ ရှောင်ချီ့ကို အစားကောင်းတွေလုပ်ပေးမယ်” ရှီမာယူယူ သည် ရှောင်ချီအားဆွဲကာ အားလုံးကိုနှုတ်ဆက်ပြီးထွက်ခဲ့လိုက်သည်။
လူများ တစ်ယောက်ချင်းစီထွက်သွားရာ အတွေးလွန်နေသော တချို့တစ်ဝက်ပင်ကျန်ခဲ့လေသည်။
“ရှီမာယူယူဘေးက ကလေးကိုတွေ့လိုက်လား တကယ်ပဲသူမလား” ထန်ယန်သည် လက်ထဲမှ ယပ်တောင်ကိုပင် ခတ်ရန်မေ့လျော့ကာ ရှီမာယူယူ၏ နောက်ကျောကိုကြည့်လိုက်သည်။
မိုဘင်သည်လည်း မယုံကြည်နိုင်သော်လည်း ခေါင်းညိမ့်ကာ ပြောလိုက်သည် “မင်းမြင်တာမမှားဘူး တကယ်ပဲ သူမပဲ”
“ရှောင်ချီက ဘာလို့ရှီမာယူယူနဲ့ ရှိနေရတာလဲ၊ ရှီမာယူယူက ရှောင်ချီရဲ့သရုပ်မှန်ကို မသိဘူးနဲ့တူတယ်”
“အခုမသိလည်း နောက်တော့သိမှာပေါ့” မိုဘင်မှတ်ချက်ပေးလေသည် “လာမယ့် ညီလာခံ၃ခုကတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမယ်လို့ ထင်တယ်”
***