← Chapters

ကယ်ရမယ်

Vol. 007 Ch. 658

ကယ်ရမယ်

Vol. 007 Ch. 658

ဟော်လန်နှင့် ဘေဂုံဟန်တို့ရောက်ချိန်တွင် ရှီမာယူယူနှင့် ကျင်းဝမ်တို့ အခန်းထဲမှထွက်မလာကြသေး ပေ။ ဟော်လန်ကိုမြင်သည်နှင့် ရွှမ်းယွမ်ဆိုင်မှ တာဝန်ခံနှင့် သမားတော်တို့သည် နှုတ်ဆက်ရန်ရောက်လာကြ သည်။

“အခုအခြေအနေဘယ်လိုရှိလဲ” ဟော်လန် မေးလိုက်သည်။

“ယူယူနဲ့ ကျင်းဝမ်တို့က အထဲမှာပဲရှိသေးတယ် မထက်လာသေးဘူး၊ အခြေအနေဘယ်လိုရှိလဲ မသိ သေးဘူး” ရင်လန် ပြောလိုက်သည်။

ကုန်ရှန်ယိသည် မျက်ရည်များပိုကျလာသည်။

ဟော်လန်သည် ကုန်ရှန်ယိအကြောင်းကိုသိချင်သော်လည်း မေးနေရမည့်အချိန်မဟုတ်ပေ။

“ကျွီ”

တံခါးရုတ်တရက်ပွင့်လာကာ ရှီမာယူယူနှင့် ကျင်းဝမ်တို့အထဲမှထွက်လာသည်။ နှစ်ယောက်လုံးသည် ပင်ပန်းနေပုံပေါက်သည်။

ရှီမာယူယူသည် ဟော်လန်ဆီလျှောက်လာပြီး အရိုအသေပေးကာ ပြောလေသည် “ကျွန်တော် ဆရာဟော်ကို အရေးကြီးလို့ခေါ်လိုက်ရတာပါ စိတ်မရှိပါနဲ့”

“အဲဒါအရေးမကြီးဘူး မင်းညီလေးဘယ်လိုလဲ” ဟော်လန်သည် သူမလက်အား ဆုပ်ကိုင်ကာ မေးလေ သည်။

“ဖန်လေးက ခဏတော့ ငြိမ်သွားပြီး ဒါပေမဲ့ အဲဒါက ယာယီပဲ ဖန်လေးရဲ့ အခြေအနေကို ဆရာကြည့်ပေး ပါဦး အဲနည်းလမ်းသုံးလို့ရဦးမလားလို့” ရှီမာယူယူပြောလိုက်သည်။

“အင်း သွားကြည့်ကြအောင်” ဟော်လန်သည် အခန်းသို့အရင်ဝင်သွားရာ ရှီမာယူယူ နောက်မှလိုက်ခဲ့ သည်။

ကျင်းဝမ်သည် စဉ်းစားပြီးနောက် နောက်မှလိုက်ခဲ့လေသည်။

သူသည် အရင်က သူမအကြောင်းကိုသိချင်ရုံသာသိချင်ခဲ့သည်။ သို့သော် ပထမဆုံးအကြိမ်တွေ့လိုက် သည်နှင့် လေးစားသွားသည်။ သူဘာမှမလုပ်ရသေးခင်မှာပင် သူမ အပ်ထုတ်ကာ ကုသခဲ့သည်။

“ဆရာဟော် ကျွန်တော် သူ့ခန္ဓာကိုယ်ကရောင်ဝါငြိမ်သွားအောင်လို့ ငွေအပ်သုံးထားတာပဲရှိတယ်၊ သူ့ အခြေအနေကို စမ်းကြည့်ပါဦး” ရှီမာယူယူ ပြောလိုက်သည်။

ဟော်လန် ခေါင်းညိမ့်ပြီး အိပ်ရာဘေးသွားကာ ထိုင်လိုက်သည်။ သူ ရှီမန်ဖန်၏ သွေးကြောကို စမ်းသပ် ရာ ခဏအကြာတွင် ပြောလေသည် “သူ့အခြေအနေက ထင်ထားတာထက်တော့ကောင်းတယ်၊ မင်းသူ့ကို ကုပေးတာရော ကာကွယ်ရေးဆေးကြောင့်ရောပါမယ်”

“ဟုတ်ပါတယ်၊ ကျွန်တော် ဖန်လေးအတွက်ဖော်ပေးတဲ့ဆေးက သူ့ကိုယ်တွင်းအင်္ဂါတွေကို တိုးတက်စေ တယ်၊ ရှန်ယိကလည်း သူ့ကိုအချိန်ကိုက်ကျွေးလိုက်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒီအခြေအနေမှာဆိုရင် မင်းဘာလုပ်မလဲ” ဟော်လန် မေးလိုက်သည်။

“ကျွန်တော် တစ်ခါလောက်တော့ အဲနည်းလမ်းသုံးချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူ့ခန္ဓာကိုယ် ထဲက ရောင်ဝါကလှုပ်ရှားနေတော့ သူ့ကိုယ်တွင်းအင်္ဂါတွေထဲမှာ နှစ်မြုပ်နေတယ်၊ အဲဒါကို အခုထုတ်လို့မရတော့ အဲရောင်ဝါကိုဖယ်ရှားပြီး သူ့ကိုယ်ပိုင်အားကိုသန့်စင်တာကောင်းမယ်”

“ဒါပေမဲ့ အခုသူက လုံးဝသတိမေ့နေတာလေ၊ သူသတိမေ့နေတာကလည်း ဖိနှိပ်မှုပဲ၊ အဲစွမ်းအားတွေ ကို သန့်စင်ဖို့မဖြစ်နိုင်ဘူးထင်တယ်” ဟော်လန် သဘောမတူပေ။

“ဒါပေမဲ့ ဒီစွမ်းအားက မရှင်းလိုက်ဘူးဆိုရင် အမြစ်တွယ်ပြီး ရောဂါဖြစ်သွားလိမ့်မယ်” ရှီမာယူယူ ပြော လိုက်သည် “သူ့ကို အခုအခြေအနေစွမ်းအားမှာပဲတစ်သက်လုံးစာရပ်ပစ်လိုက်မယ်ဆိုရင် သူပြိုလဲသွားလိမ့်မယ်”

“အမှန်ပဲ ဒါပေမဲ့ ဆေးမှုန့်တွေနဲ့ စွမ်းအားကိုသန့်စင်ဖို့အတွက် တခြားနည်းလမ်းရှိသေးလို့လား” ဟော်လန် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အသိစိတ်ကိုသူ့ထဲထည့်ပြီး သူသတိရအောင်နိုးလိုက်မယ် ပြီးတာနဲ့ ရောင်ဝါကို အတူတူ သန့်စင်မယ်လို့ စဉ်းစားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်းဘာပြောလိုက်တယ်” ကျင်းဝမ်သည် တီးတိုးပြောလေသည် “အဲလိုလုပ်မယ်ဆိုရင် သူ့သတိစိတ်က နိုးလာမယ်၊ သူ မင်းကိုမမှတ်မိပဲ မင်းကိုတိုက်ခိုက်လိုက်ရင် မင်းရဲ့အသိစိတ်ပျက်စီးသွားနိုင်တယ်၊ ပြီးတော့ သူ မင်းကိုမတိုက်ခိုက်ပဲ သူ့ကို ကူပြီးသန့်စင်ပေးတာ အောင်မြင်သွားရင်တောင် မင်းဒဏ်ရာရမှာပဲ”

“သိပါတယ် ဒါပေမဲ့ ကျွန်တော်လုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သ်ည “ဆရာဟော် ဆရာ့ရဲ့ နည်းလမ်း သုံးဖို့ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကိုကူညီမှာလား”

ဟော်လန်သည် ရှီမာယူယူ၏ ခိုင်မာသောအကြည့်ကိုမြင်သောအခါ ခေါင်းညိမ့်ပြီး ပြောလိုက်သည် “မင်း အတွေးက ငါနဲ့လည်းတူတယ်၊ ဒါပေမဲ့ စွန့်စားလွန်းရာကျတာ် အဲဒါကြောင့် ငါ မထောက်ခံနိုင်ဘူး ဒါပေမဲ့ မင်းက လုပ်ချင်သေးတယ်ဆိုရင်တော့ အကောင်းဆုံးကူညီပေးပါမယ်”

“ကျေးဇူးတင်ပါတယ် ဆရာဟော်” ရှီမာယူယူသည် ဟော်လန်အား မျက်ရည်များဝဲကာကြည့်လိုက် သည်။

သူမ၏ အရင်ဘဝမှ ဆွေမျိုးဆိုလို့ ရှီမန်ဖန် တစ်ယောက်တည်းသာကျန်ခဲ့သည်။ သူ့ကို သူမ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပေ။ တခြားအခွင့်အရေးရှိသည်နှင့် ရာနှုန်းပြည့် အားစိုက်ထုတ်ကာ ကြိုးစားမည်။

ကျင်းဝမ်သည် ထိုလူနှစ်ယောက်ကို ကြည့်ပြီး ခေါင်းရမ်းကာ ပြောလိုက်သည် “ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ဘူး အပြင်ထွက်ပေးပါမယ်”

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ခေါင်းညိမ့်ပြီး ကျေးဇူးတင်စကားပြောလေသည်။

ထိုလုပ်ငန်းစဉ်လုပ်ရန်အတွက် ဘေးတွင် သူမယုံကြည်ရသူရှိမှဖြစ်မည်။ သူမသည် ကျင်းဝမ်နှင့် ပတ်သတ်ပြီး စိတ်မချသေးပေ။ သူ နေမည်ဆိုပါက သူမသည် စိတ်အေးမည်မဟုတ်ပေ။ အခု သူထွက်သွားမည် ဟု ပြောလာသဖြင့် စိုးရိမ်မှုကို လျော့ချပြီးသားဖြစ်သွားသည်။

ကျင်းဝမ်ထွက်သွားသည်နှင့် ဟော်လန်သည် ရှီမာယူယူ၏ ပင်ပန်းနေသောပုံစံကိုကြည့်ပြီး မေးလိုက် သည် “ဒီတစ်ခေါက် သူ့အခြေအနေက အလောတကြီးတော့မဟုတ်ဘူး၊ မင်းအရင်နားလိုက်ဦး သုံးရမယ့်ဟာ တွေကို ငါပြင်လိုက်မယ်”

ရှီမာယူယူ မငြင်းပေ။ အခု သူမလုပ်ရန်လိုအပ်သည်မှာ အာရုံစူးစိုက်ခြင်းဖြစ်သည်။ သူမသည် ရှီမန်ဖန် ၏ကုသပေးမှုတွင် စိတ်စွမ်းအင်အားအသုံးပြုပြီးဖြစ်လေသည်။ အခုသူမ အားဖြည့်ရန်အကောင်းဆုံးဖြစ်သည်။

ဟော်လန်သည် ရှီမာလိုင်အားသွားရှာပြီး ရေစည်ပိုင်းနှင့် ရေနွေးကိုပြင်ခိုင်းလိုက်သည်။ ထိုအချိန်တွင် ရှီမာယူယူသည် ဝိဉာဉ်အရည် ၂စက်သောက်ပြီး စိတ်ကိုပြန်အားဖြည့်ကာ ခုံတွင် ထိုင်ကာ အသက်ရှုထုတ်ပြီး တရားထိုင်ခြင်းအလုပ်ကို လုပ်လေသည်။

ဟော်လန်သည် ထိုပစ္စည်းများကို ပြင်ဆင်နေချိန်တွင် သူမသည် အသက်ရှုထုတ်သည်ကို လုပ်နေသည်။ သူတို့သည် အခန်းကိုသော့ခတ်ကာ တစ်ယောက်နှင့်တစ်ယောက် အားပေးပြီး ရှီမန်ဖန်ကို ရေထဲထည့်ပြီး ကုသ မှုစတင်လေသည်။

ဟော်လန်သည် ဆေးပညာ၏ တာဝန်ရှိသူဖြစ်သည်။ သူမ ရှီမန်ဖန်ရှေ့လျှောက်သွားကာ ရေကန်ထဲ ထည့်လိုက်ပြီး မျက်နှာကိုကိုင်ထားလိုက်သည်။ သူတို့မျက်ခုံးများသည် တစ်ခုနှင့်တစ်ခုထိသွားကြပြီး ရောင်ခြည် များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြသည်။

ရှီမန်ဖန်သည် သူ့ဝိဉာဉ်မှာ အမှောင်ထဲရောက်သွားပြီး အေးစက်မှုဝန်းရံခံလိုက်ရသည်ကို ခံစားလိုက်ရ သည်။ သူ အမှောင်ထဲတွင် တင်ပျင်ခွေထိုင်ချလိုက်သည်။ သူ အိပ်ပျော်မသွားစေရန် သတိထားကာ အမှောင်ထဲ တွင် တစ်သက်လုံးနှစ်မြောမသွားရန် နိုးနိုးကြားကြားရှိလေသည်။

“ဖန်လေး”

နူးညံ့သောခေါ်သံသည် အမှောင်ကိုခွင်းကာထွက်လာသောကြောင့် သူ သတိထားပြီးကြည့်လိုက်သည်။

“ဖန်လေး ဘာလို့အိပ်နေပြန်တာလဲ၊ ထပြီးမကျင့်ကြံဘူးဆိုရင် အမေ မင်းကို အပြစ်ပေးလိမ့်မယ်”

“မမလား”

“ဖန်လေး ဝိဉာဉ်ယုန်ကိုဖမ်းပြီး ကင်စားမယ်လို့ပြောတယ်မလား မင်းမထွက်လာရင် ဟိန်းသံလေးက အဲယုန်ကို စားပစ်လိမ့်မယ်”

“မမ ဘယ်မှာလဲ ငါဘယ်ရောက်နေတာလဲ” ရှီမန်ဖန်သည် မှောင်နေသော ဘေးပတ်လည်ကို ကြည့် သော်လည်း အသံပိုင်ရှင်ကို ရှာမတွေ့ပေ။

“ဖန်လေး မင်းအမှောင်ခန်းထဲမှာ အဲအခန်းကထွက်လာရမယ် ငါမင်းကိုအပြင်မှာစောင့်နေမယ်”

“မမ ဒါကအခန်းလား ကျွန်တော်ကဘာလို့ဒီရောက်နေတာလဲ” ရှီမန်ဖန်သည် မမှတ်မိသည့် သဘောဖြင့် သူ့ခေါင်းကို ကိုင်လိုက်သည်။

“ဖန်လေး မစိုးရိမ်နဲ့ မမစကားနားထောင် မမက မင်းကိုအပြင်မှာစောင့်နေမယ်၊ ပြီးတော့ မင်းနဲ့ရှိနေပေး မယ်၊ ဒီအမှောင်ခန်းကြီးကို အတူတူဖွင့်ကြမလား” ရှီမန်ဖန်၏ ဝိဉာဉ်သည် အတက်အကျဖြစ်နေသည်ကို ရှီမာယူယူခံစားမိသည်။ သူမ လျင်မြန်စွာပင် နှစ်သိမ့်လိုက်သည်။

“တကယ်ပဲ မမလား” ရှီမန်ဖန်သည် မသေချာသဖြင့် မေးလိုက်သည်။

“ဟုတ်တယ်လေ မမဘေးမှာရှိပေးရမလား”

ရှီမန်ဖန်သည် သူမစကားများကို ယုံမည်အပြုတွင် ရှင်းမို၏ ပုံစံသည် ရှီမာယူယူ၏ အရှေ့တွင် ပေါ်လာ သည်။

“မင်း အစ်မကသေသွားပြီ ငါကိုယ်တိုင်လက်နဲ့သဂြိုလ်ခဲ့တာ”

ရှင်းမို၏ စကားများသည် ရှီမန်ဖန်အား စိတ်တိုစေကာ သူ့လက်များသည် အမှောင်ထဲတွင် ရမ်းနေလေ သည်။

“မင်းက ငါ့အစ်မမဟုတ်ဘူး မမကသေသွားပြီ မင်းဘယ်သူလဲ” သူသည် ဘက်ပေါင်းစုံကိုတိုက်ခိုက် သည်။ ရှီမာယူယူကို မထိသော်လည်း သူမသွေးများအန်လိုက်သည်။ သွေးများသည် နှုတ်ခမ်းထောင့်မှ ရေစည် ထဲသို့ ကျသွားလေသည်။

***

All Chapters