ဖန်တီးသူများ၏ ကမ္ဘာ.....
Vol. 8 Ch. 125
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွား၏။
ချီခွန် ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ဆဋ္ဌမအလွှာများဖြစ်ကြပြီး ထိပ်ဆုံးငါးဆယ်က သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလာအလာကန့်သတ်ချက်က ဆဋ္ဌမအလွှာထက် ကျော်လွန်သွားပြီဖြစ်သော်လည်း အဆုံးတွင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မဟုတ်သေးပေ။
" ဆင့်ကဲပြောင်းလဲခြင်းအဆင့်ပေါ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေရဲ့ အဆင့်သတ်မှတ်ချက်က အလားအလာအပါအဝင် အကြောင်းရင်းများစွာကို အခြေခံပြီး ဆုံးဖြတ်ထားတာပဲ။ စတုတ္ထအလွှာပဲ ရှိနေသေးပေမယ့် သတ္တမအလွှာကို ရောက်နိုင်ချေ တစ်ရာခိုင်နှုန်းရှိလို့ နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျော်တက်သွားတာပဲ။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်ကို ကြည့်ပြီးနောက် ခွင့်ပြုချက်ရသော လုပ်ဆောင်မှုများကို ကြည့်လိုက်သည်။ ဖန်တီးသူများ၏ VR ကမ္ဘာကို ခွင့်ပြုထားသည်။
" ဖန်တီးသူများ " လင်းယွမ်က စိတ်ဝင်စားသွား၏။
ထိုနေရာတွင် ဖော်ပြထားသော ဖန်တီးသူဆိုသည်မှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို တည်ထောင်ခဲ့သူများ ဖြစ်သည်။
ထိုဖန်တီးသူများက လူသားမျိုးနွယ်၏ ထောက်တိုင်များဖြစ်ပြီး သူတို့၏ အထောက်အထားများကို ထိပ်တန်းလျို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသည်။
ထို့အပြင် ဖန်တီးသူများ၏ VR ကမ္ဘာဆိုသည်မှာ ဖန်တီးသူအချင်းချင်း အပြန်အလှန်ဆွေးနွေးရန် ထောက်ပံ့ပေးထားသော နေရာတစ်ခု ဖြစ်သည်။
ထို့နောင် လင်းယွမ်က ခွင့်ပြုချက်များကို ဖွင့်ပြီး ဖန်တီးသူများ၏ VR ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်။
ချီခွန်ပင်မကြယ်၏ VR ကမ္ဘာ။
အလယ်ပိုင်းဧရိယာ။
မည်သည့်ဂြိုလ်မှ VR ကမ္ဘာဖြစ်စေ အလယ်ပိုင်းဧရိယာက လူအစည်ဆုံးဖြစ်သည်။
ထိုနေရာတွင် ချီခွန်ကြယ်နယ်မြေရှိ အသက်ဂြိုလ်တစ်သန်းကျော်မှ ထွက်ပေါ်လာသော အသန်မာဆုံး ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်တစ်ရာကို ပြဿထားသည်။
ပြိုင်ပွဲများကြောင့် လူများနည်းပါးသွားလျှင်တောင် ပြိုင်ပွဲပြီးသည်နှင့် ပြန်လည်စည်ကားလာပြန်သည်။
သို့သော် ယနေ့မနက်တွင် ကြယ်နယ်မြေ ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ အဆင့်တစ်ရာနေရာက ကွဲပြားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပြောင်းလဲသွားခဲ့သည်။
" သေစမ်း "
" မြန်မြန်ကြည့် ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွေ ပြောင်းလဲသွားပြီ။ " ဆင့်ကဲပြောင်းလဲသူများက ချက်ချင်း သတိထားမိသွားကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
၎င်းက အဆင့်တစ်ရာသာ ဖြစ်သော်လည်း ဆင်ကဲပြောင်းလဲခြင်းအဆင့်ရှိ အဆင့်တစ်ရာမှာ ကြယ်နယ်မြေတစ်ခုလုံး၏ အသန်မာဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာဖြစ်လေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဲ့ဒါက ဘယ်လိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မျိုးလဲ။ "
" ဘုရားရေ အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စတုတ္ထအလွှာပဲ ရှိသေးတာလား။ "
" စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဖိနှိပ်ပြီး ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲ ဝင်ရောက်လာတာလား။ "
ရင်ပြင်ရှိ လူတိုင်းက မှင်သက်နေကြသည်။ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ချီခွန်ကြယ်နယ်မြေတစ်ခုလုံး ပါဝင်လေသည်။ ထို့ကြောင့် အဆင့်သတ်မှတ်ချက်များက မကြာခန ပြောင်းလဲနေသည်။
ထိုမျှ များပြားလှသော လူဦးရေဖြင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ထွက်ပေါ်လာနိုင်ချေကလည်း များလေသည်။ ထိပ်ဆုံးအဆင့်တစ်ရာအတွင်း ပြောင်းလဲမှုများ ရှိခဲ့လျှင်တောင် အားလုံးက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။
ယခု စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်နေသည်။ ဆယ်ရှစ်နှစ်ဝန်းကျင်ရှိသော ကျောင်းသားတစ်စုက အဆင့်မြင့်တက္ကသိုလ်သို့ ဝင်ရောက်ပြီးနောက် သူတို့ကြားတွင် ရုတ်တရက် ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။
" ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွေကတော့ မှားမှာမဟုတ်ဘူး။ အဲ့ဒီစတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နတ်ဘုရားသုံးပါးရဲ့ အကဲဖြတ်မှုအောင်မှာ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို တကယ်ကျော်တက်သွားတာထင်တယ်။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ "
တစ်စုံတစ်ယောက်က ကြာကြာမစောင့်နိုင်တော့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ပက်သက်သော အချက်အလက်များကို ဝယ်ယူခဲ့သည်။
" ဟမ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လီမင်ကြယ်စနစ်ရဲ့ အလယ်အဆင့်ဂြိုလ်ဖြစ်တဲ့ ကန်လန်ကြယ်က လာတာပဲ။ "
" ကျွတ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပေါ်လာတုန်းက ပထမအလွှာပဲ ရှိသေးတယ်။ နောက်ပိုင်း နောက်ဆက်တွဲအဆင့်တွေကို ခြောက်လတစ်ကြိမ် တင်ပြခဲ့တယ်။ "
" ပထမအလွှာကနေ အခု စတုတ္ထအလွှာအထိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ငါးနှစ်မကျော်သေးဘူး။ "
" ဒါပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ စတုတ္ထအလွှာက သတ္တမအလွှာ ရောက်ဖို့ အလားအလာရှိနေပြီလား။ "
" အဲ့ဒါက ငါတို့ လူသားမဟာမိတ်က အဆင့်မြင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တွေရဲ့ အောင်မြင်မှုတစ်ခုထင်တယ်။ "
ရင်ပြင်တွင် ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့် နိုင်ငံသားများက သူတို့၏ သံသယများကို ပြောဆိုဆွေးနွေးနေကြသည်။
လူသိနည်းသော အချက်တစ်ချက် ရှိလေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများက နှစ်မျိုးကွဲပြားလေသည်။
ပထမအမျိုးအစားမှာ ထိုလမ်းစဉ်ကို ကျင့်ကြံရာတွင် လမ်းကြောင်းကို ဖော်ဆောင်သူများဖြစ်ပြီး လင်းယွမ်ကဲ့သို့ပင် သူတို့ကျင့်ကြံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖန်တီးသူများက အလွန်ရှားပါးလေသည်။
နောက်တစ်မျိုးမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်ကို ဖန်တီးကြသော အဆင့်မြင့် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များ ဖြစ်ကြသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်များကို ဖန်တီးရန် သူတို့၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များက သိသာထင်ရှားသော အားသာချက်များ ရှိကြလေသည်။
အခြေခံကျောင်းတွင် ပညာသင်ကြားနေသော ဆရာများကဲ့သို့ ပါရဂူဘွဲ့မရလျှင်တောင် အနည်းဆုံး တက္ကသိုဘ်ဘွဲ့တစ်ခု ရှိရန်လိုအပ်လေသည်။
ရင်ပြင်ရှိလူအများစုက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျွမ်းကျင်သော ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖန်တီးခဲ့သည်ဟု ယုံကြည်ကြလေသည်။
ပထမအလွှာမှ စတုတ္ထအလွှာထိ တင်ပြရန် ကြာချိန်က အလွန်တိုတောင်းလွန်းလှသည်။ သို့သော် ၎င်းက ပုံမှန်ဖြစ်၏။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက သူတို့၏ ရှာဖွေတွေ့ရှိချက်များကို စုဆောင်းပြီး အချိန်ဇယားတစ်ခုနှင့် ထုတ်ပြန်သည်ပုံစံ ဖြစ်လေသည်။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပထမအလွှာကနေ စတုတ္ထအလွှာထိက ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဘယ်လိုလုပ်နင်းချေသွားလဲဆိုတာ ငါသိချင်မိတယ်။ "
" မှန်တယ်။ ငါလည်း အပြည့်အစုံဝယ်ပြီး လေ့လာကြည့်ရမယ်။ "
" ငါ လေ့လာပြီးရင်တော့ ငါ့သားကို လေ့ကျင့်ခိုင်းရမယ်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ရဲ့ လက်ထဲကလာတဲ့ လမ်းစဉ်က လေ့ကျင့်ဖို့ ထိုက်တန်တယ်။ "
ကန်လန်ကြယ်ပေါ်တွင် လင်းယွမ်က ဖန်တီးသူများ၏ VR ကမ္ဘာကို ဖွင့်လိုက်သည်။ ၎င်းတွင် လုပ်ဆောင်ချက်နှစ်ခု ရှိ၏။ ထိုကမ္ဘာသို့ ဝင်နိုင်ရန် လိုအပ်ချက်မှာ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးထားသူတစ်ယောက်ဖြစ်ရန်လိုအပ်လေသည်။
ထို့အပြင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မဟုတ်ပဲ စံနှုန်းများနှင့် ကိုက်ညီသောလူများကလည်း ဖန်တီးသူများ၏ ကမ္ဘာကို ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် ဖန်တီးသူများ၏ VR ကမ္ဘာတွင် လူအနည်းငယ်သာ ရှိလေသည်။
လူသားမျိုးနွယ်တွင် သတ္တမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အနည်းငယ် ရှိသော်လည်း သူတို့၏ ဖန်တီးသူများက အကြောင်းရင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ကြသည်။
အသက်ရှင်နေသော တည်ထောင်သူအရေအတွက်ကို စိတ်ကူးကြည့်နိုင်လေသည်။ ထို့အပြင် ဖန်တီးသူများက အမျိုးမျိုးသော သုတသန လုပ်ငန်းများကြောင့် အလုပ်ရှုပ်နေကြပြီး အားလပ်းချိန်မှသာ ဖန်တီးသူများ၏ VR ကမ္ဘာကို ရောက်လာကြလေသည်။
ဒုတိယလုပ်ဆောင်မှုက ဆွေးနွေးပွဲဖြစ်သည်။ ဖန်တီးသူများက သူတို့၏ အမြင်များနှင့် မေးခွန်းများကို တင်ပြနိုင်လေသည်။ လင်းယွမ်က ထိုနေရာတွင် အချိန်ခန ကုန်ဆုံးခဲ့သည်။
" တော်တော်နက်နဲတာပဲ။ " လင်းယွမ်က ခနကြည့်ပြီး အံ့ဩသွား၏။
ထိုဆွေးနွေးပွဲရှိ ပို့စ်များက ထူးဆန်းပြီး ကွဲပြားနေသည်။
" ပိုအဆင့်မြင့်တဲ့ ကမ္ဘာကို ခရီးသွားနိုင်ချေရှိတယ်။ "
" အဋ္ဌမအလွှာမှ နဝမအလွှာကို တက်ရန် နည်းလမ်းဘယ်နှစ်မျိုးရှိလဲ။ "
" ကြယ်ပင်လယ်ခွန်လို့ စကြာဝဠာရဲ့ အထွတ်အထိပ်သွေးမျိုးဆက်တွေကို လူသားတွေနဲ့ ဘယ်လိုပေါင်းစပ်မလဲ။ "
လှည့်ပတ်ကြည့်ပြီးနောက် လင်းယွမ်က အသက်တစ်သောင်း၊ တစ်သိန်း ရှင်သန်လာသော ထိုဖန်တီးသူများနှင့် ယှဉ်လျှင် သူက အလွန်ငယ်သေးသည်ဟု ခံစားလိုက်ရသည်။
" ဒီမေးခွန်း..." ရုတ်တရက် လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ပို့စ်တစ်ခုရှေ့တွင် ရပ်လိုက်သည်။
ထိုပို့စ်၏ ဖော်ပြချက်က ရိုးရှင်းလေသည်။ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က နိယာမတစ်ခုကို နားလည်ခြင်းနှင့် နိယာမအချို့ကို နားလည်ရန် ကြိုးစားခြင်းက ဘယ်ဟာပိုကောင်းလဲ မေးထားခြင်းဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းအားနှင့် အချိန်က အကန့်အသန်ရှိ၏။
နိယာမတစ်ခုကို နားလည်ခြင်းက အကျိုးကျေးဇူးများရှိပြီး နိယာမအချို့ကို နားလည်ခြင်းကလည်း အားသာချက်များ ရှိနေသည်။
လင်းယွမ်က ပို့စ်အောက်မှ တုန့်ပြန်မှုများကို ကြည့်လိုက်သည်။ အစောဆုံးတုန့်ပြန်မှုက လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀၀မှ ဖြစ်သည်။ အဓိကမှာ နိယာမတစ်ခုကို နားလည်ခြင်းက ပို၍ ကောင်းသည်ဟု ပြောထားသည်။
နောက်ပိုင်းတွင် တုန့်ပြန်မှုများ ဆက်တိုက်ပေါ်လာခဲ့သည်။ နိယာမတစ်ခုထက်ပို၍ နားလည်ထားခြင်းက ပိုမိုကျယ်ပြန့်သော အလားအလာများ ပြောကြလေသည်။
" ဒါကို ငါဖြေနိုင်တယ်။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူက အရာတစ်ခုကို နားလည်ခဲ့သည်။
ခနစဉ်းစားပြီးနောက် လင်းယွမ်က အောက်ပါအတိုင်း ပြန်ဖြေလိုက်သည်။
" နိယာမတစ်ခုကို နားလည်ပြီး အခြားတာအိုအားလုံးကို လွှမ်းမိုးဖို့ ဒီတာအိုကို အသုံးပြုပါ။ "
လင်းယွမ်က ထိုသဘောတရားကို အခြေခံပြီး ထိုက်ကျိတာအိုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အနာဂတ်တွင် လင်းယွမ်က မည်သည့်အဆင့်သို့ ရောက်နေသည်ဖြစ်စေ သူ၏ အခြေခံအုတ်မြစ်က ထိုက်ယင်နှင့် ထိုက်ယန်ပေါင်းစပ်ထားသည့် ထိုက်ကျိဖြစ်လေသည်။
လင်းယွမ်က နိယာမများ အားလုံးကို နားလည်ပြီး ထိုက်ကျိတာအိုထဲသို့ အားဖြည့်ပေးနိုင်လေသည်။ ထိုက်ကျိက အရာအားလုံးကို မွေးဖွားပြီး အရာအားလုံးကို လွှမ်းမိုးနိုင်လေသည်။
ခနနေပြီးသောအခါ လင်းယွမ်က ဖန်တီးသူများ၏ VR ကမ္ဘာထဲမှ ထွက်လိုက်သည်။
" ဟမ် စတုတ္ထအလွှာက မိတ္တူအများကြီး ရောင်းထွက်သွားတာလား။ " လင်းယွမ်က ဝင်ငွေကို ကြည့်လိုက်ပြီးနောက် စတုတ္ထအလွှာက တင်ပြပြီး နာရီအနည်းငယ်အတွင်း မိတ္တူတစ်ရာနီးပါး ရောင်းထွက်ခဲ့သည်။
လင်းယွမ်က စတုတ္ထအလွှာကို လူမှုရေးငွေ သန်းငါးဆယ် စျေးနှုန်းသတ်မှတ်ထားခြင်း ဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာတိုင်းက စျေးနှုန်းအမျိုးမျိုး ရှိကြလေသည်။
ပထမအလွှာ - ၁၀၀၀၀
ဒုတိယအလွှာ - ၅၀၀၀၀၀
တတိယအလွှာ - ၅သန်း
စတုတ္ထအလွှာ - သန်း ၅၀။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း