လူသိရှင်ကြားကြေညာခြင်း....
Vol. 8 Ch. 122
" စတုတ္ထအလွှာ အဆင့် ၁၂။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး ပြုံးလိုက်သည်။ ကြယ်ခုနှစ်လုံးလှိုဏ်ဂူ၏ စမ်းသပ်မှုမှ အကျိုးကျေးဇူးများကြောင့် လင်းယွမ်က စတုတ္ထအလွှာ အဆင့် ၁၁တွင် နှောင့်နှေးမနေတော့ဘဲ နှစ်လအတွင်း စတုတ္ထအလွှာ အဆင့် ၁၂သို့ ချောမွေ့စွာ ရောက်သွားခဲ့သည်။
စတုတ္ထအလွှာ အဆင့် ၁၂က ထိုအဆင့်၏ အထွတ်အထိပ်အဆင့်လည်း ဖြစ်သည်။
" နောက်တစ်ဆင့်က ပဉ္စမအလွှာပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်နေသည်။
သူက ယုံကြည်မှုရှိလျှင်တောင် ပဉ္စမအလွှာသို့ ချိုးဖျက်ခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။
ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ လမ်းညွှန်မှုရှိသော ဆင့်ကဲပြောင်းလဲသူများပင် ပဉ္စမအလွှာသို့ ချိုးဖျက်ရန် စွန့်စားမှုအမျိုးမျိုး ကြုံတွေ့ရလေသည်။
ကျရှုံခြင်း၊ စွမ်းအားကြောင့် ရူးသွပ်ခြင်း၊ ပေါက်ကွဲခြင်းနှင့် သေဆုံးခြင်း။
ထို့အပြင် လင်းယွမ်က သူ၏ လမ်းကို ကိုယ်တိုင်ဖန်တီးသူဖြစ်သောကြောင့် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ချောမွေ့စွာ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
" အမှန်တော့ အကောင်းဆုံးနည်းလမ်းက အနန္တနယ်မြေတွေရဲ့ ဂိတ်တံခါးကို ဖြတ်ပြီး အခြားကမ္ဘာမှာ ပဉ္စမအလွှာကို အောင်မြင်နိုင်မယ့် နည်းလမ်းရှာတာ အကောင်းဆုံးပဲ။ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က မူလကမ္ဘာမှာဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အနန္တနယ်မြေများ၏ ဂိတ်တံခါးကို စိတ်အသိဆင်းသက်ခြင်းက ကောင်းကျိုးသုံးခု ရှိလေသည်။
တစ်ခုမှာ အခြားကမ္ဘာများ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များနှင့် ကျင့်ကြံခြင်း၏ အနှစ်သာရကို ခံစားနိုင်သည်။
ဒုတိယတစ်ခုမှာ အချိန်ကွဲပြားမှုကို အသုံးချပြီး ကျင့်ကြံခြင်းကို မြှင့်တင်နိုင်သည်။
တတိယတစ်ခုမှာ စမ်းသပ်မှုနှင့် ကျရှုံးမှုဖြစ်သည်။ ဘဝ၏ ဆင့်ကဲပြောင်းလဲခြင်းက မတည်မြဲပေ။ တူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မတူညီသော လူများ လေ့ကျင့်ခြင်းက မတူညီသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည်။
သို့သော် တစ်ကြိမ်လျှောက်ပြီးသော လမ်းကို နောက်တစ်ကြိမ် ပြန်လျှောက်ပါက သဘာဝအတိုင်း ရင်းနှီးနေမည်ဖြစ်သည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဖြတ်ပြီး အခြားကမ္ဘာသို့ စိတ်အသိဆင်းသက်ခြင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ နောက်ဆက်တွဲလမ်းကြောင်းကို စူးစမ်းရှာဖွေပြီး ကျရှုံးမှုနှင့် အန္တရာယ်များကို ရှောင်ရှားနိုင်လေသည်။
အမှန်တော့ VR ကမ္ဘာတွင်လည်း စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။ သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ စိတ်အသိဆင်းသက်ခြင်းနှင့် မယှဉ်နိုင်ပေ။
နောက်ဆုံးတွင် VR ကမ္ဘာသာဖြစ်ပြီး မည်မျှလက်တွေ့ဆန်သည်ဖြစ်စေ အတုများသာ ဖြစ်သည်။
" ငါ စတုတ္ထဆင်းသက်ခြင်း စတင်ဖို့ လဝက်လောက်လိုသေးတယ်။ " လင်းယွမ်၏ အသိက သူ၏ စိတ်ထဲရှိ အနက်ရှိုင်းဆုံးနေရာသို့ နစ်မြှုပ်သွားပြီး ကြီးကျယ်ခမ်းနားသော အလင်းဂိတ်တံခါးကြီးကို ငေးကြည့်နေသည်။
ယခုအချိန်တွင် ဂိတ်တံခါး၏ ပြင်ပဧရိယာက အလင်းရောင်များ ပြည့်လုနီးပါး ဖြစ်နေပြီး နှစ်ဆယ်ပုံတစ်ပုံလောက်သာ ကျန်တော့လေသည်။
" စတုတ္ထဆင်းသက်ခြင်းက ဘယ်လိုကမ္ဘာမျိုးကို ရောက်သွားမလဲဆိုတာ ငါသိချင်မိတယ်။ " လင်းယွမ်က အနည်းငယ် သိချင်လေသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ အားနည်းချက်မှာ ကိုယ်သွားလိုသော ကမ္ဘာကို ရွေးချယ်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။
ယခုအချိန်ထိ လင်းယွမ်ဆင်းသက်ခဲ့သော ကမ္ဘာသုံးခုမှ သူ၏ ရွေးချယ်မှုမဟုတ်ဘဲ ကျပန်းသာ ဖြစ်သည်။
" မဟုတ်သေးဘူး။ အဲ့ဒါ အမှန်မဟုတ်ဘူး။ " အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူက မရွေးချယ်နိုင်ခြင်း သို့မဟုတ် သူသွားနိုင်သော ကမ္ဘာများက အကန့်အသတ်ရှိနေခြင်း မဟုတ်လောက်ပေ။ ယင်းအစား အနန္တကမ္ဘာများသို့ ဂိတ်တံခါး၏ လုပ်ဆောင်နိုင်စွမ်းက အပြည့်အဝ မဖွံ့ဖြိုးသေးခြင်း ဖြစ်နိုင်လေသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အပိုင်းသုံးပိုင်း ခွဲခြားထားသည်။ ပြင်ပဧရိယာ၊ အတွင်းပိုင်းဧရိယာနှင် ဗဟိုဧရိယာ။
ပြင်ပဧရိယာလင်းလက်လာသည်နှင့် လင်းယွမ်က စိတ်အသိဆင်းသက်ခြင်းကို လုပ်ဆောင်နိုင်သည်။ အတွင်းပိုင် လင်းလက်လာလျှင် သူက ရုပ်ခန္ဓာဆင်းသက်ခြင်းကို ပြုလုပ်နိုင်သည်။ ဗဟိုဧရိယာလင်းလက်ခြင်းကိုတော့ လင်းယွမ်က အခြားကမ္ဘာမှ မူလကမ္ဘာသို့ ပစ္စည်းများ ပြန်လည်ယူဆောင်နိုင်သော စွမ်းရည်နှင့် ဆက်စပ်နေမည်ဟု ခန့်မှန်းလေသည်။ သူက ကြုံတွေ့ဖူးခြင်းမရှိသောကြောင့် ရှင်းရှင်းလင်းလင်း မသိပေ။
" ဗဟိုဧရိယာ။ " လင်းယွမ်က အတွေးနက်သွား၏။
ဗဟိုဧရိယာလင်းလက်ရန်မှာ အချိန်ယူရပြီး နှစ်တစ်ရာ သို့မဟုတ် နှစ်ရာချီပင် ကြာနိုင်လေသည်။
သို့သော် သူက အနာဂတ်တွင် ကြီးမားသော အတားအဆီးနှင့် ကြုံတွေ့ပြီး မည်မျှဆင်းသက်သည်ဖြစ်စေ တိုးတက်မှုမရှိတော့လျှင် ဗဟိုဧရိယာ လင်းလက်မည့်အချိန်ကို စောင့်ပြီး အကျိုးသက်ရောက်မှုများကို ကြည့်နိုင်လေသည်။
စတုတ္ထအလွှာ အဆင့် ၁၂ကို ချိုးဖျက်ပြီးနောက် လင်းယွမ်က အနားယူရန် ဆုံးဖြတ်ခဲ့သည်။ သူက လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခါနီးတွင် တစ်စုံတစ်ယောက် ဆက်သွယ်လာသည်ကို တွေ့လိုက်ရသည်။
" အကိုသုံးလား။ " လင်းယွမ်က ဆက်သွယ်မှုကို တစ်ချက်ကြည့်ပြီး ကုဇီက သူ့ကို ရှာနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ကိုယ်ပိုင်နေရာတွင် ပေါ်လာသည်။ ထို့နောက် သူက ကုဇီကို ဝင်ခွင့်ပေးလိုက်သည်။
တတိယအကို ကုဇီက လင်းယွမ်ကို ပြုံး၍ ကြည့်နေသည်။
" ညီငယ်လေး " ကုဇီက လင်းယွမ်ကို မေးလိုက်သည်။ " အခုတလော ကျင့်ကြံတာ ဘယ်လိုလဲ။ အစောင့်တပ်ဖွဲ့က ရောက်နေပြီမလား။ "
" အဆင်ပြေပါတယ်။ သူတို့ရောက်တာ နည်းနည်းတောင်ကြာပြီ။ " လင်းယွမ်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
" ညီငယ်လေး မင်းက ချီခွန်ပင်မကြယ်ကို လာဖို့ တကယ် အစီအစဉ်မရှိဘူးလား။ ငါကိုယ်တိုင်မင်းကို လာခေါ်ပေးလို့ရတယ်။ " ကုဇီက ပြောလိုက်သည်။ " ပင်မကြယ်မှာဆို ဆရာလည်း ရှိတော့ အခြားနေရာတွေထက် ပိုလုံခြုံတယ်။ "
" ကျွန်တော်ရဲ့ ခွန်အားက အခု အားနည်းနေတုန်းပဲ။ ကျွန်တော် ဆဋ္ဌမအလွှာကို ရောက်မှ လာခဲ့တော့မယ်။ အစောင့်တပ်ဖွဲ့နဲ့ ဆရာပေးထားတဲ့ အသက်ကယ်တိုကင်တွေရှိတော့ ဘယ်မှာနေနေအတူတူပါပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။
အမှန်တော့ ၎င်းက လင်းယွမ်အတွက် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ ချီခွန်ပင်မကြယ်က ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် ကြွယ်ဝ အချမ်းသာဆုံး နေရာတစ်ခု ဖြစ်သည်။ စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူများက နေရာတိုင်းတွင် ရှိပြီး ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် မရှားပေ။ အထူးသဖြင့် ချီခွန်ကြယ်သခင်ကဲ့သို့ စွမ်းအားကောင်းသော တည်ရှိမှုများ ရှိနေသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ချီခွန်ကြယ်သခင်၏ အာရုံအောက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မသေချာပေ။
VR ကမ္ဘာက အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ပုံတူမကူးနိုင်သော်လည်း ချီခွန်ကြယ်သခင်က လုံးဝ သတိမပြုနိုင်မည်ဟု မသေချာပေ။
မှန်၏ ချီခွန်ကြယ်သခင်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို မတွေ့နိုင်ဟု လင်းယွမ်က သိသော်လည်း ကိစ္စတိုင်းကို သတိထားခြင်းက ပိုကောင်းလေသည်။
" အဲ့ဒါတော့ ဟုတ်ပါတယ်။ " ကုဇီက အလေးအနက်မထားပေ။
ယင်းအစား လင်းယွမ်က အလွန်သတိထားနေသည်ကို သူခံစားမိလေသည်။ အကယ်၍ သူက ချီခွန်ပင်မကြယ်မှ ရုတ်တရက် ထွက်သွားပါက မကောင်းသော ရည်ရွယ်ချက် ရှိသူများကို အမှန်ပင် ဆွဲဆောင်မိပေလိမ့်မည်။ သူက တိတ်တဆိတ် ထွက်သွားလျှင်တောင် လူတိုင်းသတိမထားမိရန်မှာ မဖြစ်နိုင်ပေ။
အကယ်၍ သူက ကန်လန်ကြယ်သို့ ခရီးထွက်ခဲ့ကြောင်း အခြားအင်အားစုများ သိပါက လင်းယွမ်၏ အထောက်အထားများ ပေါ်သွားနိုင်လေသည်။
ချီခွန်ကြယ်သခင် ရွေးချယ်ထားသော အစောင့်တပ်ဖွဲ့နှင့်ယှဉ်လျှင် ကုဇီက အာရုံအများစုကို ဆွဲဆောင်နိုင်လေသည်။
" နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ " ကုဇီက လေးနက်စွာ ပြောလိုက်သည်။ " ငါတို့က ချီခွန်မျိုးနွယ်မှာ ၁၃ယောက်မြောက် တောင်ထိပ်သခင် ရှိလာပြီဆိုတဲ့အကြောင်း အပြင်ကမ္ဘာကို ကြေညာပြီးပြီ။ "
" မင်းရဲ့ အထောက်အထားကတော့ မင်းက ဆရာ စကြာဝဠာထဲ လှည့်ပတ်သွားနေတုန်းမှာ ရှာတွေ့ခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ သူက မင်းကို ပင်မကြယ်ကို ခေါ်လာပြီး လူသိရှင်ကြား ထုတ်မပြခင် နှစ်အတော်ကြာ လေ့ကျင့်ပေးခဲ့တယ်။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ထိုဇာတ်လမ်းက သူ့ကို ကာကွယ်ရန် လုံလောက်လေသည်။
အချိန်ကို လွန်ခဲ့သော နှစ်များသို့ ပြောင်းလဲလိုက်ခြင်းက စမ်းသပ်မှုပြိုင်ပွဲအကြောင်းကို ဘယ်သူမှ ဂရုစိုက်တော့မည် မဟုတ်ပေ။
" ချီခွန်မျိုးနွယ်က တောင်ထိပ်သခင် အသစ်ကို ကြိုဆိုဖို့ ဂုဏ်ပြုပွဲတစ်ခု ကျင်းပရလိမ့်မယ်။ အဲ့ဒီအချိန်မှာ ချီခွန်ကြယ်နယ်မြေနဲ့ အခြားကြယ်နယ်မြေက အင်အားစုတွေက လာရောက်ဂုဏ်ပြုကြလိမ့်မယ်။ "
" အဲ့ဒါက VR ကမ္ဘာမှာ ပြုလုပ်မှာပဲ။ ညီငယ်လေး ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ မမေ့ပါနဲ့။ "
ကုဇီက ပြုံး၍ ပြောလိုက်သည်။ " ပြောရရင် ငါတို့က အရေးပါတဲ့ အခမ်းအနားတွေ မလုပ်ရတာ အတော်ကြာပြီ။ ညီငယ်လေး မင်း အတွေ့အကြုံကောင်းတွေ ရလိမ့်မယ်။ "
" ကောင်းပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။
၎င်းက VR ကမ္ဘာဖြစ်သောကြောင့် လူတစ်ယောက်၏ အသွင်သဏ္ဍန်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး ဘယ်သူမှ သူ၏ အစစ်အမှန်ပုံစံကို သိမည်မဟုတ်ပေ။
ချီခွန်ကြယ်သခင်မှ တပည့်အသစ်လက်ခံလိုက်သည့်သတင်းက ချီခွန်ကြယ်နယ်မြေတစ်ခုလုံးနှင့် အခြားကြယ်နယ်မြေများထိ မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားသည်။
ချီခွန်ကြယ်သခင်က စွမ်းအားကြီးပြီး ကျော်ကြားသောကြောင့် မရေတွက်နိုင်သော လူများ၏ အာရုံစိုက်ခြင်းကို ခံရလေသည်။
ချီခွန်ကြယ်နယ်မြေအတွင်းရှိ အဆင့်မြင့်အသက်ဂြိုလ် ကွမ်ချွီကြယ် ကွမ်ချွီမိသားစု။
အဆင့်မြင့်အသက်ဂြိုလ်တစ်ခုကိုပင် မိသားစုနာမည်ကို ပေးထားသောကြောင့် ကွမ်ချွီမိသားစုက စွမ်းအားကောင်းသည်မှာ ပြောစရာပင်မလိုပေ။ ကွမ်ချွီမိသားစုတွင် ကြယ်ဖျက်ဆီးသူ တစ်ယောက်မက ရှိလေသည်။
" ချီခွန်ကြယ်သခင်က တပည့်တစ်ယောက် လက်ခံလိုက်တာလား။ "
" ချီခွန်မျိုးနွယ်ရဲ့ ၁၃ ယောက်မြောက်တောင်ထိပ်သခင်လား။ "
ကွမ်ချွီမိသားစု၏ ခေါင်းဆောင် ကွမ်ချွီဟန်က သူ၏ ရှေ့မှ အစီရင်ခံစာကို ကြည့်ပြီး အတွေးနက်နေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းတွင် ပတ်ဝန်းကျင်ကြယ်နယ်မြေများထိ ကျော်ကြားသော ကြယ်ဖျက်ဆီးသူ သူ၏ ဖခင်က ကြီးမားသော တန်ဖိုးကို ပေးဆပ်ပြီး ကြောက်စရာကောင်းသော ပါရမီရှင်တစ်ယောက်ကို ခေါ်လာကာ ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်ဖြစ်လာရန် မျှော်လင့်ခဲ့သည်။ ထိုပါရမီရှင်မှာ သူ ကွမ်ချွီဟန်ပင်ဖြစ်သည်။
ရလဒ်မှာ သူတို့က ချီခွန်ကြယ်သခင်၏ မျက်နှာကိုပင် မမြင်ရဘဲ နှင်ထုတ်ခြင်း ခံခဲ့ရသည်။
ထိုအဖြစ်အပျက်က ကွမ်ချွီဟန်ပေါ်တွင် အရိပ်တစ်ခု ဖြစ်သွားခဲ့သည်။ ကွမ်ချွီဟန်၏ စွမ်းရည်က ထူးခြားပြီး ကွမ်ချွီကြယ်တွင် တစ်သောင်းမှာ တစ်ယောက်ဟု ပြောနိုင်လေသည်။
" ဂုဏ်ပြုပွဲအခမ်းအနား " ကွမ်ချွီဟန်က ချီခွန်မျိုးနွယ်၏ အခမ်းအနားကျင်းပချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက လူကိုယ်တိုင်သွားကြည့်ရန် ရည်ရွယ်ထားသည်။
ပထမဆုံး ဘယ်လိုလူမျိုးက ချီခွန်ကြယ်သခင်ရဲ့ အာရုံကို ဆွဲဆောင်ပြီး ၁၃ယောက်မြောက် တောင်ထိပ်သခင်ဖြစ်လာလဲဆိုတာ ကြည့်ရမည်။
ဒုတိယ ချီခွန်မျိုးနွယ်က ချီခွန်ကြယ်နယ်မြေ၏ စွမ်းအားအကောင်းဆုံး အင်အားစုဖြစ်သောကြောင့် သူတို့၏ ဂုဏ်ပြုပွဲတွင် သူ၏ ကွမ်ချွီမိသားစုက ပါဝင်ထောက်ပံ့ပေးသင့်လေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း