← Chapters

မုန်လာဥအဖြူအား ဆေးအဖြစ်ပြောင်းလဲခြင်း

Vol. 007 Ch. 655

မုန်လာဥအဖြူအား ဆေးအဖြစ်ပြောင်းလဲခြင်း

Vol. 007 Ch. 655

လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့သည် စားစရာများဖြင့် ကျေနပ်နေလေသည်။ ဟန့်မြောင်ရွှမ်စားပြီးနေသာ်အခါ ဆေးဖော်ရန်ထွက်သွားရာ ရှီမာယူယူနှင့် ရှောင်ချီတို့သည် ပစ္စည်းများသိမ်းရင်း စကားပြောကျန်ခဲ့လေသည်။

“ယူယူ ရှောင်ချီ့ရဲ့ မုန်လာဥဖြူတွေကို ဆေးဖော်ပေးနိုင်မလား” ရှောင်ချီမေးလိုက်သည်။

“မုန်လာဥဖြူတွေဟုတ်လား” ရှီမာယူယူ ကြောင်သွားသည်။ သူမသည် ချက်ချင်းပင် သူမ၏ ဆေးပစ္စည်း များကိုညွှန်းခြင်းဖြစ်သည်ကို သဘောပေါက်သွားသည်။ သူမ မေးလိုက်သည် “ဘာလို့ဆေးဖော်ပေးစေချင်တာ လဲ၊ အဲဒါတွေကိုဆေးဖော်ချင်ရင် တခြားဆေးပစ္စည်းတွေပါထည့်ရမှာလေ”

“ရှောင်ချီ မုန်လာဥဖြူတွေစားချင်တယ် ဒါပေမဲ့အဲဒါတွေက အရသာမရှိဘူး၊ ရှု… အစ်ကိုကြီးရဲ့ ဆရာက အဲဒါတွေကို ဆေးဖော်လို့ရတယ်ဆိုပြီးပြောတယ်၊ အဲလိုဆိုရင် အဲဒါတွေစားစရာမလိုတော့ဘူးလေ” ရှောင်ချီ ပြောလိုက်သည်။

“အဲဆေးပစ္စည်းတွေစားပြီးရင် ဗိုက်မဆာတော့ဘူးမလား” ရှီမာယူယူ မေးလိုက်သည်။

ရှောင်ချီ ခေါင်းညိမ့်လေသည်။

ရှီမာယူယူသည် ရှောင်ချီ့အားကြည့်လိုက်သည်။ သူမ၏ ကြည်လင်သောမျက်လုံးများနှင့်အတူ ခေါင်းငုံ့ သွားလေသည်။ ထို့နောက်တွင် သူမသည် ယူယူ၏ အသံကိုကြားလိုက်ရသည်။

“ငါ ဆေးပစ္စည်းတွေကိုဆေးဖော်ပေးနိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီနေ့တော့နောက် ကျနေပြီ၊ မနက်ဖြန်ဆိုဘယ်လိုလဲ”

“ကောင်းပါပြီ” ရှောင်ချီသည် ခေါင်းညိမ့်ပြီး ပျော်ရွှင်စွာပြုံးလေသည်။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ကျင့်ကြံမှုအဆင့်ကိုစိတ်လှုပ်ရှားနေစဉ်တွင် ရှောင်ချီ တံခါးခေါက် သံကိုကြားလိုက်ရသည်။ ပြန်ထူးသံကြားပြီးနောက်တွင် ဝင်လာရာ သူမအား ဆေးဖော်သည့်အခန်းသို့ ခေါ်သွား လိုက်သည်။

ရှီမာယူယူ ဆေးဖော်သည့်အခန်းရောက်သည့်အချိန်တွင် ဆေးပစ္စည်းများ ဆေးပင်များ တောင်ပုံရာပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် နှုတ်ခမ်းတွန့်ကာ ရှောင်ချီအားမေးလိုက်သည် “ဒါတွေက မင်း ဟာလား”

ရှောင်ချီ ခေါင်းညိမ့်ကာ “မုန်လာဥတွေအပြင် မြက်ပင်တွေလည်းရှိတယ် ရှောင်ချီ့အတွက်ဆေးဖော် ပေး”

“ဘယ်လောက် ကြာအောင်စားနိုင်အောင်လဲ”

ရှောင်ချီသည် စဉ်းစားပြီးနောက် ခေါင်းမော့လာကာ “၁၀ရက်”

“၁၀ရက်ဟုတ်လား ဒီဆေးပင်တွေအားလုံးကို ၁၀ရက်ထဲနဲ့ စားနိုင်လား” ရှီမာယူယူသည် ရှောင်ချီအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒီလောက် ဆေးပင်များစားနေတာကို ဘာလို့ သူမခန္ဓာကိုယ်က မပေါက်ကွဲ သွားတာလဲ။

“ရှောင်ချီ့မှာ မုန်လာဥဖြူတွေရှိသေးတယ် ဒါပေမဲ့ ယူယူပင်ပန်းမယ်ထင်လို့ ဒီလောက်ပဲယူလာတာ” ရှောင်ချီ ပြောလေသည်။

သူမသည် ၁၀ရက်တိုင်းတွင် သူမအတွက် ဖိအားပေးကာဆေးဖော်ခိုင်းသည်ဟု ရှီမာယူယူ ရုတ်တရက် ခံစားလိုက်ရသည်။

“ရှောင်ချီ အဲလောက်အများကြီးမစားချင်ဘူး ဒါပေမဲ့ ဗိုက်ဆာနေပြီ” ရှောင်ချီသည် ရှက်ရွံ့စွာဖြင့် ခေါင်း ငုံ့လိုက်သည်။

ရှီမာယူယူ ရုတ်တရက် အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူမသည် လျင်မြန်စွာပင် သူမခေါင်းကိုပွတ် လိုက်သည်။ “ကိစ္စမရှိဘူး၊ အဲဒါဆေးဖော်တာမဟုတ်ဘူး သန့်စင်လိုက်ဖို့ပဲလိုတာ ပြဿနာမရှိပါဘူး အချိန် အဲလောက်မကုန်ဘူး”

“အင်း” ရှောင်ချီသည် ခေါင်းမော့လာကာ ရှက်ရွံ့မှုအစား ပြုံးလိုက်သည်။

ရှီမာယူယူ စကားပြောရန်တွန့်သွားကာ မျက်လုံးများပင် ပြာလာသည်။

“ကောင်းပြီ ငါမင်းအတွက် ဆေးဖော်ပေးမယ် သွားဆော့နေလိုက်”

“ရှောင်ချီကြည့်နေမယ်” မသိလိုက်ခင်မှာပင် ရှောင်ချီသည် ခုံထုတ်လိုက်သည်။ သူမသည် ဆေးဖော် သည့်အခန်းထောင့်တွင် ထိုင်လိုက်သည်။ သူမသည် ခုံပေါ်တွင်ခြေထောက်ချိတ်ထိုင်ကာ လက်ကို ဒူးခေါင်းပေါ် တွင်တင်ထားသည်။ သူမသည် ရှီမာယူယူ အလုပ်ရှုပ်နေသည်ကို စောင့်ကြည့်နေလေသည်။

ရှီမာယူယူသည် သူမကို စိတ်ထဲမထားတော့ပဲ ဆေးပစ္စည်းများကို စတင်ဖြေရှင်းနေလေသည်။ ထိုဆေး ပင်များသည် တစ်ခါတည်းစားပါက အရသာမရှိကာ ခါးသက်သည်ကို သူမ သိသည်။ ဒီအတိုင်းစားသည်ထက် သန့်စင်ပြီး အနံ့ထည့်ကာ ဆေးဖော်စားသည်က ပိုကောင်းသည်။

ရှောင်ချီသည် အလွန်တန်ဖိုးရှိသော ဆေးပစ္စည်းများကို ပေးခြင်းဖြစ်သည်။ ကံကောင်းစွာပင် သူမသည် ထိုဆေးပစ္စည်းများကို ဆေးဖော်ရာတွင် ကျွမ်းဝင်ပြီးဖြစ်လေသည်။ နေ့လည်ရောက်သောအခါ သူမသည် ထို ဆေးပစ္စည်းများကို ဆေးအဖြစ်ဖော်ပြီးလေပြီ။

သူဆေးဖော်နေသည့် လုပ်ငန်းစဉ်တွင် ရှောင်ချီသည် သူမနေရာတွင်ထိုင်ကာ ကြည့်နေခဲ့သည်။ သူမ ပြီး သည်ကိုမြင်သောအခါ ရှောင်ချီသည် ခုံမှခုန်ထလာကာ ဆေးတစ်လုံးထုတ်ပြီး ပါးစပ်အတွင်းထည့်လိုက်သည်။

“ရှောင်ချီ့ရဲ့မုန်လာဥအနံ့ပဲ ဒါပေမဲ့ မခါးတော့ဘူး” ရှောင်ချီသည် ပျော်ရွှင်စွာပြောလေသည်။

“ငါဆေးဖော်တုန်းက နီရဲပျားရည်ထည့်လိုက်တာ၊ အဲတော့ နည်းနည်းချိုသွားတယ်” ရှီမာယူယူ ပြော လိုက်သည် “အဲဆေးတွေကို ကောင်းကောင်းသိမ်းထား၊ ငါ မင်းအတွက်မချက်ပေးနိုင်ရင် စားလို့ရတာပေါ့”

“အင်း အင်း” ရှောင်ချီသည် ပျော်ရွှင်စွာခေါင်းညိမ့်ကာ နောက်တစ်လုံးစားလိုက်သည်။

“ဒီဆေးက ဆေးပင်နဲ့မတူဘူး၊ ဆေးတိုင်းမှာ ဆေးပစ္စည်းတွေအများကြီးပါတယ်၊ တစ်ခါစားရင် အများကြီး မစားမိဖို့ ဂရုစိုက်” ယူယူသည် သူမအား ဆေးအားလုံးပေးပြီး သတိပေးလေသည်။

“အင်း” ရှောင်ချီသည် ခေါင်းညိမ့်ပြီး ဆေးအားလုံးကို သိမ်းလိုက်သည်။

ရှီမာယူရွှီတို့သည် အလျင်စလိုလှုပ်ရှားကြသည်။ နောက်တစ်နေ့တွင် သူတို့သည် လျှပ်စီးအဖွဲ့ ဖွဲ့စည်းမှု ကို စာရင်းသွင်းရန် တာဝန်ကျဆရာဆီသို့ သွားကြလေသည်။

ရှီမာယူရွှီကိုင်ထားသော နာမည်စာရင်းနောက်ဆုံးတွင် ရှောင်ချီ၏ နာမည်ပါလာသောအခါ ဆရာသည် အံ့သြသွားလေသည်။ သူမေးလိုက်သည် “ဒါက အရုပ်ကလေးရှောင်ချီမလား”

“ဟုတ်ပါတယ် ဆရာ” ရှီမာယူရွှီ ပြန်ဖြေလိုက်သည်။

ဆရာသည် စိတ်ထဲတွင် အံ့သြစိတ်ဖြစ်သွားသော်လည်း တည်ငြိမ်စွာပင် ပြောလိုက်သည် “ကောင်းပါပြီ ဆရာ မင်းတို့အဖွဲ့ကိုစာရင်းသွင်းပြီးသွားပြီ ဒီနေ့ကစပြီး တရားဝင်အဖွဲ့ဖြစ်သွားပြီ၊ အဖွဲ့ခေါင်းဆောင်ရှီမာယူရွှီ နောက်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ မှတ်ချက်တွေ စာရင်းတွေကို သေချာလုပ်ရမယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ” ရှီမာယူရွှီ၊ ဝေကျိရွှီတို့သည် အရိုအသေပေးပြီးနောက် ရုံးမှ ထွက် လာလိုက်ကြသည်။

ဆရာသည် အသင်းဝင်စာရင်းကိုပြန်ကြည့်ပြီး ရေရွတ်လိုက်သည် “ရှောင်ချီကတော့ ခလောက်ဆန်ပြန် ပြီ….”

မကြာခင်တွင် တခြားအဖွဲ့များသည် သူတို့အဖွဲ့ဖွဲ့လိုက်သည်ကို သိသွားကြသည်။ ချောက်ကမ်းပါးအဖွဲ့ မှ ရှဲရုန်နှင့် မာဘိုကျားတို့သည် သူတို့အားဂုဏ်ပြုပေးကြသည်။ တခြားအဖွဲ့များမှာ ဘာမှမပြောကြပေ။ ရှဲရုန် သည် သူတို့အဖွဲ့ဝင်စာရင်းကိုမေးမြန်းရာ ၁၁ယောက်သာရှိသော်လည်း တစ်ဝက်မှာ ကျွမ်းကျင်သောသခင်များ ဖြစ်ကြသည်။ သူတို့အဖွဲ့သည် သန်မာသည်လား အားနည်းသည်လားကို သူမ မပြောနိုင်တော့ပေ။

ရှဲရုန်ဆီမှပြန်လာပြီးနောက်တွင် လျှပ်စီးအဖွဲ့ဝင်နာမည်စာရင်းမှာ ပြန့်သွားလေတော့သည်။ သာမန်လူ များသည် သူတို့အဖွဲ့ဝင်များကို စိတ်မဝင်စားပေ။ အဆင့်ထိပ်တန်းရှိသောသူများသည် အံ့သြကြသည်။

“မိုဘင်း ဒီရှောင်ချီက အဲရှောင်ချီလား” ထန်ယန်သည် လက်ထဲမှ နာမည်စာရင်းကိုကြည့်လိုက်သည်။

“သူမအဖြစ်နိုင်ဆုံးပဲ” မိုဘင်း ပြောလိုက်သည် “တခြားလူတွေ ဘယ်လိုတုန့်ပြန်မလဲသိချင်မိတယ်”

“ငါလည်း မျှော်လင့်နေတယ်” ထန်ယန်သည် ပြုံးပြီးပြောလေသည် “ဟီးဟီး ရှောင်ချီပြန်ပေါ်လာပြီး အဖွဲ့သစ်ထဲဝင်လိုက်တယ်ဆိုတာကိုသာ သိရင် ဘယ်လောက်တောင် ပျာသွားကြမလဲ၊ ဘာပဲဖြစ်ဖြစ် ညီလာခံ ၃ခုကလည်း စတော့မယ်၊ အဲလူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြတော့မယ်၊ အဲအချိန်တော့ ကြည့်ရ တာပျော်စရာကြီးနေမှာ”

“မင်းရော သွားချင်လား” မိုဘင်းသည် ထန်ယန်အားကြည့်လိုက်သည်။

“ငါတို့ကအမြဲတမ်းအတူရှိနေတာပဲ မင်းသွားရင် ငါလည်းသွားမှာပေါ့” ထန်ယန်သည် ယပ်တောင်ကြီးကို ဖြန့်ကာ မိုဘင်းအား မျက်စိမှိတ်ပြလိုက်သည်။

“မင်းမျက်လုံးတွေ ကြွက်တက်ပြန်ပြီလား” မိုဘင်းသည် မျက်လုံးလှန်လိုက်သည်။

ထန်ယန်၏မျက်လုံးများသည် ဒေါသမီးတောက်သွားသည်။ မိုဘင်းသည် ဘာတုန့်ပြန်မှုမှမပေးပေ။ သူ သည် အကြည့်ပြန်ရုတ်သိမ်းပြီး “မင်းတကယ်ပဲမသွားချင်ဘူးလား”

“ဘာလို့မသွားချင်ရမှာလဲ” မိုဘင်း သက်ပြင်းချလိုက်သည်။

“ရှောင်ချီလည်းရှိနေမှတော့ သေချာပေါက်သွားရမှာပေါ့” ထန်ယန်ပြောလိုက်သည် “မင်းရှေ့က လူ၃ယောက်လည်း သွားမှာပဲ သူတို့ဝင်ပြိုင်မလားတော့ မသေချာဘူး”

“ရှောင်ချီတစ်ယောက်ပဲ စိတ်ဝင်စားဖို့ကောင်းတယ်” မိုဘင်း သက်ပြင်းချလေသည်။

“ဒါပေမဲ့ အဲအဖွဲ့ရဲ့ အားကတော့မနည်းဘူး၊ ရှီမာယူယူက လျူမင်ယွမ်ထက် အားကောင်းတယ် အဂ္ဂိရတ် ပညာရှင် ၂ယောက် တည်ဆောက်မှုသခင်၊ မိစ္ဆာထိန်းကျောင်းသူ၊ လက်နက်ပညာရှင်နဲ့ ရှောင်ချီ အင်း ဒီအဖွဲ့က တော့….”

“မင်းမေ့နေပြီ ရှီမာယူယူကလည်း အဂ္ဂိရတ်ပညာရှင်ပဲ လူသစ်ထဲက လူသစ်ပဲလေ” မိုဘင်း သတိပေး လေသည်။

***

All Chapters