အကျဉ်းချခံထားရခြင်း....
Vol. 8 Ch. 127
မဟာချောက်နက်၏ အပြင်ဘက်တွင် အစောင့်ဆယ်ယောက်ကျော်က ကင်းလှည့်နေကြပြီး မည်သည့်ထူးခြားမှုမျိ ရှာမတွေ့သောအခါ ထိုင်ပြီး စကားပြောနေကြသည်။ မြောက်ပိုင်းနယ်မြေက အလွန်အေးသောနေရာတစ်ခုဖြစ်ပြီး မဟာချောက်နက်က ပို၍ပင် အေးစက်လေသည်။
သူတို့ စောင့်ကြပ်ရမည့် တာဝန်သာမရှိလျှင် ထိုကဲ့သို့သော နေရာကို ဘယ်သူမှ နေမည်မဟုတ်ပေ။ အမှန်မှာ စောင့်ကြပ်ခြင်းဆိုသော်လည်း အောက်မှ ရှဟိုယွမ် မသေဆုံးသည်ကို အတည်ပြုရန်သာ ဖြစ်သည်။ မဟာချောက်နက်မှာ ပြင်ပလူများလည်း မဝင်ရောက်နိုင်သလို အထဲမှ လူကလည်း အပြင်မထွက်နိုင်ပေ။
" ရှဟိုယွမ် မသေဘဲ ရှင်သန်နေတာ ငါးနှစ်တောင်ရှိသွားပြီ။ " အစောင့်တစ်ယောက်က ပြောလိုက်သည်။
သူတို့က မြေအောက်ဆယ့်ရှစ်ထပ်သို့ မသွားဝံ့သော်လည်း ရှဟိုယွမ် သေသည် ရှင်သည်ကို အတည်ပြုရန် နည်းလမ်းရှိလေသည်။
" လွန်ခဲ့တဲ့ ငါးနှစ်က ရှဟိုယွမ်နဲ့ ထျန်ကျန်းဇီတို့ရဲ့ တိုက်ပွဲက ကောင်းကင်ကို ပိုင်ဖြတ်ပြီး မြေပြင်ကို ကွဲအက်သွားစေခဲ့တယ်လို့ ငါကြားတယ်။ အဆုံးမှာ ထျန်ကျန်းဇီက ကောင်းကင်ဓားဂိုဏ်း၏ အဆုံးမဲ့နည်းစနစ်ကို အသုံးပြုပြီး ရှဟိုယွမ်ကဲ့ နတ်ဆိုးတာအိုခန္ဓာကို ချိုးဖျက်သွားခဲ့တယ်။ " နောက်ထပ်အစောင့်တစ်ယောက်က တီးတိုးပြောလိုက်သည်။
အလွန်အေးစက်သော ဤနေရာတွင် သူတို့အတွက် စိတ်ဖြေစရာမှာ မဟာနတ်ဆိုးအရှင် ရှဟိုယွမ်အကြောင်း ဆွေးနွေးရုံသာ ရှိသည်။ နောက်ဆုံးတွင် သူက သူတို့၏ ခြေထောက်အောက်တွင် အကျဉ်းချခံခဲ့ရသည်။
" ငါက နောက်တစ်မျိုးကြားခဲ့တယ်။ ရှဟိုယွမ်ရဲ့ဘက်က ချင်းဟိုဆိုတာ ထျန်ကျန်းဇီရဲ့ ငယ်ချစ်ဦးတဲ့။ သူမက ရှဟိုယွမ်ကို သစ္စာဖောက်ခဲ့လို့ သူက ရှုံးနိမ့်ပြီး အကျဉ်းချခံခဲ့ရတယ်လို့ ပြောကြတယ်။ " တတိယအစောင့်က ထပ်ပြောလိုက်သည်။
" မဖြစ်နိုင်ဘူး။ "
" ထျန်ကျန်းဇီက ဘယ်လိုလူမျိုးလဲ။ တရားမျှတမှုကို လက်ကိုင်ထားပြီး ဘယ်လိုလုပ် ဒီလိုနည်းလမ်းကို အသုံးပြုမှာလဲ။ "
" တကယ်တော့ ငါလည်း မဖြစ်နိုင်ဘူးလို့ထင်တယ်။ အဲ့တုန်းက ထျန်ကျန်းဇီက ရှဟိုယွမ်ကို အနိုင်ယူခဲ့တာတောင် မသတ်ခဲ့ဘဲ ဒီလိုသနားစရာကောင်းတဲ့ ဘဝမျိုးမှာ နေထိုင်စေခဲ့တယ်။ "
" ရှဟိုယွမ်လို ရက်စက်တဲ့ နတ်ဆိုးတစ်ယောက်ကို သနားကြင်နာခဲ့တဲ့ ထျန်ကျန်းဇီလိုလူက ဘယ်လိုလုပ် အဲ့လိုအောက်တန်းကျတဲ့ နည်းလမ်းကို အသုံးပြုမှာလဲ။ "
အစောင့်များက တစ်ယောက်ပြီးတစ်ယောက် ဆွေးနွေးနေကြပြီး သူတို့က ထျန်ကျန်းဇီကို အလွန်သဘောကျသည်မှာ ထင်ရှားနေသည်။
" သနားကြင်နာတာလား။ "
" တရားမျှတမှုကို လက်ကိုင်ထားတာလား။ "
" ကောင်းတယ် ကောင်းတယ်။ " မြေအောက်ဆယ့်ရှစ်ထပ်တွင် လင်းယွမ်က ပြုံးလိုက်သည်။
ထျန်ကျန်းဇီက သူ့ကို မသတ်ခြင်းမှာ သူကျွမ်းကျင်ထားသော နတ်ဆိုးတာအို လျို့ဝှက်နည်းစနစ်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း။
ထိုနတ်ဆိုးလမ်းစဉ် လျို့ဝှက်နည်းစနစ်က ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ ရုပ်ခန္ဓာသေဆုံးသွားလျှင်တောင် မူလစိတ်ဝိညာဉ်က လွတ်မြောက်နိုင်လေသည်။ ထို့နောက် သင့်တော်သော ခန္ဓာကိုယ်ကို ရှာဖွေပြီး သိမ်းပိုက်လိုက်ရုံသာ ဖြစ်သည်။
မူလစိတ်ဝိညာဉ်က ရုပ်ခန္ဓာမရှိသောကြောင့် ကိုင်တွယ်ထိန်းချုပ်ရန် အလွန်ခက်ခဲလေသည်။ ထျန်ကျန်းဇီက ရှဟိုယွမ်ကို လွန်ခဲ့သော ငါးနှစ်က သတ်ဖြတ်ခဲ့လျှင် ရှဟိုယွမ်၏ မူလစိတ်ဝိညာဉ်က လွတ်မြောက်သွားပေလိမ့်မည်။ ထို့နောက် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အချို့ကြာလျှင် ရှဟိုယွမ်က သူ၏ ခွန်အားကို ပြန်ရသွားပေလိမ့်မည်။
ထို့ကြောင့် ထျန်ကျန်းဇီက ရှဟိုယွမ်၏ မူလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ပြီး မဟာချောက်နက်အောက်တွင် ဖိနှိပ်၍ နှိပ်စက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်းက အလွန်ထိရောက်လေသည်။ ငါးနှစ်ကြာပြီးနောက် ရှဟိုယွမ်က ခံနိုင်ရည်မရှိတော့ပေ။ အကယ်၍ လင်းယွမ်သာ ရောက်မလာခဲ့လျှင် ရှဟိုယွမ်က သေဆုံးပြီဖြစ်သည်။
" ချင်းအာ " ရှဟိုယွမ်၏ မှတ်ဉာဏ်များကို လေ့လာပြီးနောက် လက်ရှိအခြေအနေ၏ နောက်ကွယ်မျိ အဓိကတရားခံကို လင်းယွမ်က ရှာတွေ့ခဲ့သည်။
အမှန်တွင် ချင်းအာက သစ္စာဖောက်ခဲ့လျှင်တောင် ရှဟိုယွမ်၏ စွမ်းအားနှင့် တန်ဖိုးတစ်ခု ပေးဆပ်ပြီး လွတ်မြောက်နိုင်စွမ်းရှိလေသည်။
သို့သော် ထိုအချိန်တွင် ရှဟိုယွမ်က လုံးဝ စိတ်ပျက်အားငယ်သွားခဲ့သည်။ ချင်းအာ၏ သစ္စာဖောက်မှုက သူ၏ စိတ်အခြေအနေကို ပြိုကွဲသွားစေခဲ့ပြီး ခုခံနိုင်စွမ်းကင်းမဲ့ခဲ့ရသည်။
" အရူး ဒီလိုသန်မာတဲ့လူတစ်ယောက်က ဘာမဟုတ်တဲ့ ခံစားချက်တွေကြောင့် ကျရှုံးခဲ့ရတယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
ရှဟိုယွမ်က နဝမအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ နဝမအဆင့် အထွတ်အထိပ်က မူလကမ္ဘာ၏ စတုတ္ထအလွှာနှင့် ညီမျှလေသည်။
အကယ်၍ ရှဟိုယွမ်သာ လွန်ခဲ့သော ငါးနှစ်က ရှင်သန်လိုစိတ်ပြင်းဖန်ခဲ့လျှင် ဤနေရာတွင် ဖိနှိပ်ခံထားရမည်မဟုတ်ဘဲ လင်းယွမ်လည်း လက်ရှိအခြေအနေတွင် ရှိနေမည်မဟုတ်ပေ။
" မေ့လိုက်တော့။ " လင်းယွမ်က တွေးလိုက်သည်။
မဟာချောက်နက်က သာမန်လူများအတွက် တားမြစ်နေရာတစ်ခု ဖြစ်ရုံသာမက ကျင့်ကြံသူများအတွက်လည်း ဆန်းကြယ်သော နေရာတစ်ခု ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က မဟာချောက်နက်၏ အောက်သို့ သွားလေ ဖိအားက ပိုတိုးလာလေဖြစ်သည်။ မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်က သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်များကို သာမန်လူတစ်ယောက်ကဲ့သို့ ဖိနှိပ်ပစ်ရန် လုံလောက်လေသည်။ လင်းယွမ်အတွက်တော့ ပြဿနာမရှိပေ။
လင်းယွမ်အတွက် တကယ့်ပြဿနာမှာ သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော အနက်ရောင်သံကြိုးခြောက်ချောင်းဖြစ်သည်။ ထိုသံကြိုးများက နှစ်တစ်ထောင် ပင်လယ်နက်သံများဖြင့် ပြုလုပ်ထားပြီး နဝမအဆင့်ပင် ထိခိုက်အောင်လုပ်ရန် ခက်ခဲလေသည်။ ထို့အပြင် ပင်လယ်နက်သံပေါ်တွင်လည်း ကောင်းကင်ဓားဂိုဏ်း၏ လျို့ဝှက်သင်္ကေတများ ရေးထွင်းထားသည်။
ထိုအနက်ရောင်သံကြိုးခြောက်ချောင်းက လင်းယွမ်ကို လုံးဝ ချုပ်နှောင်ထားရန် လုံလောက်လေသည်။ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် အဆုံးမဲ့နာကျင်မှုများကို ယူဆောင်လာစေသည်။ သံကြိုးများအပြင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကိုလည်း လျို့ဝှက်နည်းစနစ်များဖြင့် ချိတ်ပိတ်ထားလေသည်။
ထျန်ကျန်းဇီက ရှဟိုယွမ်ကို ထိုနေရာတွင် အကျဉ်းချထားရဲခြင်းမှာ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို သေချာသောကြောင့် ဖြစ်သည်။
" ဒီလောက်ချိတ်ပိတ်နည်းစနစ်တွေများနေတာ ရှဟိုယွမ်က တကယ်မလွတ်မြောက်နိုင်ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သို့သော် သူက ရှဟိုယွမ်မဟုတ်ပေ။ ခနစဉ်းစားပြီးနောက် လင်းယွမ်က ချက်ချင်း နည်းလမ်းအချို့ကို တွေးမိသွားသည်။
ပထမဆုံး သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်အပေါ်မှ အနက်ရောင်သံကြိုးခြောက်ချောင်း၏ ဖိနှိပ်မှုကို လျှော့ချရမည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် လင်းယွမ်က သူ၏ ခွန်အားများကို ပြန်ရပြီး စတုတ္ထအလွှာသို့ ရောက်သွားလျှင် မဟာချောက်နက်ထဲမှ ထွက်သွားနိုင်လေသည်။
" ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ ကမ္ဘာကြီးရဲ့ စွမ်းအားအမျိုးမျိုးကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တဲ့ ဝါးမျိုခြင်းနည်းလမ်းတစ်ခု ပါဝင်တယ်။ "
" ငါ အဲဒီနည်းလမ်းကို အသုံးပြုပြီး အနက်ရောင်သံကြိုးတွေက ပင်လယ်နက်သံရဲ့ အဆီအနှစ်တွေကို ဖြည်းဖြည်းချင်း စုပ်ယူလို့ရတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ထိုကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူမှ ဆဋ္ဌမအလွှာထက် ကျော်လွန်နေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်သည်။ ၎င်းက အလွန်ကြောက်စရာကောင်းပြီး လေ့ကျင့်သူ၏ စိတ်ကို လွှမ်းမိုးနိုင်လေသည်။
သို့သော် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အမှန်တကယ် အစွမ်းထက်ပြီး ယခုကဲ့သို့ ဆိုးရွားသော အခြေအနေတွင် လင်းယွမ်အတွက် အသုံးဝင်လေသည်။
" စလိုက်ကြစို့။ " လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်ပြီး အနက်ရောင်သံကြိုးများမှ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုကာ သူ၏ သွေးနှင့် ချီများကို ဖြည်းညင်းစွာ လှည့်ပတ်လိုက်သည်။
" သာမန် ချီနဲ့သွေးလှည့်ပတ်တာက စိတ်ဝိညာဉ်ချိတ်တံဆိပ်တွေက တုန့်ပြန်မှုမဖြစ်စေခဲ့ဘူး။ " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို လျို့ဝှက်နည်းစနစ်များဖြင့် ပြင်းထန်စွာ ချိတ်ပိတ်ထားသည်။ သူက စွမ်းအားအနည်းငယ် အသုံးပြုရုံနှင့် တုန့်ပြန်မှု ဖြစ်ပေါ်မည်ဖြစ်သော်လည်း အခြေခံ ချီနှင့်သွေးလှည့်ပတ်ခြင်းက တုန့်ပြန်မှု မဖြစ်ပေါ်ခဲ့ပေ။ ချီနှင့်သွေး လှည့်ပတ်ခြင်းက သာမန်သာ ဖြစ်သည်။ အသက်ရှင်နေသော လူတစ်ယောက် အသက်ရှုနေလျှင်တောင် ချီနှင့်သွေးက ဖြည်းညင်းစွာ လှည့်ပတ်နေမည်ဖြစ်သည်။
မဟာချောက်နက်၏ အပြင်ဘက်တွင် အစောင့်နှစ်ယောက်က ဝင်ပေါက်နှင့် ဖြည်းညင်စွာ နီးကပ်လာကြသည်။ တစ်ယောက်က မုတ်ဆိတ်မွေးများနှင့် သက်လတ်ပိုင်းလူကြီးဖြစ်ပြီး တစ်ယောက်က အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်သည်။
၎င်းကို ကြည့်ခြင်းဖြင့် မဟာချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှဟိုယွမ် ခံရည်မည့်ဖိအားကို စိတ်ကူးကြည့်နိုင်လေသည်။
" ဒါက မဟာချောက်နက်လား။ ကြောက်စရာကောင်းလိုက်တာ။ " လူငယ်က ကျောက်စီဖြစ်ပြီး ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ထိုအချိန်တွင် သူက ဖိနှိပ်ခံနေရသကဲ့သို့ သူ၏ အမူအရာက လေးနက်နေသည်။ သူတို့က မဟာချောက်နက်ထဲသို့ မဝင်ဘဲ အပြင်ဘက်တွင် ရပ်နေသည်ကပင် သူ၏ ချီနှင့်သွေးများ နစ်မြှုပ်သွားပြီး သာမန်လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်မှ ရှဟိုယွမ် ခံစားရသော ဖိအားကို စိတ်ကူးကြည့်နိုင်လေသည်။
" တိုးတိုးပြော " မုတ်ဆိတ်မွေးနှင့်လူကြီးက အသံနိမ့်ပြီး ပြောလိုက်သည်။
အကြောင်းရင်း တစ်ခုခုကြောင့် မဟာချောက်နက်နှင့် နီးကပ်လာသည်နှင့် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ဖိအားခံစားလာရလေသည်။ အတွင်းတွင် ချုပ်နှောင်ထားသူက ဒဏ္ဍာရီထဲမှ မဟာနတ်ဆိုးအရှင်ဖြစ်လေသည်။
ငါးနှစ်ရှိသွားလျှင်တောင် ထိုမဟာနတ်ဆိုးအရှင်က ယခင်သူမဟုတ်တော့လျှင်တောင် ထိုမဟာနတ်ဆိုးအရှင်က သူတို့၏ ခြေထောက်အောက် ရောက်နေလျှင်တောင် ထိုကြောက်ရွံ့မှုက သူတို့ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာမှ လာခြင်းဖြစ်သည်။
သိုးတစ်ကောင်က ကျားတစ်ကောင်ကို ကြောက်ရွံ့သကဲ့သို့ပင် ကျားက သေဆုံးနေလျှင်တောင် သူတို့က အနားသို့ မသွားရဲကြပေ။
ခနကြာသောအခါ သူတို့နှစ်ယောက်က မဟာချောက်နက်၏ ဝင်ပေါက်သို့ ရောက်သွားကြသည်။ သူတို့က ဝင်ပေါက်ကို သေချာစစ်ဆေးလိုက်ကြသည်။
ထိုနေရာတွင် အနက်ရောင် မီးအိမ်တစ်ခု ရှိနေပြီး အတွင်းတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။
" ရှဟိုယွမ် အသက်ရှင်နေသေးတယ်။ " သက်လတ်ပိုင်းလူက ပြောလိုက်သည်။
ထျန်ကျန်းဇီ ချန်ခဲ့သော ထိုမီးအိမ်က မြေအောက်ဆယ့်ရှစ်ထပ်မှ ရှဟိုယွမ်၏ အသက်ကို အာရုံခံနိုင်လေသည်။ ရှဟိုယွမ် သေဆုံးလျှင် သူ၏ စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားပြီး မီးအိမ်ထဲမှ မီးတောက်ကလည်း ငြိမ်းသတ်သွားပေလိမ့်မည်။
" မသေသေးဘူးလား။ " ကျောက်စီက ထိတ်လန့်သွား၏။ စားသောက်စရာမရှိသော ထိုချောက်နက်ကြီးထဲတွင် ရှဟိုယွမ် မည်သို့ အသက်ရှင်နေသည်ကို သူစိတ်မကူးကြည့်နိုင်ပေ။
" သွားစို့။ " မီးအိမ်ကို အတည်ပြုပြီးနောက် သက်လတ်ပိုင်းလူက ကျောက်စီကို ခေါ်ပြီး ချက်ချင်း ပြန်ထွက်သွားသည်။
ထိုကဲ့သို့ဖြင့် ဆယ်နှစ်ကြာသွားခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း