စနောက်ခြင်း
Vol. 007 Ch. 665
ရှီမာယူယူသည်လည်း ရှီမန်ဖန် ထောက်ပြလိုက်သောအချက်၂ချက်ကို စဉ်းစားမိသည်။ သူပြောသည်မှာ မှန်သည်။ ထိုလူများသည် ကိုယ်ပျောက်များဖြစ်ကြသဖြင့် သူတို့အင်အားကို ထည့်ရန်မလွယ်လှပေ။ သူတို့ကို လက်ခံသည်ခက် သူတို့၏ အတိတ်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်။
“အချိန်တစ်ခုရောက်ရင်တော့ အဆင်ပြေသွားမှာပါ” သူမသည် ရှီမန်ဖန် မျက်မှောင်ကြုတ်နေသည်ကို ကြည့်ပြီး ပြောလိုက်သည် “တကယ်တော့ အဲဒီပြဿနာကိုရှင်းဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး”
“အစ်မ တကယ်ပဲဖြေရှင်းဖို့ကိုစဉ်းစားပြီးပြီလား” ရှီမန်ဖန်သည် သူမအား မျှော်လင့်ချက်ထားသော အကြည့်ဖြင့် ကြည့်လေသည်။ အရင်ကဆိုလျှင် သူတို့တွင် မည်သည့်ပြဿနာရှိစေကာမူ သူမအားပြောပြီး သူမ ကသာ အကြံထုတ်သည်။
“ငါတို့ အင်အားကိုတိုးဖို့လုပ်ဖို့ဆိုရင် သူတို့ပြိုင်ဘက်က လက်စားမချေရဲတဲ့အချက်ကို ချဲ့ကားရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ရှီမန်ဖန်၏ တောက်ပသောမျက်လုံးများသည် ပြုံးသွားသည် “အစ်မအကြံရှိတယ်ဆိုတာ သိနေတယ်”
သူတို့သည် အင်အားကောင်းလာသည်နှင့် သူတို့ကို ပေါ့ပေါ့တန်တန်စဉ်းစားရဲမည့်သူ မရှိနိုင်တော့ပေ။ သူတို့ပြိုင်ဘက်သည်ပင်လျှင် သူတို့ရှိသည့်နေရာကိုသိရင်တောင် ပြဿနာလာရှာရဲမည်မဟုတ်ပေ။ ထိုအချက် တွင် သူတို့ရှေ့ထွက်ပြီးရှင်းလိုက်ပါက ရန်ငြိုးဟောင်းများသည် ဖြေရှင်းပြီးသွားမည်။
ရန်ငြိုးများမဖြေရှင်းနိုင်ပါက သူတို့သည် ရောက်လာမည့်ကိစ္စကို ဖမ်းကိုင်လိုက်ရုံပင်။ မည်သို့ပင်ဖြစ်စေ ကာမူ သူတို့ တစ်ယောက်ကိုသတ်နိုင်သော်လည်း တစ်ဖွဲ့လုံးကိုတော့ တိုက်ရဲမည်မဟုတ်ပေ။
“ဒါပေါ့ ဒီမှာဘယ်သူကဝါရင့်တာလဲ” ရှီမာယူယူသည် ငဲ့စောင်းကာပြောလေသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် အစ်မက ဆရာကြီးပါ” ရှီမန်ဖန်သည် ပြုံးပြီးပြောလေသည်။ “ဆုံးဖြတ်ပြီးပြီ ဆိုတော့ သေချာပြင်ဆင်ရတော့မယ်၊ မဟုတ်ရင် အဖွဲ့ဝင်တွေရောက်လာရင် ဘာအရင်းအမြစ်မှမရှိပဲနေလိမ့် မယ်”
“ဟုတ်တယ် ငါတို့်သေချာစီစဉ်မှရမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါကအခု ဂိုဏ်းရဲ့ကျောင်းသားဖြစ် နေတယ်၊ အဲတော့ အချိန်အများကြီးမရဘူး၊ ကျန်တဲ့ကိစ္စတွေကို မင်းကိုပဲအပ်ထားရမှာပဲ”
“စိတ်ချပါ ငါ ကောင်းကောင်းဖြေရှင်းထားလိုက်မယ်” ရှီမန်ဖန် ပြောလိုက်သည်။
“မင်းအရည်အချင်းကို တစ်ခါမှစိတ်မပူဖူးပါဘူး” ရှီမာယူယူသည် လက်ဆန့်ကာ လုပ်နေကျအတိုင်း ရှီမန်ဖန်၏ နဖူးကို ပုတ်လိုက်သည်။ “ဒါပေမဲ့ ဒါကိုခပ်လျှိုလျှိုလုပ်တာ ကောင်းမယ် အဲဒါကြောင့် ကုန် တောင်ကြား….”
“သူတို့ကို ဘာပြောရမလဲဆိုတာကို ငါသိပါတယ်၊ ရှန်ယိထိခိုက်သွားမှာကိုပဲစိုးတာ” ရှီမန်ဖန် ပြောလိုက် သည်။
“ရှန်ယိက မိန်းမကောင်းလေးပါ၊ သူမနဲ့ပတ်သတ်ပြီး ဘာစဉ်းစားထားတာရှိလဲ သူမကို စိတ်ဝင်စားတယ် ဆိုရင် သူမကိုလက်ထပ်သင့်တယ်၊ မင်းက ငါတို့ရှီမန်မျိုးနွယ်ကိုကယ်မယ့် လူဖြစ်ပေမယ့် ဒီလိုမျိုးကြီးက… မင်း ကုန်တောင်ကြားက မိန်းကလေးကို သေချာစောင့်ရှောက်ရမယ်၊ သူမကို စိတ်မဝင်စားဘူးဆိုလည်း ပိုရှင်းအောင် လုပ်သင့်တယ်၊ မိန်းမကောင်းလေးကို မချုပ်နှောင်ထားနဲ့ သူမအချိန်တွေ အလဟသမဖြစ်စေနဲ့” ရှီမာယူယူသည် သူ့အား ကြည့်လိုက်သည်။
“ငါ နားလည်ပါတယ်” ရှီမန်ဖန် ပြန်ဖြေလေသည်။
“နားလည်တယ်ဆိုတာ ဘာပြောတာလဲ၊ သူမအပေါ်ထားတဲ့ ခံစားချက်ကိုနားလည်တာလား မဟုတ်ရင် ငါပြောတာကို နားလည်တာလား” ရှီမာယူူယသည် သူ့အား တစ်ရစက်ပြောလေသည် “သူမကို ကြိုက်လား မကြိုက်လားပြော”
“အစ်မ အဲဒါကိုဘာလို့မေးနေတာလဲ ငါတို့က အင်အားချဲ့ထွင်မယ့်အကြောင်းပြောနေတာလေ” ရှီမန်ဖန် သည် နေရခက်စွာပြောလေသည်။
“ငါအဲဒါကို စိတ်ပူလို့ ဟုတ်ပြီလား” ရှီမာယူယူသည် လက်ပြန်ရုတ်ကာ ပြောလေသည် “မင်းက ငါတို့ ရှီမန်မျိုးနွယ်မှာ တစ်ဦးတည်းသောကျန်ရစ်သူပဲ၊ ငါတို့သွေးသားကို ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်၊ ကိုင်းတွေ ဖြန့်ကျက်ပြီး အရွက်တွေကို ကြီးထွားခွင့်ပေးရမယ်၊ တစ်ဖွဲ့လုံး ကလေးတွေနဲ့ပြည်ေ့နရင် ကောင်းတာပဲ၊ သွားနှင့် တဲ့ ရှီမန်မျိုးနွယ်တွေ ဂုဏ်ယူရတယ်”
“အစ်မ နင်က အရင်ကကိစ္စတွေကို အပြစ်မတင်ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်လွန်းတယ်” ရှီမန်ဖန်သည် ရုတ်တရက်ပြောလေသည်။
ရှီမာယူယူ၏ မျက်နှာမှအပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ ခုံကိုမှီလိုက်သည်။ သူမ မျက်နှာပေါ်တွင် နေရောင်ခြည်ဖြာကျစေကာ မျက်လုံးမှိတ်ထားပြီး မျက်ရည်များသည် မျက်နှာပေါ်တွင် စီးကျ သွားလေသည်။
“ငါ့ကြောင့်သာ မဟုတ်ရင်…. ငါ့ကြောင့်သာမဟုတ်ရင်….” သူမသည် ဖြစ်ပျက်ခဲ့သမျှကို မစဉ်းစားပဲ မနေနိုင်ပေ။
သူမ၏ ရန်သူများဖြစ်သော ဇုံကျန်းမျိုးနွယ်နှင့် ရင်ယန်နန်းတော်တစ်ခုလုံးကို သုတ်သင်ပြီးလျှင်တောင်မှ ငြိမ်းချမ်းနိုင်မည်မဟုတ်ပေ။ သေဆုံးသွားသော ဆွေမျိုးများသည် ဘယ်တော့မှပြန်လာတော့မည်မဟုတ်ပဲ ဆုံးရှုံး ပြီးသွားသော အသက်များလည်း ပြန်ရှင်လာနိုင်မည်မဟုတ်ပေ။
“အစ်မ နင် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာကို အဖေနဲ့ အမေသိရင် ဝိဉာဉ်ကမ္ဘာရောက်နေရင်တောင် စိုးရိမ်နေကြမှာပဲ”
ရှီမာယူယူ ရုတ်တရက်မျက်လုံးဖွင့်ကာ ရှီမန်ဖန်အား စိုက်ကြည့်လိုက်သည်။ သူမအကြည့်သည် ခေါင်းမွေးများထောင်သွားစေသည်။
“ဘာလို့အဲလိုကြည့်နေတာလဲ”
“ဝိဉာဉ်ကမ္ဘာ၊ ဝိဉာဉ်ကမ္ဘာလို့ မင်းပြောလိုက်တယ်လေ” ရှီမာယူယူ ပြောလိုက်သည် “လူတွေသေသွား ရင် ဝိဉာဉ်တွေက ဝိဉာဉ်ကမ္ဘာကိုရောက်သွားကြတယ်၊ အဲလိုဆိုရင် အဖေနဲ့ အမေလည်း ဝိဉာဉ်ကမ္ဘာထဲဝင်သွား တာပဲ၊ သူတို့ အဲမှာရှိမလား မရှိဘူးလား”
“ဒါက… ဒါက မဖြစ်နိုင်ဘူး…” ရှီမန်ဖန်သည် မသေချာစွာပြောလေသည်။
“မဖြစ်နိုင်တာမဟုတ်ဘူး ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဖြစ်နိုင်တယ်” ရှီမန်ဖန် ပြောလိုက်သည် “ငါကတော့ ဝိဉာဉ်ကမ္ဘာနဲ့ မရင်းနှီးဘူး၊ အဲဒီကိုဝင်သွားတဲ့ ဝိဉာဉ်တွေက ရှင်သန်နိုင်လားဆိုတာကို မသိဘူး၊ အနည်းဆုံးတော့ လူတွေ မသေပဲနဲ့ အဲဒီကိုဝင်လို့မရဘူးဆို တာတော့ သိတယ်”
ရှီမန်ဖန် ပြောပြီးနောက်တွင် ရှီမာယူယူ၏ မျက်လုံးများသည် မှိုင်းသွားကာ ထပ်ပြီး မပြောတော့ပေ။
ထိုအချိန်တွင် ခြံအဝင်ပေါက်မှ အသံတစ်သံ ရုတ်တရက်ထွက်လာသည်။ သူတို့နှစ်ယောက်လုံး အသံ လာရာဘက်သို့ကြည့်လိုက်ရာ ကုန်ရှန်ယိ လျှောက်လာသည်ကို မြင်လိုက်သည်။
“ယူယူ နေကောင်းပြီလား” ကုန်ရှန်ယိသည် လျှောက်လာပြီး ရှီမာယူယူရှေ့တွင်ရပ်ကာ သူမအား အနီးကပ် ကြည့်လေသည် “ဖြူဖျော့လွန်းတယ် ပြီးတော့ နင့်မျက်လုံးတွေက ဂရုမစိုက်တဲ့ပုံပေါက်နေတယ် ဒီလောက်ကြာတာတောင် ဘာလို့ပြန်မကောင်းသေးတာလဲ”
“ငါတို့လို ကျင့်ကြံသူတွေက ဝိဉာဉ်ထိခိုက်သွားရင် အရမ်းဒုက္ခရောက်တာကိုး၊ အနည်းဆုံးတော့ ငါတို့ ဝိဉာဉ် ပြန်ကောင်းလာတာကို စောင့်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါ့ကိုနှစ်သိမ့်နေတာပဲမလာား အဲလိုပြောလဲ ငါ အပြစ်ရှိသလိုခံစားရတုန်းပဲ ငါတို့ကြောင့်သာမဟုတ်ရင် ဖန်လည်း ချိပ်ကိုကာကွယ်နိုင်မှာပဲ၊ သူသာ ဒီလိုအန္တရာယ်ရှိတဲ့အခြေအနေမရောက်ရင် နင်ဘယ်လိုလုပ် သတိ မေ့အောင်ထိလုပ်ပြီး အဲလိုအန္တရာယ်များတဲ့နေရာဆီရောက်သွားမှာလဲ” ကုန်ရှန်ယိသည် နောင်တရစွာ ပြော လေသည်။
“ချိပ်ကိုဖယ်ဖို့ဆိုတာက ဖန်လေးရဲ့ရွေးချယ်မှုပါ၊ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့မလိုပါဘူး” ရှီမာယူယူ ပြော လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အဆင်ပြေနေပြီမဟုတ်လား”
သူမသည် ရှီမန်ဖန်၏ တုန့်ပြန်မှုကို အခုမှပင် သတိထားမိသည်။ သူမ ဘယ်လိုလုပ်မှ သူ့ခေါင်းထဲက အတွေးကိုဘယ်လိုလုပ်နားလည်မှာလဲ။ သူမသည် သူတို့အနဂတ်တွင် တစ်ဦးအပါအဝင်ဖြစ်သောကြောင့် ဖန်သည် ချိပ်ကို ဖယ်ရှားရန်ဆုံးဖြတ်လိုက်သည်မှာ မှန်သည်။ သူမကိုယ်သူမ အပြစ်တင်ရန်မလိုပေ။
သို့သော် ကုန်ရှန်ယိသည် ထိုအတိုင်းမစဉ်းစားပဲ လက်နှစ်ဖက်လုံးကို ဆုပ်ကာ တည်ငြိမ်စွာ ပြောလေ သည် “ကျွန်မ ကုန်ရှန်ယိသည် အခုချိန်စပြီး နောက်ကို ရှီမန်မျိုးနွယ်အတွက် လက်စားချေဖို့ အသက်ကိုပေးပါ မယ်၊ ဘာကိုပဲလုပ်ခိုင်းလုပ်ခိုင်း ကုန်တောင်ကြားကိုမထိခိုက်စေတဲ့ ကိစ္စမှန်သမျှကို အသက်နဲ့ရင်းပြီးစွန့်စားပါ မယ်”
“အဲလိုမပြောပါနဲ့ အသက်ရင်းမယ်ဆိုရင် ဖန်လေးက သူ့ကိုသူခွင့်လွှတ်မှာမဟုတ်ဘူး ငါတို့နောက်ကို မိသားစုပဲလေ ဟုတ်ပြီလား” ရှီမာယူယူ စနောက်လိုက်သည်။
“ဘာတွေပြောနေတာလဲ” ကုန်ရှန်ယိသည် ရှီမာယူယူအား ဒေါသဖြစ်စွာ ကြည့်လိုက်သည်။
“ဘာလဲ မင်း ငါဖြစ်ဖြစ် ဖန်လေးနဲ့ဖြစ်ဖြစ် မိသားစုဘဝမစချင်ဘူးလား၊ မဟုတ်ရင် ဖန်လေးက ငါ့ကို မုန်းမှာစိုးလို့မပြောတာလား” ရှီမာယူယူသည် ရှီမန်ဖန်ကိုကြည့်ပြီး “အစတုန်းက ဖန်လေး ကုန်တောင်ကြားကို သွားပြီး မင်္ဂလာကိစ္စပြောမယ့်အချိန်ထိစောင့်မလို့ပဲ ဒါပေမဲ့ မင်းက လက်မထပ်ချင်ထင်တယ်၊ ဖန်လေး ကုန်ရှန်ယိ ကလက်မထပ်ချင်ဘူးဆိုမှတော့ သူမကို မလိုက်နဲ့တော့”
“လက်မထပ်ချင်ဘူးလို့ မပြောပါဘူး” ကုန်ရှန်ယိ လျင်မြန်စွာ ပြန်ပြောလေသည်။
“ဒါဆိုလက်ထပ်ချင်တယ်ပေါ့” ရှီမာယူယူသည် ကျယ်လောင်စွာရယ်မောလိုက်ရာ ကုန်ရှန်ယိ၏ မျက်နှာ မှာ နီရဲသွားပြီး ပျော်ရွှင်စွာ ပြုံးလေသည်။
“ယူယူ ငါ့ကိုမစနဲ့တော့ နောက်ကို မခေါ်တော့ဘူး” ကုန်ရှန်ယိသည် သူမ စနောက်သည်ကို ရှက်ကာ ခြိမ်းခြောက်လေသည်။
“ငါ့ကိုမခေါ်ဘူးဟုတ်လား ဒါဆိုရင် ငါ့နောက်လိုက်ပြီး အစ်မလို့မခေါ်နဲ့တော့ ကောင်းပြီ ငါ့ကိုမခေါ်ဘူး ဆိုတော့ ဖန်လေးကိုမလိုချင်တော့ဘူးလို့ပြောတာမလား”
“ငါ…”
ရှီမာယူယူ ကုန်ရှန်ယိကို စနောက်နေသည်ကို ရှီမန်ဖန်တွေ့သောအခါ မတ်တပ်ရပ်ကာ ရှီမာယူယူကို ပွေ့ပြီး “အစ်မအပြင်မှာနေတာကြာပြီ ပြန်သွားရအောင်”
ရှီမာယူယူသည် ရှီမန်ဖန်၏ ရင်ခွင်ထဲမှပြောလေသည် “ဖန်လေး မင်းလက်ထပ်ရင် ငါ့ကိုမေ့မသွားနဲ့ဦး”
***