← Chapters

အောင်မြင်ခြင်းနှင့် မေ့မြောခြင်း

Vol. 007 Ch. 659

အောင်မြင်ခြင်းနှင့် မေ့မြောခြင်း

Vol. 007 Ch. 659

“ယူယူ” ဟော်လန်သည် ရှီမာယူယူ သွေးအန်လိုက်သည်ကို တွေ့လိုက်သည်။ သူ သူမကိုရပ်ခိုင်းစေလို သော်လည်း သူမသည် လက်ကိုမြှောက်လိုက်သည်။

“ကျွန်တော်အဆင်ပြေတယ်” သူမသည် ပါးစပ်ထောင့်မှသွေးများကိုသုတ်ပြီး ရှီမန်ဖန်၏ စိတ်ထဲကို သူမ ၏ အံ့ဖွယ်အာရုံကို ဆက်ထည့်လေသည်။

“ဖန်လေး မင်းမေ့နေပြီ မမက ပြန်မွေးဖွားလာတာ၊ ငါတို့ ရှင်းဒုံမြို့အပြင်မှာတွေ့တာလေ မှတ်မိလား”

ရှီမန်ဖန်သည် သူတို့တွေ့ဆုံမှုကို ပြန်တွေးလိုက်သည်။ လူစိမ်းမိန်းကလေးတစ်ယောက်တွင် အစ်မဖြစ် သူ၏ ဝိဉာဉ်များကိန်းအောင်းနေသည်။

“မမ…”

“ဖန်လေး မှတ်မိပြီလား”

“မမ ဒဏ်ရာရသွားလား ဖန်လေးက လုပ်လိုက်တာလား” ရှီမန်ဖန်သည် သူမအသံထဲမှ အားလျော့မှုကို ကြားရသည်။

“မမအဆင်ပြေတယ် မမက မင်းကိုအပြင်မှာစောင့်နေတာကြာပြီ ဒါပေမဲ့ မင်းကထွက်မလာဘူး၊ မမ မင်းကို မမြင်ရဘူး မမစိတ်ပူတယ် ဖန်လေး မမကိုတွေ့ချင်လား”

“တွေ့ချင်တယ်” ဖန်လေးသည် အလောတကြီးဖြေလေသည်။

“မမလည်း မင်းကိုတွေ့ချင်တယ် မင်းအပြင်ထွက်လာလို့ရလား”

ရှီမန်ဖန်သည် မှောင်မိုက်နေသော ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည် “မမ ငါဘယ်ရောက်နေလဲ မသိဘူး၊ ထွက်ရမယ့်လမ်းကိုလည်း မသိဘူး”

“ကိစ္စမရှိဘူး မမက မင်းကိုလမ်းပြပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “မမရှိတဲ့နေရာကို အာရုံခံနိုင် လား”

“အင်း”

“ဝိဉာဉ်စွမ်းအင်ထုတ်ပြီး လင်းအောင်လုပ်လိုက်” ရှီမာယူယူ ပြောလိုက်သည် “မမက မင်းနဲ့အတူရှိပြီး ထွက်ရမယ့်လမ်းကိုပြပေးမယ်”

“အင်း” ရှီမန်ဖန်သည် ရှီမာယူယူ ပြောသည့်အတိုင်းပင် ဝိဉာဉ်စွမ်းအင်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ ဝိဉာဉ်စွမ်းအင်များသည် လှုပ်ရှားလာသည်။ သူသည် ခန္ဓာကိုယ် တစ်ခုလုံး လူးလွန့်ကာ ရှီမာယူယူ၏ အသိစိတ်နှင့်အတူလိုက်ခဲ့လိုက်သည်။ ဆေးစွမ်းအင်လွှမ်းမိုးမှုအောက်တွင် သူဝန်းရံခံထားရပြီး ဝါးမြိုသော ရောင်ဝါနှင့်တွေ့လေသည်။ ထိုရောင်ဝါသည် အလွန်နှေးသော်လည်း ခန္ဓာကိုယ် ထဲမှ ရောင်ဝါသည် နည်းနည်းစီပြောင်းသွားလေသည်။

အပြင်တွင် အချိန်မည်မျှကျော်လွန်သွားသည်ကို ရှီမာယူယူ မသိပေ။ သူမ သိသည်မှာ သူမသည် ရှီမန်ဖန်၏ ဝိဉာဉ်စွမ်းအင်ကို လမ်းပြရာတွင် အာရုံစိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ဝါးမြိုထားသောရောင်ဝါကို ပြီးပြတ် အောင် ထုတ်ပြီး ထိုအရာကို စွမ်းအင်အဖြစ်ပြောင်းပေးရမည်ကိုသာ သိသည်။

ရှီမန်ဖန်သည် အမှောင်နှင့် တိုက်ခိုက်နေသည်။ သူ သတိပြန်ရလာသည့်အချိန်တွင် ရှီမာယူယူ သူ့အား ကူညီပေးသည်နှင့် ဘာလုပ်ရမည်ကို သူသိသည်။ သူသည် ကိုယ်တိုင်လုပ်ချင်သော်လည်း မလုပ်နိုင်ပေ။ သူ သည် အမှောင်ဝန်းကျင်မှ လုံးဝရုန်းမထွက်နိုင်ပေ။

အလင်းသည် နည်းနည်းသွားသည်။ သူ အမှောင်ဝန်းကျင်မှထွက်သောအခါ သူ့အားချုပ်နှောင်ထား သည်မှာ မရှိတော့သလိုခံစားရသည်။ နောက်ဆုံးတွင် သူမျက်လုံးများဖွင့်လိုက်သည်။

“မမ” သူမျက်လုံးဖွင့်ချိန်တွင် ဖျော့တော့သော မျက်နှာတစ်ခုကိုတွေ့လိုက်သည်။

“ဖန်လေး နိုးလာပြီ….” သူမသည် ရှီမန်ဖန်၏ မျက်နှာကိုလွှတ်ပြီး ရေစည်းဘေးတွင် မေ့လဲသွားလေ သည်။

“မမ” ရှီမန်ဖန်သည် ထကာ သူမအား ထူပေးချင်သော်လည်း မထနိုင်ပေ။

ဟော်လန်သည် သူ့ပခုံးကိုဆုပ်ကိုင်လိုက်ပြီး “မင်းနိုးလာပေမယ့် မင်းခန္ဓာကိုယ်ထဲကရောင်ဝါက လုံးဝ သန့်စင်ပြီးတာမဟုတ်ဘူး၊ မင်းဒီမှာနေပြီး ဆက်လေ့ကျင့်နေ သူမ အဆင်ပြေမှာပါ”

ရှီမန်ဖန်သည် အားစိုက်လိုသည်။ ဟော်လန် ကြိမ်းမောင်းလိုက်သည် “မင်းအစ်မက မင်းအတွက် ပင်ပန်း ပြီးမေ့လဲသွားတာ မင်းထလိုက်ရင် လုပ်ထားတာတွေ အလကားဖြစ်သွားလိမ့်မယ် မင်းအစ်မရဲ့ ကြိုးစားမှုတွေ သဲထဲရေသွန်ဖြစ်စေချင်တာလား”

ရှီမန်ဖန်သည် ကြက်သေသေသွားသည်။ ဟော်လန်သည် သူ့အားလွှတ်လိုက်ပြီး ရှီမာယူယူကို အိပ်ရာ ပေါ်သို့ခေါ်သွားလိုက်သည်။ သူ ပြန်ထိုင်ကာ အံကြိတ်ပြီး မျက်လုံးမှိတ်ကာ ဆက်ပြီးသန့်စင်နေလသည်။

ဟော်လန် ပြောသည်မှာမှန်သည်။ သူ အစ်မ၏ အားထုတ်မှုကို သဲထဲရေသွန်မဖြစ်စေနိုင်ပါ။ သူသည် ပြီးမြောက်အောင်လုပ်ရမည်။

ဟော်လန်သည် ရှီမာယူယူစားရန် ဆေးပေးလိုက်သည်။ ထို့နောက် သူ ရှီမန်ဖန်ဘက်လှည့်ပြီး ကြည့် လိုက်သည်။ သူ နောက်ဆုံးတွင် စိတ်အေးသွားသည်။

ရှီမန်ဖန်သည် ကျန်သည့်ရောင်ဝါကို သန့်စင်ပြီးလေသည်။ ထို့နောက်တွင် သူ့ကိုယ်ပိုင်ရောင်ဝါကို သန့်စင်ပြီး အကြောထဲသို့ ထည့်လိုက်သည်။

စွမ်းအားများ ထည့်လိုက်သည်နှင့် သူသည် စည်ပိုင်းထဲမှာပင် အဆင့်တက်လေသည်။ သူ အဆင့်တက် ပြီးသည်နှင့် ခန္ဓာကိုယ်သည် အကောင်းဆုံးအခြေအနေရောက်ကာ အမှောင်ရောင်ဝါ စားထားသော ကိုယ်တွင်း အင်္ဂါများသည် မူလပုံစံသို့ ရောက်သွားလေသည်။

“မဆိုးဘူး”  ဟော်လန်သည် ရှီမန်ဖန်အား ကြည့်ပြီးခေါင်းညိမ့်လိုက်သည်။ ပြီးနောက်တွင် အိပ်ရာပေါ် သို့ ပင်ပန်းနွမ်းနယ်စွာထိုင်ချပြီး ဆေးသောက်လိုက်သည်။

ရှီမန်ဖန်သည် ရေစည်မှထွက်ကာ အင်္ကျိဝတ်ကာ ဟော်လန်အား အရိုအသေပေးလိုက်သည်။ သူ ဝမ်းသာစွာ ပြောလိုက်သည် “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ဟော်လန်သည် လက်ဝေ့လိုက်သည်။ “ငါ့ကို ထည့်မတွက်ပါနဲ့ မင်းအစ်မက မင်းကိုကယ်ခဲ့တာပါ”

“အစ်မ သူမ…” ရှီမန်ဖန်သည် သူမ၏ ဖျော့တော့သောမျက်နှာကိုတွေ့ပြီး ရင်နာမိသည်။

“သူမက သူမအသိစိတ်ကို မင်းစိတ်ထဲ လတစ်ဝက်လောက်ဝင်ပြီး အမှောင်ရောင်ဝါဆီကနေ ခေါ် ထုတ်လာတာ၊ ဒါပေမဲ့ နောက်ဆုံးမှာအဆင်ပြေသွားလို့ တော်သေးတယ်” ဟော်လန်ပြောလိုက်သည် “ကဲ ငါ နှစ်ပေါင်းရာချီနေခဲ့ပြီးပြီ ဒီလောက် အားထုတ်တဲ့လုပ်ဆောင်မှုကိုမမြင်ဖူးဘူး၊ ဒါပေမဲ့ ဒီကောင်ရဲ့ စိတ်စွမ်းအင် သန်မာတာကိုလည်း ကျေးဇူးတင်ရမယ် မဟုတ်ရင် မင်းတို့နှစ်ယောက်လုံး ဒီနေရာတင် သေသွားလောက်တယ်”

“အစ်မဘယ်လိုနေလဲ အသက်အန္တရာယ်ရှိလား” ရှီမန်ဖန်မေးလိုက်သည်။

“အန္တရာယ်တော့မရှိတော့ဘူး ဒါပေမဲ့ ဒီတစ်ခေါက် သူမ စိတ်ကတော့ ဒဏ်ရာပြင်းတယ်၊ ပြန်ကောင်းဖို့ အချိန်ကြာမှာကိုစိုးရိမ်တယ်” ဟော်လန်သည် ခေါင်းရမ်းကာ ပြောလေသည် “သူမ နိုးလာရင် အခြေအနေတွေ ပြောင်းသွားလို့ သူမမြင်ထားတဲ့ပစ္စည်းတွက သုံးလိုက်ပြီလို့၊ ကမ္ဘာကြီးမျက်လုံးက နည်းနည်းကျန်သေးတယ် ကမ္ဘာကြီးမျက်လုံးက များလို့တော်သေးတယ်၊ ငါတို့မှန်းထားသလောက်သာပြင်ထားလို့ကတော့ မင်းကို ကယ်လို့ ရမှာမဟုတ်ဘူး”

အစပိုင်းတွင် ၈အောင်စသာလိုသည်ဟု မှန်းခဲ့ကြသည်။ ရှီမာယူယူသည် ၄၂အောင်စရှိသော ပမာဏကို ယူခဲ့သည် တစ်ဝက်ကျော်သုံးပြီးဖြစ်သဖြင့် အနည်းငယ်သာကျန်လေသည်။

ဟော်လန်သည် ရှီမန်ဖန်အား သေတ္တာပေးပြီး ပြောလေသည် “သူမ နိုးလာသောရင် အချိန်အတန်ကြာ အောင် ကောင်းကောင်းအနားယူမှဖြစ်မယ်၊ တစ်ပတ်လောက်အိပ်ရာထဲမှာ လှဲပြီး တစ်လလောက် နလန်ထူ အောင်လုပ်ရမယ်၊ ဒီအချိန်အတွင်းကို အံ့ဖွယ်အာရုံကိုထပ်ပြီးမသုံးမိဖို့ သတိထားပါ၊ တခြားကိစ္စတွေမစဉ်းစား တာပိုကောင်းမယ် ကဲ ရှင်းပြစရာလည်းမရှိတော့ဘူး ငါ ဂိုဏ်းကိုပြန်တော့မယ်”

ရှီမန်ဖန်သည် သေတ္တာကိုယူပြီး တရိုတသေ ဂါရဝပြုလေသည် “ဒီနေ့ ဆရာဟော်ရဲ့ ကြင်နာမှုကို ရှီမန်ဖန် စိတ်ထဲကနေ မှတ်မိနေပါမယ်”

ဟော်လန်သည် လက်ကိုရမ်းပြလေသည်။ သူ့ကိုဖြတ်သွားပြီး တံခါးမှထွက်သွားလေသည်။

ကုန်ရှန်ယိနှင့် ကျင်းဝမ်တို့်သည် အပြင်တွင် စောင့်နေဆဲပင်ဖြစ်သည်။ တံခါးဖွင့်သံကြားသောအခါ သူတို့နှစ်ယောက်လုံး လန့်သွားကြသည်။ ဟော်လန်ထွက်လာသည်ကို မြင်သောအခါ ကုန်ရှန်ယိသည် ထွက်ပြီး ရှီမန်ဖန်၏ အခြေအနေကို မေးချင်သည်။ သို့သော် သူမ စကားမစခင်မှာပင် ရှီမန်ဖန် အိမ်ထဲမှထွက်လာသည်ကို မြင်လိုက်သည်။

“ဖန် ရှင်သက်သာလာပြီ” ကုန်ရှန်ယိသည် ပြေးပြီး သူ့ကိုဖက်လေသည်။

ရှီမန်ဖန်သည် ကုန်ရှန်ယိ၏ အပြုအမူကြောင့် ဆွံ့အသွားသည်။ သူ့လက်များသည် လေထဲတွင် ရပ်နေ လေသည်။ သူသည် သူမကို တွန်းမပစ်ပေ။

“အဲလိုမလုပ်နဲ့ ငါအဆင်ပြေပါတယ်” သူသည် နှစ်သိမ့်လေသည်။

“ယူယူ ရှင့်ကိုကယ်နိုင်မယ်ဆိုတာ သိနေတယ်” ကုန်ရှန်ယိသည် ငိုလေသည်။ ဒီတစ်ကြိမ်ငိုသည်မှာ စိုးရိမ်မှုကြောင့်မဟုတ်ပဲ ပျော်လွန်းသဖြင့် ငိုခြင်းဖြစ်သည်။

“လွှတ်တော့ ငါဆရာဟော်လန်ကို လိုက်ပို့ရမယ်” ရှီမန်ဖန်သည် နောက်ဆုံးတွင် လက်ချပြီး သူမ ပခုံးကို ပုတ်လိုက်သည်။

“ဘာလိုက်ပို့မှာလဲ ငါလမ်းမသိတာမဟုတ်ဘူး ကိုယ့်ဘာသာသွားမယ်” ဟော်လန် ပြောလေသည်။

“ဆရာဟော် ကျွန်တော်လိုက်ပို့ပါမယ်” ရှီမန်ဖန် စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ ကျင်းဝမ်သည် အံ့သြသွားသည်။ အခု ကုန်ရှန်ယိလည်း အလွန်ပျော်နေသည်။ သူသည် သူ့ဆရာကို အစားလိုက်ပို့ပေးရမည်။

***

All Chapters