ရှာလကာရည်တစ်အိုးပေးမယ်
Vol. 007 Ch. 654
ရှီမာယူယူသည်ရှောင်ချီအား ခွဲခွာခြင်းဥယျာဉ်သို့ခေါ်သွားလေသည်။ လမ်းတစ်လျှောက်တွင် လူများ သည် ဒီနေ့ပြိုင်ပွဲအကြောင်းပြောနေကြသည်။ သူမအား မြင်သောအခါ ခိုးပြီးလက်ညှိုးထိုးကြသည်။ လူအများ သည် သူမအား ရိုသေကြသည်။
သို့သော် ထိုပျာယာခတ်မှုများသည် ခွဲခွာခြင်းဥယျာဉ်၏ တည်ဆောက်မှုအပြင်ဘက်တွင်သာ ကျန်ခဲ့ လေသည်။ သူတို့ ခွဲခွာခြင်းဥယျာဉ်သို့ဝင်လိုက်သည်နှင့် တိတ်ဆိတ်နေသော ခြံဝန်းကိုတွေ့လိုက်ရသည်။
“ပြန်လာပြီလား” ရှုဂျင်းသည် ဆေးပစ္စည်းများနှင့် အလုပ်ရှုပ်နေသည်။ သူတို့၏ ခြေသံများကြားသည်နှင့် ခေါင်းပင်မမော့ပဲ မေးလေသည်။
“ဆရာ” ရှီမာယူယူ ရှုဂျင်းအား အရိုအသေပေးလိုက်သည်။
“ရှင်းပြီးပြီလား” ရှုဂျင်းသည် ဆေးပစ္စည်းများကိုချကာ မေးလိုက်သည်။
“ဟုတ် ရှင်းပြီးပါပြီ” ရှီမာယူယူ ရှုဂျင်းဆီသို့ လျှောက်သွားလိုက်သည်။ “ဆရာ တချို့ဆေးပစ္စည်းတွေက မရင့်သေးဘူးမလား”
“မြင်တယ်ပေါ့” ရှုဂျင်းသည် သူမအား စိုက်ကြည့်လိုက်သည် “ဒါပေမဲ့ သိလား တချို့ဆေးပစ္စည်းတွေက နုသေးတုန်းမှာ သုံးတာအကောင်းဆုံးပဲ”
“နုတုန်းမှာလား”
ရှုဂျင်းသည် မမှည့်သေးသော မက်မွန်သီးကဲ့သို့ အသီးကိုကောက်ယူလိုက်သည်။ “ဒီဘုတ်ဟီမက်မွန်သီး ကိုကြည့် မှည့်သွားရင် ကြေမွဆေးဖော်ရင်သုံးလို့ရတယ်၊ တော်တော်အသုံးဝင်တယ်၊ ဒီအတိုင်းစားမယ်ဆိုရင် နှလုံးကိုကာကွယ်ပေးနိုင်ပြီး ကျင့်ကြံမှုကိုလည်း တိုးတက်စေတယ်၊ ဒါပေမဲ့ မမှည့်သေးပဲ ခူးလိုက်မယ်ဆိုရင် ဆေးနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်၊ လူတွေရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတယ်”
“အဲလိုသက်ရောက်မှုရှိတာလား” ရှီမာယူယူသည် ဘုတ်ဟီမက်မွန်သီးကိုကြည့်ပြီး အနံ့ရှုကြည့်လိုက် သည်။ မှည့်ပြီ်းနောက်ထွက်လာသည့် အနံ့နှင့် တကယ်ပင် ကွဲပြားသည်။ အနည်းငယ် ခါးသက်သက်နိုင်သည်။
“အဲလိုတငမဟုတ်ဘူး” ရှုဂျင်း ပြုံးပြီးပြောလိုက်သည် “တချို့ဆေးပစ္စည်းတွေက မှည့်မှ ပိုပြီး အကျိုးရှိ တာရှိသလို တချို့ကကျလည်း ဆန့်ကျင်ဘက်ပဲ အဲဒါကြောင့် ငါတို့က ကောင်းကောင်းနားလည်ဖို့လိုတယ်၊ ငါတို့ က အကုန်လုံးသိပြီလို့ထင်နေပေမယ့် ဒီကမ္ဘာမှာ မသိနိုင်တဲ့ပစ္စည်းတွေဆိုတာ အမြဲရှိတယ်”
ရှီမာယူယူ ခေါင်းညိမ့်ပြီး ရှုဂျင်းပြောလိုက်သည့်စကားကိုသဘောတူလေသည်။ ကမ္ဘာကြီးသည် ကျယ် ပြန့်သည်။ လူတစ်ယောက်က ဘယ်လိုလုပ်အကုန်လုံးကိုသိနိုင်မှာလဲ။
“ဗိုက်ဆာတယ်” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲလေသည်။
“ရှောင်ချီ ဆရာနဲ့ခြံထဲမှာခဏနေခဲ့ ငါစားစရာသွားလုပ်ပေးရမလား”
ရှောင်ချီသည် ရှုဂျင်းနှင့်အတူမရှိလိုသော်လည်း ရှီမာယူယူသည် သူမအား ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံသည်။ သူမ သံသယမဝင်စေရန် ကျိုးနွံစွာပင် ခေါင်းညိမ့်လိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ထိုနေရာတွင် မီးဖိုဆောင်မရှိသည်ကို ရှီမာယူယူ သတိရလိုက် သည်။ သူမ လမ်းကြောင်းပြောင်းလိုက်ပြီး ခြံအနောက်ဘက်သို့လာလိုက်သည်။
ထိုနေရာသည် ကျယ်ဝန်းသောနေရာဖြစ်သည်။
ရှီမာယူယူထွက်သွားပြီးနောက်တွင် ရှုဂျင်းသည် ဆေးပစ္စည်းများကို ဆက်ပြီးစစ်ဆေးနေသည်။ ရှောင်ချီ ထွက်လာပြီး ဆေးပစ္စည်းများကို ပါးစပ်ထဲထည့်လိုက်သည်။ သူမ မှတ်ချက်ပေးလေသည် “မင်းပစ္စည်းတွေက လည်း ဘာမှလည်းမထူးခြားဘူး”
“တစ်ခုစားရင် တစ်ခုပြန်လျော်ပေးရမယ်” ရှုဂျင်းသည် လက်ကိုဆန့်ထုတ်လိုက်သည် “မင်းက မုန်လာဥ ဖြူတွေအများကြီးစားလိုက်ပေမယ့် ငါ့ကို ၂ခုပဲပေး”
“အိမ်မက်မက်နေလိုက် ဒါကငါ့စားစရာတွေပဲ” ရှောင်ချီသည် သူမပစ္စည်းများကို ရှုဂျင်းအားမပေးပေ။ “မင်းတို့ လူသားတွေက အမြဲဒီလိုပဲ ယူယူလို ငတုံးကပဲ ငါ့မုန်လာဥဖြူမလိုချင်တာ”
“မဖြစ်နိုင်ဘူး သူက တုံးတာလား၊ မင်းမုန်လာဥဖြူတွေက ပစ္စည်းကောင်းတွေပဲ သူက ဘာမှမလိုချင် ဘူးတဲ့လား” ရှုဂျင်းသည် ရှီမာယူယူကို သနားမိသွားသည်။ သူမသည် မုန်လာဥဖြူများကို လိုချင်စိတ်ဖြစ်သင့် သည်။ ယူနိုင်သလောက်ကို ယူရမည်။
“ဟင်း ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်ဦး ငါ့ယူယူက လူကောင်းဆိုတော့ အဲလိုပစ္စည်းတွေကို လောဘ မတက်ဘူး” ရှောင်ချီသည် ရှုဂျင်းအား အထင်သေးစွာကြည့်လေသည်။
ရှုဂျင်းသည် သူမ၏ အထင်သေးမှုကိုလျစ်လျူရှုကာ “ငါ့တပည့်လိမ္မာလေးက မင်းရဲ့ မုန်လာဥဖြူကို မလိုချင်ဘူးဆိုတာက မင်းက မုန်လာဥဖြူလို့ ပြောလို့ သူတကယ်ထင်လို့ မလိုချင်တာနေမှာပေါ့”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှောင်ချီ၏ မျက်နှာသည် မေးခွန်းထုတ်သကဲ့သို့ဖြစ်နေကာ “ငါ သူ့လက်ထဲ ကို ၂ခါ ၃ခါလောက် ထည့်ပေးဖူးတယ်၊ အဲဒါကို မယူပဲပြန်ပေးတယ်”
ရှုဂျင်းသည် မေးစေ့ကိုင်ကာ စဉ်းစားလိုက်သည် “ငါ့တပည့်က တကယ်ပဲတုံးတဲ့ပုံပဲ၊ သူ့ကို နောက်မှ သေချာသင်ပေးရမယ်၊ အဘိုးကြီးနတ်ဆိုးက သူ့ကိုအရင်က ဘယ်လိုသင်ပေးလဲဆိုတာ မသိတာတော့ အမှန်ပဲ၊ သူက ပစ္စည်းကောင်းတွေကို လက်မခံရလောက်အောင် တုံးတာပဲ”
“မင်းမှာ အရည်အချင်းကောင်းလည်းမရှိပဲနဲ့” ရှောင်ချီ ပြောလေသည်။
“မင်းက သူနဲ့အမြဲနေသွားမလို့လား အဘိုးကြီးပြန်လာရင် မင်းသူနဲ့ နေရဲသေးလား” ရှုဂျင်းသည် ရှောင်ချီ အားကြည့်ကာ ရန်စလေသည်။
“ဘာလို့မနေရဲရမှာလဲ” ရှောင်ချီသည် ထိုအတိုင်းပြောလိုက်သော်လည်း ယုံကြည်ချက်မရှိပေ။
“သူတို့ပြင်ပေးထားတဲ့နေရာမှာမနေဘူးလေ၊ တစ်နေ့ မင်းအဖမ်းခံရပြီး အစားခံရရင် ငိုဖို့တောင်နောက် ကျသွားပြီ” ရှုဂျင်း သတိပေးလေသည်။
“ဒါက ဂိုဏ်းထဲမှာပဲ ငါ့ကိုဘယ်သူဖမ်းရဲလဲ” ရှောင်ချီသည် သူပြောသည့်စကားကို နားမထောင်ပေ။ သူမ သည် ဆေးပစ္စည်းကိုကိုက်လိုက်ပြီး မြေပေါ်သို့ထွေးလိုက်သည် “ဘာလို့ဒီလောက်တောင် ခါးတာလဲ”
“မင်းကို ဘယ်သူကစားခိုင်းနေလို့လဲ” ရှုဂျင်းသည် ဆေးပစ္စည်းများကိုသနားနေလေသည်။ ဒီကောင်မ လေးက ဖျက်ဆီးဖို့ပဲသိတယ်။
“စားဖို့မဟုတ်ရင် ဘာအတွက်သုံးမှာလဲ” ရှောင်ချီသည် ဆေးပစ္စည်းများကို ရှုဂျင်း၏ လက်ထဲသို့ ပစ် လိုက်သည်။
“မင်းက အားတိုးလာအောင်လို့ အဲဆေးပစ္စည်းတွေစားတာလေ၊ စားချင်လို့စားတာမှမဟုတ်တာ” ရှုဂျင်း ပြောလိုက်သည် “အဲလိုဆိုမှတော့ အဲဒါတွေကို ဆေးဖော်ဖို့မစဉ်းစားဘူးလား ဆေးဖော်တာကမဆိုးပါဘူး”
“ဖြစ်နိုင်လို့လား” ရှောင်ချီ၏ မျက်လုံးများအရောင်တောက်လာသည် “အဲဒါတွေက စားဖို့ခက်တယ်၊ ဒါပေမဲ့ စားဖို့လည်းလိုသေးတယ်၊ စားလိုက်တိုင်းလည်း ဆိုးလိုက်တဲ့အရသာ၊ ယူယူက စားကောင်းတာတွေ ချက် ပေးပေမယ့် ငါလိုတာကို ကျေနပ်အောင်လုပ်မပေးနိုင်ဘူး၊ မင်းအဲဒါတွေကို ဆေးဖော်နိုင်ရင် ဒီအတိုင်းဝါးစား လိုက်ရုံပဲ”
“အဲဒါငတုံးတွေတွေးတာပဲ၊ မင်းဒီလို အရုပ်ကလေးဖြစ်သွားတာတောင် ဘာလို့ဉာဏ်မထက်လာတာလဲ” ရှုဂျင်း လှောင်လေသည်။
“မင်း…” ရှောင်ချီသည် အံကြိတ်ကာ ခြိမ်းခြောက်လေသည် “ငါမင်းကို စားမယ်ဆိုတာယုံတယ်မလား”
“စားကြည့်မလား” ရှုဂျင်းသည် ကြောက်ရွံ့မှုမရှိပေ။
“ဟင် အဘိုးကြီးပြန်လာတဲ့အထိ စောင့်လိုက် ဒီလိုမျိုးလုပ်နေဦးမလားလို့”
“မကြောက်ဘူး သူပြန်လာရင် အများဆုံးတော့ ဆူငေါက်ရုံပဲရှိမှာ၊ မင်းကတော့ ငါ့လိုမဟုတ်ဘူး ကိုယ့် ခန္ဓာကိုယ်ကို ပစ်ပြီးဒီလိုမျိုးလျှောက်သွားနေတာ မင်းကတော့ အပြစ်အကြီးကြီးပေးခံရတော့မယ်”
“စောင့်ကြည့်ကြတာပေါ့၊ ငါစားဖို့ ယူယူဆေးလုပ်ပေးနိုင်မလား ပြောကြည့်မယ်” ရှောင်ချီ ပြေးထွက်သွား လေသည်။
ရှီမာယူယူသည် ယောက်ချိုကိုင်ထားသည်နှင့် ဟန့်မြောင်ရွှမ် မျက်လုံးများ တောက်ပလာသည်။
ရှီမာယူယူ စတင်ချက်ပြုတ်သည်နှင့် သူမ အနံ့ရပြီးသားဖြစ်သည်။ သူမ ခြေထောက်များသည် စကား နားမထောင်ပဲ ဒီနေရာအထိ ရောက်အောင်လာခဲ့သည်။
“ရှောင်ချီ ဆရာနဲ့ဘာတွေပြောခဲ့လဲ... ခဏလောက်တော့စောင့် ပြီးတော့မယ်” ရှီမာယူယူသည် ရှောင်ချီ အား လက်ယက်ခေါ်လိုက်သည်။
ဟန့်မြောင်ရွှမ်သည် ရယ်မောကာ စနောက်လေသည် “ဂျူနီယာမောင်လေး မင်းက ရှောင်ချီ့ကို ငါတို့ ထက်တောင် ကောင်းနေသေးတယ်”
ရှီမာယူယူ စိတ်မဆိုးပေ။ သူမ ပြုံးကာ “အစ်မတို့က လူကြီးတွေလေ ရှောင်ချီက ကလေးပဲရှိသေးတယ်၊ ကလေးကို မနာလိုနေတာလား၊ အစ်မကြိုက်တယ်ဆိုရင် ကျွန်တော် တစ်ကရားပေးမယ်လေ၊ ဖြည်းဖြည်းချင်း သောက်ပေါ့”
ရှောင်ချီသည် လျှောက်လာပြီး ဟန့်မြောင်ရွှမ်ဘေးတွင်ထိုင်ကာ “ရှာလကာရည် တစ်ပုလင်းပေးမှာ”
“မင်းတို့နှစ်ယောက်ကတော့… မင်းကကြံရာပါပဲ” ဟန့်မြောင်ရွှမ်သည် ရှောင်ချီကိုကြည့်ကာ ရိုးရှင်းသော ကလေးမဖြစ်နိုင်သည်ကို အမြဲတွေးခဲ့သည်။ သို့သော် ရှီမာယူယူသည် သူမအား အလွန်ယုံကြည်နေသည်။
ရှောင်ချီသည်လည်း ဟန့်မြောင်ရွှမ်နှင့် ရှီမာယူယူတို့ရှိနေသည်ကို နှစ်သက်ပုံပေါက်သည်။ သူမသည် စိတ်မဆိုးပဲ သွားဖြဲပြီးရယ်နေလေသည်။
***