← Chapters

သေခြင်းအမှတ်အသား.....

Vol. 8 Ch. 133

သေခြင်းအမှတ်အသား.....

Vol. 8 Ch. 133

သစ်သားအိမ်လေးရှေ့တွင် လင်းယွမ်က ဒူးထောက်နေကြသော နတ်ဆိုးအားလုံးကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အံ့ဩခြင်း မရှိပေ။

သူက ဤကမ္ဘာသို့ စရောက်ကတည်းက ရှဟိုယွမ်တွင် နတ်ဆိုးများအားလုံးကို ဖိနှိပ်နိုင်သော ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခု ရှိနေသည်ကို သိခဲ့ရသည်။ သို့သော် ထိုဖိအားက အကန့်အသတ် မရှိခြင်းတော့ မဟုတ်ပေ။

၎င်းက တူညီသော အဆင့်အတွင်း ရှိနေရန် လိုအပ်သည်။ ဥပမာ ရှဟိုယွမ်က သတ္တမအဆင့်တွင် ရှိနေလျှင် သတ္တမအဆင့်နှင် အောက်အဆင့်ရှိ နတ်ဆိုးများအားလုံးက သူ၏ တည်ရှိမှုအောက်တွင် ဖိနှိပ်ခံရပေလိမ့်မည်။ သတ္တမအအဆင့် အထွတ်အထိပ်များပင် လွတ်မြောက်နိုင်စွမ်းမရှိဘဲ ရှဟိုယွမ်၏ ရှေ့တွင် ဒူးထောက် ဦးညွှတ်ရလေသည်။

အဋ္ဌမအဆင့် နတ်ဆိုးသခင်များက ဖိနှိပ်မှုကို တွန်းလှန်ပြီး ဒူးမထောက်ရလျှင်တောင် ရှဟိုယွမ်ကို တိုက်ခိုက်ရန် မတွေးဝံ့သော ကိစ္စဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အချို့က နယ်မြေငါးခုမှ နတ်ဆိုးများအားလုံးကို ရှဟိုယွမ်က ဘယ်လိုထိန်းချုပ်ခဲ့တာလဲ။ ခွန်အားနဲ့လား။

ကောင်းကင်ဓားဂိုဏ်းနှင့် လမ်းမှန်အင်အားစုများပင် နှစ်ပေါင်းများစွာ ကြာအောင် နတ်ဆိုးများကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့လျှင် ရှဟိုယွမ်က ဘယ်လိုလုပ်ဆောင်နိုင်ခဲ့တာလဲ။

ခွန်အားက အဓိကဆိုလျှင် ထိုနတ်ဆိုးသခင်များက အဝေးတွင် ပုန်းကွယ်နေနိုင်လေသည်။ လမ်းမှန်အင်အားစုများ၏ ဒသမအဆင့် တည်ရှိမှုကို ရင်ဆိုင်ရလျှင် နတ်ဆိုးသခင်များက ပုန်းကွယ်ရန် ရွေးချယ်ခဲ့ကြသည်။

နှစ်တစ်သောင်းအတွင်း ကောင်းကင်ဓားဂိုဏ်းမှ ဒသမအဆင့် သုံးယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဆိုလျှင်တောင် သူတို့က နယ်မြေငါးခုမှ နတ်ဆိုးသခင်များကို ရာစုနှစ်အနည်းငယ် ပုန်းကွယ်နေရန်သာ ပြုလုပ်နိုင်ခဲ့ပြီး ဒသမအဆင့် တည်ရှိမှုများ သေဆုံးသွားသောအခါ နတ်ဆိုးသခင်များက နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာကြလေသည်။

သို့သော် ရှဟိုယွမ်က နယ်မြေငါးခုမှ နတ်ဆိုးသခင်များကို အညံ့ခံစေခဲ့ပြီး ခွန်အားတစ်ခုတည်းနှင့် ၎င်းကို ရှင်းပြရန် မလုံလောက်ပေ။

ရှဟိုယွမ်က မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် အကျဉ်းချခံထားရစဉ် သူ၏ မူလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာပြီး နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို ရှာဖွေခဲ့လျှင် ထိုဖိနှိပ်ခြင်းစွမ်းအားကို ဆုံးရှုံးရပေလိမ့်မည်။

နတ်ဆိုးများကို ဖိနှိပ်နိုင်သော စွမ်းအားမရှိလျှင်တောင် လင်းယွမ်က ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းလူတစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားသည်။ သို့သော် လင်းယွမ် သိချင်နေသော အ​ကြောင်းအရာတစ်ခုတော့ ရှိ၏။

ထိုဖိနှိပ်မှု၏ နောက်ကွယ်မှ နိယာမက ဘာလဲ။

" အော်မနေနဲ့။ မင်းရဲ့ဆရာက ထွက်ပြေးသွားတာကြာပြီ။ "

လင်းယွမ်က မြေပြင်တွင် ဒူးထောက်နေကြသော နတ်ဆိုးများစွာကို ကြည့်ပြီး အစိမ်းရောင်ဂါဝန်နှင့် မိန်းကလေးက ကျောက်စိမ်းအဆောင်ကို အမှုန့်ဖြစ်လုနီးပါး ချေမွနေသည်ကို တွေ့လိုက်ရသည်။

မိန်းကလေးပေါ်လာသည်နှင့် သူမက မိုင်တစ်ရာအဝေးမှ အခြားအော်ရာတစ်ခုနှင့် ချိတ်ဆက်နေသည်ကို လင်းယွမ်က ခံစားမိခဲ့သည်။ မိုင်တစ်ရာအဝေးမှ အော်ရာက မိန်းကလေးနှစ် တူညီသော အရင်းအမြစ်မှ လာသော်လည်း သူမထက် ပို၍ သန်မာသော နဝမအဆင့် နတ်ဆိုးသခင်ဖြစ်လေသည်။

သို့သော် မိန်းကလေး ကျောက်စိမ်းအဆောင်ကို ချိုးလိုက်သည့်အချိန်တွင် မိုင်တစ်ရာအဝေးမှ အော်ရာကလည်း ထိတ်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ အလွန်လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ လင်းယွမ်က မလိုအပ်သောကြောင့် လိုက်ဖမ်းရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ယခု သူ့အတွက် အရေးကြီးဆုံးမှာ ပဉ္စမအလွှာသို့ တက်ရောက်ရန် ဖြစ်ပြီး အခြားကိစ္စများကို နောက်မှ လုပ်ဆောင်မည်ဖြစ်သည်။

အမှန်မှာ မိန်းကလေးက ကျောက်စိမ်းအဆောင်ကို မချိုးမီ မိုင်တစ်ရာအဝေးမှ အော်ရာက စူးစမ်းရန် ရောက်လာနိုင်သော်လည်း ကျောက်စိမ်းအဆောင် ပျက်ဆီးသွားသောအခါ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်နေပြီကို ထိုလူက ခန့်မှန်းမိခဲ့သည်။ အဖြစ်နိုင်ဆုံးမှာ ရှဟိုယွမ် ဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်း ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

" ရှဟို...အရှင် အရှင်...." မိန်းကလေးက ထိတ်လန့်သွားပြီး စကားများ ထစ်ငေါ့သွား၏။

ဆယ်စုနှစ်အချို့တွင် ရှဟိုယွမ်က နယ်မြေငါးခု၏ နတ်ဆိုးလမ်းစဉ်ကို စုစည်းခဲ့ပြီး မဟာနတ်ဆိုးအရှင်အဖြစ် ကျော်ကြားခဲ့သည်။ သူ၏ နောက်လိုက်များက သူ့ကို အရှင်ဟု ခေါ်ခဲ့ကြလေသည်။

" တော်လောက်ပြီ။ " လင်းယွမ်က ပြန့်မောင်နှင့် ယင်ရှီလျိုတို့ကို ကြည့်လိုက်သည်။

" မင်းတို့ သေချင်လား ရှင်ချင်လား။ " လင်းယွမ်၏ အသံက မကျယ်သော်လည်း လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

" သေချင်လား ရှင်ချင်လား။ " ၎င်းကို ကြားသောအခါ ပြန့်မောင်က မှင်သက်သွားပြီးနောက် ရုတ်တရက် ပျော်ရွှင်သွားသည်။

သူက သူ့ကိုသူ သေပြီးဟု တွေးခဲ့သော်လည်း လင်းယွမ်က သူတို့ကို သတ်ရန် ရည်ရွယ်ချက် ရှိပုံမရပေ။

" နတ်ဆိုးအရှင် ကျွန်တော်တို့ အသက်ရှင်ချင်ပါတယ်။ "

" အရှင် ကျွန်တော်တို့ အသက်ရှင်ချင်ပါတယ်။ " မရေတွက်နိုင်သော နတ်ဆိုးများက လျင်မြန်စွာ ပြောလိုက်ကြသည်။

" မင်းတို့ အသက်ရှင်ချင်တယ်ဆိုတော့ မခုခံကြနဲ့။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သောအခါ အလင်းတန်းတစ်ရာကျော်က ပျံသန်းထွက်လာပြီး နတ်ဆိုးများ၏ နဖူးများပေါ်သို့ ကျရောက်သွားသည်။

လင်းယွမ်က မဟာချောက်နက်မှ ထွက်လာပြီးနောက် အတိတ်မှ သူထူထောင်ခဲ့သော အင်အားစုများက ပြိုကွဲသွားပြီဖြစ်သည်။ သူ၏ လက်အောက်တွင် လူအချို့ ရှိရန်လိုအပ်လေသည်။

လင်းယွမ်က သူ၏ လက်အောက်ငယ်သားများကို အမိန့်များ ပေးခြင်းမရှိဘဲ ကောင်းကောင်းကျင့်ကြံနိုင်ရန် ဝိညာဉ်ဆေးအချို့ ရှာဖွေရန်သာ စေခိုင်းခဲ့သည်။

" ဟုတ်ကဲ့ " ပြန့်မောင်နှင့် အခြားသူများက သူတို့၏ နဖူးထဲသို့ တစ်စုံတစ်ခု ဝင်ရောက်သွားသည်ကို ခံစားခဲ့ရပြီး သေချာစစ်ဆေးရဲခြင်းမရှိဘဲ လျင်မြန်စွာ တုန့်ပြန်လိုက်ကြသည်။

" ဟမ် " နွမ်ရှုက ဒူးထောက်နေကြသော လူအားလုံးကို ကြည့်ပြီး သူမ၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာ ပေါ်လာသည်။

သူတို့လို ဂျူနီယာလေးတွေက သူမ၏ အရှင်ကို စိန်ခေါ်ရန် အရည်အချင်းရှိလို့လား။ ယခု သူတို့က သေခြင်း အမှတ်အသား ပြုလုပ်ခံလိုက်ရပြီး သူတို့၏ သေခြင်းရှင်ခြင်းက သူမ အရှင်၏ လက်ထဲသို့ ရောက်သွားလေသည်။

ထိုသေခြင်းအမှတ်အသားက အတိတ်တွင် ရှဟိုယွမ် နတ်ဆိုးများကို ထိန်းချုပ်ခဲ့သော နည်းလမ်းတစ်ခုဖြစ်သည်။ ရှဟိုယွမ်က သူ၏ အော်ရာကို နတ်ဆိုးများအားလုံး၏ စိတ်ထဲသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုအော်ရာပေါက်ကွဲသည်နှင့် နဝမအဆင့် နတ်ဆိုးသခင်များပင် အသက်မရှင်နိုင်ပေ။ သို့သော် သူတို့၏ စိတ်ထဲတွင် ထည့်သွင်းခဲ့သော သေခြင်းအမှတ်အသားက အခါအားလျော်စွာ အားဖြည့်ပေးရန် လိုအပ်သည်။ အကယ်၍ အချိန်အတော်ကြာ အားမဖြည့်ခဲ့လျှင် သေခြင်းအမှတ်အသားက လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။

သို့သော် မည်သည့်နတ်ဆိုးမှ သေခြင်းအမှတ်အသား ပျောက်ကွယ်ရန် တစ်နေရာရာတွင် ပုန်းအောင်းနေရဲခြင်းမရှိကြပေ။ သေခြင်းအမှတ်အသား မပျောက်ကွယ်မီ ရှဟိုယွမ်က ၎င်းကို ဖောက်ခွဲရန် အ​တွေးတစ်ခုသာ လိုလေသည်။

ရှဟိုယွမ်ဖမ်းဆီခံလိုက်ရသော အချိန်တွင် နတ်ဆိုးသခင်များက ထိတ်လန့်သွားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ရှဟိုယွမ်က မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်သို့ ရောက်သွားသောအခါ သေခြင်းအမှတ်အသားကို အသက်သွင်းရန်မပြောနှင့် ဆက်သွယ်မှုပင် ပြတ်တောက်သွားခဲ့သည်။

နှစ်များကြာလာသောအခါ နတ်ဆိုးများ၏ စိတ်ထဲမှ သေခြင်းအမှတ်အသားက ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများလည်း တည်ငြိမ်သွားခဲ့သည်။

ခံတပ်နှင့် မိုင်တစ်ထောင်ကျော်အဝေးတွင် အလင်းတန်းတစ်ခုက ပျံသန်းနေပြီး လေထဲတွင် သွေးနံ့များ ထွက်ပေါ်နေသည်။ ထိုအလင်းတန်းပိုင်ရှင်က လျင်မြန်စေရန် တားမြစ်နည်းစနစ်အချို့ အသုံးပြုထားသည်မှာ ထင်ရှားလေသည်။

ခနကြာတွင် အလင်းတန်းက ရပ်တန့်သွားပြီး သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

" ချန်အာ " အမျိုးသမီးက သက်ပြင်းချလိုက်ပြီး သူမ၏ တည်ရှိမှုက ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။ သားရဲများအားလုံးက လှုပ်ရှားရဲခြင်းမရှိဘဲ မြေပြင်တွင် ဝပ်ဆင်းကုန်ကြသည်။

ထိုအမျိုးသမီးက နဝမအဆင့် နတ်ဆိုးသခင်တစ်ယောက် ဖြစ်သည်မှာ ထင်ရှားလေသည်။ သို့သော် ထိုခနတွင် နယ်မြေငါးခုလုံးကို လွတ်လပ်စွာ သွားလာနိုင်သော နတ်ဆိုးသခင်တစ်ယောက်က သေဘေးမှ လွတ်မြောက်လာသကဲ့သို့ သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ရှိနေသည်။

" တကယ်ဘာဖြစ်ခဲ့တာလဲ။ ချန်အာက ဘာလို့ကျောက်စိမ်းအဆောင်ကို ချိုးခဲ့တာလဲ။ " ထိုအမျိုးသမီးက လင်းယွမ်ကို ဝန်းရံတိုက်ခိုက်ရန် ရည်ရွယ်ထားသော နတ်ဆိုးသခင်များထဲမှ တစ်ဦး ဖြစ်သည်။

သူမက အစိမ်းရောင်ဂါဝန်နှင့် မိန်းကလေး၏ ဆရာပင် ဖြစ်၏။ အစတွင် သူမက မိုင်တစ်ရာအဝေးမှ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် နဝမအဆင့် နတ်ဆိုးသခင်များပင် ထိုမျှအကွာအဝေးကို အာရုံခံနိုင်ရန် ခက်ခဲလှသည်။ ထိုအမျိုးသမီက ရှဟိုယွမ် သူမအား ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်ခြင်း လျို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့ခြင်း မရှိပေ။

သို့သော် အမျိုးသမီးက သူမ၏ တပည့် ကျောက်စိမ်းအဆောင်ကို ချို့လိုက်သည်အား ခံစားမိလိုက်သောအချိန်တွင် ကြောက်ရွံ့မှုတစ်ခုကလည်း သူမ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ သူမက အကြောင်းရင်းကို မသိသော်လည်း ထိုနေရာသို့ မသွားတော့ဘဲ ဆန့်ကျင်ဘက်အရပ်သို့ ပြေးသွားပြီး တားမြစ်နည်းစနစ်များကို အသုံးပြုခဲ့သည်။

သူမက သွားကြည့်စရာမလိုဘဲ ၎င်းက ရှဟိုယွမ်ဖြစ်သည်ကို သိလိုက်သည်။ ရှဟိုယွမ်ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိလျှင်တောင် သူမက အလောင်းအစား မလုပ်ရဲပေ။

"မဖြစ်သေးဘူး။ ငါ မိုယန်နဲ့ အခြားသူတွေဆီသွားပြီး ပူးပေါင်းရမယ်။ " အမျိုးသမီးက စိတ်တည်ငြိမ်လာသောအချိန်တွင် သူမတစ်ယောက်တည်းနေခြင်းက မလုံခြုံသကဲ့သို့ ခံစားလာရသည်။

သူမက အခြားနတ်ဆိုးသခင်များကို ရှာပြီး အတူပူးပေါင်းချင်နေသည်။ အထူးသဖြင့် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်နေသော မိုယန်နတ်ဆိုးသခင်ဖြစ်၏။ လွန်ခဲ့သော နှစ်သုံးဆယ်က ရှဟိုယွမ်ဖမ်းဆီးခံရသောအချိန်တွင် သူက နောက်ထပ် နတ်ဆိုးလမ်းစဉ်၏ ခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ရှဟိုယွမ်က မဟာချောက်နက်မှ ထွက်လာသောအချိန်တွင် မိုယန်နတ်ဆိုးသခင်က တစ်စုံတစ်ခုအား ကြံစည်နေသည်ကို သူမ ရိပ်မိခဲ့လေသည်။ သူမ၏ အတွေးကိုသာ အခြားသူများသိလျှင် အလွန်အံ့ဩသွားကြပေလိမ့်မည်။

နယ်မြေငါးခုနှင့် ပင်လယ်လေးစင်းတွင် မည်သည့်နေရာမဆို သွားလာနိုင်သော နတ်ဆိုးသခင်တစ်ယောက်က မလုံခြုံဘူးလို့ ခံစားနေရတာလား။

သို့သော် ထိုလူက ရှဟိုယွမ်ဟုသာ သိလျှင် ထိုဖြစ်ရပ်က သာမန်သာ ဖြစ်သွားပေလိမ့်မည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters