နတ်ဆိုးလမ်းစဉ်၏ အကြွင်းအကျန်များ.....
Vol. 8 Ch. 128
နာမည် - ရှဟိုယွမ် (လင်းယွမ်)။
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
လက်ကျန်အချိန် - ၂၉၀ နှစ်။
မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ မျက်စိအောက်မှ သင်္ကေတများကို ကြည့်လိုက်သည်။ သူက စိတ်အသိဆင်းသက်ပြီးနောက် ဆယ်နှစ်ကြာသွားခဲ့သည်။ ဤဆယ်နှစ်တွင် လင်းယွမ်က လှုပ်ရှားခြင်းမရှိဘဲ အနက်ရောင်သံကြိုးများကို ဖျက်ဆီးရာတွင်သာ အာရုံစိုက်နေခဲ့သည်။
သူက ဆာလောင်၍ မသေခြင်းမှာ ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က သတ္တမအဆင့်သို့ ရောက်သည်နှင့် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီ(မူလစွမ်းအား)ကို စုပ်ယူပြီး မစားမသောက်ဘဲ နေနိုင်သောကြောင့် ဖြစ်သည်။
မဟာချောက်နက်အတွင်း ယွမ်ချီက ရှားပါးသော်လည်း လုံးဝမရှိခြင်းတော့ မဟုတ်ပေ။ ထို့အပြင် လင်းယွမ်က စိတ်အသိဆင်းသက်ခြင်းဖြစ်သောကြောင့် ဆာလောင်၍ သေဆုံးမည်မဟုတ်ပေ။
ထျန်ကျန်းဇီကလည်း ရှဟိုယွမ်ကို ဆာလောင်၍ သေခွင့်ပြုမည်မဟုတ်ပေ။ ထို့အပြင် ရုပ်ခန္ဓာသေဆုံးခြင်းက မူလစိတ်ဝိညာဉ်သေဆုံးခြင်း မဟုတ်ပေ။ ရှဟိုယွမ်ကိုယ်တိုင်သေချင်မှသာ သူသေပေလိမ့်မည်။
" ဆယ်နှစ် " လင်းယွမ်က သက်ပြင်ချလိုက်သည်။
" နောက်ဆုံးတော့ " လင်းယွမ်က သူ၏ ခြေထောက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
တစ်ချိန်တည်းတွင် လင်းယွမ်၏ ညှပ်ရိုးများကို ဖောက်ထားသော အနက်ရောင်သံကြိုးနှစ်ချောင်းက ရုတ်တရက် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ခြေလက်များမှ အခြားအနက်ရောင်သံကြိုးလေးချောင်းကလည်း တဖြည်းဖြည်း ပျက်ဆီးသွားခဲ့သည်။
ဆယ်နှစ်အတွင်း လင်းယွမ်က အနက်ရောင်သံကြိုးများအား ဝါးမျိုခြင်းကို လုံးဝ မရပ်တန့်ခဲ့ပေ။ ယနေ့ သူ့ကို ဖိနှိပ်ထားသော အနက်ရောင်သံကြိုးခြောက်ချောင်းက လုံးဝ ပျက်ဆီးသွားပြီဖြစ်သည်။
" လွတ်လပ်မှုက ကောင်းတာပဲ။ " လင်းယွမ်က အသက်ပြင်းပြင်း ရှုလိုက်သည်။
" နှစ်တစ်ထောင် ပင်လယ်နက်သံရဲ့ အဆီအနှစ်က ငါ့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး သန်မာလာစေတာပဲ။ " လင်းယွမ်၏ မျက်နှာတွင် အံ့ဩသော အမူအရာပေါ်လာသည်။
ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ဝါးမျိုခြင်းနည်းစနစ်ဖြင့် ပင်လယ်နက်သံ၏ အဆီအနှစ်များကို ဆယ်နှစ် စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ်ကလည်း တိုးတက်မှုများ ရှိလာခဲ့သည်။
မဟာချောက်နက်၏ အပြင်ဘက်တွင် အစောင့်များက ထွက်မသွားကြသေးပေ။ ရှဟိုယွမ်က အသက်ရှင်နေသောကြောင့် အစောင့်များကလည်း ထွက်သွားနိုင်ခြင်းမရှိပေ။
မြောက်ပိုင်းနယ်မြေ၏ မဟာချောက်နက်က အလွန်အေးစက်သောကြောင့် နှစ်တိုင်း အစောင့်များကို လဲလှယ်ပေးရလေသည်။ ကောင်းကင်ဓားဂိုဏ်းမှ ကတိပေးထားသော ဆုလာဒ်များနှင့် တစ်နှစ်တစ်ခါ လူသားလဲနိုင်သောကြောင့်သာ မဟုတ်ပါက ဘယ်သူမှ ထိုနေရာသို့ လာချင်မည် မဟုတ်ပေ။
" ဒီရှဟိုယွမ်က မသေသေးဘူးလား။ " မဟာချောက်နက်ဝင်ပေါက်တွင် အစောင့်သစ်တစ်ယောက်ဖြစ်လာသော ကျောက်စီက မီးအိမ်ကို စစ်ဆေးနေသည်။ အတွင်းမှ မီးတောက်က ဖြည်းညင်းစွာ လောင်ကျွမ်းနေသည်ကို မြင်သောအခါ သူက အံ့ဩသွားမိသည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း သူက သုံးကြိမ်လဲလှယ်စောင့်ကြပ်ပြီးနောက် ကောင်းကင်ဓားဂိုဏ်းမှ ဆုလာဒ်များလည်း ရရှိခဲ့သည်။
ကျောက်စီက စတုတ္ထအဆင့်ကို ရောက်နေပြီဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် မဟာချောက်နက်၏ အပြင်ဘက်တွင် ရပ်နေချိန်တွင် သူက ဖိနှိပ်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သူက သာမန်လူတစ်ယောက်ကဲ့သို့ တစ်လှမ်းချင်းသာ သွားနိုင်လေသည်။
ဆယ်နှစ်ကြာသွားပြီဖြစ်သော်လည်း ဒဏ္ဍာရီထဲမှ မဟာနတ်ဆိုးအရှင် ရှဟိုယွမ်က အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုမီးအိမ်က ကမ္ဘာပေါ်မှအသန်မာဆုံး ထျန်ကျန်းဇီ ချန်ခဲ့ခြင်းသာမဟုတ်လျှင် ကျောက်စီက ထိုမီးအိမ် မှားယွင်းနေသည်ဟုပင် ထင်မိပေလိမ့်မည်။
" ဒီရှဟိုယွမ်က သူ့ခေတ်တုန်းက နေရာတိုင်းမှာ ကပ်ဆိုးတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဂိုဏ်းခေါင်းဆောင် ထျန်ကျန်း..." ကျောက်စီက ထုံးစံအတိုင်း သူ၏ ဘေးမှ အစောင့်အသစ်လေးကို ရှဟိုယွမ်၏ မကောင်းမှုများအကြောင်း ရှင်းပြနေသည်။
" ဦးလေးကျောက် ပြောတော့ ရှဟိုယွမ်ကို ဒီမှာ ဖိနှိပ်ထားရင် နယ်မြေငါးခုက နတ်ဆိုးတွေအားလုံး ဖရိုဖရဲ ဖြစ်သွားမှာဆို။ "
" ဒါပေမယ့် ဒီနှစ်တွေမှာ ကျွန်တော်ရဲ့ မွေးရပ်မြေမှာလည်း နတ်ဆိုးတွေရဲ့ အရိပ်အယောင်တွေကို မကြာခန တွေ့ရပြီးတော့ ရွာအချို့လည်း သတ်ဖြတ်ခံခဲ့ရတယ်။ " အစောင့်အသစ်က စိတ်ရှုပ်စွာ ပြောလိုက်သည်။
သူ၏ အကြီးအကဲများ ပြောစကားအရ ရှဟိုယွမ်ဖမ်းခံရလျှင် နတ်ဆိုးများအားလုံး ဖရိုဖရဲ ဖြစ်သွားမည်ဟုဆိုသော်လည်း ရွာလုံးကျွတ်သတ်ဖြတ်ခြင်းများက မကြာခန ဖြစ်ပေါ်ခဲ့လေသည်။
" အဲ့ဒါ..." ကျောက်စီက ၎င်းကို ကြားပြီး တိတ်ဆိတ်သွား၏။
ကောင်းကင်ဓားဂိုဏ်းဦးဆောင်သော လမ်းမှန်အင်အားစုများက နတ်ဆိုးများကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော် ထူးခြားမှုမရှိခဲ့ပေ။ နတ်ဆိုးများက သေဆုံးသွားကြလျှင်တောင် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အတွင်း နောက်ထပ် နတ်ဆိုးအသစ်များ ထွက်ပေါ်လာကြသည်။
ထိုနတ်ဆိုးအသစ်များက တစ်ချိန်က နတ်ဆိုးများကို ချေမှုန်းခဲ့ကြသူများပင် ဖြစ်သည်။ သူတို့က နတ်ဆိုးတာအို၏ အမွေအနှစ်များ သို့မဟုတ် နည်းစနစ်များကို ရရှိခဲ့ကြပြီး သွေးဆောင်မှုကို မခုခံနိုင်ခဲ့ကြပေ။
နတ်ဆိုးတာအို၏ ကျင့်စဉ်နည်းစနစ်များက ဆွဲဆောင်မှုအားကောင်းလှသည်။ သူတို့က လှည့်စားနေသကဲ့သို့ပင် ဖြစ်၏။
သာမန်ကျင့်စဉ်များက ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်ရန် နှစ်များစွာ လိုအပ်ရုံသာမက ကောင်းမွန်သော အရည်အချင်းများရှိရန်လည်း လိုအပ်လေသည်။
နတ်ဆိုးတာအို၏ ကျင့်စဉ်များက ခက်ခက်ခဲခဲ ကျင့်ကြံရန်လည်း မလိုအပ်သိလို အရည်အချင်းများ ကောင်းမွန်ရန်လည်း မလိုအပ်ပေ။ သတ်ဖြတ်ခြင်းတစ်ခုသာ လိုအပ်လေသည်။
သက်ရှိများ၏ သွေး၊ စွမ်းအားနှင့် စိတ်ဝိညာဉ်များက နတ်ဆိုးတာအိုကျင့်ကြံသူများအတွက် မဟာအရင်းအမြစ်များပင် ဖြစ်၏။
" အဲ့ဒီအကြောင်းအများကြီး မတွေးနဲ့။ "
" အခု နတ်ဆိုးတွေ အရမ်းများလာတဲ့အတွက် ရှဟိုယွမ်ရှိရင် ဘယ်လောက်တောင် အခြေအနေဆိုးမလဲဆိုတာ မင်းစဉ်းစားကြည့်လို့ရတယ်။ " ကျောက်စီက ပြောလိုက်သည်။ သူက အစောင့်အသစ်ကိုသာမက သူ့ကိုသူလည်း နှစ်သိမ့်လိုက်ခြင်းဖြစ်သည်။
အလွန်ရဲတင်းစွာ တွေးရလျှင် ထျန်ကျန်းဇီက ရှဟိုယွမ်ကို မနှိမ်နင်းခဲ့သင့်ပေ။ ရှဟိုယွမ်ရှိနေလျှင် နယ်မြေငါးခု၏ အခြေအနေက မကောင်းလျှင်တောင် ယခုအတိုင်းအတာထိ ဆိုးရွားလာမည်မဟုတ်ပေ။
မြေအောက်ဆယ့်ရှစ်ထပ်တွင် လင်းယွမ်က တင်ပျဉ်ခွေထိုင်နေသည်။
" အခုငါးရဲ့ ခွန်အားကို ပြန်ယူဖို့ အချိန်ကျပြီ။ " လင်းယွမ်က တွေးလိုက်သည်။
အနက်ရောင်သံကြိုးခြောက်ချောင်းရှိစဉ်က သူ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်က ဖိနှိပ်ခြင်းခံထားရသည်။ ကျင့်ကြံရန်မပြောနှင့် အနည်းငယ် လှုပ်ရှားခြင်းကပင် ပြင်းထန်သော နာကျင်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ယခု အနက်ရောင်သံကြိုးများ ပျက်ဆီးသွားပြီဖြစ်သောကြောင့် သူ၏ ခွန်အားများ ပြန်လည်ရရှိရန် ပိုမိုလွယ်ကူသွားပြီဖြစ်သည်။
မဟာချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်များပင် သူတို့၏ ခွန်အား ကိုးဆယ်ရာခိုင်နှုန်းကို ဖိနှိပ်ခံရပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက် ၎င်းက ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။ ထို့အပြင် သူက လွန်ခဲ့သော ဆယ်နှစ်အတွင်း အနက်ရောင်သံကြိုးများကို ဖျက်ဆီးနေခဲ့ရုံသာမက သူ၏ ဉာဏ်အလင်းများကိုလည်း မေ့လျော့ခြင်း မရှိခဲ့ပေ။
ထိုဆယ်နှစ်အတွင်း လင်းယွမ်က ကြယ်ခုနှစ်လုံးလှိုဏ်ဂူထဲမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ရာကျော်ကို အခြေခံအားဖြင့် ပေါင်းစည်းခဲ့သည်။
ရွှမ်ဟွမ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုပင် ဒုတိယအလွှာ၏ ဆယ်ပုံရှစ်ပုံကို နားလည်ခဲ့သည်။
" ငါ့ကို ကူညီဖို့ ဘာမှော်ပစ္စည်းမှမရှိတာ စိတ်မကောင်းစရာပဲ။ "
ခွန်အားများ ပြန်လည်ရယူခြင်းက မခက်ခဲဘဲ စွမ်းအားများ စုဆောင်းရန်သာ လိုအပ်လေသည်။ သူက အနီရောင်စိတ်ဝိညာဉ်အရည်ကိုသာ ယူလာနိုင်ခဲ့လျှင် သူ၏ ခွန်အားကို ပြန်လည်ရရှိရန် နေ့တစ်ဝက် သို့မဟုတ် နာရီအနည်းငယ်သာ ကြာပေလိမ့်မည်။ သို့သော် အနီရောင်စိတ်ဝိညာဉ်အရည်ကဲ့သို့ ရတနာများ မရှိပါက သူ၏ ခွန်အားပြန်လည်ရရှိရန် နှေးကွေးပေလိမ့်မည်။
လင်းယွမ်၏ နှေးကွေးသည်ဆိုသည်မှာ အနီရောင်စိတ်ဝိညာဉ်အရည်နှင့် ယှဉ်၍ ဖြစ်သည်။ အခြားကျင့်ကြံသူများ သို့မဟုတ် ထိုအဆင့်တက်မြန်သော နတ်ဆိုးများကတော့ သူနှင့် မယှဉ်နိုင်ပေ။ သူတို့က တူညီသော အဆင့်တွင်မဟုတ်ပေ။
နောက်ထပ်ဆယ်ရက်ကြာပြီးသောအခါ မဟာချောက်နက်၏ အနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် လူဆယ်ယောက်ကျော်က ရပ်ပြီး မဟာချောက်နက်ကို ကြည့်နေကြသည်။
" အရှင်..." ဦးဆောင်သူက အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ အကြည့်များက အေးစက်နေသည်။
" ကာကွယ်သူ " ထိုအချိန်တွင် အနက်ရောင်နှင့် လူတစ်ယောက်က လျင်မြန်စွာ ရောက်လာသည်။
အမျိုးသမီးကို အရိုအသေပေးပြီးနောက် ပြောလိုက်သည်။ " မိုယန်နတ်ဆိုးသခင်က အခု ကောင်းကင်ဓားဂိုဏ်း လိုက်ဖမ်းတာ ခံနေရလို့ အချိန်မီ မလာနိုင်တော့ဘူးလို့ ပြောတယ်။ "
" အဲ့ဒီကောင်...." ကာကွယ်သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ကောင်းကင်ဓားဂိုဏ်းက လိုက်ဖမ်းတာ ခံနေရတာလား။ မိုယန်၏ နဝမအဆင့် ခွန်အားနှင့် ကောင်းကင်ဓားဂိုဏ်း၏ နဝမအဆင့် ဆယ်ယောက်ကျော်ကို စုစည်းပြီး သတ်ဖြတ်ခြင်း မှော်အင်းကွက်တစ်ခု ပြင်ဆင်ထားလျှင်တောင် သူတို့က မိုယန်နတ်ဆိုးသခင်ကို တားဆီးနိုင်မည်မဟုတ်ပေ။
" အရှင်အနားမှာ ရှိတုန်းကတော့ အဲ့ဒီနတ်ဆိုးသခင်တွေက သူ့အတွက် သေပေးမတတ် သစ္စာခံခဲ့ကြတယ်။ အခု အရှင်က အဲ့ဒီရွံစရာကောင်းတဲ့ ထျန်ကျန်းဇီရဲ့ ချိတ်ပိတ်ခြင်းခံလိုက်ရတော့ ဘယ်သူမှကယ်ဖို့ မစဉ်းစားကြတော့ဘူး။ " ကာကွယ်သူက ဒေါသထွက်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
နတ်ဆိုးတာအိုမှ လူများတွင် ဘယ်သူက တစ်ကိုယ်ကောင်းမဆန်ဘဲနေမှာလဲ။ ဘာမျှော်လင့်ချက်မှမရှိဘဲ ရှဟိုယွမ်ကို ကယ်တင်ရန် ကြိုးစားခြင်းက လက်တွေ့မကျပေ။
သို့သော် မိုယန်နတ်ဆိုးသခင်က ရှဟိုယွမ်အပေါ်တွင် ကျေးဇူးကြွေးများစွာတင်ခဲ့ပြီး အနည်းဆုံးတော့ လိုလားမှုကို ပြသင့်ပေသည်။
" အားလုံးက အဲ့ဒီခွေးမ ပိုင်ချင်းအာရဲ့ အပြစ်တွေပဲ။ အဲ့ဒီမိန်းမကို သတိထားဖို့ ငါအရှင့်ကို အကြိမ်များစွာ သတိပေးခဲ့တယ်။ " သူမက ရှဟိုယွမ်နှင့် ထျန်ကျန်းဇီတို့၏ တိုက်ပွဲအကြောင်းကို ကောင်းကောင်းသိလေသည်။
ပိုင်ချင်းအာက အရှင်၏ နောက်ကျောကို ဓားနှင့်သာ မထိုးခဲ့လျှင် ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲ ပြောရန် ခက်ခဲလေသည်။
" ငါတို့ ထပ်စောင့်လို့မဖြစ်တော့ဘူး။ "
" မိုယန်နတ်ဆိုးသခင် မပါရင်တောင် ငါနောက်တစ်ကြိမ် ကြိုးစားမယ်။ " သူမက ဆုံးဖြတ်လိုက်သည်။
ရှဟိုယွမ်က မဟာချောက်နက်တွင် ချိတ်ပိတ်ခံရသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သောကြောင့် သူမက အမှန်တကယ် စိုးရိမ်နေသည်။
မဟာချောက်နက်၏ အပြင်ဘက်တွင် ကျောက်စီနှင့် အစောင့်များက ကင်းလှည့်နေကြသည်။
ထိုအချိန်တွင် လူဆယ်ယောက်ကျော်က ထိုနေရာသို့ လျင်မြန်စွာ ပြေးလာကြသည်။ မဟာချောက်နက်နှင့် နီးကပ်လာသော်လည်း သူတို့က အနည်းငယ်သာ ဖိနှိပ်ခံရပြီး သူတို့၏ အရှိန်က အလွန်လျင်မြန်နေသည်။
" မကောင်းတော့ဘူး။ အဲ့ဒါ နတ်ဆိုးလမ်းစဉ်ရဲ့ အကြွင်းအကျန်တွေပဲ။ " အတွေ့အကြုံရှိသော ကျောက်စီက အခြေအနေကို ချက်ချင်း သိလိုက်သည်။
ရှဟိုယွမ် မဟာချောက်နက်တွင် ချိတ်ပိတ်ခံထားရခြင်းက လျို့ဝှက်ချက်မဟုတ်ပေ။ နတ်ဆိုးအဖွဲ့များက သူ့ကို ကယ်တင်ရန် မကြာခန ရောက်လာခဲ့ကြသည်။
" နတ်ဆိုးတွေလား။ " သူ၏ ဘေးမှ အစောင့်အသစ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူက နတ်ဆိုးများကို တားဆီးရန် ပြင်လိုက်သည်။
" မင်းဘာလုပ်မလို့လဲ။ " အစောင့်အသစ်က ပြေးထွက်မသွားမီ ကျောက်စီက သူ့ကို ပြန်ဆွဲထားလိုက်သည်။
" ဟမ် " မေးခွန်းများစွာက အစောင့်အသစ်၏ စိတ်ထဲတွင် ပေါ်လာသည််။
" အဲ့ဒီနတ်ဆိုးတွေက သေမှာ မကြောက်ကြဘူး။ မင်းက သူတို့ဆီ သွားသေမလို့လား။ " ကျောက်စီက အခြားအစောင့်များကို ခေါ်ပြီး လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ လုံခြုံသော နေရာသို့ ရောက်သောအခါ ကျောက်စီက မဟာချောက်နက်၏ ဝင်ပေါက်သို့ လှမ်းကြည့်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း