နယ်မြေငါးခုတုန်လှုပ်ခြင်း....
Vol. 8 Ch. 131
မြေအောက်နန်းတော်တစ်ခုတွင် မိုယန်နတ်ဆိုးသခင်က သူ၏ ရှေ့မှ အစီရင်ခံစာကို ကြည့်ပြီး သူ၏ အမူအရာက ဆက်တိုက်ပြောင်းလဲနေသည်။
" ရှဟိုယွမ်က မဟာချောက်နက်က ထွက်လာပြီလား။ " မိုယန်နတ်ဆိုးသခင်၏ မျက်နှာက ရုပ်ဆိုးသွား၏။
ရှဟိုယွမ်၏ လက်အောက်ရှိ နတ်ဆိုးသခင်ကိုးယောက်မှ တစ်ယောက်အနေဖြင့် သူက ရှဟိုယွမ်၏ ကြောက်စရာကောင်းပုံကို ကောင်းကောင်းသိလေသည်။ သူက နတ်ဆိုးသခင်များကို စိတ်ပျက်အားငယ်စေပြီး နဝမအဆင့် နတ်ဆိုးသခင်များပင် သူ့ကို မဆန့်ကျင်ရဲကြပေ။
ရှဟိုယွမ်၏ ခွန်အားက နဝမအဆင့် နတ်ဆိုးသခင်များထက် သာလွန်သည်ဟု ပြောခြင်းမဟုတ်ပေ။ ယင်းအစား ရှဟိုယွမ်က နတ်ဆိုးအားလုံးကို ဖိနှိပ်နိုင်သော စွမ်းရည်နှင့် မွေးဖွားလာပြီး ကြွက်များကြားမှ ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ကြွက်က ကြောင်ထက်ကြီးနေလျှင်တောင် သဘာဝအတိုင်း ကြောင်ကို ကြောက်လန့်ပေသည်။
၎င်းက စိတ်ဝိညာဉ်အတွင်း နက်ရှိုင်းစွာ နစ်မြှုပ်နေသော အကြောက်တရားဖြစ်သည်။ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ထျန်ကျန်းဇီက ရှဟိုယွမ်ကို မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် အကျဉ်းချခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
သူက ရှဟိုယွမ်၏ ကန့်သတ်ချက်များမှ လွတ်မြောက်ပြီး သူ၏ ကံကောင်းခြင်းနေ့ရက်များ ရောက်လာပြီဟု ခံစားခဲ့ရသည်။
သူလုပ်ချင်သမျှကို လုပ်နိုင်ခဲ့သည်။ ထျန်ကျန်းဂိုဏ်းဖြစ်စေ ထျန်ကျန်းဇီဖြစ်စေ သူက သူတို့ကို အနိုင်မယူနိုင်လျှင်တောင် သူကလည်း ထွတ်ပြေးလွတ်မြောက်နိုင်ဆဲ ဖြစ်သည်။
နယ်မြေငါးခုက ကျယ်ပြောပြီး ကမ္ဘာကြီးကလည်း ကျယ်ပြောလေသည်။ ထိုလမ်းမှန်အင်အားစုများက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
" ထျန်ကျန်းဇီ မင်းစောက်သုံးမကျတဲ့ကောင်...."
" ငါမင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ရဲ့သားနဲ့။ " မိုယန်နတ်ဆိုးသခင်က အလွန်ဒေါသထွက်နေ၏။ ၎င်းက ရွှေရောင်အခွင့်အရေးတစ်ခု ဖြစ်သည်။
" ဒါပေမယ့် ရှဟိုယွမ်က မဟာချောက်နက်ရဲ့ ဆယ့်ရှစ်ထပ်မြောက်ကနေ ဘယ်လိုလုပ်လွတ်မြောက်သွားတာလဲ။ အဲ့ဒီမိန်းကလေးနွမ်က နည်းလမ်းအချို့ အသုံးပြုခဲ့တာလား။ "
မိုယန်နတ်ဆိုးသခင်က သူ့ကိုသူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ ရှဟိုယွမ် ဖမ်းဆီးခံလိုက်ရသည့်နောက်တွင် သူက မဟာချောက်နက်သို့ သွားပြီး အချိန်အတော်ကြာ စောင့်ကြည့်ခဲ့သည်။
မဟာချောက်နက်၏ ဆယ်ရှစ်ထပ်က ကောင်းကင်နှင့်မြေကြီး၏ ပိုက်ကွန်တစ်ခုကဲ့သို့ ရှဟိုယွမ် မလွတ်မြောက်နိုင်ဟု အတည်ပြုပြီးမှသာ သူက စိတ်သက်သာရာရသွားခဲ့သည်။
" ကိစ္စမရှိဘူး။ ရှဟိုယွမ်က မဟာချောက်နက်ထဲက တကယ်ထွက်သွားခဲ့ရင်တောင် သူ ပထမဆုံးရှာမယ့်လူက ကောင်းကင်ဓားဂိုဏ်းရဲ့ ထျန်ကျန်းဇီဖြစ်သင့်တယ်။ " မိုယန်နတ်ဆိုးသခင်က တွေးလိုက်သည်။
ရှဟိုယွမ်၏ စိတ်အခြေအနေအရ သူကို ထိုကဲ့သို့ ဖြစ်စေခဲ့သော ထျန်ကျန်းဇီနှင့် ပိုင်ချင်းအာတို့ဆီသို့ အရင်သွားပေလိမ့်မည်။ ရန်ငြိုးက ပင်လယ်ကဲ့သို့ နက်ရှိုင်း၏။
ရှဟိုယွမ်သာ အမှန်တကယ် လွတ်မြောက်သွားခဲ့လျှင် လက်စားချေရန်အတွက် ကောင်းကင်ဓားဂိုဏ်းသို့ သွားပေလိမ့်မည်။
သူတို့နတ်ဆိုးသခင်များက ကျားများတိုက်ခိုက်သည်ကို ထိုင်ကြည့်ပြီး လိုအပ်မှ အခွင့်အရေးများ ရှာဖွေရပေလိမ့်မည်။
အလယ်ပိုင်းနယ်မြေ ကောင်းကင်ဓားဂိုဏ်း။
တိမ်များကြားတွင် တောင်ထိပ်များက ထိုးထွက်နေပြီး နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ အလယ်ပိုင်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီးမှ ယွမ်ချီများက ထိုနေရာတွင် အများဆုံး စုစည်းနေကြသည်။ ထိုနေရာတွင် ကျင့်ကြံလျှင် ဆေးဝါးများ အသုံးမပြုလျှင်တောင် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်သို့ အလွယ်တကူ ရောက်နိုင်လေသည်။
" ရှဟိုယွမ်ထွက်လာပြီလား။ " တောင်ထိပ်ရှိ ခန်းမကြီးထဲတွင် အဖြူရောင်ဆံပင်များနှင့်လူတစ်ယောက်က အနည်းငယ် အံ့ဩသွား၏။
သူက ထျန်ကျန်းဇီပင် ဖြစ်၏။ လွန်ခဲ့သော ၂၅နှစ်မှ တိုက်ပွဲတွင် သူက ရှဟိုယွမ်၏ စိတ်အခြေအနေကို နှောက်ယှက်ရန် ပိုင်ချင်းအာကို အသုံးပြု၍ စက်ဆုပ်ဖွယ်နည်းလမ်းကို အသုံးပြုခဲ့သည်။ သို့သော် ရှဟိုယွမ်ကို တိုက်ခိုက်ရန် ခွန်အားမရှိလျှင် သူလုပ်သမျှက အချည်းနှီးပင် ဖြစ်သည်။
" စိတ်ဝင်စားစရာပဲ။ " ထျန်ကျန်းဇီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
ရှဟိုယွမ်ကို အနိုင်ယူပြီး နှစ်ဆယ့်ငါးနှစ်အတွင်း ကံကြမ္မာက သူ့ကို မျက်နှာသာပေးခဲ့သည်ဟု ထင်ရပြီး သူ၏ ကျင့်ကြံခြင်းက အဆက်မပြတ် တိုးတက်လာခဲ့သည်။ ယခု သူက နှစ်တစ်သောင်းအတွင်း လူလက်တစ်ဆုပ်စာသာ ဝင်ရောက်ခဲ့သော ဒသမအဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် ထျန်ကျန်းဇီက ရှဟိုယွမ် လွတ်မြောက်လာသည့်အကြောင်း ကြားသောအခါ သူက မစိုးရိမ်သည့်အပြင် ဝမ်းသာခဲ့သေးသည်။
သူက လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ရှဟိုယွမ်ကို ရိုးရိုးသားသား အနိုင်ယူခဲ့ခြင်း မဟုတ်ပေ။ ယခုမူ ထျန်ကျန်းဇီက ရှဟိုယွမ်ကို မျှမျှတတ အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိလေသည်။
ကောင်းကင်ဓားဂိုဏ်း၏ အတွင်းပိုင်းရှိ လှပသော ချိုင့်ဝှမ်းတစ်ခုတွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အဆောက်အဦးတစ်ခုအတွင်း ထိုင်နေသည်။
" အကိုရှဟို..." ပိုင်ချင်းအာက အနည်းငယ် စိတ်ရှုပ်နေသည်။ ရှဟိုယွမ် မဟာချောက်နက်မှ လွတ်မြောက်သွားသည့်အကြောင်းကို သူမလည်း သိခဲ့ရသည်။
" အဲ့ဒီတုန်းက ငါ နင့်အပေါ် အမှားလုပ်ခဲ့မိတယ်။ " သူမက ရှဟိုယွမ်နှင့် နီးစပ်ရန် ပိုင်မိသားစု၏ မျိုးဆက်အဖြစ် ဟန်ဆောင်ပြီး သူ၏ ယုံကြည်မှုကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
အရေးကြီးသော အခြေအနေတွင် သူမက သူ့ကို သစ္စာဖောက်ခဲ့သည်။ ပုံမှန်အားဖြင့် သူမက မည်သည့်အမှားမှ လုပ်ခဲ့ခြင်းမရှိပေ။ သူမလုပ်သမျှက နတ်ဆိုးလမ်းစဉ်ကို အမြတ်ဖြတ်ရှင်းလင်းပြီး ကမ္ဘာကြီး အေးချမ်းစေရန် ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပိုင်ချင်းအာက အပြစ်ရှိသကဲ့သို့ ခံစားလာရသည်။
သူမအပေါ် ဆယ်စုနှစ်ကျော်ကြာအောင် ပေးအပ်ထားသော ရှဟိုယွမ်၏ အဆုံးမဲ့ ယုံကြည်မှုက သူမကို အသက်ရှုကြပ်စေလေသည်။
" ငါ နောင်တမရဘူး။ ဆယ်ကြိမ် အကြိမ်တစ်ရာဖြစ်ခဲ့ရင်တောင် ငါက နောက်တရမှမဟုတ်ဘူး။ " ပိုင်ချင်းအာ၏ အကြည့်က တဖြည်းဖြည်း တင်းမာလာသည်။
မြောက်ပိုင်းနယ်မြေ အနောက်ဘက်နယ်၏ အနီး။
" အရှင် ဒီခံတပ်က ကျွန်မတို့ လက်အောက်ငယ်သားတွေ ပြင်ဆင်ထားတာပါ။ အရှင် အနားယူနိုင်ပါတယ်။ " နွမ်ရှုက လင်းယွမ်က ခံတပ်အတွင်းရှိ အိမ်တစ်လုံးသို့ ခေါ်သွားသည်။
နွမ်ရှု လင်းယွမ်ကို မပြောပြသည်မှာ ဤခံတပ်က သူမထိန်းချုပ်နိုင်သော နောက်ဆုံးခံတပ် ဖြစ်သည်ကိုပင်။ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က ရှဟိုယွမ် အကျဉ်းချခံရသည့်အချိန်တွင် နတ်ဆိုးသခင်အများစုက သူမနောက်သို့ လိုက်ရန် ဆန္ဒရှိခဲ့ကြသည်။
သို့သော် ရှဟိုယွမ်ကို ကယ်တင်ရန် အကြိမ်များစွာ ကျရှုံးပြီးသောအခါ နွမ်ရှုထိန်းချုပ်နိုင်သော အရင်းအမြစ်များနှင့် စွမ်းအားများက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
အမှန်တော့ နွမ်ရှုက နဝမအဆင့်မဟုတ်သော်လည်း ရှဟိုယွမ်ကို ကယ်တင်ချင်သောကြောင့် လမ်းမှန်အင်အားစုများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ တဖြည်းဖြည်းနှင့် ရှဟိုယွမ်ကို ကယ်တင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။
တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သော နတ်ဆိုးသခင်များက နွမ်ရှုနောက်လိုက်ခြင်းဖြင့် မည်သည့်အကျိုးအမြတ်မှ မရနိုင်သည်ကို နားလည်ခဲ့ကြသည်။ အန္တရာယ်များသော အခြေအနေတွင် သူတို့ကိုယ်တိုင် လွတ်မြောက်ရန်သာ အဓိကဖြစ်၏။
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ သူက လက်ရှိပတ်ဝန်းကျင်ကို သဘောကျလေသည်။
မဟာချောက်နက်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် ယှဉ်လျှင် ထိုနေရာမှ ယွမ်ချီများက လင်းယွမ်အတွက် နတ်ဘုံတစ်ခုကဲ့သို့ ဖြစ်နေသည်။
" ငါ အချိန်တစ်ခုအထိ တံခါးပိတ်ကျင့်ကြံရလိမ့်မယ်။ အရေးကြီးတဲ့ ကိစ္စမရှိရင် ငါ့ကို မနှောက်ယှက်နဲ့။ " လင်းယွမ်က ညွှန်ကြားလိုက်သည်။
ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းကို လင်းယွမ်က ပဉ္စမအလွှာသို့ ချိုးဖျက်ရန် ရည်ရွယ်ထားသည်။
" ဟုတ်ကဲ့ " နွမ်ရှုက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ရှဟိုယွမ်က ဒဏ်ရာများရရှိခဲ့ပြီး ပြန်လည်ကုသရန် တံခါးပိတ်ကျင့်ကြံခြင်းဖြစ်သည်ကို သူမ တွေးမိလေသည်။
မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်တွင် နှစ်ဆယ့်ငါးနှစ်ကြာအောင် ဖိနှိပ်ခံထားရသောလူက ဘာဒဏ်ရာမှမရှိဘူးဟု ပြောလျှင် ဘယ်သူမှယုံမည်မဟုတ်ပေ။ လင်းယွမ်က အဋ္ဌမအဆင့် ကျန်းကျန့်ကောကို လက်တစ်ဖက်တည်းနှင့် သတ်ခဲ့လျှင်တောင် သူ၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာများ ရှိနေနိုင်လေသည်။
လင်းယွမ်က အခန်းထဲသို့ လျှောက်ဝင်လာပြီးနောက် အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။
" ပဉ္စမအလွှာ " လင်းယွမ်က စဉ်းစားနေသည်။
မဟာချောက်နက်၏ မြေအောက်ဆယ့်ရှစ်ထပ်တွင် နှစ်နှစ်ဆယ်ကြာအောင် နေခဲ့ပြီး လင်းယွမ်က သူ၏ အချိန်အများစုကို ပဉ္စမအလွှာ၏ လမ်းကြောင်းကို ရှာဖွေရာ၌ ကုန်ဆုံးခဲ့သည်။
" ဘာပြဿနာမှ မဖြစ်လောက်ပါဘူး။ "
နေ့တစ်ဝက်ကြာပြီးနောက် လင်းယွမ်က သက်ပြင်းချလိုက်သည်။
" ဒါပေမယ့် ဒီရှဟိုယွမ်က တကယ်ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်တာပဲ။ "
ရှဟိုယွမ်၏ မှတ်ဉာဏ်များအရ ထိုလူက နတ်ဆိုးတာအိုတွင် စိတ်မကူးနိုင်လောက်အောင် ပါရမီရှိသည်ကို သိခဲ့ရသည်။ ထို့အပြင် ရှဟိုယွမ်က အခြားနတ်ဆိုးသခင်များကို ဖိနှိပ်နိုင်သော စွမ်းအားလည်း ရှိနေသည်။
" စတုတ္ထအလွှာ အထွတ်အထိပ်ကို ရောက်ပြီဆိုတော့ ပဉ္စမအလွှာကို ချိုးဖျက်ရမယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ဆက်လက် ကျင့်ကြံလိုက်သည်။
ရုတ်တရက် ပတ်ဝန်းကျင်ရှိ ဆယ်မိုင်ကျော်မှ ယွမ်ချီများက စုစည်းသွားကြပြီး လင်းယွမ်ဆီသို့ စီးဝင်လာကြသည်။
မဟာချောက်နက်အတွင်းမှ ရှဟိုယွမ်လွတ်မြောက်သွားသည့်သတင်းက နယ်မြေငါးခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ မဟာချောက်နက်၏ အစောင့်များက မသေခဲ့ကြသောကြောင့် ထိုကိစ္စက ဖုံးကွယ်၍မရပေ။
လမ်းမှန်အင်အားစုများက ရှဟိုယွမ်၏ ကြောက်စရာကောင်းသော လွှမ်းမိုးနိုင်စွမ်းကို သတိရသွားကြသည်။
လွန်ခဲ့သော နှစ် ၂၀၊ ၃၀မှ အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသော နတ်ဆိုးသခင်များက ထိတ်လန့်နေကြသည်။ ရှဟိုယွမ် မည်မျှကြောက်စရာကောင်းသည်ကို သူတို့အသိဆုံးဖြစ်လေသည်။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်ကျော်အတွင်း မွေးဖွားလာသော နတ်ဆိုးသခင်များကတော့ နားမလည်နိုင် ဖြစ်နေကြသည်။
နတ်ဆိုးများက သဘာဝအားဖြင့် လွတ်လပ်မှုကို နှစ်ခြိုက်ကြသည်။ ရှဟိုယွမ်က တစ်ချိန်က နတ်ဆိုးတာအိုတွင် ပြိုင်ဘက်ကင်းခဲ့သော်လည်း နှစ်နှစ်ဆယ် သုံးဆယ်ကြာအောင် ဖိနှိပ်ခံခဲ့ရသည်ဟု နတ်ဆိုးသခင်အသစ်များက တွေးကြလေသည်။
သူ့မှာ ခွန်အား ဘယ်လောက်ကျန်မှာမလို့လဲ။ နှစ်ဆယ်ရာခိုင်နှုန်းလား သုံးဆယ်ရာခိုင်နှုန်းလား။
အချို့က ၎င်းကို အခွင့်အရေးတစ်ခုဟုပင် မြင်ကြလေသည်။ နတ်ဆိုးသခင်အများစုအတွက် ရှဟိုယွမ်က အတားအဆီးတစ်ခု ဖြစ်လေသည်။ ယခုအချိန် သူ့ကို သတ်နိုင်ခဲ့လျှင် သူတို့က သူ့နေ့ရောကို အစားထိုးနိုင်ပေလိမ့်မည်။ နယ်မြေငါးခု၏ မရေတွက်နိုင်သော နတ်ဆိုးများ၏ ခေါင်းဆောင်။
ထိုအကြံအစည်က နတ်ဆိုးသခင်များကြား အထူးသဖြင့် နတ်ဆိုးသခင်အသစ်များကြား လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုသုံးခုအတွင်း ရှဟိုယွမ်နှင့် ပက်သက်သော ဒဏ္ဍာရီများစွာကို ကြားဖူးခဲ့ကြသည်။ သူတို့ကသာ ထိုဒဏ္ဍာရီကို ဖျက်ဆီးနိုင်လျှင် ဒဏ္ဍာရီအသစ် ဖြစ်လာပေလိမ့်မည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း