ရှောင်ချီ၏ လွှမ်းမိုးမှု
Vol. 007 Ch. 656
ရှီမာယူယူ အဂ္ဂိရတ်ပညာစာမေးပွဲဖြေနေချိန်တွင် အဆင့်၆ဆေးကို မတူညီသည့်နည်းလမ်းဖြင့် ၃နာရီခွဲ အတွင်းပြီးစီးလေသည်။ ထိုအရာသည် အတွင်းဂိုဏ်းအတွင်းတွင် စိတ်လှုပ်ရှားမှုဖြစ်စေကာ အထူးသဖြင့် အဂ္ဂိရတ်ပညာရှင်များသည် သူမအား တွေ့ချင်ကြသည်။
သူမ အတွင်းဂိုဏ်းမရောက်ခင်တွင် ခွင့်၁နှစ်ယူခဲ့သည်။ နောက်ပိုင်း အတွင်းဂိုဏ်းသို့ရောက်လာချိန်တွင် လည်း လူအများရှေ့တွင် သန်မာသောပုံစံဖြင့်ရောက်လာသောကြောင့် သူမ၏ အဂ္ဂိရတ်ပညာကိုပင် ခေတ္တမျှမေ့ နေခဲ့ကြသည်။
ထန်ယန် သူ့ခေါင်းသူပွတ်လိုက်သည် “ဟုတ်တယ် အဂ္ဂိရတ်ပညာရှင် နှစ်ယောက်အပြင် ရှီမာယူယူက ပိုပြီးတောင် အားကောင်းတဲ့အဂ္ဂိရတ်ပညာရှင်ပဲ၊ အဲကျောင်းသားသစ်တွေရဲ့ ဇစ်မြစ်ကိုဘာပြောမလဲ၊ သူတို့ အဖွဲ့ တည်ထောင်ခါစရှိသေးတယ် နယ်ပယ်အစုံက ကျွမ်းကျင်သခင်တွေအများကြီးပါနေတယ်”
“သူတို့အားလုံးကလည်း သူ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေပဲ” မိုဘင်းပြောလိုက်သည် “အဲဒါကြောင့် သူတို့ ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်ကိုသိချင်တာ”
“ရှောင်ချီအကြောင်းကို အဆင့် ၅၀အတွင်းဝင်တဲ့လူတွေက သိလောက်တယ်၊ ပြီးတော့ အကုန်လုံးက လည်း ဒီမှာရှိကြတယ်”
“အဲဒါကြောင့် လျှပ်စီးအဖွဲ့ကို တခြားအဖွဲ့တွေက ရန်စဖို့ကြောက်ကြတာပဲ၊ ဒီနေ့ပွဲက သူ့ကိုလူတွေ စောင့်ကြည့်စေတာတင်မဟုတ်ဘူး၊ ရှောင်ချီပါရှိနေတယ်ဆိုတော့ တခြားအဖွဲ့ခေါင်းဆောင်တွေက သူတို့ကို ရန်သွားမစဖို့ သူတို့အဖွဲ့ဝင်တွေကိုပြောထားကြမှာပဲ”
“ဉာဏ်ရှိတဲ့သူတွေကတော့ သူတို့အဖွဲ့မှာလူနည်းတယ်ဆိုပြီး အထင်မသေးရဲဘူး”
“တိုက်ပွဲရူးသာပြန်လာလို့ ရှီမာယူယူအကြောင်းသိလို့ကတော့ ပွဲလှပြီပဲ”
“အဲကျရင် ရှောင်ချီက သူနဲ့ အတူရှိနေဦးမလားလို့ ကြည့်ရတာပေါ့”
“စောင့်ကြည့်ရမှာပဲ…”
ထန်ယန်နှင့် မိုဘင်းတို့အံ့သြသွားသည့်အတိုင်းပင် တခြားအဖွဲ့ခေါင်းဆောင်များလည်း အံ့သြကြသည်။ အစပိုင်းတွင် အဖွဲ့သေးတစ်ဖွဲ့တည်ထောင်သည်ဖြစ်သည်ဟု ယူဆကြသဖြင့် အားလုံးသည် အင်အားပြချင်ကြ သည်။ သို့သော် ရှောင်ချီ၏ နာမည်ကိုတွေ့သောအခါ ပါးစပ်ပိတ်သွားကြသည်။ နောက်ဆုံးတွင် သူတို့ပြောကြ သည်မှာ “သူတို့နဲ့ ပြဿနာမဖြစ်မိစေနဲ့” ထိုစကားမှလွဲပြီး ထပ်မပြောကြတော့ပေ။
ရှဲရုန်ထွက်သွားပြီးနောက်တွင် ရှီမာယူရွှီတို့သည် တခြားအဖွဲ့များကိုစောင့်ကြသော်လည်း တစ်နေ့သာ ကုန်သွားသည် ပေါ်လာသည့်သူမရှိသောကြောင့် နားမလည်ကြတော့ပေ။ သို့သော် ထိုအကြောင်းမှာ ရှောင်ချီနှင့် ပတ်သတ်နေသည်ဟု သူတို့မထင်ကြပေ။
ရှီမာယူယူသည် ခွဲခွာခြင်းဥယျာဉ်တွင် ရက်အတော်ကြာ တိတ်ဆိတ်စွာနေသည်။ သူမသည် ရှီမန်ဖန်နှင့် အဆက်အသွယ်ရပြီးဖြစ်သည်။ သူမသည် လိုအပ်သည့်ခွင့်ရက်ကို ရေတွက်ထားသည်။
ရှုဂျင်းသည် ပေါက်ရောက်သောလူဖြစ်သည်။ သူ၏ ပေါက်ရောက်မှုသည် တပည့်များအတွက် အဆင် ပြေစေသည်။ ဥပမာဆိုလျှင် သူမ ခွင့်ယူလိုပါက ဒါရိုက်တာမုံ့ဆီသွားရန်မလိုပေ။ သူမသည် ရှုဂျင်း၏ ခွင့်ပြုချက် ဖြင့် ယူနိုင်သည်။
သူမသည် အရှေ့ဘက် တောင်များကိုဖြတ်ကာ အတွင်းဂိုဏ်း၏ အစွန်အဖျားရှိ ဆက်သွယ်ခြင်း တည်ဆောက်မှုဆီသို့သွားလေသည်။
ထိုနေရာတွင် အဆောင်တစ်ခုသာရှိလေသည်။ လူနှစ်ယောက်သည် အဆောင်ကိုစောင့်ကြပ်နေကြ သည်။ ရှီမာယူယူ လာသည်ကိုကြည့်ပြီး မေးလိုက်သည် “အပြင်သွားမလို့လား”
“ဟုတ်”
“အကြောင်းပြချက်ကရော”
“မဟုတ်ဘူး ကျွန်တော်…”
သူမ စကားပင်မဆုံးသေးခင်မှာပင် စကားဖြတ်ပြောခံလိုက်ရသည်။
“ခွင့်ယူရတဲ့အကြောင်းပြချက်ကို မပြောနိုင်ရင် သွားလို့မ၇ဘူး၊ ဒီနေ့က ခွင့်ပေးတဲ့နေ့မဟုတ်ဘူး ပြန်သွား တော့ ပြန်သွားတော့”
ရှီမာယူယူသည် ရှုဂျင်း၏ တံဆိပ်ပြားထုတ်ပြီး သူတို့ကိုပေးလိုက်သည် “ကျွန်တော့်မှာဒါရှိတယ်”
ထိုလူသည် တံဆိပ်ပြားယူပြီး “ရှုဂျင်းရဲ့ တံဆိပ်ပြားပဲ မင်းက သူ့တပည့်လား”
“ဟုတ်ပါတယ်”
“မှတ်ပုံတင်” ထိုလူ ပြောလေသည်။
ရှီမာယူယူသည် ခေတ္တမျှကြောင်သွားပြီးနောက် သူမတံဆိပ်ပြားတောင်းသည်ကို သိလိုက်သည်။ သူမ လျင်မြန်စွာထုတ်ပြီး သူ့ကိုပေးလိုက်သည်။ ထိုလူယူပြီးနောက် သူမကို စစ်ဆေးလိုက်သည်။ ထို့နောက်တွင် တံဆိပ်ပြားနှစ်ခုလုံးကို သူမအား ပြန်ပေးလေသည်။
“သွားလို့ရပြီ”
“ကျေးဇူးအများကြီးတင်ပါတယ်”
ရှီမာယူယူသည် ဆက်သွယ်ခြင်းတည်ဆောက်မှုကိုဝင်လိုက်ရာ ထိုလူသည် ချက်ချင်းပင် တည်ဆောက် မှုကို အသက်သွင်းလိုက်သည်။ မကြာခင်မှာပင် သူမသည် အပြင်ဂိုဏ်းသို့ရောက်လေသည်။
ဆက်သွယ်ခြင်းတည်ဆောက်မှုသည် အပြင်ဂိုဏ်းနှင့် အတွင်းဂိုဏ်ကိုဆက်သွယ်ပေးထားသော တည် ဆောက်မှုစနစ်ပင်ဖြစ်သည်။ ပုံမှန်ဆိုလျှင် လူတစ်ယောက်သာ စောင့်ကြပ်သည်။
တည်ဆောက်မှုပွင့်လာသောအခါ ပိတ်ရက်မဟုတ်သည့်အချိန်တွင် ထွက်လာမည့်လူကို အစောင့်များ သိချင်ကြသည်။ အတွင်းဂိုဏ်းမှလူများသည် မစ်ရှင်လုပ်နေသည့်အချိန်များမှလွဲပြီး ခွင့်တောင်းရန်ခက်သည်။ ပြီးလျှင် မစ်ရှင်လုပ်နေစဉ်အတွင်းမှာလည်း အပြင်ဂိုဏ်းသို့ ဖြတ်သွားခွင့်မပေးပေ။
အစောင့်သည် စိတ်သက်သာရာရသွားသည်။ ရှုဂျင်း၏ တပည့်ဖြစ်သောကြောင့် သူထွက်လာနိုင်တာ ကိုး။
ရှီမာယူယူသည် ထိုလူကိုအရိုအသေပေးပြီးနောက် ခြံဝန်းမှထွက်ခဲ့လေသည်။
သူမသည် အပြင်ဂိုဏ်းတွင် ၂နှစ်မျှနေခဲ့သော်လည်း ရင်းနှီးမှုမရှိပေ။ ထို၂နှစ်အတွင်းတွင် ၁နှစ်နီးပါးမှာ နတ်ဆိုးလောကတွင် အချိန်ကုန်ခဲ့သည်။ ကျန် ၁နှစ်မှာ ကျင့်ကြံခြင်းမလုပ်လျှင် ရှီမန်ဖန်အတွက် ဆေးပညာကို လေ့လာခဲ့သည်။ သူမသည် ကျောင်းဝန်းအတွင်း လျှောက်သွားခဲသည်။
သူမ ကျောင်းသား၂ယောက်လောက်မေးပြီးမှပင် ရင်းနှီးသောနေရာသို့ရောက်လေသည်။ ဟော်လန်၏ ရုံးခန်းကိုမြင်မှပင် သက်ပြင်းချနိုင်တော့သည်။ အစက သူမ အချိန်ရှိလျှင် တည်ဆောက်မှုအတန်းကိုတက်မည်ဟု ပြောခဲ့သည်။ သို့သော် သူမ မတက်ခဲ့ပေ။ ထို့ကြောင့် သူမသည် ထိုနေရာသို့ပြန်လာရာတွင် လမ်းပျောက်နေခြင်း ဖြစ်သည်။
ဟော်လန်သည် ရုံးခန်းအတွင်းရှိမနေပေ။ သူသည် အတန်းသင်နေသည်။ ရှီမာယူယူသည် အောက်ထပ် တွင် အချိန်အတော်ကြာစောင့်ပြီးနောက် ဟော်လန်သည် ကျောင်းသားတစ်စုနှင့် ပြန်လာသည်ကို တွေ့လိုက် သည်။ ကျောင်းသားတချို့မှာ အရင်လေ့လာရေးအဖွဲ့မှဖြစ်ကြပြီး တချို့ကိုတော့ သူမ မသိပေ။
ရှီမာယူယူကိုမြင်သောအခါ တချို့ကျောင်းသားများသည် သူမအား နှုတ်ဆက်ကြသည်။ သူမ ပြုံးပြီး ပြန် ဖြေလေသည်။ ဟော်လန်သည် သူ့ဘေးမှလူကိုစာအုပ်ပေးလိုက်သည်။ သူ ညွှန်ကြားလိုက်သည် “အပေါ်တက် ပြီး ငါ့ကိုစောင့်နေကြ”
“ဟုတ်ကဲ့ဆရာ”
ကျောင်းသားများသည် သူမအားဖြတ်ပြီး အပေါ်တက်သွားကြသည်။ ဟော်လန်လာပြီး မေးလေသည် “ဒီနေ့ဘာလို့လာတာလဲ”
“ဆရာဟော် ကျွန်တော်ကမ္ဘာကြီးမျက်လုံးရလာပြီ” ရှီမာယူယူ စိတ်လှုပ်ရှားစွာပြောလေသည်။
“ဘာပြောလိုက်တယ်” ဟော်လန်သည် သူကြားလိုက်ရသည်ကို မယုံနိုင်ကာ အံ့သြစွာကြည့်လေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ အတည်ပြုလေသည်။
ဟော်လန်သည် ဘေးဘီကြည့်ပြီး မည်သူမှမရှိသည်ကို အတည်ပြုလိုက်သည်။ သူသည် သူမလက်အား စိတ်လှုပ်ရှားစွာကိုင်လိုက်ပြီး “ဘယ်လိုလုပ်အဲလောက် မြန်မြန်ရတာလဲ”
“ဆရာက ကျွန်တော့်ကိုပေးတာ လူတစ်ယောက်ကပေးခိုင်းတာတဲ့” ရှီမာယူယူ ရှင်းပြလေသည်။ သူမ အဖြေကြောင့် ဟော်လန်နားမလည်ဖြစ်သွားသောကြောင့် ထပ်ပြောလိုက်သည် “ဆရာ့ပြောတဲ့စကားတွေက ယုံ ချင်စရာမကောင်းဘူးဆိုတာ ကျွန်တော်လည်းထင်ပါတယ်၊ ဘယ်လိုပဲရခဲ့ရခဲ့လေ အခုကျွန်တော့်လက်ထဲ ရောက် နေပြီ”
“ဒါဆို ဒီကိုဘာလို့လာတာလဲ”
“ကျွန်တော် ဖန်လေးနဲ့ဆက်သွယ်မိပြီ အခုဆိုအိမ်မှာဖြစ်လောက်တယ်၊ ဆရာဟော်ကို အတူလိုက်ခဲ့ဖို့ လာခေါ်တာပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာဟော်လိုက်ချင်မလားမသိဘူး”
“မင်းက အတူသွားချင်လို့လား” ရှီမာယူယူ သူ့အားဖိတ်ခေါ်မည်ဟု ဟော်လန် မထင်ထားခဲ့ပေ။
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ “ဆရာဟော်က ဒီနည်းလမ်းကိုရှာထားတဲ့လူပဲ၊ သက်ရောက်မှုကို မသိ ချင်ဘူးလား၊ ပြီးတော့ ဘေးမှာဆရာဟော်ရှိနေရင် ဘာပဲဖြစ်လာလာ ဖြေရှင်းရတာ ပိုအဆင်ပြေမှာပဲ”
“ကောင်းပြီ ခဏစောင့် ငါကျောင်းသားတွေကို ပြန်ခိုင်းလိုက်ဦးမယ်” ဟော်လန် ပြောလိုက်သည်။
“ဆရာဟော် မလောပါနဲ့ ကျွန်တော်က ဒီနေ့သတင်းလာပေးတာပါ မနက်ဖြန်မှစမှာပါ” ရှီမာယူယူ ပြော လိုက်သည် “မနက်ဖြန် ကျွန်တော့်အိမ်ကိုလာခဲ့ပါ”
“ကောင်းပြီ ဘယ်အချိန်စမှာလဲ”
“နေ့လည်၁နာရီပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ မနက်ဖြန် နေ့လည် ၁နာရီနော် ငါအချိန်မှီလာခဲ့မယ်”
“ကျွန်တော် သွားလိုက်ပါဦးမယ် မနက်ဖြန် ကျွန်တော်ဖန်လေးကို ကုမှာပါ ဆရာဟော့်အချိန်တွေကို နှောင့်နှေးစေမိပြီ” ရှီမာယူယူ လက်အုပ်ချီလိုက်သည်။
ဂိုဏ်းမှထွက်ပြီးနောက်တွင် သူမသည် အိမ်သို့တိုက်ရိုက်ပြန်ခဲ့သည်။ သူမ တံခါးမခေါက်ခင်မှာပင် တံခါး ပွင့်လာသည်။
“ယူယူ ပြန်လာပြီလား နင့်ကိုအခုပဲဆက်သွယ်တော့မလို့” ဘေဂုံဟန်သည် သူမလက်အား ဆွဲလိုက် သည်။
“ဘာဖြစ်လို့လဲ”
“အစ်ကိုဖန်မှာတစ်ခုခုဖြစ်နေလို့”
**