ချိပ်ပျက်စီးခြင်းနှင့် အသက်လုခြင်း
Vol. 007 Ch. 657
ရှီမာယူယူ ကြားလိုက်သည်နှင့် ချက်ချင်းပင် တုန်ယင်သွားကာ ဘေဂုံဟန်၏ လက်ကို ဆုပ်ကိုင်လိုက် သည်။ သူမသည် အလောတကြီးမေးလိုက်သည် “ဖန်လေးဘာဖြစ်လို့လဲ သူအခုဘယ်မှာလဲ”
“အစ်ကိုကြီးဖန်က သူ့အခန်းထဲမှာပါ သူ…”
ဘေဂုံဟန်သည် စကားရပ်သွားလေသည်။ ရှီမာယူယူ သူ့ကိုထားခဲ့ပြီး ရှီမန်ဖန်အခန်းသို့ ပြေးသွားလိုက် သည်။ သူ နောက်မှ အမြန်လိုက်ခဲ့လိုက်သည်။
ရှီမာယူယူ ရှီမန်ဖန်အခန်းသို့ရောက်ချိန်တွင် မဝင်ရသေးခင်မှာပင် ရှိုက်ငိုသံကြားလိုက်ရသည်။
“ဖန်လေး” သူမ မပွင့်တပွင့်ဖွင့်ထားသော တံခါးကို တွန်းဖွင့်ကာဝင်လိုက်သည်။ ရင်လန်နှင့် ဆန်းမူယုတို့ အခန်းထဲတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ လူစိမ်းတစ်ယောက်သည် အိပ်ရာဘေးတွင်ထိုင်ကာ ကုန်ရှန်ယိ သည် ရပ်ကာ အဆက်မပြတ်ရှိုက်နေသည်။
ရှီမန်ဖန်သည် အိပ်ရာပေါ်တွင် သတိမေ့မြောစွာလှဲနေသည်။
သူ၏ ဖျော့တော့သောမျက်နှာကိုမြင်လိုက်သောအခါ သူမ ရုတ်တရက် စိတ်လွတ်သွားသည်။
“ဖန်လေးဘာဖြစ်တာလဲ”
“ယူယူ တောင်းပန်ပါတယ် အဲဒါအကုန် ငါ့…”
“ဖန်လေးဘာဖြစ်တာလဲ” သူမ အော်လိုက်သည်။
လူစိမ်းသည် မတ်တပ်ရပ်လိုက်သည် “ကျွန်တော်တို့ တိုက်ခိုက်ခဲ့ပါတယ် ရှီမန်ဖန်က ချိပ်ပျက်စီသွား တယ်၊ အဲနောက်တော့ ဒီလိုဖြစ်သွားတာပဲ”
သူချိပ်ပျက်သွားသည်ဟု ရှီမာယူယူကြားလိုက်သည်နှင့် တစ်ကိုယ်လုံးတုန်သွားသည်။ သူမသည် ရပ်နိုင် ရန်အတွက ်တံခါးကိုဆုပ်ကိုင်ထားရသည်။
“ဟန် ကောင်းကင်ဂိုဏ်းကိုသွားပြီး ဆရာဟော်ကိုသွားခေါ်လိုက်၊ ဒီကိုလာအောင် သေချာပြော” သူမ ရောက်လာသော ဘေဂုံဟန်အား ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့” ဘေဂုံဟန်သည် ဘာမှမပြောတော့ပဲ အမြန်ပြေးထွက်သွားသည်။
“ယူယူ သူ့ကိုကြည့်ပါဦး” ရင်လန် ပြောလိုက်သည်။
ရှီမာယူယူ သူ့ဘေးသို့ပြေးသွားလိုက်သည်။ သူမ အသက်ပြင်းပြင်းရှုပြီး ညာဘက်လက်ဖြင့် အင်္ကျိသပ် ကာ စိတ်ငြိမ်အောင်လုပ်လိုက်သည်။ နောက်ဆုံးတွင် သူမ သူ့လက်အားဆုပ်ကိုင်ပြီး စမ်းသပ်လိုက်သည်။
“သူ့ကိုကာကွယ်ရေးဆေးတိုက်ထားလား” ပြီးနောက်တွင် သူမသည် ကုန်ရှန်ယီဘက်လှည့်လိုက်သည်။
“တိုက်ထားတယ် ဖန် ချိပ်ပျက်သွားမှာကို အမြဲစိုးရိမ်နေခဲ့တာ ကာကွယ်ရေးဆေးက သူ့အတွက် အသုံး ဝင်တယ်ဆိုတာကို ကျင်းဝမ်ပြောတာကြားပြီးကတည်းက တိုက်လာတာ” ကုန်ရှန်ယိ ပြောလိုက်သည် “အဲလူ တွေကို သတ်ပြီးတော့လည်း တစ်လုံးတိုက်ထားတယ်၊ တစ်နေ့တစ်လုံးတိုက်တယ်၊ ဒီနေ့က ၄ရက်မြောက်နေ့ပဲ”
ကျင်းဝမ်သည် ဘေးမှရှီမာယူယူအား စိတ်ဝင်တစားကြည့်နေသည်။ သူမသည် သွေးကြောကိုစမ်းလိုက် သည်နှင့်ပင် ရှီမန်ဖန် ကာကွယ်ရေးဆေးစားထားသည်ကို အတပ်ပြောနိုင်သည်။ ကာကွယ်ရေးဆေးစားပြီးသည် နှင့် ဆေးသည် နှလုံးကိုသာကာကွယ်ပေးနိုင်သည်။ ပုံမှန်ဆိုလျှင် စမ်းသပ်ရမည်မဟုတ်ပေ။
သူမ ဆေးပညာသည် ထူးချွန်သည်ဟု သူကြားခဲ့ရသည်။ ထိုသတင်းသည် အမှန်တကယ်ပင်ဖြစ်မည်။
ရှီမာယူယူ ဒေါသအနည်းငယ်ပြေသွားသည်။ ကာကွယ်ရေးဆေးများသည် တန်ဖိုးကြီးသော ဆေးဖြစ် သည်။ တစ်လုံးလျှင် ရွှေပေါင်းထောင်ချီတန်သည်။ ကုန်ရှန်ယိသည် များစွာပြင်ဆင်ထားခဲ့သည်။
“ယူယူ ဖန်ရဲ့အခြေအနေဘယ်လိုလဲ” ဆန်းမူယုသည် မေးလေသည်။
“ဖိနှိပ်ခံထားရတဲ့ရောင်ဝါက လွတ်သွားပြီဆိုတော့ ဖန်လေးရဲ့ ခန္ဓာကိုယ်ကိုဝါးမြိုနေပြီ၊ လက်ရှိမှာ သူ့ အတွင်းကလီစာတွေ ပျက်စီးနေပြီ၊ ကံကောင်းလို့ ကာကွယ်ရေးဆေးက ဖန်လေးရဲ့ နှလုံးကိုကာကွယ်ပေးထား လို့ ချက်ချင်းတော့ မသေနိုင်ဘူး” ရှီမာယူယူ ရှင်းပြသည် “သူ့ရောင်ဝါငြိမ်သွားအောင်လို့ ဖန်လေးကို အပ်စိုက်ပေး မယ် အကုန်အပြင်ထွက်ပေးကြပါ”
“ကျွန်တော် နေပြီးကူပေးပါမယ်” ကျင်းဝမ် ကမ်းလှမ်းလေသည်။
ရှီမာယူယူသည် ကျင်းဝမ်ကိုကြည့်ပြီးနောက် ကုန်ရှန်ယိကို ကြည့်လိုက်သည်။ ထိုနေရာရှိလူများသည် သူမကိုမူလပုံစံအတိုင်းဆက်ဆံပေးကြသည်။ ထို့အပြင် တစ်ချို့နေရာများမှာ သူမအတွက် အဆင်မပြေသော နေရာများရှိနေသေးသည်။ ယောက်ျားလေးတစ်ယောက် အကူအညီရှိလျှင် ပိုအဆင်ပြေသည်။
“ကောင်းပါပြီ သူ့အဝတ်တွေ ကူချွတ်ပေးပါ၊ အင်း အောက်ခံတော့ ချန်ထားပေး ပြီးရင် သူ့ကိုဒါနဲ့ ပွတ် ပေးလိုက်”
သူမသည် အစိမ်းရောင်ဆေးပုလင်းကို ကျင်းဝမ်ဆီပေးပြီးနောက် ပစ္စည်းကိရိယာများကို ပြင်ဆင်လိုက် သည်။
“ရှန်ယိ ငါ မထွက်လာခင် ဆရာဟော်လာရင် အပြင်မှာခဏလောက်စောင့်ခိုင်းပေးထား” သူမသည် ငွေအပ်ကိုကြည့်ပြီး ခေါင်းမမော့ပဲပြောလေသည်။
“အင်း” ကုန်ရှန်ယိသည် နောက်ဆုံးထွက်သွားသူဖြစ်ကာ တံခါးပိတ်သွားလေသည်။
ကုန်ရှန်ယိ၏ မျက်ရည်များသည် မရပ်နိုင်သေးပေ။ ရင်လန်နှင့် ဆန်းမူယုတို့ နှစ်သိမ့်ပေးကြသည် “ယူယူ ပြန်လာပြီပဲ ဖန်အဆင်ပြေမှာပါ”
“အင်း” ကုန်ရှန်ယိသည် တံခါးကိုပြန်ကြည့်လိုက်သည်။ သူမသည် စိုးရိမ်မှုများပြည့်နေဆဲပင်။
“အဒေါ်တို့ ဒီမှာစောင့်မယ်” ရင်လန် ပြောလိုက်သည်။
“ဒီတစ်ခေါက်ကို ယူယူက ဖန်ကိုကုနိုင်ပါ့မလားမသိဘူး” ဆန်းမူယုနှင့် ရင်လန်တို့သည် အသက်ကွာ သော်လည်း သူမတို့ ကလေးများမှာ ရွယ်တူဖြစ်ကာ တစ်ချိန်လုံးအတူနေသောကြောင့်လည်း ညီအစ်မတွေလိုဖြစ် နေသည်။
“ယူယူစိုးရိမ်နေတယ်ဆိုပေမယ့် လက်လျော့မှာမဟုတ်ဘူး၊ ဒီတစ်ခါကို တစ်ခုခုဖြစ်သွားရင်တော့ သူမ..”
“သူမ ဆေးပညာကိုယုံတယ် ဘာပြဿနာမှဖြစ်မှာမဟုတ်ပါဘူး” ရင်လန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
၃ယောက်သား ခြံဝန်းထဲတွင် ခဏစောင့်ကြသည်။ ရှီမာလိုင်သည် လူနှစ်ယောက်နှင့် အတူဝင်လာ သည်။ သူတို့ကိုမြင်သောအခါ မေးလေသည် “ဘာလို့ဒီရောက်နေတာလဲ၊ ဖန်ရဲ့ အခြေအနေရော”
“ယူယူ ပြန်လာပြီ အထဲမှာသူ့ကိုကုပေးနေတယ်” ရင်လန် ပြန်ဖြေလေသည်။
“ယူယူ ပြန်လာတာစောလှချည်လား” ရှီမာလိုင် အံ့သြသွားသည်။ သူမကို နောက်ထပ် ၂ရက်လောက် စောင့်ရဦးမည်ဟု ထင်ထားသည်။
“သခင်လေးယူယူရဲ့ ဆေးပညာက အရမ်းကောင်းတယ်လို့ပြောကြတယ်၊ သူပြန်လာပြီဆိုတော့ ကျွန်တော့်ကိုမလိုလောက်ပါဘူး” ရှီမာလိုင်နှင့် လိုက်လာသော လူကြီးကပြောလိုက်သည်။
“အားနာပါတယ်” ရှီမာလိုင်သည် လက်အုပ်ချီပြီး တောင်းပန်စကားပြောလေသည်။
“သခင်လေးယူယူနဲ့ဆိုရင် လူနာသက်သာမှာပါ” ရွှမ်းယွမ်ဆိုင်မှ တာဝန်ခံကပြောလေသည်။
“အဲလိုမျှော်လင့်ရတာပဲ” ရှီမာယူယူအထဲတွင်ရှိသည်ဟု ရှီမာလိုင်သိသည်နှင့် စိတ်အေးသွားသည်။
ရှီမန်ဖန်သာ သေသွားပါက ယူယူ မည်သို့ခံစားရမည်ကို သူ တွေးတောင်မတွေးရဲပေ။
“ယူယူက အထဲမှာဆိုတော့ သူတို့ကိုမနှောင့်ယှက်တော့ဘူး၊ ဒီလိုဆိုမှတော့ ကျွန်တော့်နောက်လိုက်ပြီး ဧည့်ခန်းမှာ လက်ဖက်ရည်တစ်ခွက်လောက်သောက်သွားပါဦး”
“အစ်ကိုကြီး ရှီမာက ယဉ်ကျေးလွန်းနေပါပြီ ကျွန်တော်တို့လည်း အထဲကအခြေအနေကို စိုးရိမ်တယ် ဒီမှာအတူစောင့်ကြတာပေ့ါ” ရွှမ်းယွမ်ဆိုင်မှ တာဝန်ခံပြောလေသည်။
“ဒါဆိုလည်းရပါတယ် အဆောင်ထဲမှာစောင့်ကြတာပေါ့”
“ဟုတ်ကဲ့ ကြွပါ”
ရှီမာလိုင်သည် ဧည့်သည် ၂ယောက်ကို အဆောင်သို့ခေါ်သွားလေသည်။ ဆန်းမူယုသည် ၃ယောက်စာ လက်ဖက်ရည်ပြင်ပေးပြီးနောက် ရင်လန်တို့နှင့်အတူ တံခါးရှေ့တွင် သွားစောင့်လေသည်။
ထိုအချိန်တွင် ဘေဂုံဟန်သည် ဂိုဏ်းဝင်ပေါက်တွင် အချိန်အတော်ကြာအောင် စောင့်နေလေသည်။ သူ သည် ဂိုဏ်းအတွင်းသို့ အဆက်မပြတ်ကြည့်လေသည်။ ဟော်လန်ပုံရိပ်ကိုတွေကသည်နှင့် အလျင်စလိုပြေးသွား လိုက်သည်။
“ဆရာဟော်”
ဟော်လန်သည် ကျောင်းသားများနှင့် ဆွေးနွေးနေချိန်ဖြစ်သည်။ ရှီမာယူယူမှ သူ့ကိုရှာရန်လူလွှတ်လိုက် သည် ဆိုသည်နှင့် တုန်လှုပ်သွားသည်။ သူမ အခုလေးတင်သွားလိုက်တာမဟုတ်လား။ ဘာလို့ လူလွှတ်ပြီး ရှာ ခိုင်းရတာလဲ။
သို့သော် ယူယူသည် သူ့အား အရေးတကြီးရှာသည်ကို ခန့်မှန်းမိသည်။ တစ်စုံတစ်ရာဖြစ်နေသဖြင့် သူ ကျောင်းသားများကို ပြန်လွှတ်ကာ ဂိုဏ်းဝင်ပေါက်သို့ ပြေးလာလိုက်သည်။
“မင်းက ယူယူရဲ့အိမ်က ကလေးမလား” ဟော်လန်သည် ဘေဂုံဟန်ကို မှတ်မိသည်။
“ဟုတ်ပါတယ် ဆရာဟော် ယူယူက ဆရာ့ကိုခေါ်ခိုင်းလိုက်လို့ပါ” ဘေဂုံဟန်သည် စိတ်လှုပ်ရှားစွာ ပြော လေသည်။
“မနက်ဖြန်မှတွေ့မယ် ပြောထားတာမလား ဘာဖြစ်လို့လဲ”
“အစ်ကိုကြီးဖန်က ချိတ်ပျက်သွားပြီ အခု သူအသက်လုနေရတယ်၊ ဆရာဟော် ကျွန်တော်နဲ့ လိုက်ခဲ့ပေး လို့ရမလား”
“အင်း မြန်မြန်သွားကြတာပေါ့” ဟော်လန်သည် ရှီမန်ဖန် ချိပ်ပျက်သွားခြင်း၏ ရလဒ်ကို သိပြီးဖြစ်သဖြင့် အပြေးသွားလေသည်။
“ကျွန်တော် မိစ္ဆာလှည်းနဲ့လာတာ၊ ဆရာဟော် လှည်းပေါ်တက်ပါ” ဘေဂုံဟန်သည် ဟော်လန်လား လှည်းပေါ်ဖိတ်ခေါ်ပြီး လှည်းသည် ဂိုဏ်းဝင်ပေါက်မှ ထွက်လာခဲ့တော့သည်။
***