← Chapters

စကားမပြောနဲ့

Vol. 007 Ch. 662

စကားမပြောနဲ့

Vol. 007 Ch. 662

ရှီမာယူယူ ပြောပြီးနောက်တွင် အခန်းထဲမှ ၂ယောက်သည် တိတ်ဆိတ်သွားလေသည်။

ထိုအရာများသည် မခိုင်ခံ့သော ဝန်ထုတ်ဝန်ပိုးများဖြစ်ကာ ရှီမန်ဖန်သည် သူမဘဝထက်ပင် ပိုအရေးကြီး နေလေသည်။ သူမသာ သူ့ကိုဆုံးရှုံးလိုက်ရပါက သူမ ဘဝသည် မပြည့်စုံသောဘဝအဖြစ်သို့…

ခြံဝန်းတွင်ရပ်နေသော ရှီမန်ဖန်သည် မျက်ရည်များကိုသုတ်နေလေသည်။ သူသည် မျက်ရည်များပြန်ဝင် ရန် မျက်တောင်ခတ်ပြီး အလျင်စလိုဝင်သွားလိုက်သည်။

ဝူလင်းယူသည် ရပ်နေရာမှ သူမစကားများကို စဉ်းစားနေလေသည်။

ဘဝထဲက ဝန်ထုတ်ဝန်ပိုးတွေဟုတ်လား။ သူ ဘယ်တုန်းက သူမဘဝထဲက ဝန်ထုတ်ဝန်ပိုးဖြစ်သွားတာ လဲ။

ရှီမန်ဖန်သည် အခန်းထဲဝင်လာပြီး ရှီမာယူယူ မျက်လုံးဖွင့်ထားသည်ကို ကြည့်နေသည်။ သူသည် ချစ်ခင် ကြင်နာစွာဖြင့် ခေါ်လိုက်သည် “အစ်မ”

“ဖန်လေး” ရှီမာယူယူသည် သူ့မျက်လုံးထဲမှ အပြစ်ရှိမှုကို ခံစားမိသဖြင့် ပြုံးပြလိုက်သည်။ သူမသည် စိတ်ထဲတွင် မထားရန် သူ့ကိုပြောရသည်။

ရှောင်ချီသည် ရှီမန်ဖန်ကိုကြည့်ပြီးနောက် ရှီမာယူယူကိုပြန်ကြည့်လေသည်။ သူမ နားရှုပ်သွားသည် ဘာလို့ အစ်မဖြစ်ရတာလဲ သူမက သူ့ထက်ငယ်တာမဟုတ်ဘူးလား။

ဟန့်မြောင်ရွှမ်သည်လည်း နားမလည်တော့ပေ။ သို့သော် ယူယူသည် သူမထက်ပင် ဖြောင့်မတ်သည်။ ရှီမာယူယူနှင့် ရှီမန်ဖန်တို့ ပြောစရာများရှိသည်ကို သိသဖြင့် သူမ ရှောင်ချီကိုခေါ်ပြီး ထွက်ခဲ့လေသည်။

“ယူယူ နားလိုက်ဦး ငါတို့ပြန်လာကြမည့်မယ်”

ဟန့်မြောင်ရွှမ်သည် ထွက်သွားချိန်တွင် တံခါးပိတ်ရန် မမေ့ပေ။

“ဆရာဟော်ရောဘယ်လိုနေလဲ” ရှီမာယူယူသည် သူတို့ဝင်လာစဉ်က ခံစားချက်ကို ဖျက်ချင်နေသည်။

“စကားမပြောနဲ့” ရှီမန်ဖန် လျှောက်လာသည် “ဆရာဟော် အဆင်ပြေတယ်၊ အဆင်မပြေတာက မမလေ”

“ငါ…”

“စကားမပြောနဲ့” ရှီမန်ဖန်သည် စကားဖြတ်ပြောကာ ဆက်ပြောလေသည် “မမရဲ့ အခြေအနေက ခက်ခဲနေပြီး အံ့ဖွယ်အာရုံလည်း ထိခိုက်ထားတယ်လို့ ဆရာဟော်ပြောတယ်၊ မမနိုးလာပေမယ့် အများကြီး မတွေးပဲနဲ့ စကားလည်းလျော့ပြောရမယ်၊ ဘာမှမပြောတာ အကောင်းဆုံးပဲ ငါပြောတာပဲနားထောင်”

ရှီမာယူယူသည် ရှီမန်ဖန်၏ တုန်လှုပ်မှုနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်မှုတို့ကို ကြည့်နေလေသည်။ သူမ ခေါင်းညိမ့်ပြီး ဘာမှမပြောတော့ပဲ သူပြောတာသာနားထောင်နေခဲ့သည်။

သို့သော် သူမ အပြုအမူသည် ရှီမန်ဖန်အား ပြောမည့်စကားများ ပျောက်သွားစေကာ နှစ်ယောက်သား တိတ်ဆိတ်သွားလေသည်။

ခဏအကြာတွင် ရှီမန်ဖန် စကားစလာသည် “ဒီလိုအခြေအနေမျိုး နောက်ဖြစ်လာမယ်ဆိုရင် ငါ့အသက် ကို မမအသက်နဲ့လဲစရာမလိုဘူး”

“ဒါပေမဲ့ မင်းက ငါ့မောင်လေးလေ၊ ပြီးတော့ အရင်ဘဝက တစ်ဦးတည်းသောသွေးသားပဲ” ရှီမာယူယူ ပြောလိုက်သည်။

ရှီမန်ဖန်သည် သူမပါးစပ်အား ပိတ်ကာ စကားမပြောရန်ထားလိုက်သည်။ ဒီတစ်ကြိမ်တွင် သူမ စကား မပြောတော့ပေ။

“မမကလည်း ကျွန်တော့်သွေးသားပဲ…” ရှီမန်ဖန်၏ မျက်လုံးများသည် ပြန်နီလာသော်လည်း မျက်ရည် တော့မကျပေ။

“ငါ…”

ရှီမာယူယူ စကားပြောချင်သော်လည်း ရှီမန်ဖန် သူမကိုကြည့်နေသည်ကို သိသဖြင့် စကားများ မြိုသိပ် လိုက်သည်။

“မမ ငယ်ငယ်တုန်းက ငါ့ကိုကာကွယ်ပေးခဲ့တယ်၊ ဒီတစ်ခါတော့ ဒီလို အန္တရာယ်များတဲ့အခြေအနေကို မဖြစ်မခံတော့ဘူး နောက်ကို ငါကာကွယ်ပေးမယ်” ရှီမန်ဖန်သည် သူမလက်အား ကိုင်ပြီးပြောလေသည်။

ရှီမာယူယူ ခေါင်းညိမ့်ပြီး ပြုံးလေသည်။

သူမသည် ရှီမန်ဖန်၏ ခံစားချက်ကိုနားလည်သည်။ သူမအတွက်ကို သူကိုယ့်ဘာသာ စတေးမည်ဆို သည့် ခံစားချက်ကို သူမ နားလည်သည်။

ရှီမန်ဖန်သည် စကားအကြာကြီးမပြောတော့ပဲ သူမ၏ အားနည်းသောပုံစံကိုကြည့်ပြီး ကောင်းကောင်း အနားယူရန်ပြောပြီးနောက် ထွက်သွားလေသည်။

ရှီမာလိုင်နှင့် တခြားသူများ သူမကို လာကြည့်သော်လည်း သူမအား စကားမပြောခိုင်းပေ။ သူတို့သည် ခဏလာပြီးနောက် အနားယူခိုင်းလေသည်။

နောက်နေ့တွင် ဟော်လန် ရောက်လာပြီး ရှီမာယူယူ၏ ခန္ဓာကိုယ်ကို စမ်းသပ်လေသည်။

“ဘယ်လိုနေလဲ” ဟော်လန် မေးလိုက်သည်။

“တစ်ခါတလေ ခေါင်းကိုက်တယ်၊ ဘာအားမှမရှိဘူး အဲဒါတွေကလွဲရင် အကုန်အဆင်ပြေပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မင်းပြန်လာနိုင်တာ ကောင်းတယ် ဟင်း အနေမချောင်တဲ့ နေရာပဲ၊ မင်း ကံကောင်းတယ်” ဟော်လန် မသဲမကွဲပြောလေသည်။

“ဟီးဟီး ဒီတစ်ခေါက်ကိုဒီလိုဖြစ်မယ်မထင်လို့ပါ” ရှီမာယူယူ ပြုံးလိုက်သည် “ဂယောင်ခြောက်ခြားကမ္ဘာ က အံ့ဖွယ်အာရုံကုန်ခမ်းနေတဲ့လူတွေ သွားလို့မရဘူး၊ ကျွန်တော် တော်ရုံကံကောင်းတာမဟုတ်ဘူး”

“ဘာပဲဖြစ်ဖြစ် မင်းပြန်လာနိုင်တာ ကောင်းတယ်” ဟော်လန် ပြောလိုက်သည် “မင်းဘယ်လိုပြန်လာ တာလဲဆိုတာ သိလား”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ သူမသည် နတ်ဆိုးများနှင့် ပတ်သတ်မှုရှိသည်ကို ဖုံးကွယ်လိုသဖြင့် မိုရှားတည်ရှိမှုကို မပြောပြချင်ပေ။ သူတို့သာ သိပါက သူ့ကိုသတ်ပစ်မည်ဖြစ်သည်။ သူမ မလုပ်နိုင်ပေ။ ထို့အပြင် မိုရှားကဲ့သို့ နတ်ဆိုးကြီးကို သဘောကျမည့်သူမရှိနိုင်ပေ။

“မသိတာ ပုံမှန်ပါပဲလေ” ဟော်လန် ပြောလိုက်သည် “ဂယောာင်ခြောက်ခြားကမ္ဘာကို ရောက်သွားကြ တဲ့တခြားသူတွေက ဘယ်တော့မှနိုးမလာဘူး၊ မင်းကိစ္စက ထူးခြားတယ်၊ နောက်တစ်ခါတော့ အဖြစ်မခံနိုင်ဘူး ငါ့ရဲ့ အရိုးအိုတွေက ထိတ်လန့်တာကို မခံနိုင်တော့ဘူး”

ရှီမာယူယူ ကျိုးနွံစွာ ခေါင်းညိမ့်လိုက်သည်။

“ငါ အဘိုးကြီးရှုကို စာပို့ထားတယ်၊ သူ မကြာခင်ရောက်လိမ့်မယ်” ဟော်လန် ပြောလေသည် “ကောင်းပြီ ငါပြန်ပြီး ကလေးတွေနဲ့ ဆွေးနွေးရဦးမယ်”

“ကျွန်တော်ကောင်းတာတာနဲ့ ဖန်လေးနဲ့ ဆရာ့ဆီလာပြီး ကျေးဇူးတင်စကားလာပြောပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုလည်း မြန်မြန်ကောင်းအောင်လုပ်” ဟော်လန်သည် သူ့အား ဒီလိုအခြေအနေမျိုးဖြင့် မကြည့်ချင် ပေ။ ထို့နောက် သူထွက်သွားလေသည်။

သူထွက်သွားသည်ကို ရှီမာယူယူ ကြည့်နေလိုက်သည်။ သူမ ခေတ္တမျှစဉ်းစားပြီးနောက် ဝိဉာဉ်အရည် နှစ်စက်ထုတ်လိုက်သည်။ ကံကောင်းစွာပင် ဝိဉာဉ်အရည်ကြောင့်သာ သူမ ဒီအခြေနေထိ ပြန်ကောင်းလာခြင်း ဖြစ်သည်။

ဝူလင်းယူသည် နှစ်ရက်နေပြီးနောက် သူမ နိုးလာသောအခါ ထွက်သွားခဲ့သည်။ ထိုနှစ်ရက်အတွင်းတွင် သူ့အားလာရှိသည့်သူ ရှိမလားဟု တစ်ခါတစ်ခါ ထွက်သွားတတ်သည်။

ရှောင်ချီသည် ဝူလင်းယူကို အနည်းငယ်ကြောက်စိတ်ရှိသည်။ ဝူလင်းယူ ရှိနေလျှင် သူမ မလာတတ်ပေ။ အခု ဝူလင်းယူ ထွက်သွားသည်ဖြစ်၍ ရှီမာယူယူအား တစ်နေကုန်တွယ်ကပ်နေကာ အိပ်ရာဘေးလှဲလိုက် ကစား လိုက်လုပ်နေသည်။ နောက်ဆုံးတွင် ဟန့်မြောင်ရွှမ်က သူမကို ဆွဲခေါ်သွားရသည်။

“ဒီကောင်မလေးက သူ့ကို ဆေးဖော်ပေးဖို့ကလွဲရင် ဂရုမစိုက်ဘူး” ဟန့်မြောင်ရွှမ်သည် နှာခေါင်းရှုံပြီး လိမ္မော်သီးများကို တစ်လုံးပြီး တစ်လုံး အခွံခွာလေသည်။ သူမ တစ်စိတ်ယူပြီး သူတို့ကို ထည့်ပေးလေသည်။

လှဲနေသော ရှောင်ချီသည် ပါးစပ်ဟကာ ဟန့်မြောင်ရွှမ် ခွံ့ကျွေးသည်ကို စားနေသည်။

ဟန့်မြောင်ရွှမ်သည် ထိုရက်များတွင် ရှောင်ချီနှင့်အတူနေခဲ့သည်ဖြစ်သဖြင့် သံယောဇဉ်တွယ်နေပြီ ဖြစ် သည်။ ရှောင်ချီသည် သူမအား မဲသော်လည်း သံယောဇဉ်တွယ်နေခြင်းကိုတော့ မတားနိုင်ပေ။

“ဂျူနီယာမောင်လေး ဘယ်လောက်နားရဦးမှာလဲ” ဟန့်မြောင်ရွှမ်သည် တစ်စိတ်စားလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ရှောင်ရှောင်တို့က မေးနေလို့” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “တစ်ယောက်က မအိပ်ရမှားစိုးနေ တာ တစ်ယောက်က ခြံညစ်ပတ်မှာစိုးလို့တဲ့ အပြင်မထွက်လာနိုင်တာ၊ ဒါပေမဲ့ မင်းအခြေအနေကို စိတ်ပူလို့ ငါ့ကို မေး နေတာ”

“အဲ၂ယောက်က ကျွန်တော့်ကို တွေ့ဖို့တောင် မလာချင်ဘူး” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။

“သူတို့လာသေးတယ် ဒါပေမဲ့ အဲအချိန်တုန်းက မင်းသတိမရသေးဘူး၊ မင်းအဆင်ပြေတယ်ပြောမှ မလာ တော့တာ၊ ဒါပေမဲ့ ငါပြန်သွားတိုင်း မင်းအကြောင်းမေးတယ်” ဟန့်မြောင်ရွှမ် ပြန်ဖြေလေသည်။

“နံတယ် သူတို့မလာလေကောင်းလေပဲ” ရှောင်ချီသည် အိပ်ရာပေါ်လှိမ့်လေသည်။

“ရှောင်ချီ မင်း…”

ရှီမာယူယူသည် စီနီယာအစ်ကိုများကို မလေးမစား မဆက်ဆံရန် သူမကို သင်ပေးချင်သည်။ သို့သော် သူမ စကားမဆုံးခင်မှာပင် ရှောင်ချီသည် အိပ်ရာပေါ်မှာ ပြုတ်ကျလေသည်။

“နာသွားလား” ဟန့်မြောင်ရွှမ်သည် ရှောင်ချီအား ထူပေးလိုက်သ်ည။

“အဲလူပြန်လာပြီ” ရှောင်ချီထပြီးသောအခါ ဟန့်မြောင်ရွှမ်၏ လက်မှထွက်ပြေးလေသည်။

ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့ ကြောင်နေစဉ်မှာပင် ရှောင်ချီသည် အပြင်မှ အော်သံထွက်လာလေ သည်။ အဘိုးကြီးတစ်ယောက်သည် ကြိမ်းမောင်းနေကာ ရှုဂျင်း၏ ရယ်သံထွက်လာသည်။

***

All Chapters