နတ်ဆိုးအားလုံး ရှဟိုယွမ်ရှေ့မှာ ဒူးထောက်ရမယ်....
Vol. 8 Ch. 132
လင်းယွမ်နေထိုင်ရာ ခံတပ်၏ အပြင်ဘက်တွင် မည်သည့်အချိန်ကမှန်းမသိ လူများတစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ထိုလူများက အနက်ရောင် အော်ရာများထွက်ပေါ်နေသော နတ်ဆိုးသခင်များ ဖြစ်ကြသည်။
" ဒီနေရာက ရှဟိုယွမ် နောက်ဆုံးရှိခဲ့တဲ့ နေရာပဲ။ " အေးစက်သော လူငယ်တစ်ယောက်က လက်နောက်ပစ်ပြီး ပြောလိုက်သည်။
ထိုအေးစက်သော လူငယ်က ပြန့်မောင်ဖြစ်ပြီး နတ်ဆိုးတာအို၏ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ နှစ်နှစ်ဆယ်အတွင်း အဋ္ဌမအဆင့် အထွတ်အထိပ်သို့ နတ်ဆိုးသခင်ငယ်အဖြစ် ကျော်ကြားလေသည်။
နတ်ဆိုးသခင်ဟူသော ဘွဲ့က နဝမအဆင့် နတ်ဆိုးများအတွက်သာ အသုံးပြုကြသောကြောင့် ပြန့်မောင်ကို နတ်ဆိုးသခင်ငယ်အဖြစ် ခေါ်ကြခြင်းဖြစ်သည်။ သူက နဝမအဆင့်သို့ ရောက်ရန် အလားအလာကောင်းများ ရှိသည်မှာ ထင်ရှားလေသည်။
" ပြန့်မောင် နားထောင် ရှဟိုယွမ်ကို ရှာဖွေတာက အရေးကြီးတဲ့ ကိစ္စပဲ။ အဲ့ဒါ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့တဲ့ မဟာနတ်ဆိုးပဲ။ " အနီးရှိ အရိပ်ထဲမှ လူတစ်ယောက် ထွက်လာပြီး ပြောလိုက်သည်။
" မင်း ယင်ရှီလျိုတောင် လုပ်ရဲသေးရင် ငါပြန့်မောင်က ဘာလို့မလုပ်ရဲရမှာလဲ။ " ပြန့်မောင်က အေးစက်စွာ ရယ်လိုက်သည်။
ယင်ရှီလျိုက သူနှင့်တန်းတူကျော်ကြားသော နတ်ဆိုးသခင်တစ်ယောက် ဖြစ်သည်။ သူက လုပ်ကြံသတ်ဖြတ်ခြင်းတွင် အလွန်ကျွမ်းကျင်ပြီး နဝမအဆင့် စွမ်းအားကြီးသူများကိုပင် ဒဏ်ရာအပြင်းအထန် ရစေနိုင်လေသည်။
နဝမအဆင့်ကို ဒဏ်ရာအပြင်းအထန် ရစေနိုင်ခြင်းဆိုသည်မှာ အာရုံလွဲနေသည့်အချိန်တွင် ခြုံခိုတိုက်ခိုက်ခြင်းကို ဆိုလိုလေသည်။ မည်သို့ပင်ဖြစ်စေ နဝမအဆင့်ကို ဒဏ်ရာရစေနိုင်ခြင်းက ယင်ရှီလျို၏ ခွန်အားကို သက်သေပြနိုင်လေသည်။
" ကောင်းပြီ "
" ငြင်းခုံမနေတော့နဲ့။ " ထိုအချိန်တွင် စူးရှသော မိန်းကလေးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။
အစိမ်းရောင်ဂါဝန်နှင့် မိန်းမငယ်လေးတစ်ယောက်က ကျောက်တုံးကြီးတစ်တုံးပေါ်မှ ခုန်ဆင်းလာသည်။ သူမက ကျောက်တုံးပေါ်တွင် ထိုင်ပြီး ခံတပ်ကို ကြည့်နေခဲ့ခြင်းဖြစ်သည်။
" ငါတို့သုံးယောက် ရှဟိုယွမ်ကို ပူးပေါင်းပြီရှာဖွေတာက တကယ်အရေးကြီးတဲ့ ကိစ္စပဲ။ အောင်မြင်ခဲ့ရင် ငါတို့က နယ်မြေငါးခု နတ်ဆိုးလမ်းစဉ်ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ ဖြစ်လာလိမ့်မယ်။ " မိန်းကလေး၏ အမူအရာက လေးနက်နေသည်။
" ငါတို့မအောင်မြင်ခဲ့ရင်တော့...." ထိုနေရာတွင် ရပ်ပြီး ဆက်မပြောတော့ပေ။
" မစိုးရိမ်နဲ့။ ငါတို့သုံးယောက်ရဲ့ ခွန်အားနဲ့ လက်အောက်ငယ်သာရာချီနဲ့ဆို ရှဟိုယွမ်က သူ့ရဲ့ နဝမအဆင့် အထွတ်အထိပ် ခွန်အားကိုသာ ပြန်မရသေးရင် သေချာပေါက် သေရလိမ့်မယ်။ "
" သူက သူ့ရဲ့ ခွန်အားတွေ ပြန်ရနေရင်တောင် ငါတို့က လက်အောက်ငယ်သားတွေကို ထားခဲ့ပြီး ငါတို့သုံးယောက် လွတ်မြောက်နိုင်ဖို့ အခွင့်အရေးရှိတယ်။ " ယင်ရှီလျိုက ပုံမှန်အတိုင်း ပြောလိုက်သည်။
သူ၏ အသံဆုံးသည်နှင့် အရိပ်များထဲမှ လူများ ထွက်လာကြပြီး သူတို့အားလုံးက သတ္တမအဆင့် နတ်ဆိုးများ ဖြစ်ကြသည်။ သူတို့အားလုံးက အဋ္ဌမအဆင့်ကို သတ်ဖြတ်နိုင်ပြီး နဝမအဆင့် စွမ်းအားကြီးသူများကိုပင် ခေါင်းကိုက်စေနိုင်သော မှော်အင်းကွက်တစ်ခုကို နေရာချလိုက်ကြသည်။
" အချိန်ကျပြီ။ ငါတို့လှုပ်ရှားကြစို့။ " ပြန့်မောင်က အဝေးမှ ခံတပ်ကို ကြည့်ပြီး ပြောလိုက်သည်။
" လေထုက ပြောင်းလဲသွားတယ်။ " လင်းယွမ်တံခါးပိတ်ကျင့်ကြံနေသော အိမ်ရှေ့တွင် နွမ်ရှုက တစ်ချိန်လုံး စောင့်ကြပ်နေခဲ့ပြီး ရုတ်တရက် သူမက အန္တရာယ်ကို ခံစားလိုက်ရသည်။
" ဒီနေရာကို ရှာတွေ့သွားကြတာလား။ " နွမ်ရှုက စိတ်ထဲမှ တုန်လှုပ်သွား၏။
၎င်းက ဖြစ်နိုင်လေသည်။ ရှဟိုယွမ် ဖမ်းဆီခံလိုက်ရသောအချိန်တွင် သူမ ထိန်းချုပ်နိုင်သော အင်အားများက နည်းပါးလာပြီး ခံတပ်ကလည်း အနည်းငယ်သာ ရှိတော့လေသည်။
" မဟုတ်ဘူး။ ငါအရှင့်ကို သွားတွေ့ပြီး ချက်ချင်း ထွက်သွားရမယ်။ " နွမ်ရှုက လင်းယွမ်ဆီသို့ သွားရန် ပြင်လိုက်သော်လည်း သူမက တုန့်ဆိုင်းသွား၏။
သူမ အရှင်၏ ဒဏ်ရာများက ယခု သက်သာသင့်ပေသည်။ သို့သော် သူ့ကို နှောက်ယှက်သောကြောင့် ဒဏ်ရာများ ပိုဆိုးသွားလျှင် သေစေနိုင်သော ရာဇဝတ်မှုပင် ဖြစ်လေသည်။
နွမ်ရှုက တုန့်ဆိုင်းနေစဉ်....
ဝှစ် ဝှစ် ဝှစ်....
အနက်ရောင်ဝတ်ရုံနှင့် သူမ၏ လက်အောက်ငယ်သားများက လျင်မြန်စွာ နောက်ဆုတ်လာကြသည်။
" ဘာဖြစ်တာလဲ။ " နွမ်ရှုက တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
" ကျုပ်တို့ ဝိုင်းခံထားရပြီ။ " လက်အောက်ငယ်သားတစ်ဦးက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
" ဝိုင်းခံထားရတယ်။ " နွမ်ရှု၏ အမူအရာက မဲမှောင်သွား၏။
ရုတ်တရက် ခြေသံအချို့ ထွက်ပေါ်လာသည်။ သူတို့ မသိခင် ရာနှင့်ချီသော လူများက ခံတပ်အတွင်းရှိ အိမ်ကို ဝိုင်းထားကြပြီဖြစ်သည်။
ထိုရာနှင့်ချီသော လူများက သူတို့၏ အော်ရာများကို ချိတ်ဆက်ထားကြပြီး ပူးပေါင်းတိုက်ကွက်တစ်ခုကို ပုံဖော်ထားကြသည်။
" ထွက်ခဲ့စမ်း " ၎င်းကို မြင်သောအခါ နွမ်ရှုက မလွတ်မြောက်နိုင်မှန်း သိလိုက်သည်။
" မင်းက ရှဟိုယွမ်ရဲ့ ကာကွယ်သူ ၃၆ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နွမ်ရှုလား။ " အေးစက်သော လူငယ် ပြန့်မောင်က ရှေ့ထွက်လာပြီး နွမ်ရှုကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ သူက ရှဟိုယွမ်ခေတ်ကို မမှီလိုက်သောကြောင့် ကြောက်လန့်ခြင်း မရှိပေ။
" တကယ်ကို သစ္စာရှိတာပဲ။ ငါထင်တာမမှားရင် မင်းရဲ့ အရှင်က ဒီအိမ်ထဲမှာ မဟုတ်လား။ "
" ပြန့်မောင် ရဲတင်းလှချည်လား။ " နွမ်ရှုက ဒေါသထွက်သွားသည်။
သူမက နတ်ဆိုးသခင်ငယ်အဖြစ် ကျော်ကြားသော ပြန့်မောင်ကို မှတ်မိသွားသည်။ သူ့လို ဂျူနီယာတစ်ယောက်က သူမအရှင်၏ နာမည်ကို တိုက်ရိုက် ခေါ်ရဲလေသည်။
" ကာကွယ်သူနွမ် ခေတ်တွေက ပြောင်းလဲသွားပြီ။ " ၎င်းကို ကြားသောအခါ ပြန့်မောင်၏ အမူအရာက အေးစက်သွားသည်။
" ရှဟိုယွမ်ရဲ့ ခေတ်က ကုန်သွားပြီ။ "
" မစကားများမနေနဲ့ တိုက်ကြစို့။ " အစိမ်းရောင် ဂါဝန်နှင့် မိန်းကလေးက ယင်ရှီလျိုနှင့်အတူ ပေါ်လာသည်။
ရုတ်တရက် နက်နဲသော အော်ရာတစ်ခုက ပျံ့နှံ့လာပြီး ခံတပ်တစ်ခုလုံး လွှမ်းခြုံသွားသည်။
အစိမ်းရောင်ဂါဝန်နှင့် မိန်းကလေး၊ ပြန့်မောင်၊ ယင်ရှီလျိုနှင့် နောက်လိုက်တစ်ရာကျော်က တိုက်ခိုက်ရန် ပြင်လိုက်သည်။
ခရက်.....
နွမ်ရှု၏ နောက်မှ သစ်သားတံခါးက ပွင့်သွား၏။
" လူစုံနေတာပဲ။ " နူးညံ့သော အသံတစ်သံက အိမ်ထဲမှ ထွက်ပေါ်လာသည်။
ပြန့်မောင်၊ ယင်ရှီလျိုနှင့် အခြားသူများ၏ အကြည့်များအောက်တွင် အရပ်ရှည်ရှည် လူတစ်ယောက် အိမ်ထဲမှ ထွက်လာသည်။
" အဲ့ဒါ ရှဟိုယွမ်လား။ "
ထိုမြင်ကွင်းကို သူတို့၏ စိတ်ထဲတွင် မျှော်လင့်ထားကြသော်လည်း ပြန့်မောင်နှင့် အခြားသူများ၏ နှလုံးခုန်သံများ မြန်သွားကြသည်။
ထိုလူက လွန်ခဲ့သော နှစ်နှစ်ဆယ် သုံးဆယ်မှ ဒဏ္ဍာရီဖြစ်၏။
" သတ် "
ပြန့်မောင်၊ ယင်ရှီလျိုနှင့် မိန်းကလေးတို့က ပြတ်သား၏။
ရှဟိုယွမ်ဖြစ်တော့ရော ဘာအရေးလဲ။ သူက ဒဏ္ဍာရီတစ်ခုဖြစ်လျှင်တောင် သူတို့က သူ့ကို တိုက်ခိုက်ရဲလေသည်။
လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး သူ၏ နှုတ်ခမ်းများက ကွေးညွှတ်သွား၏။
ဝုန်း....
ဆယ်မိုင်အကွာအဝေးအတွင်း သတ္တမအဆင့်ဖြစ်စေ၊ အဋ္ဌမအဆင့်ဖြစ်စေ နဝမအဆင့်ပင်ဖြစ်စေ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူတိုင်း မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တုန်ယင်နေကြသည်။
ကမ္ဘာပေါ်ရှိ နတ်ဆိုးအားလုံး ရှဟိုယွမ်ကို မြင်လျှင် ဦးညွှတ်ရမည်ဖြစ်သည်။
ခံတပ်အတွင်းရှိ နတ်ဆိုးများအားလုံး၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ကောင်းကင်ထိပင် ရောက်နေခဲ့သည်။ သို့သော် သူတို့က လင်းယွမ်ကို မြင်လိုက်ရသည့်ခနတွင် မလိုလားစွာဖြင့် ဒူးထောက်ပြီး ဦးညွှတ်လိုက်ရသည်။
၎င်းက စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသော နှိုင်းယှဉ်မရသည့် ဖိနှိပ်မှုဖြစ်၏။ ကမ္ဘာပေါ်မှ နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူအားလုံး ၎င်း၏ တရားစီရင်မှုအောက်သို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ပြန့်မောင်က လှုပ်ရှားနိုင်စွမ်းမရှိဘဲ မြေပြင်တွင် ဒူးထောက်နေရပြီး သူ၏ စိတ်ထဲတွင် တုန်လှုပ်မှုလှိုင်းများ ထွက်ပေါ်လာသည်။
သူ၏ ခွန်အားနှင့် သူက နဝမအဆင့် အထွတ်အထိပ် တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူက တိုက်ခိုက်နိုင်စွမ်း သို့မဟုတ် လွတ်မြောက်နိုင်စွမ်းမရှိလျှင်တောင် တိုက်ရိုက်ဒူးထောက်ရမည်မဟုတ်ပေ။
ယခုအချိန်တွင် သူ ပြန့်မောင်က ဒူးထောက်နေရုံသာမက သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးကျင့်စဉ်နှင့် တားမြစ်နည်းစနစ်များအားလုံး ငြိမ်သက်သွားခဲ့သည်။
" အဲ့ဒီရှဟိုယွမ်...." အေးစက်မှုတစ်ခုက ပြန့်မောင်၏ ကျောရိုးတလျှောက် ပျံ့နှံ့လာသည်။
လွန်ခဲ့သော နှစ်သုံးဆယ်ကျော်မှ ခေတ်ကို ဖြတ်သန်းခဲ့သော နတ်ဆိုးသခင်များက ရှဟိုယွမ် မဟာချောက်နက်မှ လွတ်မြောက်လာသည်ကို ကြားသောအခါ သူ့ကို အမဲလိုက်ရန် မစဉ်းစားဘဲ ထိတ်လန့်နေကြသည့်အကြောင်းရင်းကို သူက နောက်ဆုံး နားလည်သွားခဲ့သည်။
ထိုအချိန်တွင် သူက ဆယ်စုနှစ် နှစ်ခုကြာအောင် ထွက်မလာနိုင်သော ရှဟိုယွမ်ကို ကြောက်လန့်နေကြသည့် နတ်ဆိုးသခင်များကိုပင် လှောင်ပြောင်ခဲ့သေးသည်။
သို့သော် ယခု ရှဟိုယွမ်နှင့် တိုက်ရိုက်ရင်ဆိုင်ရသောအခါ နယ်မြေငါးခုမှ နတ်ဆိုးများအားလုံးကို စိုးမိုးပြီး မဟာနတ်ဆိုးအရှင်ဟူသော ရှဟိုယွမ်က မည်မျှကြောက်စရာကောင်းသည်ကို နားလည်သွားခဲ့သည်။
ရှဟိုယွမ်၏ နေရာတွင် အစားထိုးပြီး နောက်ထပ် ဒဏ္ဍာရီတစ်ခုဖြစ်လာရန်ဟူသော သူ၏ ရည်ရွယ်ချက်များက အလွန်ပင် ရယ်စရာကောင်းလေသည်။
ရှဟိုယွမ်သာ ကိုင်တွယ်ရလွယ်ကူနေလျှင် မဟာချောက်နက်မှ သူလွတ်မြောက်လာသည်နှင့် နယ်မြေငါးခုမှ နတ်ဆိုးသခင်ကိုးယောက်က သူ့ကို လာရှာပြီး ဖြစ်နေလောက်ပြီဖြစ်သည်။
" သွားပြီ ငါတို့ အသုံးချခံလိုက်ရပြီ။ " ယင်ရှီလျိုက မြေပြင်တွင် ဒူးထောက်နေပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။
သူတို့၏ လုပ်တောင်ချက်များက လျို့ဝှက်ချက်မဟုတ်ဘဲ မဟာနတ်ဆိုးကိုးပါးထဲမှ အချို့ပင် သတိပြုမိကြလေသည်။ အစမှအဆုံး သူတို့က အတားအဆီး မရှိခဲ့ဘဲ ချောမွေ့စွာ ဖြစ်သွားခဲ့ပြီး ရှဟိုယွမ်၏ တည်နေရာကိုလည်း အလွယ်တကူ သိခဲ့ရလေသည်။ ယင်းမတိုင်မီ ယင်ရှီလျိုက စီနီယာများ သူတို့ကို ကူညီနေသည်ဟုပင် ထင်ခဲ့သည်။
သို့သော် ယခု သူတို့မျိုးဆက်သစ်များက ဒုတိယမျိုးဆက် နတ်ဆိုးသခင်များ၏ လက်ထဲမှာ ဓားများသာ ဖြစ်လာခဲ့သည်။
နတ်ဆိုးသခင်ကိုးယောက်အပါအဝင် ထိုဒုတိယမျိုးဆက် နတ်ဆိုးသခင်များက ရှဟိုယွမ်၏ ခေတ်ကို ဖြတ်သန်းခဲ့ကြပြီး သူ၏ ကြောက်စရာကောင်းပုံကို ကောင်းကောင်းသိကြလေသည်။
ထို့ကြောင့် ရှဟိုယွမ်က မဟာချောက်နက်မှ လွတ်မြောက်လာပြီး သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်မရောက်သေးသည်ကို သိရသည့်တိုင် သူတို့အားလုံး မလှုပ်ရှားရဲကြခြင်း ဖြစ်သည်။
အမှန်တော့ နတ်ဆိုးသခင်အချို့က အတူတကွ စုစည်းပြီး ဒဏ္ဍာရ်ိလာ နတ်ဆိုးအရှင် ရှဟိုယွမ်ကို အမဲလိုက်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်။ သူတို့ မသိလိုက်ခင်မှာပင် ရှဟိုယွမ်ကို စမ်းသပ်ရန် သူတို့အားလုံး အသုံးချခံလိုက်ရခြင်း ဖြစ်သည်။
ရှဟိုယွမ်ကို သတ်နိုင်လျှင် သူတို့၏ စိုးရိမ်မှုကို ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။ မသေဆုံးခဲ့လျှင်လည်း ထိုဒုတိယမျိုးဆက် နတ်ဆိုးသခင်များနှင့် ဘာမှမဆိုင်ဘဲ မျိုးဆက်သစ်များက သူတို့၏ စိတ်ဆန္ဒအတိုင်း ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
" ဆရာ ဆရာ ဘာလို့မလာသေးတာလဲ။ ရှဟိုယွမ်က အရမ်းကြောက်စရာကောင်းတယ်။ "
အစိမ်းရောင်ဂါဝန်နှင့် မိန်းကလေးက သူမ၏ လက်ထဲမှ ကျောက်စိမ်းအဆောင်ကို ချိုးပစ်လိုက်သည်။ သူမနှင့် သူမဆရာ၏ အစီအစဉ်အရ သူမက အဆောင်ကို ချိုးလိုက်သည်နှင့် နဝမအဆင့်ဖြစ်သော သူမ၏ ဆရာက ချက်ချင်းရောက်လာပြီး အားလုံးကို အဆုံးသတ်သွားမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ပြန့်မောင်ဖြစ်စေ ယင်ရှီလျိုဖြစ်စေ နှစ်ယောက်လုံးက သူမ၏ ဂါဝန်အောက်တွင် ဒူးထောက်ရပေလိမ့်မည်။ သို့သော် သူမက ကျောက်စိမ်းအဆောင်ကို ချိုးခဲ့သော်လည်း သူမ၏ ဆရာက ရောက်လာခဲ့ခြင်း မရှိပေ။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း