ကျောင်းအုပ်ကြီးပြန်လာပြီ
Vol. 007 Ch. 663
“အ အာ အာ ငါ့ကိုလွှတ်ပေး ဒီမှာလူတွေအများကြီးပဲ” အဖြူရောင်မုတ်ဆိတ်နှင့် အဘိုးကြီးသည် ရှောင်ချီအား ကော်လာဆွဲထားရာ လက်နှစ်ဖက်သည် လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေလေသည်။
“မင်းက ငါတို့နှစ်တွေအများကြီးမတွေ့ရတဲ့အတွင်းမှာ ရဲတင်းလာတာပဲ၊ တကယ်ပဲ ကျောင်းကနေ ထွက်သွားရဲတယ်” သက်ကြီးပိုင်းလူကြီး၏ အသံသည် လူငယ်တစ်ယောက်၏ အသံထက်ပင် ငယ်ရွယ်နေသလို ပင်။
“ငါ့ကိုလွှတ် လွှတ်” ရှောင်ချီသည် သူ့ကို မနိုင်နိုင်ပေ။ သူ့ကို အံကြိတ်ပြီးကြည့်ရုံသာ တတ်နိုင်သည်။
“ဒါငါ့ကို ဘာမှဖြစ်မသွားဘူး” ယွမ်ရှောင်ဂျီသည် လက်နောက်တစ်ဖက်ဖြင့် ရှောင်ချီအား ခေါင်းခေါက်ပြီး ပြောလိုက်သည် “ကျောင်းကနေထွက်မသွားဖို့ ငါမပြောခဲ့ဘူးလား အပြင်ထွက်ပြီးဘာလုပ်ပြန်တာလဲ”
“ငါ အသွင်ပြောင်းတာ ၃ခါပြောင်းပြီးပြီနော်၊ အခု အရမ်းအားကောင်းနေပြီ” ရှောင်ချီ စိတ်တိုလေသည်။
“မလောက်သေးဘူး” ယွမ်ရှောင်ဂျီသည် သူမကိုကိုင်ပြီး ပြောလေသည် “ငါ အဲလူကိုရှာတွေ့တာနဲ့ မင်း ငါနဲ့ပြန်လိုက်ရမယ်”
“မရဘူး ငါသူနဲ့အတူနေချင်သေးတယ်” ရှောင်ချီသည် အခိုင်အမာပြောလေသည်။
“အဖမ်းခံရမှာမကြောက်ဘူးလား၊ လူအများကြီးက မင်းကိုမျက်စိဒေါက်ထောက်ကြည့်နေတယ်ဆိုတာ သိတယမလား” ယွမ်ရှောင်ဂျီသည် သူမ၏ ခိုင်မြဲနေသောအကြည့်ကို နှစ်သိမ့်လိုက်သည်။
“မဖမ်းပါဘူး၊ ငါဒီရောက်နေတာကြာပြီ ဘယ်သူမှ ငါ့ကိုမမှတ်မိဘူး၊ ငါ သူ့နောက်လိုက်ချင်တယ်” ရှောင်ချီ ပြောလိုက်သည်။
“မင်းက သေချာလှချည်လား” ယွမ်ရှောင်ဂျီသည် မျက်ခုံးပင့်လိုက်သည်။
“သူမက ယူယူနဲ့ ကပ်နေရင် ၄ခါမြောက် ပြောင်းလဲနိုင်မယ်လို့ထင်နေတယ်” ရှုဂျင်းသည် ယွမ်ရှောင်ဂျီ အား ရှင်းပြလေသည်။
“ဟုတ်လား” ယွမ်ရှောင်ဂျီသည် ရှောင်ချီအား ချပေးပြီးပြောလိုက်သည် “မင်းက သူပနောက်လိုက်ချင် တယ်ဆိုပေမယ့် သူက မင်းလုံခြုံမှုကို အာမမခံနိုင်ဘူးလေ”
“အန္တရာယ်များတယ်ဆိုရင်တောင် ကြိုးစားကြည့်ချင်တယ်” ရှောင်ချီ ပြန်ဖြေလိုက်သည်။
“ဒါဆိုလည်း လုပ်ပေါ့” ယွမ်ရှောင်ဂျီသည် ရှောင်ချီအား လျင်မြန်စွာပင် သဘောတူလိုက်သည်။ ထိုမြန် ခြင်းကပင် ရှောင်ချီကို ကြောင်သွားစေသည်။
ရှုဂျင်းနှင့် သူမသည် ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ကြသည်။ သူ ဒီလောက်လွယ်လွယ်နဲ့ သဘော တူလိုက်တာလား။
ရှုဂျင်းသည် နားမလည်စွာကြည့်ပြီးနောက် ယွမ်ရှောင်ဂျီနောက်လိုက်ကာ အိမ်ထဲသို့ ဝင် သွားလေသည်။
ရှောင်ချီသည် ခြံတွင်ရပ်ကာ ယွမ်ရှောင်ဂျီ၏ ခွင့်ပြုမှုကို သံသယဖြစ်ကာ ကျန်ခဲ့လေသည်။ သို့သော် သူမ သည် သံသယဖြစ်မှုထက် ပျော်ရွှင်မှုဖြင့် ပြည့်နေလေသည်။ ဆိုလိုသည်မှာ သူမသည် ဂိုဏ်းအတွင်းတွင် ကျဉ်းကျပ်စွာ နေရန်မလိုတော့ပေ။
ရှုဂျင်းသည် ထိုအကြောင်းကိုစိတ်မပူသော်လည်း အိမ်အတွင်းဝင်သောအခါ ထိုအကြောင်းအရင်းကို ယွမ်ရှောင်ဂျီအား မေးချင်ဆဲပင်ဖြစ်သည်။
“သူမကို ဘာလို့သဘောတူလိုက်တာလဲ”
“ဒီတစ်ခေါက် ငါအပြင်ထွက်တော့ အပြင်လောကကြီးက ပြောင်းလဲနေပြီဆိုတာကို သိလိုက်တယ်၊ လူ အများက သူမကို အကွက်ဆင်ခဲ့တယ် ဒါပေမဲ့ အခုသူမ အားမနည်းတော့ဘူး၊ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် သူမ အားကောင်းတဲ့ဘက်မပါဘူး၊ သူမသာ ၄ကြိမ်မြောက်အသွင်းပြောင်းပြီးရင် ပိုလုံခြုံသွားမှာ”
ရှုဂျင်းသည် ခြေလှမ်းများရပ်သွားသည်။ အပြင်လောကက တကယ်ပဲ ရှုပ်ထွေးနေပြီလား
သူတို့နှစ်ယောက်လုံး ရှီမာယူယူအိမ်ထဲဝင်သောအခါ ဟန့်မြောင်ရွှမ်သည် မတ်တပ်ရပ်ကာ အရိုအသေ ပေးလေသည်။
“ကျောင်းအုပ် ဆရာ”
ဝင်လာသည့်သူမှာကျောင်းအုပ်ကြီးဖြစ်သည်ကို ရှီမာယူယူ ခန့်မှန်းရသွားသည်။ သို့သော် သူသည် အဘိုးနတ်ဆိုးနှင့် တူသည်ဟု ခံစားရသည်။ တစ်ခေါင်းလုံးဖြူနေသော အဘိုးကြီးနှင့် တူမည်ဟု ဘယ်သူကထင် ထားမှာလဲ။
သူမ၏ ရှုပ်ထွေးနေသော အမူအရာကိုခန့်မှန်းကာ ယွမ်ရှောင်ဂျီပြုံးပြီး ပြောလိုက်သည် “ဒီလိုမှ ကျောင်း အုပ်နဲ့ ပိုတူမှာလေ”
အာ…
သူမအတွက် အသစ်အဆန်းတွေ့လိုက်ရသလိုပင်။
“ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်” သူမ ခေါင်းငုံ့ကာနှုတ်ဆက်လေသည်။
“သူတို့နှစ်ယောက်က ငါ့ကို မင်းအကြောင်းပြောပြတယ်၊ ဒီအတိုင်းချဲ့ကားပြောတယ်လို့ ထင်တယ်” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “အဲဒါကြောင့် မင်းမြန်မြန်ပြန်ကောင်းအောင်လုပ်၊ ငါမင်းကို လုပ်ခိုင်းစရာတွေ အများကြီးရှိတယ်”
“ဟင်”
ရှီမာယူယူသည် ထိုစကားများကြောင့် မှင်တက်သွားသည်။ အခြားကြီး အဆင့်ကျော်လိုက်တာမဟုတ် ဘူးလား။ သူက သူမကိုလာတွေ့တာမဟုတ်ပဲ ခိုင်းစရာရှိလို့လာတာလား။ ပြီးတော့ ပထမဆုံးအကြိမ်တွေ့တာ ကို စာမေးပွဲစစ်မလို့လား။
သူတို့လုပ်သမျှက ဘာလို့အဲလိုဖြစ်နေတာလဲ။
“ဟားဟား” ယွမ်ရှောင်ဂျီသည် သူမ ရှုပ်ထွေးနေသည်ကို မြင်သောအခါ ရယ်မောလိုက်သည်။ ထို့နောက် သူသေတ္တာတစ်လုံးထုတ်ကာ သူမအိပ်ရာဘေးထားပြီး ပြောလိုက်သည် “ဆရာဦးလေးက မင်းကို တွေ့ဆုံမှုလက်ဆောင်ပေးမယ်”
သူသည် ထွက်သွားခဲ့သော်လည်း သူ့စိတ်မှာ သူတို့်နှင့်ရှိနေဆဲပင်ဖြစ်သည်။ ရှီမာယူယူသည် နောက်မျိုးဆက်ကို ကြည့်ရသလိုပင်။
ရှောင်ချီသည် အပြင်မှလာပြီး ချောင်းကြည့်နေလေသည်။ သို့သော် ရှီမာယူယူအိပ်ရာဘေးမှ သေတ္တာကို မြင်သောအခါ အော်ပြီး ပြေးဝင်လာသည်။ သို့သော် ဖြတ်သွားသောသူမကို ယွမ်ရှောင်ဂျိဆွဲထားလိုက်သည်။
“ဒါက ယူယူ့ကိုပေးတဲ့ ငါ့ရဲ့တွေ့ဆုံမှုလက်ဆောင်လေ စဉ်းတောင်မစဉ်းစားနဲ့”
ရှောင်ချီသည် မှင်တက်သွားကာ သေတ္တအား သားရေကျပြီး “လွန်လိုက်တာ အဲဒါလိုချင်နေတာကြာ ပြီ ဒါပေမဲ့ ကျောင်းအုပ်က ရှောင်ချီ့ကို မပေးဘူး”
“မင်းအတွက် အသုံးမှမဝင်တာ” ယွမ်ရှောင်ဂျီသည် သူမအား မလွှတ်ပေးပေ။
“ဒါပေမဲ့ အရသာရှိတယ်လေ” ရှောင်ချီ ပြန်ချေပလေသည်။
“မင်းစားလိုက်ရင် အလဟသဖြစ်သွားမယ်” ယွမ်ရှောင်ဂျီ ပြောလိုက်သည် “အဲဒါတွေကို သိမ်းလိုက် သူမ အတွက် အလဟသမဖြစ်စေနဲ့”
ရှီမာယူယူသည် ရှေ့မှ ဖြစ်ပျက်နေသောမြင်ကွင်းကိုရယ်မောပြီး သေတ္တာကို ဝိဉာဉ်စေတီအတွင်းသိမ်း လိုက်သည်။
ပစ္စည်းကို ဝိဉာဉ်စေတီအတွင်းထည့်ပြီးသောအခါ အထဲတွင်ဘာရှိသည်ကို သိလိုက်သည်။ သူမသည် အလွန်အံ့သြသွားသည်။ သို့သော် ထိုပစ္စည်းသည် အခုချိန်တွင် အသုံးပြုရသည့် ပစ္စည်းမဟုတ်ပေ။
ယွမ်ရှောင်ဂျီသည် သူမအား ဝိဉာဉ်မြက်ပင်ပေးရာ ထိုမြက်ပင်သည် ဝိဉာဉ်များကို ပြန်သက်သာလာစေ သည့် ဆေးဖက်ဝင်အပင်ဖြစ်သည်။ ထိုဆေးဖက်ဝင်အပင်သည် ဝိဉာဉ်များကိုကုသရာတွင် အလွန်အကျိုးသက် ရောက်မှုရှိကာ ဆေးဖက်ဝင်ပစ္စည်းများထဲတွင် ရတနာအဆင့်ရှိသည်။ သူမတွင်သာ ဝိဉာဉ်အရည်မရှိပါက ရှိသမျှ ဆေးပစ္စည်းများတွင် တန်ဖိုးအရှိဆုံးဖြစ်မည်။
သို့သော် သူမသည် သူ့ရှေ့တွင် မဖွင့်သဖြင့် ထိုပစ္စည်းကို မသိသလိုဟန်ဆောင်လိုက်သည်။
“ကျောင်းအုပ်ကြီး ခုနက ကျွန်တော့်ကို လုပ်ခိုင်းစရာရှိတယ်လို့ ပြောတယ်လေ”
“အရေးမကြီးပါဘူး မင်းပြန်ကောင်းပြီး ဂိုဏ်းကိုပြန်လာမှ ပြောကြတာပေါ့” ယွမ်ရှောင်ဂျီ ပြောလိုက် သည် “ဟုတ်သားပဲ ငါက မင်းကိုလက်ဆောင်ပေးပြီးပြီဆိုတော့ မင်းလက်ဆောင်ကို ဂိုဏ်းကိုပြန်လာတဲ့အချိန် ပေးပေါ့၊ ဂျင်း မင်းငါနဲ့အတူလိုက်ခဲ့၊ ငါ မင်းအိမ်စာကိုစစ်မယ်၊ ရှောင်ချီကရော”
“ရှောင်ချီ ပြန်မလိုက်ဘူး ယူယူလေးနဲ့ နေဦးမယ်” ရှောင်ချီသည် ပခုံးတွန့်ကာ သူမကို လွှတ်ပေးရန် ပြော လေသည်။ သူမ ယွမ်ရှောင်ဂျီ၏ လက်မှလွတ်သည်နှင့် ရှီမာယူယူဆီ ပြေးသွားကာ သူနှင့် စကားမပြောတော့ပေ။
ယွမ်ရှောင်ဂျီသည် ပြုံးပြီးနောက် ရှုဂျင်းနှင့်အတူပင် သည်းခံလိုက်ရတော့သည်။
ရှုဂျင်းသည် ရှောင်ချီအား အားကျစွာကြည့်လေသည်။ သူသာ ရှောင်ရပါက သူလည်း ပြန်မလိုက်ချင် ပေ….
သူတို့ထွက်သွားသည်နှင့် ရှောင်ချီသည် ချက်ချင်းပင် ရှီမာယူယူအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ရှီမာယူယူ ရှောင်ချီ၏ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “ဒါက ကျောင်းအုပ်ကြီးကငါ့ကိုပေးတဲ့ လက်ဆောင်ပဲ ပြီးတော့ မင်းအတွက်အသုံးဝင်တာလည်းမဟုတ်ဘူး”
“ဒါပေမဲ့ အရမ်းအရသာရှိတာ” ရှောင်ချီ ပြောလိုက်သည်။
“သခင် ဒီဝိဉာဉ်မြက်ပင်က အမြစ်တွေပါတယ် ငါတို့စိုက်လို့ရတယ်” ဝိဉာဉ်လေးသည် သူမအား ရုတ်တရက် ပြောလေသည်။
“ဒါဆို စိုက်လိုက်လေ” ရှီမာယူယူ အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် သူမသည် ရှောင်ချီအား ပြော လိုက်သည် “ငါမင်းကို နည်းနည်းပေးမယ် အကုန်တော့ပေးလို့မရဘူး”
“အင်း” ရှောင်ချီသည် မျက်လုံးများအရောင်တောက်ကာ ခေါင်းညိမ့်လေသည်။
ရှီမာယူယူသည် အရွက်များကိုသုတ်ကာ အရွက်များထွက်နေသော မြက်ပင်ကိုကြည့်လိုက်သည်။ သူမ အနည်းငယ်စဉ်းစားကာ အရွက်များကိုဖြတ်ပြီး အမြစ်သာချန်ထားခဲ့လိုက်သည်။ သူမသည် ဖြတ်ထားသော အရွက်များအားလုံးကို ရှောင်ချီအား ပေးလိုက်သည်။
“ယူယူ အကောင်းဆုံးပဲ” ရှောင်ချီသည် ဝိဉာဉ်မြက်ပင်အားယူပြီး သူမပါးပြင်သို့ နမ်းပြီးနောက် လျင်မြန် သောအရှိန်နှုန်းဖြင့် ပြေးထွက်သွားလေသည်။
ရှီမာယူယူသည် ရှောင်ချီအား ဝိဉာဉ်မြက်ပင် အတော်အများပေးလိုက်သည်ကို ဟန့်မြောင်ရွှမ်တွေ့သော အခါ ဝေဖန်သလိုပြောလေသည် “မင်းသူမကို သဘောကျတယ်ဆိုပြီး အဲလောက်ကြီးအလိုမလိုက်နဲ့ အမြဲတမ်း ပေးလို့မှမရတာ”
“ဒါပေမဲ့ သူမကြိုက်တယ်လေ” ရှီမာယူယူ ပြုံးပြီး စိတ်ထဲမထားပေ။
သူမသည် ဝိဉာဉ်မြက်ပင်အား သိမ်းရာ ဝိဉာဉ်လေးသည် စိုက်ပျိုးလေသည်။
ဝိဉာဉ်မြက်ပင်၏ အမြစ်များကို စိုက်ထားပါက ထိုမှ အပင်ပေါက်လာနိုင်သည်။ ထို့ကြောင့်ပင် သူမသည် ရှောင်ချီစားရန် အလုံအလောက်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် ဟန့်မြောင်ရွှမ်သည် သူမအပြုအမူကို နားမလည်သဖြင့် ခေါင်းရမ်းမိလေသည်။
***