အနီရောင်စိတ်ဝိညာဉ်အရည်....
Vol. 8 Ch. 121
လင်းယွမ်အတွက် အချိန်များက ပေါများသည့်အပြင် ထို့အပြင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဖြတ်၍ အခြားကမ္ဘာများကို ဆင့်သက်သည့်အချိန်များအား ထည့်မတွက်ရသေးပေ။
" စတုတ္ထအလွှာ အဆင့် ၁၁ "
ရက်အတော်ကြာပြီးသောအခါ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ အော်ရာကလည်း နောက်တစ်ကြိမ် တိုးတက်လာပြန်သည်။ သူ၏ အဆင့်တက်ခြင်းက အံ့ဩစရာမရှိပေ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို နားလည်ပြီး အဆင့်မတက်နိုင်ခဲ့လျှင် သူက နံရံကိုခေါင်းနှင့် ပြေးဆောင့်တာမှ ပိုကောင်းဦးမည်ဖြစ်သည်။
အဆင့်တက်ပြီးနောက် လင်းယွမ်၏ အဆင့်က တည်ငြိမ်သွားသောအခါ အသက်ရှုလိုက်တိုင်း သူ၏ ခန္ဓာကိုယ်က လေထဲမှ စွမ်းအားများကို စတင်စုပ်ယူလေသည်။
" အချိန်တွက်ကြည့်ရင် တစ်လကျော်သွားပြီပဲ။ အစောင့်တပ်ဖွဲ့က ဒီကိုရောက်နေသင့်ပြီ။ "
လင်းယွမ်က ရှားပါးရတနာများနှင့် ဝိညာဉ်ပစ္စည်းများကို ဝယ်ယူရန် အလျင်မလိုခဲ့ပေ။ ချီခွန်ကြယ်သခင်၏ တပည့် ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်တစ်ယောက်အနေဖြင့် သူက အနီရောင်စိတ်ဝိညာဉ်အရည်ကို လျှောက်ထားခွင့်ရှိလေသည်။
ဤတစ်ကြိမ် အစောင့်တပ်ဖွဲ့ ချီခွန်အဓိကကြယ်မှ ထွက်လာချိန်တွင် အနီရောင်စိတ်ဝိညာဉ်အရည် တစ်အိုးကို လျှောက်ထားခဲ့ပြီး အစောင့်တပ်ဖွဲ့နှင့်အတူ ယူဆောင်လာစေခဲ့သည်။
တစ်လ၊ နှစ်လကြာပြီးသောအခါ။
ကန်လန်ကြယ်၏ အပြင်ဘက်တွင် အနက်ရောင်အာကာသယာဉ်တစ်စီး ရပ်တန့်သွားသည်။
" နောက်ဆုံးတော့ ပန်းတိုင်ကို ရောက်ပြီ။ " အာကာသယာဉ်၏ ထိန်းချုပ်ခန်းအတွင်း လူဆယ့်သုံးယောက် ထိုင်နေကြသည်။
ထိုဆယ့်သုံးယောက်က နက်ရှိုင်းသော အော်ရာများ ထွက်ပေါ်နေပြီး အထူးသဖြင့် ခေါင်းဆောင်က ထိုနေရာတွင် ထိုင်နေရုံဖြင့် လေဟာနယ်ကို တည်ငြိမ်သွားစေသည်ဟုပင် ထင်ရလေသည်။
" ဒီတစ်ကြိမ် ငါ့တို့ရဲ့ တာဝန်က ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို ကာကွယ်ဖို့ပဲ။ တောင်ထိပ်သခင် တစ်ခုခုဖြစ်ရင် ငါတို့လည်း ဒီကမ္ဘာမှာ ဆက်ရှိနေစရာမလိုတော့ဘူး။ နားလည်လား။ " ဦးခေါင်းပြောင်နှင့် ခေါင်းဆောင်သက်လတ်ပိုင်းလူကြီးက အဝေးမှ ကန်လန်ကြယ်ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " သူ၏ နောက်မှ လူ ၁၂ယောက်က တပြိုင်နက် ပြောလိုက်ကြသည်။
သူတို့က ချီခွန်ကြယ်သခင်ကိုယ်တိုင်ရွေးချယ်ထားခြင်းဖြစ်သောကြောင့် လုံးဝ သစ္စာရှိလေသည်။ မဟုတ်လျှင် သူတို့က ၁၃ယောက်မြောက် တောင်ထိပ်သခင်၏ ကိုယ်ပိုင်တပ်ဖွဲ့ ဖြစ်လာမည်မဟုတ်ပေ။
ဗဟိုကုန်းမြေနေအိမ်တွင် လင်းယွမ်က လေ့ကျင့်ပြီးသောအခါ အစောင့်တပ်ဖွဲ့ရောက်လာပြီဖြစ်ကြောင်း သတင်းလက်ခံရရှိခဲ့သည်။
" ဉာဏ်ပညာနတ်ဘုရား ငါ့ရဲ့ လက်အောက်ငယ်သားတွေ ကန်လန်ကြယ်ထဲ ခေါ်ချင်တယ်။ " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။
ကန်လန်ကြယ်ကဲ့သို့ အလယ်ဂြိုလ်မျာယက ဆဋ္ဌမအလွှာ တည်ရှိမှုများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ကြယ်ဖျက်ဆီးခြင်းအဆင့်ဟု လူသိများသော ဆဋ္ဌမအလွှာက မကောင်းသောရည်ရွယ်ချက်များနှင့် ဂြိုလ်တစ်ခုထဲသို့ ဝင်ရောက်လာလျှင် ကပ်ဘေးများ ဖြစ်လာနိုင်ပြီး ဂြိုလ်ကာကွယ်ရေးစနစ်ပင် အချိန်မီတုန့်ပြန်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဆဋ္ဌမအလွှာတိုင်းက ဂြိုလ်တစ်ခုပေါ်သို့ မဆင်းသက်မီ စားရင်းပေးသွင်းရပြီး မဟုတ်လျှင် ကြယ်နယ်မြေအဆင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
ဉာဏ်ပညာနတ်ဘုရား၏ ခွင့်ပြုချက်ကို ရယူပြီးနောက် လင်းယွမ်၏ အစောင့်တပ်ဖွဲ့က စစ်ဆေးမှုများစွာကို ဖြတ်ကျော်ပြီး ဗဟိုကုန်းမြေနေအိမ်သို့ ရောက်လာကြသည်။
အဓိကအဆောက်အဦး၏ ခန်းမထဲတွင် အစောင်တပ်သား ၁၃ယောက်က လင်းယွမ်၏ ရှေ့တွင် လေးစားစွာ ရပ်နေကြသည်။
" တောင်ထိပ်သခင် " ဦးခေါင်းပြောင် သက်လတ်ပိုင်းလူက ဦးညွှတ်လိုက်သည်။
" တောင်ထိပ်သခင် " အခြားပဉ္စမအလွှာ အစောင့် ၁၂ယောက်ကလည်း အရိုအသေပေးလိုက်ကြသည်။
" ထကြ " လင်းယွမ်က ဦးခေါင်းပြောင်လူကို ကြည့်လိုက်သည်။
ထိုလူက အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လေသည်။ အရိုးသားဆုံးပြောရလျှင် လင်းယွမ်က ဆဋ္ဌမအလွှာကို ပထမဆုံးအကြိမ် အနီးကပ်မြင်ဖူးခြင်း ဖြစ်သည်။
" မင်းနာမည်ဘယ်လိုခေါ်လဲ။ " လင်းယွမ်က မေးလိုက်သည်။
" တောင်ထိပ်သခင် ကျုပ်နာမည်က ဟိုမင်လို့ခေါ်ပါတယ်။" ဟိုမင်က ပြောလိုက်သည်။
ထို့နောက် လင်းယွမ်က အခြားသူများ၏ နာမည်များကိုလည်း မေးလိုက်သည်။
" အခုကစပြီး မင်းတို့က ဒီအိမ်ရဲ့ သက်တော်စောင့်တွေပဲ။ မလိုအပ်ဘဲ မင်းတို့ခွန်အားကို ထုတ်မပြမိစေနဲ့။ " လင်းယွမ်က အမိန့်ပေးလိုက်၏။
သူ၏ လက်ရှိအထောက်အထားက ချီခွန်ကြယ်သခင်၏ တပည့်ဖြစ်သည်ကို ထုတ်မပြောလျှင် ပြိုင်ပွဲတွင် အနိုင်ရခဲ့သော စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်သည်။ သက်တော်စောင့်အချို့ထားခြင်းက ပုံမှန်သာ ဖြစ်၏။ သို့သော် ၎င်းက သာမန်သက်တော်စောင့်များကို ဆိုလိုသည်။
လင်းယွမ်၏ သက်တော်စောင့်များက ဆဋ္ဌမအလွှာနှင့် ပဉ္စမအလွှာများ ဖြစ်ကြသည်။ ကန်လန်ကြယ်၏ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူပင် ပဉ္စမအလွှာသာ ရှိပြီး ၎င်းထက် ကျော်လွန်သူမရှိပေ။
ထိုပဉ္စမအလွှာအနည်းငယ်က ဉာဏ်ပညာနတ်ဘုရား၏ အာရုံစိုက်မှုအောက်တွင် ရှိလေသည်။ ကန်လန်ကြယ်ကဲ့သို့ အလယ်အဆင့်ဂြိုလ်တစ်ခုက ဆဋ္ဌမအလွှာများကို ဆွဲဆောင်နိုင်စွမ်းမရှိပေ။
ဆဋ္ဌမအလွှာ အများစုက အဆင့်မြင့်ဂြိုလ်၊ ကြယ်စနစ်နှင့် ကြယ်နယ်မြေ၏ ပင်မကြယ်များတွင်သာ နေထိုင်ကြသည်။
" ပြီးတော့ အခုကစပြီး ငါ့ကို တောင်ထိပ်သခင်လို့ မခေါ်နဲ့။ မစ္စတာလင်းလို့ပဲခေါ်။ " လင်းယွမ်က ပြောလိုက်သည်။
တောင်ထိပ်သခင်ဟူသော ဂုဏ်ပုဒ်က ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင်ဟု မသိနိုင်သော်လည်း ထိုသက်တော်စောင့် ၁၃ ယောက်၏ ခွန်အားကို ကြည့်ပြီး သဲလွန်စများကို ရှာတွေ့နိုင်လေသည်။
" ဟုတ်ကဲ့ မစ္စတာလင်း။ " ဟိုမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အခုကစပြီး ကျုပ်က ပင်မအဆောက်အဦးမှာ နေပြီး အခြားသူတွေကို ခြံထဲမှာ ကင်းလှည့်ခိုင်းထားလိုက်မယ်။ " ဟိုမင်က မေးလိုက်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ချီခွန်ကြယ်သခင်က လင်းယွမ်၏ အစောင့်တပ်ဖွဲ့ကို ကိုယ်တိုခန့်အပ်ထားသောကြောင့် သူက သူတို့ကို ယုံကြည်နိုင်လေသည်။ ထို့ကြောင့် သူက သူတို့၏ ကာကွယ်ရေးအစီအစဉ်များတွင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။
" ဒါက မစ္စတာလင်းတောင်းဆိုထားတဲ့ အနီရောင်စိတ်ဝိညာဉ်အရည်ပါ။ " ဟိုမင်က အနီရောင်တိုကင်သုံးခုနှင့် အိုးသဏ္ဍန်ပစ္စည်းများကို လင်းယွမ်အား ပေးလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က လက်ခံလိုက်၏။
" ဒါဆို ကျုပ်တို့သွားပါတော့မယ်။ " ဟိုမင်က အစောင့် ၁၂ယောက်ကို ဦးဆောင်ပြီး ပင်မအဆောက်အဦးမှ ထွက်လာသည်။
မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် အနီရောင်စိတ်ဝိညာဉ်အရည်များပါဝင်သော အိုးသဏ္ဍန်ပစ္စည်းတစ်ခု ရှိနေသည်။
" အနီရောင်စိတ်ဝိညာဉ်အရည် " လင်းယွမ်က မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။
သူ၏ တတိယအကိုက ထိုအရည်ကို အလွန်ချီးကျူးခဲ့ပြီး ချီခွန်မျိုးနွယ်အတွက် သီးသန့်ဖြစ်သောကြောင့် လင်းယွမ်က ကြားပင်မကြားဖူးခဲ့ပေ။
" စမ်းကြည့်တာပေါ့။ " လင်းယွမ်က အိုးကို ဖွင့်ပြီး အရည်တစ်စက်ကို ချလိုက်သည်။
လေထဲမှ အနီရောင်စိတ်ဝိညာဉ်အရည်စက်က လေထဲတွင် အနီရောင်အလင်း ထုတ်လွှတ်နေပြီး တစ်ချက်ကြည့်ရုံနှင့် ကြီးမားသော စွမ်းအားများပါဝင်သည်ကို သိနိုင်လေသည်။
" လာစမ်း " လင်းယွမ်က ပြောလိုက်သည်နှင့် လေထဲမှ အနီရောင်စိတ်ဝိညာဉ်အရည်စက်က သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။
ဝုန်း...
စိတ်ဝိညာဉ်အရည်က သူ၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် အပူစွမ်းအားများအဖြစ် ပြောင်းလဲပြီး လင်းယွမ်၏ ခန္ဓာကိုယ်မှ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အနီရောင်ဟူသော နာမည်ကို ပေးထားသော်လည်း အနီရောင်စိတ်ဝိညာဉ်အရည်တွင် ပါဝင်သော စွမ်းအားက အလွန်နူးညံ့ပြီး မီးနိယာမကဲ့သို့ ပြင်းထန်သော အပူကို မပိုင်ဆိုင်ပေ။
လင်းယွမ်၏ ထိုက်ယန်လမ်းစဉ်ပါဝင်သော ထိုက်ကျိတာအိုက အနီရောင်စိတ်ဝိညာဉ်အရည်၏ စွမ်းအားကို လွယ်ကူစွာ စုပ်ယူနိုင်လေသည်။
" အသွင်ပြောင်းလဲခြင်း ပြီးဆုံးပြီ။ " ခနကြာသောအခါ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာ ပေါ်လာသည်။
" ဒီစိတ်ဝိညာဉ်အရည်တစ်အိုးက ငါ့ကို ဆဋ္ဌမအလွှာထိ ရောက်အောင် လုပ်ပေးနိုင်တယ်။ " လင်းယွမ်က အိုးသဏ္ဍန် ပစ္စည်းကို ကြည့်ပြီး သူ၏ အမူအရာက လေးနက်နေသည်။
" အသက်ကယ်တိုကင် သုံးခု " လင်းယွမ်က အနီရောင်တိုကင်သုံးခုကို ထုတ်ပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။
ထိုအသက်ကယ်တိုင်ကင်များက လင်းယွမ်အတွက် သီးသန့်ဖြစ်၏။ ယခင် တပည့်၁၂ယောက် သို့မဟုတ် လွန်ခဲ့သော နှစ်တစ်သောင်းက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခဲ့သော တပည့်ပင် လင်းယွမ်ကဲ့သို့ မဟုတ်ပေ။
" တိုကင်သုံးခုက အသုံးဝင်ပုံသုံးမျိုးပဲ။ " လင်းယွမ်က တိုကင်များကို လေ့လာရင်း စဉ်းစားနေသည်။
ပထမဆုံး တိုကင်က နေရာကူးပြောင်းခြင်း တိုကင်ဖြစ်သည်။ လင်းယွမ်က ခုခံနိုင်စွမ်းမရှိသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ထိုတိုကင်က အလိုအလျောက် အသက်ဝင်လာပြီး လေဟာနယ်ကို အတင်းအကျပ် ဆုတ်ဖြဲကာ သူ့ကို ကျပန်း နေရာကူးပြောင်းပေးမည်ဖြစ်သည်။
ဒုတိယတစ်ခုက တိုက်ခိုက်ခြင်းတိုကင်ဖြစ်သည်။ ၎င်းက လင်းယွမ်ကိုယ်တိုင် အသက်သွင်းနိုင်လေသည်။ ထိုတိုကင်ကို ချိုးလိုက်သည်နှင့် ဆဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူတစ်ယောက်ပင် ခုခံရန် ခက်ခဲသော တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ ဆဋ္ဌမအလွှာထက် ကျော်လွန်သော လူများပင် ဂရုတစိုက် မခုခံပါက ဒဏ်ရာအပြင်းအထန် ရသွားနိုင်လေသည်။
တတိယတစ်ခုက ကာကွယ်ရေးတိုကင်ဖြစ်သည်။ ၎င်းက လင်းယွမ်၏ ပတ်လည်တွင် အကာအကွယ်တစ်ခု ဖြစ်ပေါ်ပြီး စိတ်ဝိညာဉ်အပါအဝင် တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်လေသည်။
ထိုတိုကင်က အရေးကြီးဆုံးဖြစ်သည်။ ထိုတိုကင်ကိုအသက်သွင်းလိုက်သည်နှင့် ချီခွန်ကြယ်သခင်က ချက်ချင်း သတိပြုမိပြီး လျင်မြန်စွာ ရောက်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
" ဆရာက အားလုံးကို တွေးထားတာပဲ။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
အသက်ကယ်တိုကင်သုံးခုအပါအဝင် အစောင့်တပ်ဖွဲ့နှင့်အတူ လင်းယွမ်က သူသေချင်လျှင်တောင် ခက်ခဲပေလိမ့်မည်။ မှန်၏ ၎င်းတို့ကို အသုံးမပြုရလျှင်တော့ အကောင်းဆုံး ဖြစ်သည်။
ယခု လင်းယွမ်၏ အထောက်အထားက ပြိုင်ပွဲ၏ အနိုင်ရသူတစ်ဦးမျှသာ ဖြစ်ပြီး မျိုးနွယ်ခြားများ၏ စွန့်စားမှုနှင့် မထိုက်တန်သေးပေ။ အများစုမှာ ယောင်ချင်းချင်းကဲ့သို့ တိတ်တဆိတ် လွှမ်းမိုးရန်သာ လုပ်ပေလိမ့်မည်။
အချိန်များ ကုန်ဆုံးလာပြီး နောက်ထပ်တစ်လကြာသွားခဲ့သည်။
မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ပတ်လည်မှ အော်ရာက နောက်တစ်ကြိမ် တိုးတက်လာသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း