စတုတ္ထဆင်းသက်ခြင်း၊ နတ်ဆိုးအရှင် ရှဟိုယွမ်.....
Vol. 8 Ch. 126
သန်းငါးဆယ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် မများသော်လည်း နည်းသည်ဟုလည်း မဆိုလိုပေ။ လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲသူများက အလွှာတစ်ခုချင်း လေ့ကျင့်ကြသည်။
ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာကဏ္ဍကို ယာယီဝယ်ထားကြသည်။ ဒုတိယအလွှာအတွက်မူ သူတို့ ပထမအလွှာ အဆင့် ၁၂ ရောက်မှ စဉ်းစားကြလေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စတုတ္ထအလွှာကဏ္ဍက တတိယအလွှာ အဆင့်၁၂သို့ ရောက်သူများကို ရည်ရွယ်လေသည်။
သို့သော် ယခုအချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တတိယအလွှာ အဆင့် ၁၂ မပြောနှင့် တတိယအလွှာသို့ပင် ဘယ်သူမှမရောက်ကြသေးပေ။
" အဲ့ဒါ ကြယ်နယ်မြေအဆင့်ထဲရောက်သွားလို့ဖြစ်မယ်။ "
သူက တတိယအလွှာသို့ တင်ပြီးချိန်တွင် ကန်လန်ကြယ်၏ ထိပ်ဆုံးသို့ ရောက်ခဲ့ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဝယ်ယူအားကို မြင့်တက်စေခဲ့သည်။
" အခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က..." လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လေ့ကျင့်သူများကို ကြည့်လိုက်သည်။
ပထမအလွှာ - ၂၆၇၈၃ ယောက်
ဒုတိယအလွှာ - ၃၉၄ ယောက်
တတိယအလွှာ - ၀ ။
" မဆိုးဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
တတိယအလွှာကို တင်ချိန်တွင် ဒုတိယအလွှာသို့ ဘယ်သူမှမရောက်ကြသေးပေ။ နှစ်ဝက်ကျော်အတွင်း ဒုတိယအလွှာသို့ လူ၃၀၀နီးပါး ရောက်ခဲ့ကြသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပို၍ ပြန့်ပွားလာပြီး အရည်အချင်းရှိသူများ လေ့ကျင့်ကြသောကြောင့် ထိုကဲ့သို့ လျင်မြန်စွာ တိုးတက်လာခြင်း ဖြစ်နိုင်လေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပြင်ပအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်အပေါ် များစွာမှီခိုခြင်းမရှိပေ။
အရည်အသွေးမြင့် အရင်းအမြစ်များနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်မရှိလျှင်ပင် ထိုလမ်းစဉ်ကို လေ့ကျင့်နိုင်ဆဲ ဖြစ်သည်။ သို့သော် အရင်းအမြစ်များကို ပိုမိုအသုံးပြုနိုင်ပါက အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။
" ကောင်းမှုအမှတ် တစ်သိန်းက အဆင့်ငါးနိုင်ငံသားအဖြစ် မြှင့်တင်ဖို့ လုံလောက်တယ်။ " လင်းယွမ်က ကောင်းမှုအမှတ်များကို ကြည့်လိုက်သည်။
၁၄၉၀၀၀။
အဆင့်လေးနိုင်ငံသားမှ အဆင့်ငါးနိုင်ငံသားသို့ မြှင့်တင်ရာတွင် ကောင်းမှုအမှတ် ငါးသောင်းလိုအပ်လေသည်။
" မြှင့်တင်မယ်။ " လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိဘဲ မြှင့်တင်လိုက်သည်။ ခနကြာသောအခါ သူက အဆင့်ငါးနိုင်ငံသားအဖြစ် တိုးမြှင့်နိုင်ခဲ့သည်။
အဆင့်လေးနိုင်ငံသားနှင့်ယှဉ်လျှင် အဆင့်ငါးနိုင်ငံသားက အခွင့်ထူးများ ပိုများလေသည်။ ၎င်းတိုထဲမှ တစ်ခုမှာ မိမိလုံခြုံရေးအတွက် စစ်သင်္ဘောတပ်ဖွဲ့ကို အသုံးပြုနိုင်လေသည်။
" စစ်သင်္ဘောတပ် " လင်းယွမ်က သူရရှိနိုင်သော အခွင့်အာဏာများကို ကြည့်လိုက်သည်။
သူသာ ဆန္ဒရှိလျှင် လီမင်ကြယ်စနစ်၏ ပင်မကြယ်မှ စစ်သင်္ဘောတပ်ဖွဲ့ကို သူ၏ လုံခြုံရေးအတွက် ကန်လန်ကြယ်၏ အပြင်ဘက်တွင် တပ်စွဲထားရန် ဆင့်ခေါ်နိုင်လေသည်။
" မေ့လိုက်တော့ အသုံးမလိုဘူး။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် ၎င်းက သူ့အတွက် မလိုအပ်ဟု ဆုံးဖြတ်လိုက်သည်။
ယခု ဆဋ္ဌမအလွှာတစ်ယောက်နှင့် ပဉ္စမအလွှာ ၁၂ယောက်က သူ့ကိုကာကွယ်ပေးနေကြပြီး ကြယ်သခင်ကိုယ်တိုင်ပေးထားသော အသက်ကယ်တိုကင်သုံးခုလည်း ရှိနေသည်။
စစ်သင်္ဘောတပ်ဖွဲ့ရောက်လာလျှင်တောင် ကွဲပြားခြင်းမရှိဘဲ အခြားသူများ၏ အာရုံကိုပင် ဆွဲဆောင်သွားနိုင်လေသည်။
ဆယ်ရက်ကြာပြီးနောက် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" ငါ အခု စတုတ္ထဆင်းသက်ခြင်းကို စတင်လို့ရပြီ။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ယခုအချိန်တွင် သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ပြပဧရိယာက လုံးဝ လင်းလက်နေပြီဖြစ်သည်။ လင်းယွမ်က စတုတ္ထဆင်းသက်ခြင်းကို အချိန်မရွေး စတင်နိုင်ပြီဖြစ်သည်။
" ထပ်စမ်းကြည့်ရအောင် " လင်းယွမ်က ဂိတ်တံခါးကို အာရုံစိုက်လိုက်ပြီး သူ၏ စိတ်အသိ အမျှင်ကို ပို့လွှတ်လိုက်သည်။
၎င်းက လင်းယွမ်ဆင်းသက်မည့် ကမ္ဘာ၏ အခြေခံ အချက်အလက်များကို သိနိုင်လေသည်။
တတိယဆင်းသက်ခြင်းတွင် လင်းယွမ်က ထိုနည်းလမ်းဖြင့် နတ်လက်နက်များနှင့် အချိန်စီးဆင်းမှုကို သိခဲ့ရသည်။
လင်းယွမ်၏ စိတ်အသိအမျှင်က အလင်းဂိတ်တံခါးထဲသို့ ဝင်ရောက်သွားသည်။
ဝုန်း....
စိတ်အသိအမျှင်က ကျယ်ပြောသော ကမ္ဘာကြီးတစ်ခုသို့ ရောက်သွားသည်။
ထိုကမ္ဘာက နတ်လက်နက်ကမ္ဘာထက် ဆယ်ဆလောက် ပိုကြီးပြီး ၎င်းက နယ်မြေငါးခု ပိုင်းခြားထားသကဲ့သို့ နယ်မြေတစ်ခုစီက ကန်လန်ကြယ်ထက် ပိုကြီးလေသည်။
" စစ်ပွဲ "
" ကပ်ဘေး "
လင်းယွမ်က ထိုကမ္ဘာမှ အဆုံးမရှိသော စစ်ပွဲနှင့် ကပ်ဘေးအန္တရာယ်ကို ခံစားမိလိုက်သည်။ ခနအတွင်း သူ၏ စိတ်အသိအမျှင်က ပျောက်ကွယ်သွားသည်။
ပြင်ပကမ္ဘာတွင် လင်းယွမ်က အတွေးနက်သွား၏။ သူက ထိုကမ္ဘာနှင့်ပက်သက်သော အချက်အလက်အချို့ကို ရရှိလိုက်သည်။
ပထမ နေထိုင်ချိန်ဖြစ်၏။ ယခုအကြိမ်တွင် လင်းယွမ်က နှစ်ပေါင်းသုံးရာ နေထိုင်ရမည်ဖြစ်သည်။ နောက်တစ်ခုက အချိန်စီးဆင်းမှုဖြစ်သည်။ ထိုကမ္ဘာတွင် နှစ်ပေါင်းသုံးရာက မူလကမ္ဘာတွင် လဝက်ကြာမည်ဖြစ်သည်။
" နှစ်ပေါင်းသုံးရာ " နေထိုင်ရမည့်အချိန်က ယခင်ကမ္ဘာများထက် ပို၍ ကြာလေသည်။
" စစ်ပွဲနဲ့ကပ်ဘေးလား။ " လင်းယွမ်က သူခံစားခဲ့ရသော အငွေ့အသက်များကို တွေးနေသည်။
ထို့နောက် သူက ဟိုမင်ကို ခေါ်ပြီး သူ လဝက်ကြာ တံခါးပိတ်ကျင့်ကြံမည့်အကြောင်းနှင့် ဘယ်သူမှ သူ့ကို မနှောက်ယှက်ရန် မှာလိုက်သည်။
ထို့နောက် သူက အားဖြည့်ဆေးအိုးအနီးသို့ သွားလိုက်သည်။
" အသက်ကယ်တိုင်ကင်သုံးခု..." လင်းယွမ်က အသက်ကယ်တိုကင်သုံးခုကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် သေချာထားလိုက်ပြီး ဆေးအိုးထဲသို့ ဝင်လိုက်သည်။ ထို့နောက် သူ၏ အသိက စိတ်၏ အနက်ရှိုင်းဆုံးသို့ ဝင်ရောက်သွားသည်။
" ကမ္ဘာအသစ် ငါလာပြီ။ " လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ လုံးဝ ဝင်ရောက်သွားခဲ့သည်။
........
မြောက်ပိုင်းနယ်မြေ မဟာချောက်နက်။
အေးစက်သော ဆောင်းရာသီက အကျဉ်းထောင်တစ်ခုကဲ့သို့ ရေစက်များပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထိုနေရာက မဟာနတ်ဆိုးအရှင်၏ မျိုးဆက်များကို ဖိနှိပ်ထားသောနေရာဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်က မဟာနတ်ဆိုအရှင် ရှဟိုယွမ်ကို ထျန်ကျန်းဇီက အနိုင်ယူပြီး ထိုနေရာတွင် ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
ရှဟိုယွမ်က ပြင်းထန်သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့်အပြင် နယ်မြေငါးခုမှ နတ်ဆိုးသခင်များ၏ ခေါင်းဆောင်ဖြစ်လင့်ကစား သနားကြင်နာတတ်သော ထျန်ကျန်းဇီက သူ့ကို မသတ်ခဲ့ပေ။
မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ပိန်ပိန်ပါးပါး လူတစ်ယောက်ထိုင်နေသည်။ သူ၏ ရင်ဘတ်ကို အနက်ရောင်သံကြိုးများနှင့် ဖောက်ထားပြီး ခြေလက်များကိုလည်း ထိုသံကြိုးများဖြင့် ချည်နှောင်ထားသည်။
သံကြိုးတိုင်းတွင် နက်နဲသော သင်္ကေတများ ဖုံးလွှမ်းနေပြီး ကောင်းကင်နှင့်မြေကြီးကို ခွဲခြား၍ အရာအားလုံးကို ဖိနှိပ်ထားသည်။
" အကိုရှဟို ငါစိတ်မကောင်းပါဘူး။ "
" ချင်းအာ မင်း မင်း ဘာလို့ငါ့ကို သစ္စာဖောက်တာလဲ။ ထျန်ကျန်းဇီကိုဝင်တာ ဘာတွေများ ကောင်းလို့လဲ။ သူက မင်းကို အားလုံးထက် ပိုမြင့်တဲ့ အဆင့်ကို ပေးလို့လား။ "
" အကိုရှဟို အဲ့ဒါ အမှန်မဟုတ်ဘူး။ ငါက နင်ပြောတဲ့ ချင်းအာမဟုတ်ဘူး။ ပိုင်မိသားစုရဲ့ မျိုးဆက်တွေက သေဆုံးသွားတာကြာပြီ။ ငါက နင်နဲ့ နီးစပ်ဖို့ ပိုင်မိသားစုရဲ့ သွေးမျိုးဆက်ကို ငှားလိုက်ရုံပဲ။ ငါ့ရဲ့ နာမည်အစစ်က ပိုင်ချင်းအာမဟုတ်ဘူး။ "
" မင်းအမဲလိုက်ခံရတုန်းက ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ငါ မင်းကို ခြင်ဆီသန့်စင်ပေးပြီး ကယ်တင်ခဲ့တာ မှတ်မိလား။ "
" အကိုရှဟို အဲ့ဒါကလည်း အစီအစဉ်တစ်ခုပဲ။ ငါ့ကို အမဲလိုက်ခဲ့တဲ့လူတွေက နင် ငါ့ကိုတွေ့ဖို့ လုပ်ခဲ့တာပဲ။ "
" မင်းရဲ့ ကျင့်ကြံခြင်းပျောက်ကွယ်သွားတုန်းက ငါ ကောင်းကင်နဲ့မြေကြီးရဲ့ သစ်သီးကို အသုံးပြုပြီး မင်းရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ "
" အဲ့ဒါလည်း လိမ်တာပဲ။ ငါ့ရဲ့ သွေးနဲ့ အော်ရာက ပိုင်မိသားစုနဲ့ ဆက်စပ်နေတာကို နင်တွေ့ပြီး ငါ့ကို ပိုင်မိသားစုရဲ့ မျိုးဆက်တစ်ယောက်လို့ ယုံကြည်အောင်လုပ်ခဲ့တာပဲ။ "
" ငါမင်းကို နတ်ဆိုးဧကရီအဖြစ် တင်မြောက်ပြီး နယ်မြေငါးခုရဲ့ နတ်ဆိုးတွေအားလုံးကို အမိန့်ပေးနိုင်တဲ့ အခွင့်အာဏာကို ပေးခဲ့တယ်။ "
" အကိုရှဟို နင်က မဟာနတ်ဆိုးအရှင် ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်ရတဲ့ အရင်းအမြစ်ပဲ။ နင့်ကြောင့် နယ်မြေငါးခုက နတ်ဆိုးတွေ စုစည်းသွားခဲ့တယ်။ နင်သာ မသေရင် လူတွေအစုလိုက်အပြုံလိုက် သေဆုံးရလိမ့်မယ်။ "
မသာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ရှဟိုယွမ်က ထိုင်နေပြီး အတိတ်မှဖြစ်ရပ်များက သူ၏ စိတ်ထဲတွင် လျင်မြန်စွာ လင်းလက်နေသည်။
မဟာနတ်ဆိုးအရှင် ရှဟိုယွမ်က သာမန်မိသားစုနောက်ခံနှင့် ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သည်ကို ဘယ်သူမှမသိပေ။
သူဆယ်နှစ်သားအရွယ်တွင် ဂူတစ်ဂူထဲမှ နတ်ဆိုးတာအိုအမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ သို့သော် သူက ရွာသို့ ပြန်ရောက်လာချိန်တွင် သူ၏ ရွာက နတ်ဆိုးသခင်တစ်ယောက်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်မှ စ၍ ရှဟိုယွမ်က နတ်ဆိုးသခင်များကို မုန်းတီးသွားခဲ့သည်။
ရှဟိုယွမ်၏ ကျင့်ကြံခြင်း အရည်အချင်းက ထူးခြားပြီး နတ်ဆိုးတယအိုအမွေအနှစ်ကို အားကိုး၍ စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူက နတ်ဆိုးသခင်များကို အမဲလိုက်ခဲ့သည်။
သို့သော် နတ်ဆိုးသခင်များမှာ အမြတ်ဖြတ်သုတ်သင်၍ မရသည်ကို ရှဟိုယွမ်က သိခဲ့ရသည်။ သူက တစ်ကမ္ဘာလုံးမှ နတ်ဆိုးသခင်များကို သတ်ခဲ့လျှင်တောင် နောက်နှစ်ငါးဆယ်၊ နှစ်တစ်ရာအတွင်း နောက်ထပ် နတ်ဆိုးသခင်များ ထွက်ပေါ်လာပေလိမ့်မည်။
နတ်ဆိုးတာအိုက အန္တရာယ်များကြားတွင် လျှောက်လှမ်းပြီး လမ်းမှန်တာအိုလေ့ကျင့်သူများနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ ဖြတ်လမ်းဖြစ်သည်။
သက်ရှိများရှိနေသရွေ့ မိမိကိုယ်ကို မထိန်းချုပ်နိုင်သူများက နတ်ဆိုးတာအိုလမ်းစဉ်ကို လျှောက်လှမ်းကြပေလိမ့်မည်။ ထို့ကြောင့် ရှဟိုယွမ်က နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်။ နတ်ဆိုးသခင်အားလုံးကို မသတ်နိုင်လျှင် သူတို့ထဲတွင် အသန်မာဆုံးလူဖြစ်လာပြီး နတ်ဆိုးသခင်များအတွက် ကန့်သတ်ချက် ဥပဒေများကို ချမှတ်ကာ အန္တရာယ်များကို တားဆီးနိုင်လေသည်။
သို့သော် ရှဟိုယွမ်က လမ်းမှန်အင်အားစုများကို လျစ်လျူရှုမိခဲ့သည်။ သူက နယ်မြေငါးခုမှ နတ်ဆိုးသခင်များကို စုစည်းနေချိန်တွင် သူက လမ်းမှန်အင်အားစုများ၏ မျက်လုံးများထဲမှ ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။ အစတွင် နယ်မြေငါးခုမှ နတ်ဆိုးသခင်များက ပျံ့ကြဲနေကြပြီး လမ်းမှန်အင်အားစုများကို အနည်းငယ်သာ ခြိမ်းခြောက်နိုင်လေသည်။ သူတို့သေဆုံးသွားလျှင်တောင် သာမန်လူများသာ ထိခိုက်နိုင်သည်။
သို့သော် ယခု နယ်မြေငါးခုမှ နတ်ဆိုးသခင်များ၏ ပေါင်းစည်းခြင်းကို သူတို့က ဘယ်လိုလုပ်ခွင့်ပြုနိုင်မှာလဲ။ ထို့ကြောင့် လွန်ခဲ့သော ငါးနှစ်က လမ်းမှန်အင်အားစုများနှင့် နတ်ဆိုးများ၏ မဟာစစ်ပွဲကြီး ဖြစ်ပေါ်ခဲ့သည်။
ရှဟိုယွမ်၏ ခွန်အားနှင့် သူက ရှုံးနိမ့်ခဲ့လျှင်တောင် ထိခိုက်မှုမရှိ နောက်ပြန်ဆုတ်နိုင်လေသည်။ သို့သော် သူနှင့် ဆယ်စုနှစ်များ အတူရှိနေခဲ့သော ချင်းအာက သူ့ကို သစ္စာဖောက်ခဲ့လေသည်။
" ချင်းအာ " ရှဟိုယွမ်၏ အားနည်းသော မျက်လုံးများထဲတွင် နူးညံ့မှုတစ်ခု ရှိနေခဲ့သည်။ သူက ချင်းအာကြောင့် လက်ရှိအခြေအနေသို့ ကျရောက်ခဲ့ရသော်လည်း ရှဟိုယွမ်က ချင်းအာကို မမုန်းရက်ပေ။
" ငါမရှိရင် ဒီကမ္ဘာကြီးက မင်းတို့ဆန္ဒရှိသလို အေးချမ်းသွားမှာလားဆိုတာ ငါမသိဘူး။ " ရှဟိုယွမ်၏ အသက်ရှုသံများက အားနည်းလာ၏။
သူ၏ ချီပင်လယ်က ချိတ်ပိတ်ခံထားရသကဲ့သို့ သူ၏ မူလဝိညာဉ်ကလည်း ဖိနှိပ်ခံထားရသည်။ ရှင်သန်လိုစိတ်ဆုံးရှုံးသွားခြင်းနှင့်အတူ သူ၏ အသက်စွမ်းအားများက လျင်မြန်စွာ လျော့ကျလာသည်။
သူ လုံးဝ သေဆုံးခါနီးတွင် ရုတ်တရက် စိတ်အသိတစ်ခု ဆင်းသက်လာသည်။ လင်းယွမ်က အံ့အားသင့်သွားပြီး သူ၏ ရင်ဘတ်နှင့် ခြေလက်များမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် လင်းယွမ်က မလှုပ်ရှားဘဲ သူ၏ အသက်ရှုသံကိုပင် သတိထားလိုက်သည်။
မကြာမီ လင်းယွမ်က ရှဟိုယွမ်၏ မှတ်ဉာဏ်များကို ရရှိသွားသည်။ " ကမ္ဘာပေါ်က အသန်မာဆုံးလူတွေထဲက တစ်ယောက် ဘုံကိုးဘုံကိုတောင် ချိုးဖျက်နိုင်တဲ့ လူတစ်ယောက် ဒီလိုလူက လွန်ခဲ့တဲ့ငါးနှစ်က စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒီအခြေအနေနဲ့ အဆုံးသတ်သွားတာလား။ "
" ငါ့ကြောင့်သာမဟုတ်ရင် ရှဟိုယွမ်က အခုချိန် မသေလောက်သေးဘူး။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ အလွန်အားနည်းနေသည်ကို ခံစားလိုက်ရသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း