← Chapters

ငါ့ကိုချစ်ရင် အလိုလိုက်ရမယ်

Vol. 007 Ch. 660

ငါ့ကိုချစ်ရင် အလိုလိုက်ရမယ်

Vol. 007 Ch. 660

ရှီမာယူယူသည် ရှည်လျားသောလမ်းတစ်ခုကို အချိန်အတော်ကြာအောင်လျှောက်နေရသည်ဟု ခံစားရ သည်။ သို့သော် ထိုလမ်းသည် အဆုံးမသတ်သွားပေ။ ထိုလမ်းသည် မည်သည့်နေရာကိုသွားသည့်လမ်းဆိုသည် ကို သူမ မသိပေ။

လမ်းအရှေ့တွင် လဟာပြင်နေရာတစ်ခုပေါ်လာသည်။ လမ်းသည် အဖြူရောင်မြူများအကြားတွင် ပျောက်သွားသည်။ အဖြူရောင်မြူများသည် နွေးထွေးသည်ကို ခံစားမိပြီး သူမ ဝင်သွားလိုက်သ်ည။

ရုတ်တရက်ပင် မိုရှားသည် လမ်းဘေးတွင်ပေါ်လာသည်။ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် သူမအား ကြည့် လေသည်။

“ဘယ်သွားမလို့လဲ”

ရှီမာယူယူသည် သူ့အကြည့်မှ အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူမ အားရပါးရပြုံးလိုက်သည် “ဘယ် သွားနေတာလဲကို ငါမသိဘူး ဒါပေမဲ့ ဒီလမ်းက အဆုံးလည်းမရှိဘူး”

မိုရှားသည် အရှေ့မှ အဖြူရောင်မြူများကို ညွှန်ပြလေသည် “မင်းထပ်သွားမယ်ဆိုရင် ဘယ်တော့မှ ပြန် လာရမှာမုတ်ဘူး တစ်သက်လုံးအဲထဲမှာပျောက်သွားလိမ့်မယ်”

ရှီမာယူယူ တုန်လှုပ်သွားသည်။ သူမ နောက်ဆုတ်ကာ ရင်ဘတ်ကိုပုတ်လိုက်သည် “ကြောက်စရာ ကောင်းလိုက်တာ၊ ကံကောင်းလို့ မင်းပေါ်လာလို့”

“ငါနဲ့လိုက်ခဲ့” မိုရှားသည် သူမအားကြည့်ပြီး လက်ကိုဆွဲလိုက်သည်။

ရှီမာယူယူ သူ့အားကြည့်လိုက်သည်။ သူမ ရုတ်တရက်ပြုံးကာ “မိုရှား ငါ့ကိုကြိုက်နေတာလား”

မိုရှားသည် သူမ စကားများကြောင့် တောင့်သွားလေသည်။ သူ ရေရွတ်လိုက်သည် “ဘာတွေပြော နေတာလဲ မြန်မြန် လက်ပေး”

ထိုသည်မှာ တကယ့်ကမ္ဘာအစစ်အမှန်မဟုတ်သည်ကို ရှီမာယူယူ သိပြီးဖြစ်သည်။ မိုရှားသည် ထင်ယောင်ထင်မှားပင်ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုအချိန်တွင် သူ့ကိုကြောက်စိတ်မရှိပေ။ သူမသည် ပြုံး ပြီးဆက်ပြောလေသည် “ငါမဟုတ်တာ ပြောနေလို့လား၊ မဟုတ်ရင် ဘာလို့ ငါအန္တရာယ်ရှိတဲ့အချိန်ဆို မင်း ပေါ်ပေါ်လာတာလဲ”

“မင်းက ငါ့စာချုပ်သခင်မို့လို့လေ” မိုရှားသည် အေးစက်စွာပြောလေသည်။

“ဒါပေမဲ့ ငါက စာချုပ်သခင်မို့လို့ စိတ်ပူတာမဟုတ်ဘူးလို့ မင်းမျက်လုံးကပြောနေတယ်” ရှီမာယူယူ သည် သူ့မျက်နှာကို ဆွဲလိုက်သည်။

ခုခံခြင်းမရှိပေ။ တကယ်ပဲ သူမဟုတ်ဘူးပဲ။

မိုရှားသည် သူမအား ကြည့်လိုက်သည်။ သူသည် သူမအား ထပ်အော်မည်အလုပ်တွင် သူမရေရွတ်သည် ကိုကြားလိုက်ရသည် “ငါက ဒါမျိုးတွေအိမ်မက်ထဲမှာပဲပြောရဲတယ်၊ ဒါပေမဲ့ တကယ်တော့ ငါလည်း မင်းကို နည်းနည်းကြိုက်ပါတယ်၊ ငါပြန်မွေးဖွားလာကတည်းက မင်းနဲ့အတူရှိလာတာလေ၊ မင်းက ငါ့ကိုသန်မာအောင် အတူနေပြီး သင်ပေးတယ်၊ မင်းက အကျင့်မကောင်းပြီး ငါ့ကိုအမြဲအော်ပေမယ့် ငါ့ကိုဂရုစိုက်တာသိပါတယ်၊ ငါ မင်းကိုယုံတယ် ဒါပေမဲ့ ငါ့အရင်ဘဝကလိုမျိုးတွေထပ်ဖြစ်လာပြီး မင်းက ငါ့မိသားစုကိုထိခိုက်စေမှာစိုးတယ်၊ ငါ အချစ်ကြောင့်ထပ်ပြီး သစ္စာအဖောက်မခံနိုင်ဘူး၊ ငါ နတ်ဆိုးလောကမှာ ထပ်ထပ်ပြီး အတည်ပြုခဲ့တယ်၊ ကျိန်ပြော တကယ်ပဲငါ့ကို ဂရုမစိုက်ဘူးလား”

မိုရှားသည် ထိုအတွေးများကိုကြားရသည်ကို မနှစ်သက်ပေ။ သို့သော် ချစ်သောသူဆီမှ တစ်ခါ သစ္စာ အဖောက်ခံရသည်ဟု ကြားသည်နှင့် စိတ်မကောင်းဖြစ်မိသည်။ သူမ စိတ်ဓာတ်ကျနေသည်ကို သူ မကြိုက်ပေ။

“ငါ မင်းကိုသစ္စာမဖောက်ပါဘူး” သူ ပြောလိုက်သည်။

“အင်း ငါ ကံတရားကိုထပ်ယုံရမှာပေါ့” ရှီမာယူယူ ခေါင်းညိမ့်လေသည် “ဒါပေမဲ့ မင်း ငါ့ကို ကြမ်းကြမ်း တမ်းတမ်းမဆက်ဆံဘူးမလား၊ မင်းက ငါ့ထက်အားကောင်းတယ်ဆိုပြီး အနိုင်မကျင့်ဘူးမလား၊ ငါတို့ စာချုပ်ဖြည် ပြီးသွားလို့ မင်း နတ်ဆိုးဘုရင်ဖြစ်ရင် ငါမသိတဲ့လူတစ်ယောက်ဖြစ်မသွားဘူးမလား”

မိုရှားသည် သူမအား ရှုပ်ထွေးသော မျက်နှာဖြင့် ကြည့်သော်လည်း နောက်ဆုံးတွင် ခေါင်းညိမ့်လေ သည်။

“မင်းခေါင်းညိမ့်လိုက်တယ်နော်၊ မင်းကတကယ်ပဲ ငါ့စိတ်အထင်ထဲက ဖန်တီးထားတဲ့ဟာပဲ တကယ် မဟုတ်ဘူး” ရှီမာယူယူ သက်ပြင်းချလေသည်။

မိုရှားသည် နူးညံ့ခဲသည်။ သူမ စကားများကိုကြားသောအခါ သူသည် မျက်နှာတင်းသွားပြီး “မင်းစိတ် ထဲမှာ ငါက အဲလောက်ကြမ်းတမ်းတာလား”

“မင်းက ငါ့ကိုအမြဲအနိုင်ကျင့်တယ်မဟုတ်ဘူးလား၊ ဟင်း အချိန်တိုင်းပဲလေ မင်းက မင်းအားနဲ့ အနိုင် ကျင့်တယ်၊ ကံကောင်းလို့ မင်းက ငါ့ချစ်သူမဟုတ်တာ၊ ငါ့ချစ်သူသာဆိုလိုကတော့ မလွယ်ဘူး”

“ချစ်သူဟုတ်လား အဲဒါဘယ်လိုမျိုးလဲ”

“နှစ်ဖက်လုံးက ချစ်ကြပေမယ့် လက်မထပ်ရသးတဲ့ဆက်ဆံရေးလေ၊ ငါအရင်ကနေခဲ့တဲ့ဘဝမှာ ဆိုရင် လက်မထက်ခင်ကိုလူတွေက အချိန်တစ်ခုလောက် ညှိနှိုင်းကြတယ်၊ နှစ်ယောက်ကြားက သဘောထားတူ တယ်ဆိုရင် လက်ထပ်ကြတယ်၊ မဟုတ်ရင် လမ်းခွဲပြီး နှုတ်ဆက်တာနဲ့ အဆုံးသတ်ရလိမ့်မယ်”

“မင်းက ချစ်သူကိုဘယ်လိုဖြစ်စေချင်လဲ”

“အကုန်အဆင်ပြေပါတယ် ဒါပေမဲ့ ငါ့ကိုအလိုလိုက်ရမယ်၊ သူငါ့ကိုချစ်တယ်ဆိုရင်တော့ အလိုလိုက်ရမှာ ပေါ့၊ ငါပြောတာက အမိန့်ပဲ၊ ငါ အသီးအရွက်စားချင်တယ်ဆိုရင် သူအသားမစားရဘူး၊ ငါ မိုးပေါ်က ကြယ်လိုချင် တယ်ဆိုရင် ပြန်မမေးပဲ ငါ့အတွက်ယူပေးရမယ်၊ ငါကတော့ အဲလိုမျိုးမတောင်းဆိုဘူးပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ အပေါ်ကောင်းရမယ်”

မိုရှားသည် သူမအား ကြည့်လိုက်သည်။ သူ စဉ်းစားနေသည့်အရာကို သူမ မသိတော့ပေ။

သူတုန့်ပြန်မှုမရှိသည်ကို ရှီမာယူယူမြင်လိုက်သည်။ သူမ လက်ရမ်းပြကာ ပြောလိုက်သည် “မင်းကို ဒါတွေပြောရင်လည်း မင်းက ငါ့ခေါင်းထဲက စိတ်ကူးသက်သက်ပဲလေ၊ မင်းကိုပြောနေတာက ငါ့ကိုယ်ငါပြောနေ တာပဲ အသုံးမဝင်လိုက်တာ”

“ငါက တကယ်ဆိုရင်ရော”

“မင်းက ဘယ်လိုလုပ်တကယ်ဖြစ်မှာလဲ” ရှီမာယူယူ သူ့အားကြည့်လိုက်သည် “မင်းက ငါ့စကားကို အဲလောက်နားထောင်ဖူးလို့လား၊ ငါက မင်းကို ကြိမ်းမောင်းနေတာကိုတောင် မင်းကဒေါသမှမထွက်တာ၊ ဒါငါ့ စိတ်ကူးသက်သက်ပဲ”

“မင်းစိတ်ကူးထဲမှာ ငါကဘာလို့ဒေါသမထွက်တာလဲ”

“ငါစိတ်ကူးတဲ့လူက ငါ့အပေါ်ကောင်းပြီး ငါ့စကားနားထောင်လို့ပေါ့၊ ငါ့စိတ်ကူးတဲ့လူတွေက ငါ့ကို ဒေါသ မထွက်ကြဘူး”

“မင်းကို အဲလိုဆက်ဆံစေချင်တာလား”

“မျှော်လင့်တယ်ဆိုတာက အသုံးမဝင်တာပဲလေ မဟုတ်ဘူးလား” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။

သူမအတွက်တော့ မိုရှားသည် တခြားသူများနှင့် ကွာခြားသည်။ သူသည် ဝိဉာဉ်တစ်ကောင်ဖြစ်ကာ နတ်ဆိုးလောကမှ လူတစ်ယောက်ဖြစ်သော်လည်း သူအတွက်တော့ အမြဲမှီခို၍ရသော လူတစ်ယောက်ဖြစ် သည်။

သူမ အရင်ဘဝမှ မှတ်ဉာဏ်များပျောက်ပြီး ယိလင်းတိုင်းပြည်သို့ရောက်ကာ နေရာများပြောင်းခဲ့သည် ကိုတွေးမိသည်။ သူမသည် သန်မာသည်ဆိုသော်လည်း စိတ်ထဲတွင်တော့ အစိမ်းသက်သက်ဖြစ်နေသောကမ္ဘာ ကို ကြောက်ဆဲပင်ဖြစ်သည်။ သူပေါ်လာချိန်တွင် သူသည် အဂ္ဂိရတ်ပညာသင်ပေးကာ သူမနှင့်အတူ ရင်ဆိုင်ပေး ခဲ့သည်။ သူ သူမကိုသင်ပေးစဉ်တွင် ဆူငေါက်သည်များရှိသော်လည်း သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်များမရှိခဲ့ပေ။

မိုရှားသည် သူ့လက်ကိုဆန့်ထုတ်ကာ “မင်းလက်ပေး ငါခေါ်သွားပေးမယ်”

“ကြည့် မင်း ငါ့ကိုထပ်ပြီး ငေါက်ပြန်ပြီ” ရှီမာယူယူသည် မိုရှားလက်ပေါ် လက်တင်မည်အလုပ်တွင် နူးညံ့ သော ခေါ်သံကိုကြားလိုက်သည်။

“ကလေး ဒီကိုလာခဲ့”

သူမ လက်သည် လေတွင်ရပ်သွားကာ ပြန်လှည့်ကြည့်လိုက်သည်။ လှပသော အမျိုးသမီးတစ်ယောက် သည် အဖြူရောင်မြူဘေးတွင် ပေါ်လာသည်။

“အမေ ဘာလို့ဒီရောက်နေတာလဲ” သူမသည် အံ့သြစွာ အော်လိုက်သည်။

ရှီမာယူယူ၏ လက်သည် မိုရှားလက်ပေါ်ရောက်ရန် အနည်းငယ်သာလိုတော့သည်။ သူ့မျက်လုံးထဲတွင် စိုးရိမ်မှုများဖြစ်သွားသည်။ သူသည် သူမကိုဒီနေရာမှ အတင်းခေါ်သွား၍မရပေ။ သူမလက်သည် သူ့လက်ပေါ် တင်မှပင်ဖြစ်မည်။ သို့သော် သူမ မလှုပ်သဖြင့် သူစိုးရိမ်လာသည်။

အမျိုးသမီးသည် ရှီမာယူယူအား လက်ယက်ခေါ်လေသည် “ဒီကိုလာခဲ့ ကလေး သမီးရောက်နေပြီ ဆိုတော့ စိတ်ချပါ တခြားဟာတွေတွေးစရာမလိုဘူး သမီးလွတ်လပ်ပြီ”

ရှီမာယူယူသည် ခြေတစ်လှမ်းတိုးလိုက်သည်။

“မသွားနဲ့ သွားမယ်ဆိုရင် တစ်သက်လုံးထွက်လို့ရတော့မှာမဟုတ်ဘူး” မိုရှားအော်လိုက်သည်။

ရှီမာယူယူသည် မိုရှားအားလှည့်ကြည့်ပြီး သူမ၏ နူးညံ့သော အမေအားကြည့်လိုက်သည်။ သူမ ပြုံးပြီး “အမေက သေသွားပြီလေ သမီးလာမယ်ဆိုရင်တောင် အမေ့ကိုတွေ့ရမှာမဟုတ်ဘူး အမေ မစိုးရိမ်ပါနဲ့၊ သမီး ဖန်လေးကို ဂရုစိုက်လိုက်ပါမယ်၊ ဟုတ်သားပဲ ဖန်လေး သမီးဖန်လေးကို ကုပြီးသွားပြီ၊ ဘယ်လိုလုပ်ဒီရောက်လာ တာပါလိမ့် ဘာလို့ငါမမှတ်မိရတာလဲ”

“ယူယူ…” မိုရှား၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်တော့မည်။ သူသည် သူ၏ စွန့်လွှတ်မှုကိုကြည့်ပြီး မရှင်းပြတတ်သော ဝမ်းနည်းမှုဖြစ်သွားသည်။

မိုရှား၏ မျက်လုံးများကိုမြင်သောအခါ ရှီမာယူယူသည် ရင်ထဲမှနာကျင်မိသည်။ သူမ သူ့ကို မဆွဲကိုင် ထားလို့ သူဝမ်းနည်းနေတာပဲ။ သူက လုပ်ဖို့တိုက်တွန်းနေတယ်လေ။ သူ ဒီလိုဖြစ်တာကို သူမ မလိုချင်ပေ။ ထို့ကြောင့် သူမ မစဉ်းစားတော့ပဲ သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ သူမ မပြောခင်မှာပင် ကမ္ဘာကြီးလည်သွား သည်ကို ခံစားလိုက်ရသည်။

အိပ်ရာတွင်လှဲနေကာ တစ်ချိန်တည်းမှာပင် သူမ မျက်လုံးများပွင့်လာသည်။ သူမသည် အိပ်ရာဘေးတွင် ရှိသောလူများကို ကြည့်ရသည်မှာပျော်လာသည်။

***

All Chapters