← Chapters

ဂုဏ်ပြုပွဲကျင်းပခြင်း....

Vol. 8 Ch. 123

ဂုဏ်ပြုပွဲကျင်းပခြင်း....

Vol. 8 Ch. 123

လီမင်ကြယ်စနစ် ပင်မကြယ်။

အသန်မာဆုံး အင်အားစုဖြစ်သော လီမင်အဖွဲ့အစည်းတွင်။

" ချီခွန်ကြယ်သခင်က တပည့်လက်ခံလိုက်တာလား။ " လီမင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌက သူ၏ ရှေ့မှ စားပွဲကို လက်နှင့် ခေါက်ပြီး အံ့ဩသော အမူအရာနှင့်ရှိနေသည်။

" ကြယ်သခင်က တပည့်ထပ်လက်ခံဖို့ စိတ်မဝင်စားတော့ဘူးလို့ ငါထင်နေတာ။ " လီမင်အဖွဲ့အစည်း၏ ဥက္ကဋ္ဌက တွေးလိုက်သည်။

" ကောင်းပြီလေ။ ငါ ဒီဂုဏ်ပြုပွဲကို တက်ရောက်ပေးရမှာပေါ့။ "

" အဲ့ဒါ မိတ်ဆွေဟောင်းအချို့နဲ့ တွေ့ရမယ့် အခွင့်အရေးကောင်းတစ်ခုပဲ။ "

လီမင်အဖွဲ့အစည်း၏ဥက္ကဋ္ဌက သူ၏ ကိုယ်ပိုင်အတွေးများ ရှိလေသည်။ ထို့အပြင် ချီခွန်မျိုးနွယ်တွင် တောင်ထိပ်သခင်အသစ် ထွက်ပေါ်လာခြင်းက ချီခွန်ကြယ်နယ်မြေမှ ကြယ်စနစ်များ၏ တည်ရှိမှုကို ပြောင်းလဲသွားစေနိုင်လေသည်။

သူက အနာဂတ်အတွက် အစီအစဉ်ချရန် ၁၃ယောက်မြောက် တောင်ထိပ်သခင်က ဘယ်လိုလူမျိုးလဲဆိုတာ သိချင်လေသည်။

ယောင်ကွမ်ကြယ်နယ်မြေ ပင်မကြယ်တွင်။

" ဟမ် အဲ့ဒီ လူအိုကြီး ချီခွန်က တပည့်အသစ် လက်ခံလိုက်တာလား။ "

လျို့ဝှက်ဆန်းကျယ်သော တည်ရှိမှုတစ်ခုက အံ့ဩသွား၏။ " သူတပည့်ကို မျိုးနွယ်ခြားတွေ နောက်တစ်ကြိမ်လုပ်ကြံမှာ မကြောက်ဖူးလား။ "

ထို့နောက် ဆန်းကြယ်သော တည်ရှိမှုက တစ်စုံတစ်ခုကို နားလည်သွားသည်။ " သူက လူသိရှင်ကြား ကြေညာရဲတာမလို့ ကြိုတင်ပြင်တင်ထားမှာပဲ။ လွန်ခဲ့သော နှစ်တစ်သောင်းက အဖြစ်အပျက်ကို ထပ်အဖြစ်ခံမှာမဟုတ်ဘူး။ "

ချီခွန်မျိုးနွယ်မှ ၁၃ ယောက်မြောက် တောင်ထိပ်သခင် ထွက်ပေါ်လာမှုက သူတို့၏ အရှိန်အဝါကို ဆက်လက်ပျံ့နှံ့စေခဲ့သည်။

စွမ်းအားကောင်းသော ဆင့်ကဲပြောင်းလဲသူများနှင့် အင်အားစုကြီးများက ချီခွန်မျိုးနွယ်၏ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပါဝင်ရန် စတင်စီစဉ်ခဲ့ကြသည်။

အခမ်းအနားက VR ကမ္ဘာတွင် ကျင်းပမည်ဖြစ်သောကြောင့် မည်မျှဝေးကွာသော နေရာမှဖြစ်စေ လာရောက်ဂုဏ်ပြုနိုင်လေသည်။ လက်တွေ့ကမ္ဘာတွင် ကျင်းပလျှင် လူတိုင်းက တက်ရောက်ချင်လျှင်တောင် ကန့်သတ်ချက်အမျိုးမျိုးကြောင့် လာရောက်နိုင်မည်မဟုတ်ပေ။

" ချီခွန်ကြယ်သခင်ရဲ့တပည့်က ဘယ်သူလဲဆိုတာ သိကြလား။ "

" သူက ဘယ်လိုနောက်ခံမျိုး ရှိတာလဲ။ ချီခွန်ကြယ်သခင်ရဲ့ စိတ်သဘောထားအရဆို နောက်ထပ်တပည့်တွေ လက်မခံနိုင်တော့ဘူးမဟုတ်လား။ "

" သူက ချီခွန်ကြယ်သခင် စကြာဝဠာထဲ ခရီးသွားတုန်းက တွေ့ခဲ့တဲ့ ပါရမီရှင်တစ်ယောက်လို့ ငါကြားတယ်။ "

" ကျွတ် ကျွတ် ချီခွန်ကြယ်သခင်ကတောင် ပါရမီရှင်လို့ခေါ်ရင် သူ့ရဲ့ အရည်အချင်းတွေက ဘယ်လောက်တောင် ထူးခြားလိုက်မလဲ။ "

" လူသားမျိုးနွယ်ရဲ့ ဒဏ္ဍာရီထဲက သွေးမျိုးဆက် ရုပ်ခန္ဓာတွေ ဖြစ်နိုင်လား။ "

မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက ချီခွန်ကြယ်သခင်၏ တပည့်အကြောင်းကို အမျိုးမျိုး ပြောဆိုဆွေးနွေးနေကြသည်။

VR ကမ္ဘာ ချီခွန်မျိုးနွယ်။

၁၃လုံမြောက် တောင်ထိပ်၏ အမြင့်ဆုံး ခန်းမထဲတွင် လင်းယွမ်နှင့် သူ၏ စီနီယာအကို ၁၂ယောက်က ထိုင်နေကြသည်။

ခန်းမ၏ အောက်တွင် လင်းယွမ်ကို ဂုဏ်ပြုရန် လာရောက်ကြသော စကြာဝဠာ၏ နယ်မြေအမျိုးမျိုးမှ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ ရှိနေကြသည်။

" ညီငယ်လေး အဲ့ဒီလူက ကုန်းကျစ်မိသားစုကပဲ။ သူက စွမ်းအားကောင်းတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါသူနဲ့ တိုက်ခိုက်ဖူးတယ်။ "

" ညီငယ်လေး စတုတ္ထအတန်းမှာ ထိုင်နေတဲ့ လူက လူသားမျိုးနွယ်က မဟုတ်ဘူး။ သူက ငါတို့လူသားမျိုးနွယ်ကို သစ္စာခံထားတဲ့ မျိုးနွယ်ခြားပဲ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူက ငါတို့ထဲက လူတစ်ယောက် ဖြစ်သွားပြီ။ "

" ညီငယ်လေး...."

မနက်မှ ယခုအချိန်ထိ သူ၏ စီနီယာအကိုများက လင်းယွမ်ကို လူအမျိုးမျိုးနှင့် မိတ်ဆက်ပေးနေသည်။ ချီခွန်ကြယ်နယ်မြေတွင် အသက်ဂြိုလ် တစ်သန်းကျော်ရှိသောကြောင့် လာရောက်ဂုဏ်ပြုကြသည့် ဆင့်ကဲပြောင်းလဲသူများ၏ အရေအတွက်ကို စိတ်ကူးကြည့်နိုင်လေသည်။

သူ၏ စီနီယာအကိုများက အခမ်းအနား တက်ရောက်ရန် ကြိုတင်သတ်မှတ်ချက်များ မပြုလုပ်ထားပါက တက်ရောက်မည့်လူအရေအတွက်မှ ယခုထက် ဆယ်ဆ အဆတစ်ရာ ပိုနိုင်လေသည်။

လင်းယွမ်က စီနီယာအကိုများ၏ စိတ်အားထက်သန်မှုကို ခံစားမိပြီး အဆက်မပြတ် ခေါင်းငြိမ့်နေရလေသည်။

စကြာဝဠာလူသားမဟာမိတ်တွင် စီနီယာနှင့်ဂျူနီယာများကြား ရင်းနှီမှုက သွေးရင်းဆွေမျိုးများထက် ပိုမြင့်လေသည်။

အဆုံးတွင် သွေးရင်းဆွေမျိုးများက အသက်ကြီး၍ သေဆုံးသွားနိုင်သော်လည်း စီနီယာနှင့် ဂျူနီယာများက အဆင့်တူများဖြစ်သောကြောင့် အချိန်အကြာကြီး ပေါင်းသင်းဆက်ဆံနိုင်လေသည်။

ယခုအချိန်တွင် လင်းယွမ်က အားနည်းနေသော်လည်း မကြာမီ သူတို့ကို အမှီလိုက်နိုင်မည်ဖြစ်ပြီး သူတို့ကိုပင် ကျော်တက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။

ခန်းမကြီး၏ အောက်ရှိ ထောင့်တစ်ခုတွင် ဖန်ချင်းက ချီခွန်မျိုးနွယ်သို့ ဝင်ရောက်လာသူများနှင့် စားပွဲတစ်ခုတည်းတွင် ထိုင်နေကြသည်။

" အဲ့ဒါ ၁၃ယောက်မြောက် တောင်ထိပ်သခင်လား။ " ဖန်ချင်း၏ ဘေးမှ အားနည်းပြီး နူးညံ့သော မိန်းကလေးက မေးလိုက်သည်။

" သူက တော်တော်ငယ်သေးတာပဲ။ ငါသူ့ရဲ့ တပည့်ဖြစ်လာမလား သိချင်မိတယ်။ " မိန်းကလေးက နူးညံ့စွာ ပြောလိုက်သည်။

ထိုစကားများကြားသောအခါ အခြားသူများ၏ မျက်လုံးများကလည်း ရုတ်တရက် တောက်ပသွားကြသည်။ ၁၃ယောက်မြောက် တောင်ထိပ်သခင်က အားနည်းသော်လည်း အခြားတပည့် ၁၂ယောက်နှင့်ယှဉ်လျှင် ၁၃ယောက်မြောက်တောင်ထိပ်သခင်၏ တပည့်ဖြစ်လာခြင်းက ပြိုင်ဆိုင်မှုနည်းပါးပြီး ထင်ရှားရန် လွယ်ကူလေသည်။

ထို့အပြင် သူတို့က ၁၃ယောက်မြောက် တောင်ထိပ်သခင် အားနည်းချိန်တွင် သူ၏ နောက်မှလိုက်ပြီး သူသန်မာလာသောအခါ သူတို့က ရဲဘော်ရဲဘက်ဟောင်းများသဖွယ် ဖြစ်လာပေလိမ့်မည်။

" ၁၃ယောက်မြောက် တောင်ထိပ်သခင် " ဖန်ချင်းက အခမ်းအနားကို လှည့်ပတ်ကြည့်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။

" အကိုလင်းသာ စမ်းသပ်မှုကို အောင်မြင်ခဲ့ရင် အခု ငါတို့အတူတူထိုင်ပြီး သောက်နေပြီပေါ့။ " ဖန်ချင်းက လင်းယွမ်ကို သတိရသွားပြီး ခွက်ထဲမှ ဝိုင်များကို မော့သောက်လိုက်သည်။

" ကောင်းပြီ " စီနီယာအကိုကြီးက ခန်းမ၏ ဝင်ပေါက်သို့ လမ်းလျှောက်သွားပြီး အောက်မှ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများကို ကြည့်လိုက်သည်။

" အခု ငါတို့ရဲ့ ညီငယ်လေး ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို ဂုဏ်ပြုကြစို့။ "

ချက်ချင်း မရေတွက်နိုင်သော လူများက မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏ လက်ထဲမှ ဝိုင်ခွက်များကို မြောက်ပြီး ခန်းမထဲတွင် ထိုင်နေသော လင်းယွမ်ကို ကြည့်လိုက်ကြသည်။ ယခုအချိန်မှစပြီး ချီခွန်မျိုးနွယ်တွင် နောက်ထပ် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာတော့မည်ကို အားလုံးက နားလည်လိုက်ကြသည်။

" ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို ဂုဏ်ပြုပါတယ်။ "

" ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို ဂုဏ်ပြုပါတယ်။ "

" ၁၃ယောက်မြောက် တောင်ထိပ်သခင်ကို ဂုဏ်ပြုပါတယ်။ "

ဂုဏ်ပြုသံများက ကျယ်လောင်စွာဖြင့် ပဲ့တင်ထပ်လာခဲ့သည်။

လူသာမျိုးနွယ်နယ်မြေ၏ နယ်စပ်တွင်။

ယိုယွင်းပျက်ဆီးနေသော ကြယ်ကောင်းကင်တစ်ခုတွင် ထိုနေရာက အလင်းနှစ် ဆယ်နှစ်အတွင်း မည်သည့်အရင်းအမြစ်ဂြိုလ်နှင့် အသက်ဂြိုလ်များ ထွက်ပေါ်လာနိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် အလွန်သန်မာသော စိတ်အသိသုံးခုက ကြယ်စကြာဝဠာကို ဖြတ်ပြီး ထိုနေရာသို့ ဆင်းသက်လာသည်။

" ငါတို့အားလုံး စုံပြီလား။ "

" အခု အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးရအောင်။ "

သန်မာသော စိတ်အသိသုံးခုက အချက်အလက်များကို လျင်မြန်စွာ မျှဝေလိုက်ကြသည်။ ထိုစိတ်အသိသုံးခုက မျိုးနွယ်ခြားများ ဖြစ်ကြပြီး လူသားမျိုးနွယ်၏ သတင်းအချက်အလက်များကို တင်ပြရန် တာဝန်ရှိလေသည်။

သူတို့တွင် ရွေးချယ်စရာမရှိပေ။ ပတ်ဝန်းကျင်မှ မျိုးနွယ်များအပေါ် လူသားမျိုးနွယ်၏ ဖိအားက အလွန်ကြီးမားလေသည်။ အလွန်မောက်မာသော အင်းဆက်မျိုးနွယ်ပင် လူသားမျိုးနွယ်ကို ဆန့်ကျင့်ရန် အခြားမျိုးနွယ်များနှင့် မဟာမိတ်ဖွဲ့ခဲ့ရလေသည်။

" အခု ချီခွန်ကြယ်သခင်က တပည့်အသစ်တစ်ယောက် လက်ခံလိုက်တာကိုလည်း အာရုံစိုက်ဖို့လိုတယ်။ " ပထမစိတ်အသိက ပြောလိုက်သည်။

ချီခွန်ကြယ်သခင်က တပည့်များ သင်ကြားရာတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူလက်ခံခဲ့သော တပည့်၁၂ယောက်တွင် သုံးယောက်က ဆဋ္ဌမအလွှာထက် ကျော်လွန်နေကြပြီဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်သောင်းမှ သူ၏ တပည့် လုပ်ကြံခံရပြီးနောက် ချီခွန်ကြယ်သခင်း စိတ်အားထက်သန်မှုများ အေးစက်သွားပြီး နောက်ထပ် တပည့်လက်မခံခဲ့ပေ။

ယခု သူက ပုံမှန်အလေ့အကျင့်ကို ချိုးဖျက်ပြီး တပည့်လက်ခံခဲ့ခြင်းက မျှော်လင့်ချက်ကြီးကြီးမားမား ထားသည်မှာ သေချာလေသည်။

" ငါလည်း အဲ့ဒီအကြောင်းကို ကြားတယ်။ အဲ့ဒီတပည့်ရဲ့ အရည်အချင်းနဲ့ ပါရမီက အတော်ထူးခြားလိမ့်မယ်။ မဟုတ်ရင် ချီခွန်က သူ့ကို တပည့်အဖြစ် လက်ခံမှာမဟုတ်ဘူး။ အဲ့ဒီလူက လုပ်ကြံမှုစာရင်းထဲ ထည့်သင့်လား။ " ဒုတိယစိတ်အသိကို ပြောလိုက်သည်။

ထိုတပည့်အသစ် သန်မာလာမည်ကို စောင့်မည့်အစား အားနည်ချိန်တွင် ရှင်းလိုက်ခြင်းက ပိုကောင်းလေသည်။

" လုပ်ကြံမှုစာရင်းထဲ ထည့်ဖို့လား။ ဘယ်လိုထည့်မှာလဲ။ မင်းက သူ့ရဲ့ အထောက်အထားကို သိလို့လား။ " တတိယစိတ်အသိက ပြောလိုက်သည်။

အခြားစိတ်အသိနှစ်ခုကလည်း တိတ်ဆိတ်သွား၏။ ယခုအချိန်ထိ သူတို့က ချီခွန့ကြယ်သခင် တပည့်လက်ခံလိုက်သည့်အကြောင်းသာ သိကြပြီး ထိုတပည့်၏ အထောက်အထားများကို ဘာမှမသိကြပေ။

" ချီခွန်မျိုးနွယ်ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ချီခွန်ကြယ်သခင် စကြာဝဠာထဲ သွားတုန်းက တွေ့ခဲ့ပြီး တရားဝင် မကြေညာခင် နှစ်အနည်းငယ် လေ့ကျင့်ပေးခဲ့တယ်လို့ ပြောတယ်။ "

" အဲ့ဒါက မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ "

" မကြာသေးခင်က ချီခွန်ကြယ်သခင်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုကို စတင်ခဲ့ပြီးတော့ အခု တပည့်အသစ်လက်ခံကြောင်း ကြေညာခဲ့တယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးက တိုက်ဆိုင်လွန်းတယ်။ "

စိတ်အသိသုံးခုက အပြန်အလှန် ပြောဆိုနေကြပြီး မကြာမီ ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုနှင့် တပည့်အသစ်အကြောင်းကို ဆက်စပ်မိသွားကြသည်။

" ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှု "

" ငါသိသလောက်ဆို ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုမှာ ချီခွန်ကြယ်သခင်က လီမင်ကြယ်စနစ်ရဲ့ အသက်ဂြိုလ် ၁၂၀၀၀၀ကို ရွေးချယ်ခဲ့တာပဲ။ "

" ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာကို ဆင့်ကဲပြောင်းလဲသူ တစ်သန်းကျော်ဝင်ရောက်ခဲ့တယ်။ "

" မင်းတို့က အဲ့ဒီ ဆင့်ကဲပြောင်းလဲသူ တစ်သန်းကျော်လုံးကို လုပ်ကြံမှုစာရင်းထဲထည့်မလို့လား။ " ဒုတိယစိတ်အသိက ပြောလိုက်သည်။

လူတစ်ယောက်နှစ်ယောက်ကို သတ်ဖြတ်ခြင်းက လုပ်ကြံခြင်းဖြစ်၏။ လူတစ်သန်းနှစ်သန်းကို လုပ်ကြံလျှင်တော့ သတ်ဖြတ်ခြင်း ဖြစ်သွားပေလိမ့်မည်။ မျိုးနွယ်ခြားများသာ ထိုကဲ့သို့ စွမ်းအားမျိုးရှိလျှင် ဘာလို့မဟာမိတ်ဖွဲ့ထားမှာလဲ။ သူတို့က လူသားမျိုးနွယ်ကို တိုက်ရိုက်သုတ်သင်ရှင်းလင်းပစ်မည်ဖြစ်သည်။

" အင်း " အခြားစိတ်အသိနှစ်ခုကလည်း တိတ်ဆိတ်သွားကြသည်။

ထိုတပည့်အသစ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ လာသည်ဟု သူတို့က ခန့်မှန်းခဲ့ပြီး တကယ်အမှန်ဖြစ်လျှင်တောင် နောက်တစ်လှမ်းတိုးရန် မဖြစ်နိုင်ပေ။

မျိုးနွယ်ခြားများ၏ စွမ်းအားဖြင့် အရာအားလုံးကို စွန့်လွှတ်နိုင်လျှင်တော့ ဆင့်ကဲပြောင်းလဲသူ တစ်သန်းကျော်မပြောနှင့် လီမင်ကြယ်စနစ်တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်လေသည်။ သို့သော် ပေးဆပ်ရမည့် တန်ဖိုးကို သူတို့လက်မခံနိုင်ပေ။

" ထားလိုက်တော့။ "

" ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရတာပေါ့။ "

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် စိတ်အသိသုံးခုက ယာယီရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြသည်။

လွန်ခဲ့သော နှစ်တစ်သောင်းက ချီခွန်ကြယ်သခင်၏ တပည့်မှာ သူ့ကိုသူ ထုတ်ဖော်ခဲ့လေသည်။

အနာဂတ်တွင် ထိုတပည့်အသစ်၏ အချက်အလက်များ ပေါက်ကြားခဲ့လျှင် သူတို့က ထိခိုက်မှုမရှိဘဲ လှုပ်ရှားနိုင်လေသည်။ သူ၏ သတင်းအချက်အလက်များ မသိရလျှင်တောင် ဆဋ္ဌမအလွှာထက် ကျော်လွန်သူတစ်ယောက် ထပ်တိုးလာရုံသာ ဖြစ်သည်။

လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ၏ စစ်ပွဲတွင် ၎င်းက ဘာမှကွဲပြားသွားမည်မဟုတ်ပေ။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters