← Chapters

ဂိုဏ်းဖွဲ့လိုက်ရင်ဘယ်လိုလဲ

Vol. 007 Ch. 664

ဂိုဏ်းဖွဲ့လိုက်ရင်ဘယ်လိုလဲ

Vol. 007 Ch. 664

ရှီမာယူယူသည် ဒဏ်ရာများကုသရန် ရက်အနည်းငယ်အချိန်ယူကာ ဝိဉာဉ်အရည်၏ အကူအညီနှင့် အတော်အတန် ကုသပြီးလေသည်။ သူမသည် အိပ်ရာထဲတွင် လှဲနေရန် မလိုတော့ပေ။

သူမ နားမလည်သည်မှာ သူမသည် ဝိဉာဉ်သာထိခိုက်ခြင်းဖြစ်သော်လည်း အားလုံးသည် သူမကို အိပ်ရာ ပေါ်မှ မဆင်းခိုင်းပဲ ထိုနေရာတွင်ပဲဘာလို့နေခိုင်းတာလဲ။

သူမ အိပ်ရာထဲတွင် အချိန်အတော်ကြာလှဲလျောင်းနေရသည်ကို စဉ်းစားပြီးနောက်တွင် ယုတ္တိမရှိဟု တစ်ခုတည်းသာစဉ်းစားမိသည်။

တစ်ပတ်ကြာပြီးမှပင် သူမသည်အိပ်ရာပေါ်မှဆင်းရန်ခွင့်ပြုချက်ရလေသည်။ သူမသည် အိပ်ရာထဲတွင် ထပ်ပြီး မလှဲလျောင်းနိုင်တော့ပေ။ ထပ်ပြီးနေရပါက ရူးတော့မလိုပင်။

ဒီနေ့တွင် ရှီမန်ဖန်၏ အကူအညီဖြင့် အခန်းထဲမှထွက်ကာ ခြံဝန်းအတွင်းလမ်းလျှောက်ရသည်။

“အပြင်ကလေက တကယ်ကို ပိုလတ်ဆတ်တယ်” သူမသည် အသက်ပြင်းပြင်းရှုပြီး သက်ပြင်းချကာ ကျေနပ်စွာ ပြောလေသည်။

“ကိုယ့်ကိုယ်လည်းကြည့်ဦး ငါတို့က အပြင်မထွက်ခိုင်းတော့သာ စောဒကတက်တာ၊ အပြင်လည်းထွက် ရော ဘယ်နလှမ်းမှမလှမ်းရသေးဘူး ဟောဟဲလိုက်နေပြီ၊ ငါကတော့ နောက်ထပ် ၂ရက်လောက် အိပ်ရာထဲနေ စေချင်တာ နင်ငြင်းလို့” ရှီမန်ဖန်သည် စောဒကတက်လေသည်။

“ဖန်လေး ငါ ဒီထက်ပိုပြီးအိပ်ရာထဲနေရမယ်ဆိုရင် ငါ့ခန္ဓာကိုယ်မှာ အပင်ပေါက်တော့မယ်” ရှီမာယူယူ သည် ခြံထဲမှ ခုံပေါ်တွင်ထိုင်ကာ ရှီမန်ဖန်သည် သူဘေးရှိ မြေပေါ်တွင်ထိုင်လေသည်။

“လူတွေရဲ့ကိုယ်မှာ အပင်ပေါက်လို့လား၊ အဲလိုဆို ထူးဆန်းတဲ့သတ္တဝါကြီးဖြစ်တော့မှာပေါ့” ရှီမန်ဖန် သည် သူမအား စောင်ခြုံပေးလိုက်သည်။

သူမ ဒဏ်ရာရထားသဖြင့် အအေးဓာတ်ကိုကြောက်ရသည်။ ထို့ကြောင့်ပင် ရှီမန်ဖန်သည် သူမအတွက် စောင်ပြင်ပေးသည်။

“သြော်ဟုတ်သားပဲ ရှန်ယိကို ဒီရက်ပိုင်းတွေ့လား” ရှီမာယူယူ မေးလိုက်သည်။

ရှီမန်ဖန်၏ လက်များသည် မသိမသာလှုပ်သွားကာ အသံတိုးတိုးဖြင့် ပြောလေသည် “သူမ ကိစ္စရှိလို့ ထွက်သွားလိုက်တယ်”

“ပြီးခဲ့တဲ့တစ်ခေါက်က ချုံခိုအတိုက်ခံရတာကြောင့်လား” ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ မေး လေသည်။

ရှီမန်ဖန်သည် ခေတ္တမျှစဉ်းစားပြီးနောက် သူမအား ရိုးသားစွာဖြေရန် ဆုံးဖြတ်လိုက်သည် “ဟုတ်တယ်”

“သူမ ပုံစံကြည့်ရတာတော့ ဘယ်သူလုပ်တယ်ဆိုတာ သိတဲ့ပုံပဲ”

“ဟုတ်တယ်”

“ဟုတ်တယ်လား သူမက ဘယ်သူလဲဆိုတာ သိပြီးသွားတာပေါ့” ရှီမာယူယူသည် စောင်အား အထဲမှ ပွတ်သပ်နေသည် “ငါတို့က အလွယ်တကူအနိုင်ကျင့်လို့ရတဲ့လူတွေမဟုတ်ဘူး၊ ငါဒေါသထွက်လို့ကတော့ ငှက်လေးကို ငှက်မျိုးနွယ်တွေအားလုံးကို ဦးဆောင်ခိုင်းပြီး သူတို့ကိုဖိအားပေးခိုင်းမှာ ဆံပင်တစ်မွေးမှတောင် မချန်ထားဘူး”

“…..” ရှီမန်ဖန်သည် သူမအား ဆွံ့အစွာကြည့်လိုက်သည် “အစ်ကတကယ်ပဲ ဒီမှာအပင်ပေါက်တော့မှာ ပဲ”

“ငါရှိတာ အားရှိတယ်မလား ငါက သူတို့ကိုလွယ်လွယ်နဲ့ လွှတ်မပေးဘူး” ရှီမာယူယူသည်  မောင်ဖြစ်သူ အားလက်လွှတ်လိုက်ရနီးပါးဖြစ်ခဲ့သည်ကို စဉ်းစားမိသည်။ သူမတွင် ဒေါသများပြည့်သွားကာ သူတို့ကိုသတ်ချင် စိတ်မှာ တားမရတော့ပေ။

“စိတ်ချပါ ငါသူတို့ကိုအလွတ်မပေးဘူး” ရှီမန်ဖန်သည် အံကြိတ်ကာ ပြောလေသည်။

“ဖန်လေး မင်း ကိုယ့်ဘာသာဂိုဏ်းထောင်ဖို့ စဉ်းစားဖူးလား” ရှီမာယူယူ ရုတ်တရက်အကြံပေးလေသည်။

“ဂိုဏ်းထောင်ရမယ်ဟုတ်လား”

“ဟုတ်တယ် ကုန်တောင်ကြားက မင်းကိုကယ်ထားပေမယ့် မင်းက သူတို့အောက်မှ မဝင်ဘူးလေ၊ အဲတော့ မင်းကကုန်တောင်ကြားကလူလည်းမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလေသည် “ပြီးတော့ ငါတို့မှာ ရန်သူ က တစ်ယောက်မကဘူး၊ ငါတို့ ကိုယ်ပိုင်အားလောက်နဲ့ သူတို့ကို မနိုင်နိုင်ဘူး”

“ဟုတ်တယ်”

“ဇုံကျန်းမျိုးနွယ်၊ ရင်ယန်နန်းတော်နဲ့ ပညာရှိစံအိမ်တော်တို့က နောက်ကွယ်မှာရှိနေတာ သူတို့ကလည်း အခြေခိုင်တဲ့အဖွဲ့တွေပဲ အဟွတ် အဟွတ်”

ရှီမာယူယူသည် ချောင်းအကြိမ်ရေအနည်းငယ်ဆိုးပြီးနောက် သက်သာလာသောအခါ စကားဆက်ပြော လေသည် “ငါတို့မှာ ငှက်လေးရှိတယ်၊ ငါကလည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားက သခင်လေးဖြစ်တယ်ဆို ပေမယ့် သူတို့ ကို ငါတို့ကိုယ်ရေးကိုယ်တာ ကိစ္စမှာ ဆွဲသွင်းလို့မရဘူးလေ၊ ငှက်မျိုးနွယ်နဲ့ အံ့ဖွယ်နတ်ဆိုး တောင်ကြားက ငါတို့လက်စားချေဖို့မှာဝင်ဖို့ကို ဘာမှချုပ်နှောင်ထားတာမရှိဘူး အဲဒါကြောင့် ငါတို့ဘာသာ ဂိုဏ်း ထောင်တာက အကောင်းဆုံးနည်းလမ်းပဲ”

“အရင်က အဲလိုစဉ်းစားဖူးတယ် ဒါပေမဲ့ ဂိုဏ်းအသစ်တည်ထောင်တာက ခက်လွန်းတယ်၊ ငါတို့မှာ အရင်းအမြစ်လုံလုံလောက်လောက်မရှိဘူး၊ အဲဒါကြောင့် အိမ်မက်အနေနဲ့ပဲ ရှိနေတာ” ရှီမန်ဖန် ပြောလေသည်။

“အင်း ဂိုဏ်းကိုတော့ တစ်နေ့တည်းနဲ့ ထောင်လို့မရဘူးလေ ဒါပေမဲ့ သေတဲ့အထိ မရတာမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက်သည် “အခြေခံလိုအပ်ချက်က အဂ္ဂိရတ်ပညာရှင်၊ လက်နက်ပညာရှင်၊ တည်ဆောက်မှု သခင်နဲ့ မိစ္ဆာထိန်းကျောင်းမှုသခင်တွေပဲ၊ လက်နက်သခင်ကလွဲပြီး ငါတို့မှာအကုန်ရှိနေတာပဲ၊ ဝိဉာဉ်စေတီနဲ့ဆို ရင် တခြားပစ္စည်းတွေကပြဿနာမရှိဘူး၊ လက်နက်တွေအတွက်ကတော့ ငါအခုအားနေတာပဲ အချိန်ရရင် ရ သလောက် လေ့လာကြည့်မယ်၊ အဲလောက်မခက်ဖူးလို့လဲ ဖက်တီးပြောဖူးတယ်”

“ဒါဆိုရင် သူတို့ကိုပါ ဝင်ခိုင်းဖို့ စဉ်းစားကြည့်ပါလား” ရှီမန်ဖန် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ငါက လက်စားချေဖို့အတွက် ဒီဂိုဏ်းကိုထောင်မှာလေ၊ သူတို့ဝင်လိုက် ရင် သူတို့အရည်အချင်းတွေ အလဟသဖြစ်မှာစိုးတယ်၊ သူတို့ကို မဝင်ခိုင်းချင်ဘူး ဒါပေမဲ့ ဝင်မယ်ဆိုလည်း မတားဘူး”

“တကယ်တော့ သူတို့ပါဝင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ အဲလိုဆိုရင် ဘယ်နယ်ပယ်မှ မလစ်လပ် တော့ဘူးလေ” ရှီမန်ဖန် ပြောလိုက်သည်။

“ငါလည်း အဲလိုထင်ပေမယ့်….. ဟူး သူတို့ကိုမေးကြည့်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကျွမ်းကျင်တဲ့ ဝိဉာဉ်သခင်အပြင်ကို ငါတို့လိုနေတဲ့ တခြားအရေးကြီးတာရှိတယ်” ရှီမန်ဖန် ပြောလိုက် သည် “ငါ့အတွက် အရေးကြီးဆုံးအတားအဆီးဖြစ်နေတာက သတ္တုအရင်းအမြစ်ပဲ ငါတို့မှာ အကုန်မရှိဘူးလေ၊ အခု သတ္တုတွင်းတွေအကုန်လုံးက ဂိုဏ်းတွေတွေ့ပြီးကြပြီ ငါတို့ တစ်ခုလောက်ရမှဖြစ်မယ် အဲဒါကလည်း ပြော ဖို့သာလွယ်တာလေ”

ရှီမာယူယူသည် စိုးရိမ်မှုမရှိပဲ ပြောလိုက်သည် “ငါ့ရဲ့ တခြားသရုပ်မှန်ကိုမေ့နေတာလား”

“ရှာဖွေသူဝိဉာဉ်သခင်လား”

“အမှန်ပဲ” သူမသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည် “အခုတော့ လက်ရှိသတ္တုတွင်းတွေယူသွား ကြတာ ကိစ္စမရှိပေမယ့် ရှာမတွေ့သေးတဲ့တစ်ခုကို ငါတို့ရမှဖြစ်မယ်”

ရှီမန်ဖန် သူမအား အပြည့်အဝမယုံကြည်သေးသည်ကိုတွေ့သောအခါ သူမ စာအုပ်ထုတ်ပြီး အခန်း(၁) ကို လှန်လိုက်သည်။

“ဝိဉာဉ်၏ အရင်းအမြစ်ရှာဖွေမှု” ရှီမန်ဖန်သည် ခေါင်းစဉ်ကိုတွေ့သောအခါ တိုးညင်းစွာ အော်လိုက် သည်။

“ဒါနဲ့ဆိုရင် ငါ မင်းအစ်မက ရှာဖွေသူဝိဉာဉ်သခင်မဖြစ်နိုင်ဘူးထင်နေလား ကောင်စုတ်လေး ကိုယ့် အစ်မကိုယ် အထင်မသေးနဲ့ ကြားလား” သူမသည် စာအုပ်သိမ်းပြီးနောက် သူ့နဖူးကိုပုတ်လိုက်သည် “ဘယ်လိုပဲ ဖြစ်ဖြစ် ငါမလုပ်နိုင်ဘူးဆိုရင်တောင် မိုဒိဆန်းကကူညီမှာပဲ၊ ငါတို့မရှာနိုင်ဘူးထင်နေလား”

“ဒါပေမဲ့ နှစ်တစ်ဝက်လုံး ငါတို့ သတ္တုတွင်းတစ်ခုတောင် နေရာရှာမတွေ့ဘူး” ရှီမန်ဖန် ပြောလိုက်သည် “နောက်မှ တစ်ခုရှာတွေ့ရင်တောင် ဂိုဏ်းထဲကိုဝင်ဖို့အတွက် လူစုရဦးမယ် ဒါပေမဲ့….”

“ဒါပေမဲ့ ဂိုဏ်းအသစ်ဖွဲ့ဖို့အတွက် အဖွဲ့ဝင်ရှာတာခက်တယ်လေ၊ အနည်းဆုံးတော့ ငါတို့အတွက် သေပေးရမှာမလား” ရှီမာယူယူသည် ရှီမန်ဖန် စိုးရိမ်နေသည်ကို အသံထွက်ပြောလိုက်သည်။

“အင်း” ရှီမန်ဖန် ခေါင်းညိမ့်လိုက်သည် “ငါတို့အဖွဲ့က အရင်ကငါတို့မျိုးနွယ်ရဲ့ အင်အားနဲ့ဆိုရင် ဘာမှ မဟုတ်သေးဘူး၊  ငါတို့မျိုးနွယ်ဝင်တွေကလည်း မျိုးနွယ်အတွက် ပေးဆပ်ခဲ့ကြတယ်၊ ဒါပေမဲ့ တခြားသူတွေက တော့ အဲလိုမဖြစ်နိုင်ဘူး၊ သူတို့ကို ဆေးတွေ ဝိဉာဉ်လက်နက်တွေ ထောက်ပံ့ရင်တောင်မှ သွေးထိုးတာတွေရှိ လာရင် ငါတို့ကိုပစ်သွားမှာပဲ”

“အဲဒါကြောင့် ငါတို့ကလူတကာကို သုံးလို့မရဘူးလေ” ရှီမာယူယူ ပြုံးလိုက်သည်။

“လူတကာကို ဟုတ်လား” ရှီမန်ဖန် ရှုပ်သွားသည်။ သူသာ အားထုတ်ပါက သူမဆိုလိုရင်းကို နားလည် ပေမည်။ သို့သော် အခုချိန်တွင် သူသည် ထုံနေသည်။

“ဟုတ်တယ် ငါတို့သာမန်လူလောက်ကို သုံးလို့မရဘူး၊ ဆိုလိုတာက သာမန်လူမဟုတ်တဲ့လူကို ရှာရ မယ်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“သာမန်လူမဟုတ်ဘူးဆိုတော့ ဘယ်သူတွေလဲ”

“အဲလူတွေက သေချင်ပေမယ့် မသေချင်ဘူး၊ သူတို့က အသက်ရှင်နိုင်ပေမယ့် အားလုံးကိုပေးဖို့လည်း မတွေဝေဘူး၊ ငါတို့က သူတို့အသက်ရှင်ဖို့အတွက် အကြောင်းပြချက်ဖြစ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမန်ဖန်သည် နောက်ဆုံးတော့ သူမဆိုလိုရင်းကို နားလည်သွားသည် “ကိုယ်ပျောက်လူသားတွေကို ပြောတာလား”

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “အခုချိန်ထိ ရှင်သန်နိုင်တဲ့ ကိုယ်ပျောက်လူသားတွေက အရည်အချင်းရှိတဲ့လူတွေပဲ သူတို့ကို တစ်ခါတည်း ၁၀ယောက် ကနေ အယောက် ၇၀ထိ ခေါ်လည်း ပြဿနာ မဖြစ်နိုင်ဘူး”

“အကြံကောင်းပဲ ဒါပေမဲ့ ငါတို့က သူတို့ကိုပြောမယ်ဆိုရင် ပထမဆုံးအနေနဲ့ သူတို့ မလုပ်ချင်တာရှိမယ် ဒုတိယအနေနဲ့ သူတို့ကိုဆန့်ကျင်တဲ့မျိုးနွယ်တွေက ငါတို့်အတွက် ပြဿနာဖြစ်လာနိုင်တယ်”

***

All Chapters