← Chapters

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၀၀...

Vol. 8 Ch. 124

ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ၁၀၀...

Vol. 8 Ch. 124

ကန်လန်ကြယ်။

ဗဟိုကုန်းမြေနေအိမ်။

" ငါက မျိုးနွယ်ခြားတွေရဲ့ အာရုံစိုက်မှုခံနေရလောက်ပြီ။ " လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းတွင် ထိုင်ပြီး စဉ်းစားနေသည်။

ချီခွန်မျိုးနွယ်မှ ကျင်းပြသော ဂုဏ်ပြုပွဲအခမ်းအနားက ကြီးကျယ်လွန်းလှသည်။ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများနှင့် အဓိကအင်းအားစုများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး မျိုးနွယ်ခြားများပင် သတိပြုမိကြလေသည်။

ချီခွန်မျိုးနွယ်က ဂုဏ်ပြုပွဲမကျင်းပခဲ့လျှင်တောင် မျိုးနွယ်ခြားများ၏ အာရုံစိုက်ခြင်းမှ လွတ်မြောက်မည်မဟုတ်ပေ။ အကြောင်းမှာ မျိုးနွယ်ခြားများက ချီခွန်ကြယ်သခင်ကို အမြဲတမ်း အာရုံးစိုက်ထားသောကြောင့် ဖြစ်သည်။

ယခု မျိုးနွယ်ခြားများက သူ၏ အစစ်အမှန် အထောက်အထားကို မသိသေးမီ သူ့ကိုသူ ထုတ်ပြလိုက်ခြင်းက ပိုကောင်းလေသည်။ မျိုးနွယ်ခြားများက လင်းယွမ်ကို ချီခွန်ကြယ်သခင်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ ခေါ်ယူခဲ့သည်ကို ချိတ်ဆက်မိကြပေလိမ့်မည်ဟု လင်းယွမ်က ခန့်မှန်းမိလေသည်။

သို့သော် ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့သော ဆင့်ကဲပြောင်းလဲသူအရေအတွက်က တစ်သန်းကျော်ပြီး စုံစမ်းရှာဖွေရန် ကျယ်ပြန့်လွန်းလှသည်။

နောက်ဆုံး သူတို့က လင်းယွမ်ကို ခြေရာခံမိပြီး လုပ်ကြံခဲ့လျှင်တောင် ဆဋ္ဌမအလွှာဖြစ်သော ဟိုမင်၏ ကာကွယ်မှုအောက်တွင် သူက မည်သည့်ခြိမ်းခြောက်မှုမှ ရှိမည်မဟုတ်ပေ။ ထို့အပြင် ချီခွန်ကြယ်သခင်ပေးထားသော အသက်ကယ်တိုကင်သုံးခုနှင့် ဆဋ္ဌမအလွှာထက် ကျော်လွန်သော လူတစ်ယောက် ရောက်လာလျှင်ပင် လင်းယွမ်ကို သတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် မျိုးနွယ်ခြားများ၏ အမြင်တွင် ချီခွန်ကြယ်သခင်မှ တပည့်အဖြစ် ခေါ်ယူခဲ့လျှင်တောင် သူ၏ ကန့်သတ်ချက်က အကြီးဆုံး အကိုသုံးယောက်ကဲ့သို့ ဆဋ္ဌမအလွှာထက် ကျော်လွန်သော တည်ရှိမှုပင် ဖြစ်လာပေလိမ့်မည်။ ထိုအပြင် ၎င်းက အချိန်ယူရဦးမည်ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်ခြားများက ဆဋ္ဌမအလွှာထက် ကျော်လွန်သော တည်ရှိမှုကို စတေးပြီး သူ့ကို လုပ်ကြံမည်မဟုတ်ပေ။

" ဆက်လေ့ကျင့်ရမယ်။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး ပြန်လည်လေ့ကျင့်လိုက်သည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အရေးကြီးဆုံးက ကိုယ်ပိုင်ခွန်အား ဖြစ်သည်။

ခွန်အားမရှိလျှင် အရာအားလုံးက အလကားပင် ဖြစ်၏။ သူက ချီခွန်ကြယ်သခင်၏ ကာကွယ်မှုရှိလျှင်တောင် သက်တမ်း၏ ကန့်သတ်ချက်ကို ရင်ဆိုင်ရဦးမည်ဖြစ်သည်။ အဆက်မပြတ်အားကောင်းလာပြီး ဖြတ်ကျော်နိုင်မှသာ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။

" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " နှစ်လသုံးလကြာ ဆင်ခြင်ပြီးနောက် လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ပထမအလွှာ၏ ဆယ်ပုံတစ်ပုံသာ နားလည်ခဲ့သည်။

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘာလဲ။ ငါ့ရဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့တောင် အရမ်းနှေးလွန်းတယ်။ အခြားဆင့်ကဲပြောင်းလဲသူတွေ ဒီလမ်းစဉ်နဲ့ သင့်တော်ရင်တောင် ဒါကို နားလည်နိုင်ဖို့က ကောင်းကင်ကို တက်သလို ခက်ခဲလိမ့်မယ်။ " လင်းယွမ်၏ စိတ်ထဲတွင် သံသယများ ဝင်လာသည်။

" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ဖို့ တိကျတဲ့နည်းလမ်းအချို့ ရှိနေတာလား။ အရန်နည်းလမ်းအချို့ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုပေါ့။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

ချီခွန်ကြယ်သခင်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အသေးစိတ်မရှင်းပြဘဲ တံခါးပိတ်ကျင့်ကြံပြီး ပြန်ထွက်လာမှ ဆွေးနွေးကြမည်ဟု ပြောခဲ့လေသည်။

" အခုလေ့လာတာကို ရပ်လိုက်မယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြှင့်တာပေါ့။ "

ယခု သူက စတုတ္ထအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စတုတ္ထအလွှာကဏ္ဍကို စုစည်းရန် ယုံကြည်မှုရှိနေပြီဖြစ်သည်။

သူလျှောက်ခဲ့သော လမ်းကို ပြန်လည်သုံးသပ်ခြင်းက လင်းယွမ်အတွက် လွန်စွာ အထောက်အကူ ဖြစ်စေလေသည်။ သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အသိအမြင်အသစ်များ အချိန်တိုင်းတိုးပွားနေမည်ဖြစ်သည်။

နေ့တစ်ဝက် ကြာပြီးနောက် လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

" အချိန်ကျပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စတုတ္ထအလွှာကဏ္ဍက အဆင်သင့်ဖြစ်ပြီဖြစ်သည်။

" ဉာဏ်ပညာနတ်ဘုရား " လင်းယွမ်က ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ပြီး စတုတ္ထအလွှာကဏ္ဍကို တင်ပြလိုက်သည်။

ချီခွန်ကြယ်သခင်၏ တပည့် ချီခွန်မျိုးနွယ်၏ ၁၃ ယောက်မြောက် တောင်ထိပ်သခင်ဖြစ်လာသော်လည်း လင်းယွမ်က သူ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖော်ပြခြင်းကို မရပ်ခဲ့ပေ။

ပထမဆုံး ကောင်းမှုအမှတ်များ ရရှိရုံသာမက ဝင်ငွေရှယ်ယာများလည်း ရရှိလေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဝယ်ယူမှုတိုင်းမှ လင်းယွမ်က သုံးဆယ်ရာခိုင်နှုန်းရရှိလေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အဆင့်မြင့်လာသည်နှင့်အမျှ ထိုဝင်ငွေကလည်း တိုးတက်လာမည်ဖြစ်သည်။

လင်းယွမ်က ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ပြီး သတင်းအချက်အလက်များကို ရယူပြီးနောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု တင်ပြခြင်းက ပို၍ နက်ရှိုင်းသော အဓိပ္ပါယ်များရှိသည်ကို သိခဲ့ရသည်။

ဥပမာ ရှေးဟောင်းနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများက ကြယ်စကြာဝဠာထဲတွင် ရှေးယခင်ကတည်းက ရှိနေခဲ့ကြသည်။ သူတို့က မျိုးနွယ်စုတစ်ခုကဲ့သို့ စုစည်းမနေကြဘဲ တစ်ယောက်တည်း လွတ်လပ်စွာ နေထိုင်ကြလေသည်။

ထို့သို့ဆိုလျှင်တောင် ရှေးဟောင်းနတ်ဘုရားများက သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေထားဆဲ ဖြစ်သည်။ လူသားမဟာမိတ်၏ ရှင်းပြချက်အရ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သူများက နက်ရှိုင်းစွာ ကျင့်ကြံနိုင်လျှင် ထိုရှေးဟောင်းနတ်ဘုရားများကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ထိုရှေးဟောင်းနတ်ဘုရားများပင် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေထားသောကြောင့် လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေခြင်းကလည်း အကျိုးမရှိဟု ပြော၍မရပေ။

လင်းယွမ်က စတုတ္ထအလွှာကဏ္ဍကို လျင်မြန်စွာ တင်လိုက်သည်။

ကန်လန်ကြယ်နှင့် မရေတွက်နိုင်သော အလင်းနှစ် ဝေးကွာသော နေရာတွင် အလင်းမျက်နှာပြင်များစွာက လင်းယွမ်၏ စတုတ္ထအလွှာကဏ္ဍကို လျင်မြန်စွာ တွက်ချက်နေသည်။

လင်းယွမ်က စတုတ္ထအလွှာကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ ပထမအပိုင်းက နတ်လက်နက်ကမ္ဘာမှ နတ်လက်နက်များအတွင်း ပါဝင်သော ကမ္ဘာ၏ နိယာမအနှစ်သာရများ ပါဝင်လေသည်။ ၎င်းက တတိယအလွှာထက် ပိုနက်နဲသည်။

ဒုတိယအပိုင်းက ကြယ်ခုနှစ်လုံးလှိုဏ်ဂူမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော်နှင့် နက်နဲကျယ်ပြန့်လှသော ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အသိအမြင်များ ပါဝင်လေသည်။

" စတုတ္ထအလွှာကဏ္ဍမှာ ပိုမိုနက်ရှိုင်းတဲ့ နိယာမများ ပါဝင်နေသောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်အကဲဖြတ်ခြင်း စတင်ပါပြီ။ "

" အကဲဖြတ်ခြင်း ပြီးဆုံးပါပြီ။ လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပဉ္စမအလွှာသို့ ရောက်နိုင်ချေ ၁၀၀ ရာခိုင်နှုန်း၊ ဆဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၉၀ ရာခိုင်နှုန်း၊ သတ္တမအလွှာသို့ ရောက်နိုင်ချေ ၁ ရာခိုင်နှုန်း တို့ဖြစ်ပါတယ်။ "

" သတ္တမအလွှာ ကန့်သတ်ချက် အလားအလာက ပဋိညာဉ် အပိုဒ် ၁၃ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ "

" အိုဒီနံပါတ် ၁၂၃.... နိုင်ငံသားနှင့် ပက်သက်တဲ့ အချက်အလက်များရဲ့ လျို့ဝှက်မှုအဆင့်ကို တိုးမြှင့်ပေးလိုက်ပါပြီ။ ဖန်တီးသူ VR ကမ္ဘာကိုလည်း စတင်အသုံးပြုနိုင်ပါပြီ။ "

" စတုတ္ထအလွှာကဏ္ဍကို တန်ဖိုးဖြတ်ခြင်း ကောင်းမှုအမှတ် တစ်သိန်း။ "

စတုတ္ထအလွှာကဏ္ဍကို တင်ပြီးနောက် လင်းယွမ်က ပဉ္စမအလွှာ၏ လမ်းကြောင်းကို တွေးတောနေသည်။

လူသားမျိုးနွယ် သတ်မှတ်ထားသော စံနှုန်းများအရ ပဉ္စမအလွှာက ဂြိုလ်ပေါ်တွင် အသန်မာဆုံးလူများဟု ပြောနိုင်လေသည်။ သူတို့၏ စွမ်းအားအပြည့် တိုက်ခိုက်မှုက နယ်မြေများကို ပျက်ဆီးစေနိုင်ပြီး ကပ်ဘေးများ ဖြစ်ပေါ်နိုင်လေသည်။

ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဂြိုလ်တစ်ခုပေါ်မှ သက်ရှိများအားလုံးကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်လေသည်။ ထို့ကြောင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများကို နယ်မြေမြှုပ်နှံခြင်းအဆင့်ဟုလည်း ခေါ်ကြလေသည်။

အလယ်အဆင့်ဂြိုလ်၏ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူများမှာ ပဉ္စမအလွှာသို့သာ ရောက်နိုင်ကြလေသည်။ ဆဋ္ဌမအလွှာများ အထူးအကြောင်းပြချက်မရှိဘဲ အလယ်အဆင့်ဂြိုလ်များတွင် နေသည်က ရှားပါးလေသည်။

" လေးစားရသော နိုင်ငံသားလင်းယွမ် နောက်ဆုံး ဆုံးဖြတ်ချက်အရ သင့်ရဲ့ စတုတ္ထအလွှာက ကောင်းမှုအမှတ် တစ်သိန်း တစ်ဖိုးရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံထွက်ပေါ်လာသည်။

" ကောင်းမှုအမှတ် တစ်သိန်း။ " လင်းယွမ်က ပြုံးလိုက်သည်။

စတုတ္ထအလွှာကဏ္ဍ၏ တန်ဖိုးက ပထမ၊ ဒုတိယနှင့် တတိယအလွှာကဏ္ဍများ၏ စုစုပေါင်းတန်ဖိုးထက် ကျော်လွန်သွားပြီဖြစ်သည်။ လူသားမျိုးနွယ်၏ နယ်စပ်မှ စစ်မြေပြင်တွင် ထိုကဲ့သို့ များပြားသော ကောင်းမှုအမှတ်များရရှိရန် မျိုးနွယ်ခြားများအား မည်မျှသတ်ရမည်ကို ဘယ်သူမှမသိနိုင်ပေ။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အချက်အလက်တွေကို ကြည့်ရအောင်။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ကြည့်လိုက်သည်။

" သတ္တမအလွှာကို ရောက်နိုင်ချေ တစ် ရာခိုင်နှုန်းလား။ " လင်းယွမ်၏ စိတ်လှုပ်ရှားသွားမိသည်။

ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပါဝင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆ မျိုးနှင့် နက်နဲသော ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့၏ အနှစ်သာရကို ပေါင်းစပ်ပြီး

အကယ်၍ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာသို့ ရောက်ရန် မျှော်လင့်ချက်မရှိခဲ့လျှင် လင်းယွမ်က သတ္တမအလွှာသို့ ရောက်ရန် မည်သို့လုပ်ရမည်ကို မသိတော့ပေ။

" အလျင်မလိုဘူး။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ယခုမှ စတုတ္ထအလွှာကဏ္ဍကို တင်ထားသောကြောင့် သတ္တမအလွှာသို့ ရောက်နိုင်ချေ တစ် ရာခိုင်နှုန်းသာ ရှိခြင်းဖြစ်သည်။

အနာဂတ်တွင် လင်းယွမ်က ပဉ္စမအလွှာနှင့် ဆဋ္ဌမအလွှာကဏ္ဍတို့ကို တင်လိုက်သည်နှင့် သတ္တမအလွှာသို့ ရောက်နိုင်ချေက သေချာပေါက် တိုးလာမည်ဖြစ်သည်။

၎င်းမှာ လင်းယွမ်၏ ပထမအလွှာ၊ ဒုတိယအလွှာ၊ တတိယအလွှာတို့ကို တင်ခဲ့သည့် အတွေ့အကြုံများကြောင့် ဖြစ်သည်။ ဒုတိယအလွှာကဏ္ဍကို တင်ပြချိန်တွင် ဆဋ္ဌမအလွှာသို့ ရောက်နိုင်ရန် မျှော်လင့်ချက်ပင် မရှိခဲ့ပေ။ သို့သော် ယခု ကိုးဆယ်ရာခိုင်နှုန်း ရှိနေပြီဖြစ်သည်။

" အခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အဆင့်က.... " အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲတွင် လင်းလက်လာသည်။

တတိယအလွှာကို တင်ပြီးချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ပထမနေရာသို့ ရောက်သွားခဲ့သည်။ သို့သော် ၎င်းက ကန်လန်ကြယ်၏ ပထမနေရာဖြစ်သည်။

လင်းယွမ်၏ လမ်းစဉ်က ကန်လန်ကြယ်ကို ကျော်လွန်သွားနိုင်လေသည်။ ကန်လန်ကြယ်၏ အထက်တွင် ချီခွန်ကြယ်နယ်မြေအောက်မှ လီမင်ကြယ်စနစ်ဖြစ်၏။ လင်းယွမ်က တတိယအလွှာသို့ တင်ပြီးချိန်တွင် သူက ကြယ်စနစ် ဆင့်ကဲပြောင်းလဲခြင်းအဆင့် သို့မဟုတ် ကြယ်နယ်မြေဆင့်ကဲ​ပြောင်းလဲခြင်းအဆင့်များထဲသို့ မရောက်ခဲ့ပေ။

၎င်းက မထူးဆန်းပေ။ တတိယအလွှာသို့ တင်ပြီးချိန်တွင် အလားအလာကန့်သတ်ချက်က ဆဋ္ဌမအလွှာသာ ဖြစ်သည်။

ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူက အလယ်အဆင့်ဂြိုလ်ဖြစ်သော ကန်လန်ကြယ်ပေါ်တွင် မရှိနိုင်သော်လည်း ချီခွန်ကြယ်နယ်မြေတစ်ခုလုံးတွင် သူတို့က သာမန်သာဖြစ်သည်။

နောက်ဆုံးတွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အရေအတွက် များစွာ ရှိလေသည်။ သူတို့က ဆဋ္ဌမအလွှာ သို့မဟုတ် ထိုထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံကြပေလိမ့်မည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ချီခွန်ကြယ်နယ်မြေ ဆင့်ကဲပြောင်းလဲခြင်းအဆင့် တစ်ရာ။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters