အဋ္ဌမအဆင့်ကို သတ်ဖြတ်ခြင်း....
Vol. 8 Ch. 130
မိုင်တစ်ရာအဝေးတွင် ဓားအလင်းတန်းတစ်ခုက အလွန်လျင်မြန်စွာ ပျံသန်းနေသည်။
" အဲ့ဒီနတ်ဆိုးကောင်တွေ သူတို့က ခနခန လာနေကြတာပဲ။ " ကျန်းကျန့်ကောက ဒေါသများနှင့် ပြည့်နှက်နေသည်။
အဋ္ဌမအဆင့် စွမ်းအားကြီးသူတစ်ယောက်အနေဖြင့် ထိုအေးစက်သော မြောက်ပိုင်းနယ်မြေတွင် နေရခြင်းကပင် သူ့ကို မကျေမနပ် ဖြစ်စေလေသည်။
မြောက်ပိုင်းနယ်မြေ မဟာချောက်နက်အနီးမှ ယွမ်ချီများက နည်းပါးပြီး ထိုနေရာတွင် အချိန်ကြာ နေခြင်းက တိုးတင်ရန် မပြောနှင့် သူ၏ လက်ရှိအဆင့်ကိုပင် ထိန်းသိမ်းရန် မလွယ်ကူပေ။
ထျန်ကျန်းဇီကိုယ်တိုင် တောင်းဆိုခြင်းနှင့် လက်ဆောင်အချို့ မပေးခဲ့လျှင် သူက ဤနေရာသို့ လာမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် ကျန်းကျန့်ကောက မဟာချောက်နက်၏ အနီးတွင် မနေဘဲ မိုင်တစ်ရာအဝေးတွင် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ ထိုအကွာအဝေးနှင့် မဟာချောက်နက်တွင် တစ်ခုခုဖြစ်လျှင် သူက ချက်ချင်းလာနိုင်လေသည်။
" ဒီတစ်ကြိမ် ငါသူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်။ အဲ့ဒါမှ နောက်မလာရဲဘဲနေမှာ။ " ကျန်းကျန့်ကောက စိတ်ထဲတွင် အစီအစဉ်ဆွဲလိုက်သည်။
အတိတ်တွင် သူရောက်လာသောအခါ နတ်ဆိုးများက အဝေးသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။ သူက သူတို့ကို လိုက်ဖမ်းပြီး နတ်ဆိုးသခင်တစ်ယောက်ကို သတ်နိုင်လျှင်တောင် ဘာအကျိုးအမြတ်မှ မရဘဲ သူကိုယ်တိုင်ပင် ဒဏ်ရာရသွားနိုင်လေသည်။
သို့သော် ယခုအချိန်တွင် ကျန်းကျန့်ကောက သူ၏ စိတ်ကို ပြောင်းလဲခဲ့သည်။ သူက သူ၏ ခွန်အားကို မပြလျှင် ထိုနတ်ဆိုးလမ်းစဉ် အကြွင်းအကျန်များက ပို၍ ရဲတင်းလာကြပေလိမ့်မည်။
" ဟမ် " ကျန်းကျန့်ကောက မဟာချောက်နက်အနီးသို့ အလွန်လျင်မြန်စွာ ရောက်ရှိသွားသည်။ သူက ရုတ်တရက် အေးခဲသွား၏။
အရပ်အသီးသီးမှ ယွမ်ချီများက မဟာချောက်နက်ရှိရာသို့ လျင်မြန်စွာ စီးဆင်းသွားကြသည်။ ကျန်းကျန့်ကော၏ ပတ်ဝန်းကျင်ရှိ ဆယ်မိုင်ကျော်က ထိုကဲ့သို့ပင် ဖြစ်သည်။
" ဘာဖြစ်တာလဲ။ " ကျန်းကျန့်ကောက ထိတ်လန့်သွား၏။
မြောက်ပိုင်းမဟာချောက်နက်အနီးတွင် ထိုမျှအကွာအဝေးအတွင်း ယွမ်ချီများကို စုစည်းရန် လွယ်ကူသော အလုပ်မဟုတ်ပေ။ သူပင် ထိုကဲ့သို့ လုပ်နိုင်ရန် ခက်ခဲသည်ဟု ဝန်ခံရပေလိမ့်မည်။ နဝမအဆင့်များသာ ထိုကဲ့သို့ လုပ်နိုင်ရန် ယုံကြည်ချက်ရှိလိမ့်မည်ဟု သူထင်လေသည်။
သို့သော် ဘာလို့မြောက်ပိုင်းနယ်မြေ မဟာချောက်နက်လဲ။ နဝမအဆင့် စွမ်းအားကြီးသူများက မလိုအပ်ဘဲ ထိုနေရာသို့ လာကြမည်မဟုတ်ပေ။
" ရှဟိုယွမ်ကို ကယ်တင်ဖို့ နတ်ဆိုးသခင်တွေ ရောက်လာတာလား။ " ကျန်းကျန့်ကောက မျက်ခုံးများပင့်သွား၏။
နယ်မြေငါးခုမှ နတ်ဆိုးသခင်များက နှလုံးသားမရှိသူများဖြစ်သည်။ အထူးသဖြင့် နဝမအဆင့်များက တစ်စုံတစ်ယောက်က ကျရှုံးခဲ့လျှင် သူတို့က မကယ်တင်မည့်အပြင် ဝမ်းပင်သာနေကြပေလိမ့်မည်။
ရှဟိုယွမ် မရှိသောအခါ နတ်ဆိုးသခင်များက လွတ်လပ်သွားကြပြီး ထျန်ကျန်းဇီပင် သူတို့ကို မထိန်းနိုင်ခဲ့ပေ။ ရှဟိုယွမ်ကို ဒုက္ခခံပြီး ကယ်တင်ကြမည်မဟုတ်ပေ။
ထို့အပြင် နဝမအဆင့်အချို့ပင် မဟာချောက်နက် ဆယ့်ရှစ်ထပ်ထိရောက်ရန် အနည်းဆုံး နှစ်ဝက်ကြာပေလိမ့်မည်။ ထျန်ကျန်းဇီက သူတို့ကို ထိုမျှအချိန်ပေးမည်မဟုတ်ပေ။
" အဲ့ဒါ ရတနာတစ်ခုခုလား။ " ကျန်းကျန့်ကောက ရုတ်တရက် တွေးလိုက်သည်။
နဝမအဆင့်တစ်ယောက် မဟုတ်လျှင် ရတနာတစ်ခုကပင် ကောင်းကင်နှင့်မြေကြီးကြား ထိုကဲ့သို့ ထူးခြားဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်လေသည်။ ၎င်းက အမှန်တကယ် ရတနာတစ်ခုဖြစ်ခဲ့လျှင် သာမန်ရတနာတော့ မဖြစ်နိုင်ပေ။
" ငါ အခွင့်အလမ်းတစ်ခု ကြုံတွေ့ရပြီထင်တယ်။ " ကျန်းကျန့်ကောက မဟာချောက်နက်သို့ ပျံသန်းနေရင်း သူ၏ မျက်လုံးများက တောက်ပသွား၏။
သူက အဝေးမှ လေ့လာကြည့်ရန် စီစဉ်ထားသည်။ အကယ်၍ ရတနာတစ်ခု ဖြစ်ခဲ့လျှင် သူကိုယ်တိုင် သွားယူမည်ဖြစ်သည်။ နဝမအဆင့်နတ်ဆိုးသခင်များ ဖြစ်ခဲ့လျှင် သူက နောက်လှည့်ပြီး ထွက်သွားနိုင်လေသည်။
ကျန်းကျန့်ကောက နဝမအဆင့် နတ်ဆိုသခင်များ၏ ပြိုင်ဘက်မဟုတ်လျှင်တောင် သူက အကွာအဝေးတစ်ခုအထိတော့ ထိန်းထားနိုင်လေသည်။
ဝှစ်.....
မကြာမီ ကျန်းကျန့်ကောက မဟာချောက်နက် မိုင်အနည်းငယ် အနီးသို့ ရောက်လာသည်။
" ငါကြည့်လိုက်စမ်းမယ်။ " သူက လေထဲတွင် ပျံသန်းနေပြီး ပတ်ဝန်းကျင်ကို ရှာဖွေကြည့်လိုက်သည်။ သို့သော် သူက ရုတ်တရက် အေးခဲသွား၏။
စုတ်ပြတ်နေသော အဝတ်အစားများနှင့် လူတစ်ယောက်က မဟာချောက်နက်၏ ဝင်ပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ နွမ်ရှုနှင့် အခြားနတ်ဆိုးများက ထိုလူ၏ ရှေ့တွင် ဒူးထောက်နေကြသည်။
" ရှဟိုယွမ် " ကျန်းကျန့်ကော၏ ဦးရေပြားများ ထုံကျဉ်သွားသည်။ ထိုထူးခြားသော အဖြစ်အပျက်က ရှဟိုယွမ်ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ထျန်ကျန်းဇီက ရှဟိုယွမ်၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ချိတ်ပိတ်ပြီး မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် အကျဉ်းချထားခဲ့သည်။ သို့သော် သူက ဘယ်လိုလုပ်လွတ်မြောက်သွားတာလဲ။
ကျန်းကျန့်ကော၏ စိတ်က ဖရိုဖရဲ ဖြစ်သွားပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေသည်။
ပြေးရန်ပင်။ ထို့နောက် သူက ကောင်းကင်ဓားဂိုဏ်းသို့ ပြန်ပြီး အဖြစ်အပျက်ကို ပြောပြရပေလိမ့်မည်။
" အဋ္ဌမအဆင့် " လင်းယွမ်က နွမ်ရှုပြောပြသော ယခင်နှစ်များမှ အဖြစ်အပျက်များကို နားထောင်နေသည်။
ရုတ်တရက် သူက တစ်စုံတစ်ခုကို ခံစားမိပြီး သူမော့ကြည့်လိုက်သောအခါ ထိတ်လန့်တကြားထွက်ပြေးနေသော ကျန်းကျန့်ကောကို မြင်လိုက်ရသည်။
" အရှင် အဲ့ဒါဒီနေရာမှာ တာဝန်ရှိတဲ့ ကျန်းကျန့်ကောပဲ။ " နွမ်ရှုက ထွက်ပြေးနေသော လူကို ချက်ချင်းမှတ်မိသွားသည်။
" ကောင်းတယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး လေထဲသို့ ဖမ်းဆုပ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း......
ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများက လက်ကြီးတစ်ဖက်အဖြစ် ဖြစ်ပေါ်လာပြီး ဆယ်မိုင်ကျော်အဝေးမှ ကျန်းကျန့်ကောကို ဖမ်းဆုပ်သွားသည်။
" မဟုတ်ဘူး။ " ကျန်းကျန့်ကော၏ စိတ်ဝိညာဉ်က တုန်ခါသွားပြီး ပြင်းထန်စွာ ရုန်းကန်လိုက်သည်။
ကံဆိုးစွာပင် ကောင်းကင်နှင့်မြေကြီး၏ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင် ကျန်းကျန့်ကောက မည်မျှရုန်းကန်သည်ဖြစ်စေ လွတ်မြောက်နိုင်စွမ်းမရှိပေ။
ဝုန်း....
ကြီးမားသော လက်က ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်။ ကျန်းကျန့်ကော၏ ခန္ဓာကိုယ်က တိုက်ရိုက်ပေါက်ကွဲသွားပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ချက်ချင်း မဟာချောက်နက်၏ ဝင်ပေါက်မှ လင်းယွမ်က ဖြည်းညင်းစွာ ရှုသွင်းလိုက်သည်။ သွေးမြူခိုးများနှင့် မူလစိတ်ဝိညာဉ်၏ အဆီအနှစ်များက နဂါးတစ်ကောင်အဖြစ်ပြောင်းလဲပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ယွမ်ချီများကို စုပ်ယူခြင်းနှင့်ယှဉ်လျှင် သန်မာသော လူများနှင့် သွေးနှင့် မူလစိတ်ဝိညာဉ်ကို လုယူခြင်းက ပို၍ ထိရောက်လေသည်။
" အရှင် " ဘေးတွင် ရပ်နေသော နွမ်ရှုက တံတွေးများ မျိုချလိုက်သည်။
သူမက လင်းယွမ် ကျန်းကျန့်ကောအား ဝါးမျိုလိုက်ခြင်းကို မအံ့ဩပေ။ သူမ အံ့ဩသည်မှာ သာမန် နဝမအဆင့်လက်ထဲမှပင် လွတ်မြောက်နိုင်သော အဋ္ဌမအဆင့် အထွတ်အထိပ် ကျန်းကျန့်ကောကို တစ်ချက်တည်း သတ်ပစ်ခဲ့သော လင်းယွမ်၏ ခွန်အား ဖြစ်သည်။
ထိုအပြင် ကျန်းကျန့်ကောက အကွာအဝေးတစ်ခုမှ လှည့်ပြေးခဲ့ခြင်း ဖြစ်သည်။ အစတွင် သူမက လင်းယွမ်မှာ မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ဖိနှိပ်ခံထားရသောကြောင့် သူ၏ ခွန်အားများ အလွန်အားနည်းနေမည်ဟု ထင်ခဲ့သည်။ သို့သော် ယခု သူမ အတွေးလွန်နေပုံရသည်။
ယခု လင်းယွမ်ပြသခဲ့သော ခွန်အားက လွန်ခဲ့သော ၂၅နှစ်ကထက်ပင် ပို၍ သာလွန်နေသည်။
" ကျန်း ကျန်းကျန့်ကောက အဲ့လိုပဲ သေသွားတာလား။ " ကျောက်စီနှင့် အခြားအစောင့်များက ထိတ်လန့်သွားကြပြီး သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်လေးတစ်ခု ရှိနေခဲ့သည်။ ထိုမျှော်လင့်ချက်က ကျန်းကျန့်ကောဖြစ်၏။
နွမ်ရှုနှင့် အခြားနတ်ဆိုးများ ရောက်လာကတည်းက ကျောက်စီမှာ ကျန်းကျန့်ကောကို သတင်းပို့ထားခဲ့သည်။ ကျောက်စီက မသန်မာလျှင်တောင် ရှဟိုယွမ်က မြေအောက်ဆယ့်ရှစ်ထပ်မှ လွတ်မြောက်လိုလျှင် ကြီးမားသော တန်ကြေးအား ပေးဆပ်ရမည်ကို သိထားလေသည်။
ထို့ကြောင့် အဋ္ဌမအဆင့် အထွတ်အထိပ် ကျန်းကျန့်ကော ရောက်လာမည်အချိန်ကို စောင့်နေခဲ့သည်။ ထို့နောက် ရှဟိုယွမ်ထွက်သွားလျှင် သူတို့က အသက်ရှင်နိုင်ပြီ ဖြစ်သည်။ သို့သော် သူတို့၏ အတွေးများက ဆန့်ကျင်ဘက်ဖြစ်လာသည်။
ရှဟိုယွမ်က မထွက်သွားသည့်အပြင် ကျန်းကျန့်ကောကိုပင် ဝါးမျိုပစ်ခဲ့သည်။
" ဟမ် " ကျန်းကျန့်ကော၏ သွေးနှင့် မူလစိတ်ဝိညာဉ်အဆီအနှစ်တို့ကို စုပ်ယူပြီးနောက် လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ကျန်းကျန့်ကော၏ သွေးနှင့် မူလစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်ခြင်းက သူ့ကို အမှန်တကယ် အားဖြည့်ပေးလေသည်။ သို့သော် စုပ်ယူလိုက်ချိန်တွင် ကျန်းကျန့်ကော၏ စိတ်ဝိညာဉ်အညစ်အကြေးများက သူ့အပေါ်သို့ သက်ရောက်လာသည်ကို ခံစားမိခဲ့သည်။
မှန်၏ ထိုအညစ်အကြေးများကို လင်းယွမ်၏ လက်ရှိအဆင့်နှင့် အလွယ်တကူ ချေဖျက်နိုင်လေသည်။ သို့သော် လင်းယွမ်က သူ၏ ခွန်အားကို ပြန်လည်ရရှိရန် သို့မဟုတ် ပိုမြင့်သော အဆင့်သို့ တက်လှမ်းရန် ထိုနည်းလမ်းကို အသုံးပြုခဲ့ပါက ပို၍ ပမာဏများသော အညစ်အကြေးများက သူ၏ စိတ်ဝိညာဉ်သန့်ရှင်းမှုကို ထိခိုက်စေနိုင်လေသည်။
" ဒီကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တကယ်ထူးဆန်းတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကျန်းကျန့်ကောကို ဝါးမျိုရန် သူ အသုံးပြုလိုက်သော နည်းလမ်းက ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လျို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရာအားလုံးကို ဝါးမျိုခြင်းဖြင့် မိမိကိုယ်ကို အားဖြည့်နိုင်လေသည်။ သို့သော် ပို၍ ဝါးမျိုလေ အသုံးပြုသူ၏ စိတ်ကို ထိခိုက်နိုင်လေဖြစ်သည်။
ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ နည်းစနစ်က နတ်ဆိုးလမ်းစဉ်၏ လျို့ဝှက်နည်းစနစ်များထက် ပို၍ သာလွန်လေသည်။ ထိုနည်းစနစ်ကိုသာ ဖြန့်ဝေလိုက်ပါက ကမ္ဘာပေါ်ရှိ နတ်ဆိုးများကြားတွင် တော်ဝင်နည်းစနစ်တစ်ခုပင် ဖြစ်လာပေလိမ့်မည်။
" သွားစို့ အရင်ဆုံး တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာရအောင်။ " လင်းယွမ်က တုန်လှုပ်နေဆဲ ဖြစ်သော နွမ်ရှုကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " လင်းယွမ်၏ စကားများကြားသောအခါ နွမ်ရှုက လင်းယွမ်ကို အနီးရှိ သူတို့နေရာသို့ ခေါ်သွားခဲ့သည်။
လင်းယွမ်နှင့် သူ၏ အဖွဲ့ လုံးဝပျောက်ကွယ်သွားမှသာ ကျောက်စီနှင့် အခြားအစောင့်များက လှုပ်ရှားရဲကြလေသည်။
" ငါတို့ ငါတို့ အသက်ရှင်နေသေးတာလား။ " သေဘေးမှ လွတ်မြောက်သွားသော အစောင့်များက အလွန်ဝမ်းသာသွားကြပြီး မျက်ရည်များပင် ကျလာကြသည်။
" ရှဟိုယွမ်ရဲ့ မျက်လုံးထဲမှ ငါတို့က ပုရွက်ဆိတ်တွေလို့တောင် ပြောလို့မရဘူး။ " ကျောက်စီက သက်ပြင်းချပြီး တွေးလိုက်သည်။
ရှဟိုယွမ်က သနားကြင်နာသောကြောင့် မဟုတ်ဘဲ အားနည်းသူများအပေါ် လှုပ်ရှားရန် ရွံရှာသောကြောင့် ဖြစ်သည်။ အကယ်၍ အစောင့်တစ်ယောက်ကသာ လှုပ်ရှားလိုက်လျှင် သူတို့အားလုံး သေဆုံးရပေလိမ့်မည်။
" ရှဟိုယွမ် မဟာချောက်နက်က ထွက်သွားပြီဆိုတော့ နယ်မြေငါးခုက ပြောင်းလဲသွားတော့မယ်။ " ကျောက်စီက လင်းယွမ် ထွက်သွားသောဘက်သို့ ကြည့်ပြီး တွေးလိုက်သည်။
ရက်အနည်းငယ် ကြာသွားခဲ့သည်။
၂၅နှစ်ကြာပြီးနောက် ဒဏ္ဍာရီလာ မဟာနတ်ဆိုးအရှင် ရှဟိုယွမ်က မဟာချောက်နက်မှ လွတ်မြောက်သွားသည့်သတင်းက တစ်လောကလုံး ပျံ့နှံ့သွားခဲ့သည်။ နယ်မြေငါးခုလုံး တုန်လှုပ်သွားခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း