နတ်ဆိုးအရှင် လွတ်မြောက်လာခြင်း....
Vol. 8 Ch. 129
နတ်ဆိုးအဖွဲ့က ဝင်ပေါက်၏ အပြင်ဘက်တွင် ရပ်ပြီး တစ်စုံတစ်ခု ပြုလုပ်ရန် ကြိုးစားနေကြသည်။
" ဦးလေးကျောက် ကျွန်တော်တို့က ဒီလိုပဲ ကြည့်နေမှာလား။ " အစောင့်အသစ်က နားမလည်နိုင်ဘဲ ပြောလိုက်သည်။
" မစိုးရိမ်ပါနဲ့။ သူတို့က မဟာချောက်နက်ဝင်ပေါက်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး။ " ကျောက်စီက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုဖြစ်ရပ်များက နှစ်စဉ်ဖြစ်နေကျဖြစ်သည်။ သို့သော် မဟာချောက်နက်က ထျန်ကျန်းဇီနှင့် လမ်းမှန်အင်အားစုများမှ သန်မာသူများ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။
ရှဟိုယွမ်ကိုလည်း မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ချုပ်နှောင်ထားခြင်းဖြစ်သည်။ ဝင်ပေါက်၏ ပထမအထပ်မှ ဆယ့်ရှစ်ထပ်မြောက်ထိ ဆန်းကြယ်ရွှေများဖြင့် ပြုလုပ်ထားပြီး အလွန်မာကျောလေသည်။
ယခင်နှစ်များတွင် နတ်ဆိုးများက မကြာခန ရောက်လာကြသော်လည်း သူတို့က ရှဟိုယွမ်ကို ကယ်ရန်မပြောနှင့် ပထမအထပ်ကိုပင် ချိုးဖျက်နိုင်စွမ်းမရှိကြပေ။
" ငါ ကျန်းကျန့်ကောကို ဆက်သွယ်ပြီးသွားပြီ။ သူနာရီဝက်နေရင် ရောင်လာလိမ့်မယ်။ " ကျောက်စီက ဆက်ပြောလိုက်သည်။
ကျန်းကျန့်ကောက အဋ္ဌမအဆင့်ဖြစ်ပြီး မဟာချောက်နက်ကို စောင့်ကြပ်ရန် အထူးတာဝန်ရှိသူဖြစ်သည်။ သို့သော် မဟာချောက်နက်၏ ပြင်းထန်သော ဖိအားကြောင့် ကျန်းကျန့်ကောက မဟာချောက်နက်နှင့် လီတစ်ရာအဝေးတွင်သာ နေထိုင်လေသည်။ မဟုတ်လျှင် သူက သာမန်အတိုင်း ကျင့်ကြံနိုင်မည်မဟုတ်ပေ။
မဟာချောက်နက်တွင် တစ်ခုခုဖြစ်လျှင် ကျောက်စီက သူ့ကို ဆက်သွယ်လိုက်ရုံသာဖြစ်ပြီး ကျန်းကျန့်ကောက ခနအတွင်း ရောက်လာပေလိမ့်မည်။
မဟာချောက်နက်၏ အပြင်ဘက်တွင် ကာကွယ်သူက ဘူးသီးခြောက်တစ်လုံးကို ထုတ်ပြီး အတွင်းမှ စေးကပ်သော အရည်များကို လောင်းချလိုက်သည်။ စူးရှသော အသံများနှင့်အတူ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ဝင်ပေါက်တံခါး၏ အပေါ်ယံအလွှာက ပျက်စီးသွာယပြီးအတွင်းမှ ရွှေရောင်အလွှာတစ်ခု ပေါ်လာသည်။
" မဟုတ်ဘူး။ " ၎င်းကို မြင်သောအခါ ကာကွယ်သူက ချက်ချင်း စိတ်ပျက်သွားသည်။
ဘူးသီးခြောက်ထဲမှ အရည်ကို အရာအားလုံးချေဖျက်သူဟုခေါ်ပြီး အလွန်မာကျောသော အရာများပင် ထိုအရည်၏ အောင်တွင် ပျောက်ကွယ်သွားရလေသည်။
ကာကွယ်သူက အရာအားလုံးချေဖျက်သူဖြင့် မဟာချောက်နက်၏ ဝင်ပေါက်ကို ပြုလုပ်ထားသော ဆန်းကြယ်ရွှေကို ဖျက်ဆီးရန် တွေးခဲ့သည်။ ယခု သူမက အတွေးလွန်နေပုံရလေသည်။
" အရှင် " ကာကွယ်သူက သူမ၏ ညာလက်ကို ဝင်ပေါက်တံခါးပေါ်သို့ တင်လိုက်သည်။
" ငါ အသုံးမကျဘူး။ " ကာကွယ်သူ၏ မျက်လုံးများက နီရဲလာသည်။
" အချိန်ကုန်ခါနီးပြီ။ ခနနေရင် ကျန်းကျန့်ကော ရောက်လာတော့မယ်။ " သူမဘေးမှ လူက ပြောလိုက်သည်။
" ကျန်းကျန့်ကော " ကာကွယ်သူက အသက်ပြင်းပြင်းရှုလိုက်သည်။
" မိုယန်နတ်ဆိုးသခင် " အကယ်၍ မိုယန်နတ်ဆိုးသခင်သာ ရှိပါက ကျန်းကျန့်ကောကို တားဆီးပြီး သူမကို အချိန်ပိုရစေနိုင်လေသည်။
" အရှင် ခနစောင့်ပေးပါ။ ကျွန်မပြန်လာခဲ့ပါမယ်။ " ထိုသို့ပြောပြီး ကာကွယ်သူက သူမ၏ နောက်လိုက်များကို ခေါ်ကာ လျင်မြန်စွာ ထွက်ခွာသွားသည်။
အချိန်ကြာလာသည်နှင့်အမျှ ရှဟိုယွမ်၏ စစ်မှန်သော သစ္စာခံများက တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ ထို့ကြောင့် ကာကွယ်သူက သူမ၏ နောက်လိုက်များကို အလကားအသေမခံလိုပေ။
ကျန်းကျန့်ကောက အဋ္ဌမအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး သူသာရောက်လာပါက သူမတို့ အန္တရာယ်မရှိဘဲ နောက်ဆုတ်နိုင်ရန် ခက်ခဲလေသည်။
ကာကွယ်သူတို့ထွက်သွားသည်နှင့် အဝေးမှ အစောင့်အဖွဲ့က ပြန်လည်ရောက်လာခဲ့သည်။
" ကြည့်လိုက်။ အဲ့ဒီ နတ်ဆိုးလမ်းစဉ် အကြွင်းအကျန်တွေက ဝင်ပေါက်ရဲ့ ဆန်းကြယ်ရွှေကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ကျောက်စီက ဝင်ပေါက်တံခါးကို သေချာစစ်ဆေးပြီး အပြင်ဘက် အလွှာပါးလေးတစ်ခုသာ ပျက်ဆီးသွားသည်ကို မြင်သောအခါ သူက ရယ်ပြီးပြောလိုက်သည်။
" ဟားဟား ဒီနတ်ဆိုးလမ်းစဉ်ရဲ့ အကြွင်းအကျန်တွေက တကယ်မောက်မာတာပဲ။ ဒီဝင်ပေါက်က ဂိုဏ်းခေါင်းဆောင် ထျန်ကျန်းဇီကိုယ်တိုင် ပြုလုပ်ထားတာပဲ။ သူတို့က ပထမဝင်ပေါက်ကို ဖျက်ဆီးနိုင်ရင်တောင် နောက်ထပ် ဆယ့်ခုနှစ်ခု ကျန်သေးတယ်။ "
" မင်းတို့က ရှဟိုယွမ်ကို ကယ်နိုင်လိမ့်မယ်လို့ အိပ်မက်မက်နေကြတာပဲ။ "
" ငါ့အမြင် ရှဟိုယွမ်က တိုက်ခိုက်ရေးစွမ်းအား အထွတ်အထိပ်ကို ရောက်နေရင်တောင် မဟာချောက်နက် ဆယ့်ရှစ်ထပ်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး။ "
အစောင့်များက ဝင်ပေါက်အကြောင်း ယုံကြည်မှုရှိစွာ ပြောနေကြသည်။
ရုတ်တရက် ထိုအချိန်တွင်....
ခရက် ခရက်....
ကွဲအက်သံများ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
" ဟမ် အဲ့ဒါ ဘာအသံလဲ။ " ကျောက်စီက ထက်ရှသော ခံစားမှုကြောင့် ချက်ချင်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
အခြားအစောင့်များကလည်း အနည်းငယ် ထိတ်လန့်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
" အဲ့ဒါ အဲ့ဒါ ဝင်ပေါက်တံခါးက လာတာထင်တယ်။ " အစောင့်အသစ်လေး၏ အသံက ထွက်ပေါ်လာသည်။
ထိုခနတွင် သူက မဟာချောက်နက်၏ ဝင်ပေါက်ကို ကြည့်နေပြီး သူ၏ မျက်လုံးများက ပြူးကျယ်နေသည်။
" မင်းဘာပြောလိုက်တာလဲ။ " ကျောက်စီ၏ စိတ်က တင်းကျပ်သွား၏။ သူက လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။ သို့သော် ထိုအကြည့်နှင့် ကျောက်စီက ဘယ်တော့မှမမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မဟာချောက်နက်၏ ဝင်ပေါက်တံခါးက အက်ကြောင်းများ ဆက်တိုက်ထွက်ပေါ်လာပြီး နေရာအနှံ့ ပြန့်နှံ့သွားသည်။ ခနအတွင်း တံခါးတစ်ခုလုံး ဖုံးလွှမ်းသွား၏။
" မကောင်းတော့ဘူး။ " ကျောက်စီ၏ နှလုံးခုန်သံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
သူစကားမပြောနိုင်မီ မဟာချောက်နက်၏ ဝင်ပေါက်တံခါးက ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်သွားသည်။ ဆန်းကြယ်ရွှေအပိုင်းအစများက ကြယ်ပျံ့များကဲ့သို့ အဖက်ဖက်သို့ လွင့်စင်သွားကြသည်။
သို့သော် ထိုအပိုင်းအစများကို ဘယ်သူမှဂရုမစိုက်ဘဲ မဟာချောက်နက်၏ ဝင်ပေါက်ကိုသာ စူးစိုက် ကြည့်နေကြသည်။
ထို့နောက် ညင်သာသော ခြေသံက ချောက်နက်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ လူတိုင်း၏ တုန်လှုပ်သော အကြည့်များ အောက်တွင် စုတ်ပြဲနေသော အဝတ်အစားများနှင့် လူတစ်ယောက်က ဖြည်းညင်းစွာ ထွက်လာသည်။ ထိုလူက အလင်းစူးစူးများကြောင့် သူ၏ လက်ကို မြှောက်ပြီး မျက်လုံးများကို ကာထားလိုက်သည်။
" လွတ်လပ်မှု " ထိုလူက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သည်နှင့် ဆယ်မိုင်ပတ်လည်အတွင်းမှ ယွမ်ချီများက သူ့ဆီသို့ အတင်းအကျပ်စုပ်ယူခြင်း ခံလိုက်ရသည်။
" နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး လွတ်လပ်မှု၏ အရသာကို ခံစားနေသည်။
သူရောက်ရှိလာချိန်တွင် ရှဟိုယွမ် ချုပ်နှောင်ခံထားရသည်မှာ ငါးနှစ်ရှိပြီဖြစ်သည်။ သူက မြေအောက်ဆယ့်ရှစ်ထပ်မြောက်တွင် နှစ်နှစ်ဆယ် ကုန်ဆုံးခဲ့သည်။ ပထမဆယ်နှစ်က အနက်ရောင်သံကြိုးချောက်ချောင်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။
နောက်ဆယ်နှစ်တွင် သူက အနက်ရောင်သံကြိုးများမှ လွတ်မြောက်သွားခဲ့သော်လည်း မဟာချောက်နက်အတွင်းမှ ပြင်းထန်သော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။
နှစ်နှစ်ဆယ်ကြာ လွတ်လပ်မှုမရှိဘဲ အဆုံးမရှိသော အမှောင်နှင့် အေးစက်ခြင်းတွင် နေခဲ့ရသည်။
ထိုနေရာတွင် မူလကမ္ဘာမှ အသက်တစ်ရာအောက် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ထားလိုက်ပါက မကြာမီ သူတို့၏ စိတ်များ ပြိုလဲသွားပေလိမ့်မည်။ ၎င်းက ခွန်အားနှင့် မဆိုင်ဘဲ စိတ်ဆန္ဒ၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်တွင် လင်းယွမ်က ဖိနှိပ်မှုမှ လွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုး စဉ်းစားမိခဲ့သည်။ သူ၏ သွေးနှင့် ချီကို လှည့်ပတ်ပြီး အနက်ရောင်သံကြိုးများကို တိုက်စားခြင်းအပြင် အခြားနည်းလမ်းအချို့လည်း ရှိနေခဲ့သည်။
စိတ်ဝိညာဉ်ခွဲထွက်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း နည်းစနစ်ကို အသုံးပြုပြီး မူလစိတ်ဝိညာဉ်နှင့် ထွက်သွား၍ ခန္ဓာအသစ်ရှာဖွေရန် ဖြစ်သည်။
ထျန်ကျန်းဇီက ရှဟိုယွမ်၏ ရုပ်ခန္ဓာနှင့် မူလစိတ်ဝိညာဉ်တို့အပေါ်တွင် ချိတ်စည်းများစွာ ထားခဲ့ပြီး ရှဟိုယွမ်က မချို့ဖျက်နိုင်သော်လည်း လင်းယွမ်က မတူပေ။
သို့သော် မူလစိတ်ဝိညာဉ် လွတ်မြောက်ခြင်းက အန္တရာယ်များသည့်အပြင် ခန္ဓာကိုယ်အသစ်နှင့် သဟဇာတဖြစ်ရန်လည်း လိုအပ်လေသည်။ ထို့ကြောင့် လင်းယွမ်က စိတ်ဓာတ်ကျစရာအကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းလမ်းကို ရွေးချယ်ခဲ့သည်။
" ပိုပြီးရှုသွင်းရမယ်။ " လင်းယွမ်က မိုင်တစ်ရာအတွင်းမှ ယွမ်ချီများကို စုပ်ယူပြီး သူ၏ ခန္ဓာကိုယ်က စိုပြေလာသည်။
မဟာချောက်နက်ထဲတွင် ဆယ်နှစ်ကြာပြီးနောက် လင်းယွမ်က ရှဟိုယွမ်၏ မူလခွန်အား နဝမအဆင့် အထွတ်အထိပ်ကို ပြန်လည်ရရှိခဲ့သည်။ သို့သော် ချောက်နက်၏ ဆယ့်ရှစ်ထပ်ကို ဖျက်ဆီးရန် သူက ဆက်လက်လေ့ကျင့်ခဲ့သည်။
ထို့အပြင် ရှဟိုယွမ်၏ အထွတ်အထိပ်ခွန်အားက လင်းယွမ်၏ အထွတ်အထိပ် ခွန်အားမဟုတ်ပေ။ သို့သော် နဝမအဆင့်၏ ခွန်အားက လင်းယွမ်ကို ကြောက်ရွံ့မှုကင်းမဲ့စေလေသည်။
လင်းယွမ်၏ လွတ်လပ်မှုကြောင့် ပျော်ရွှင်ခြင်းနှင့် ယှဉ်လျှင် ကျောက်စီနှင့် အခြားအစောင့်များက ကြောက်ဒူးတုန်နေကြသည်။
တူညီသော ဓားတစ်ချောင်းကို သာမန်လူက ကိုင်ထခြင်းနှင့် ဓားသမားက ကိုင်ထားခြင်းတို့မှာ သဘာဝအတိုင်း ကွဲပြားလေသည်။ သူ၏ ကျွမ်းကျင်သော စွမ်းအားထိန်းချုပ်မှုနှင့် လျို့ဝှက်နည်းစနစ်များဖြင့် လွန်ခဲ့သော ၂၅နှစ်မှ ထျန်ကျန်းဇီက သူ့ရှေ့တွင် သတ္တိကောင်းစွာဖြင့် ပေါ်လာပါက ဆယ်ကွက်ကျော်အတွင်း ဖိနှိပ်ခံရပေလိမ့်မည်။
သူတို့ဘယ်သူကို မြင်လိုက်ရတာလဲ။
လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်မှ နယ်မြေငါးခုရှိ လူများကို ဒုက္ခရောက်စေခဲ့သော ဒဏ္ဍာရီထဲမှ မဟာနတ်ဆိုးအရှင် ရှဟိုယွမ်။
ကျောက်စီ၏ စိတ်က ရှုပ်ထွေးနေသည်။ နတ်ဆိုးလမ်းစဉ် အကြွင်းအကျန်များကိုပင် မတားဆီးနိုင်ဘဲ ယခုက မဟာနတ်ဆိုးအရှင် ဖြစ်သည်။
" ပြီးသွားပြီ။ " ကျောက်စီက မြေပြင်တွင် ထိုက်ချလိုက်သည်။ သူက ထွက်ပြေးရန် လုံးဝမတွေးပေ။
သူက ထိုဒဏ္ဍာရီလာနတ်ဆိုး၏ လက်ရှိခွန်အားကို မသိသော်လည်း သူတို့လို ယင်ကောင်လေးများနှင့် ရင်ဆိုင်ရာတွင် အကြည့်တစ်ချက်က လုံလောက်လေသည်။
ယခု ထွက်ပြေးခဲ့လျှင် သူတို့၏ သေဆုံးခြင်းက ပို၍လျင်မြန်နေပေလိမ့်မည်။ ကျောက်စီနှသ့် အခြားသူများက မဟာနတ်ဆိုး၏ အာရုံစိုက်မှုကို ရရှိသွားမည်စိုးသောကြောင့် မော့မကြည့်ရဲဘဲ ခေါင်းကိုသာ ငုံ့ထားကြလေသည်။
မိုင်အနည်းငယ်အဝေးတွင် သူမ၏ နောက်လိုက်များနှင့် လျင်မြန်စွာ နောက်ဆုတ်နေသော ကာကွယ်သူက မဟာချောက်နက်၏ ဝင်ပေါက်မှ ပြောင်းလဲမှုများကို သတိပြုမိသွားသည်။ သူမက စစ်ဆေးရန် နောက်သို့ လှည့်ကြည့်လိုက်သည်။
" အရှင် " ကာကွယ်သူက ချက်ချင်း မင်သက်သွားသည်။
နှစ်ဆယ့်ငါးနှစ်လုံးလုံး မတွေ့ခဲ့ရသော်လည်း သူမက မဟာချောက်နက်တွင် ရပ်နေသော လူကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်လေသည်။
" အရှင် " အခြားအဖွဲ့ဝင်များကလည်း မျက်လုံးပြူးသွားကြသည်။
ဝှစ်....
ကာကွယ်သူက နှစ်ခါမတွေးဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မဟာချောက်နက်ဝင်ပေါက်သို့ ပြေးသွားခဲ့သည်။
ခနအတွင်း သူမက လင်းယွမ်ရှေ့သို့ ရောက်သွားသည်။ ထိုခနတွင် ထိုလူက နယ်မြေငါးခု နတ်ဆိုးလမ်းစဉ်၏ ခေါင်းဆောင် ဒဏ္ဍာရီလာနတ်ဆိုး ရှဟိုယွမ်ဖြစ်သည်ကို သူမက သေချာသွားသည်။
" အရှင်ကို နှုတ်ဆက်ပါတယ်။ " ကာကွယ်သူက ခံစားချက်များနှင့်အတူ သူမက စိတ်လှုပ်ရှားစွာဖြင့် လင်းယွမ်ကို ဒူးထောက်ပြီး နှုတ်ဆက်လိုက်သည်။
" အရှင်ကို နှုတ်ဆက်ပါတယ်။ " အခြားနတ်ဆိုးများကလည်း ပြေးလာကြပြီး ဒူးထောက်လိုက်ကြသည်။
" နွမ်ရှု..." လင်းယွမ်က ကာကွယ်သူနွမ်ကို တစ်ချက်ကြည့်ပြီး လေးနက်သွားသည်။
ရှဟိုယွမ်၏ မှတ်ဉာဏ်များထဲတွင် နွမ်ရှုက ကလေးဘဝကတည်းက သူကောက်ယူမွေးစားခဲ့ပြီး သူ့နောက်လိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရှဟိုယွမ် ဖမ်းဆီးခံလိုက်ရချိန်တွင် အခြားနတ်ဆိုးသခင်များက ပြန့်ကြဲသွားကြသော်လည်း နွမ်ရှုတစ်ယောက်သာ သူမ၏ အရှင်ကို ကယ်တင်ရန် တွေးခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးများကြားတွင် နွမ်ရှုက ရှဟိုယွမ်ကို သစ္စာအရှိဆုံး ဖြစ်လေသည်။ နတ်ဆိုးများအတွက် သစ္စာစောင့်သိခြင်းက အဓိပ္ပါယ်မရှိသော အရာဖြစ်သည်။
အစပိုင်းတွင် ရှဟိုယွမ်က နယ်မြေငါးခု နတ်ဆိုးလမ်းစဉ်မှ နတ်ဆိုးသခင်များကို အမိန့်ပေးနိုင်ခြင်းမှာ သစ္စာစောင့်သိမှုကြောင့်မဟုတ်ဘဲ အကြွင်းမဲ့ခွန်အားကြောင့်သာ ဖြစ်သည်။ သူက နတ်ဆိုးအားလုံးကို ဖိနှိပ်ခဲ့သောကြောင့် ဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း