နတ်ဆိုးသခင်ကိုးယောက်....
Vol. 8 Ch. 134
ပြန့်မောင်၊ ယင်ရှီလျိုနှင့် အခြားသူများကို ဖြေရှင်းပြီးနောက် လင်းယွမ်က ဆက်လက်ကျင့်ကြံရန် အိမ်ထဲသို့ ပြန်လာခဲ့သည်။ နတ်ဆိုးများကို ခံတပ်ထဲတွင် နေပြီး စောင့်ကြပ်စေခဲ့သည်။
" ပဉ္စမအလွှာ...." လင်းယွမ်က ပို၍ ကျင့်ကြံလာသည်နှင့်အမျှ ပဉ္စမအလွှာအပေါ် သူ၏ နားလည်မှုက ပို၍ နက်ရှိုင်းလာခဲ့သည်။ မဟာချောက်နက်တွင် နေခဲ့သော နှစ်နှစ်ဆယ်တွင် သူက စိတ်ကူးနှင့် ပဉ္စမအလွှာကို အကြိမ်များစွာ ချိုးဖျက်ကြည့်ခဲ့သည်။
" အချိန်ကျပြီ။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။ သူက ယခု ပဉ္စမအလွှာသို့ ချိုးဖျက်ရန် ပြင်ဆင်ပြီးသွားပြီဖြစ်သည်။
" ဒါပေမယ့် အဆင့်မတက်ခင် နေရာအရင်ပြောင်းတာ ကောင်းမယ်။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
ပထမဆုံး ပဉ္စမအလွှာသို့ တက်ရောက်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်ကို လိုအပ်လေသည်။ လင်းယွမ်က အနီရောင်စိတ်ဝိညာဉ်အရည်ရှိလျှင်တော့ မည်သည့်နေရာတွင်မဆို အဆင့်တက်နိုင်လေသည်။
ခံတပ်မှ ယွမ်ချီများက မဟာချောက်နက်ထက် ပိုများသော်လည်း လင်းယွမ်အဆင့်တက်ရန်အတွက် မလုံလောက်သေးပေ။
ထို့အပြင် မကြာသေးမီရက်များတွင် လင်းယွမ်က စောင့်ကြည့်ခံနေသော ခံစားချက်ကို ခံစားနေရသည်။ ထိုနေရာတွင် သူရှိနေသည်ကို လူများစွာ သတိပြုမိသည်မှာ ထင်ရှားလေသည်။ သူ့ကို တိုက်ရိုက်မတိုက်ခိုက်ရဲသည့်အတွက် အဝေးမှ စောင့်ကြည့်နေကြခြင်းဖြစ်၏။
လင်းယွမ်က အခြားသူများ စောင့်ကြည့်နေခြင်းကို ဂရုမစိုက်သော်လည်း သေချာသော အဆင့်တက်ခြင်းအတွက် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခုကို လိုအပ်လေသည်။
" နွမ်ရှု " လင်းယွမ်က သူ၏ ကာကွယ်သူကို ခေါ်ပြီး သူ၏ လိုအပ်ချက်များကို ပြောပြလိုက်သည်။
" ဟုတ်ကဲ့။ " နွမ်ရှုက ခေါင်းငြိမ့်လိုက်သည်။ လင်းယွမ်သာမက သူမကလည်း စောင့်ကြည့်ခံနေရသည်ကို ခံစားခဲ့ရသောကြောင့် ထိုနေရာမှ ထွက်သွားချင်သည်မှာ ကြာပြီဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးသောအခါ နွမ်ရှုက လျင်မြန်စွာ ပြန်ရောက်လာပြီး လင်းယွမ်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " အရှင် ကျွန်မ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ နေရာတစ်ခုကို ရှာတွေ့ထားတယ်။ "
" အို " လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး သူ၏ မျက်နှာက အံ့ဩသောအမူအရာပေါ်လာသည်။
သူ၏ လိုအပ်ချက်များနှင့် ကိုက်ညီသောနေရာက နိမ့်ကျခြင်းမရှိဘဲ အင်အားစုအချို့၏ နယ်မြေများဖြင့်ပင် ယှဉ်နိုင်လေသည်။ သို့သော် နွမ်ရှုက ထိုကဲ့သို့သော နေရာကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
" ဘယ်နေရာလဲ။ " လင်းယွမ်က တိုက်ရိုက် မေးလိုက်သည်။
နွမ်ရှု၏ စွမ်းရည်နှင့် သူ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော နေရာကို အမှန်တကယ် ရှာတွေ့မည်ကို သူယုံကြည်လေသည်။
" အရှင်..." နွမ်ရှုက သူမစုဆောင်းထားသော အချက်အလက်များကို ချက်ချင်း ပြောပြလိုက်သည်။
လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ် ရှဟိုယွမ် ဖမ်းဆီးခံလိုက်ရသောအချိန်တွင် သူ၏ လက်အောက်ခံဖြစ်သော နဝမအဆင့် မိုယန်နတ်ဆိုးသခင်က မြေအောက်နန်းတော်တစ်ခုကို တိတ်တဆိတ် တည်ဆောက်ခဲ့သည်။
သူက နယ်မြေငါးခုမှ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများအားလုံးကို နောက်တစ်ကြိမ် စုစည်းပြီး ထိုမြေအောက်နန်းတောင်ကို အုတ်မြစ်အဖြစ် အသုံးပြု၍ သူ၏ ခံတပ်ကို တည်ထောင်ရန် ရည်ရွယ်ထားသည်။
ထိုမြေအောက်နန်းတော်ကို ယွမ်ချီစုပ်ဝဲတစ်ခုအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့အပြင် ထိုယွမ်ချီစုပ်ဝဲက ကောင်းကင်အဆင့်သို့ ရောက်နေပြီဖြစ်၏။ ယွမ်ချီစုပ်ဝဲဟု ခေါ်ခြင်းမှာ ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများ သိပ်သည်းစွာ စုစည်းနေသော နေရာဖြစ်သောကြောင့် ဖြစ်သည်။
ထို့အပြင် ကောင်းကင်အဆင့်သို့ ရောက်နေသော နေရာများက နယ်မြေငါးခုနှင့် ပင်လယ်လေးစင်းတွင်ပင် ရှားပါးလေသည်။
မိုယန်နတ်ဆိုးသခင်က ထိုယွမ်ချီစုပ်ဝဲကို ရှာတွေ့ခဲ့သော်လည်း ထုတ်ဖော်ခြင်းမရှိဘဲ ရှဟိုယွမ်ဖမ်းဆီးခံလိုက်ရသောအချိန်မှ သူ၏ ရည်မှန်းချက်များအတွက် ၎င်းကို စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ၏ သစ္စာရှိလက်အောက်ခံများမှ လွဲ၍ မိုယန်နတ်ဆိုးသခင်က အခြားနတ်ဆိုးသခင်များအပေါ်မှ ရှဟိုယွမ်၏ ကြောက်စရာကောင်းသော ဖိအားကို ဖယ်ရှားနိုင်စွမ်း မရှိခဲ့ပေ။
မိုယန်နတ်ဆိုးသခင်က မြေအောက်နန်းတော်ကို အလွန်လျို့ဝှက်စွာ တည်ဆောက်ခဲ့သည်။
နွမ်ရှု၏ လက်အောက်မှ နတ်ဆိုးခေါင်းဆောင်အချို့က လျို့ဝှက်သတင်းပေးထားခြင်းသာ မရှိခဲ့လျှင် လင်းယွမ်က အဆင့်တက်ရန် သင့်တော်သော နေရာတစ်ခု ရှာခိုင်းသောအခါ သူမက ယခုကဲ့သို့ လျင်မြန်စွာ ရှာတွေ့နိုင်မည်မဟုတ်ပေ။
" အဲ့ဒါ..." နွမ်ရှုက တုန့်ဆိုင်းမှုအချို့ ရှိနေသည်။ " မုယန်နတ်ဆိုးသခင် တည်ဆောက်ထားတဲ့ မြေအောက်နန်းတော်က လျို့ဝှက်တဲ့အပြင် အန္တရာယ်လည်း များတယ်။ အဲ့ဒီနေရာမှာ ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက်တွေ နေရာချထားတယ်လို့ ပြောတယ်။ "
ကောင်းကင်အဆင့် မှော်အင်းကွက်တစ်ခုက အလွန်စွမ်းအားကောင်းပြီး နဝမအဆင့်များကိုပင် ဖိနှိပ်သတ်ဖြတ်နိုင်လေသည်။
" အရှင်သာ မြေအောက်နန်းတော်ကို တကယ်ဝင်ချင်ရင် အရမ်းသတိထားမှရလိမ့်မယ်။ " နွမ်ရှုက နူးညံ့စွာ ပြောလိုက်သည်။
" ကိစ္စမရှိဘူး။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်စွာ ရှိနေသည်။
ရက်အနည်းငယ် ကြာပြီးသောအခါ လင်းယွမ်နှင့် နွမ်ရှုတို့က တောင်ကုန်းတစ်ခုရှေ့သို့ ရောက်လာကြသည်။ ပြန့်မောင်နှင့် နတ်ဆိုးခေါင်းဆောင်အချို့ကလည်း နောက်မှလိုက်လာကြသည်။
" အဲ့ဒါ မိုယန်နတ်ဆိုးသခင် တည်ဆောက်ထားတဲ့ မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်ပဲ။ " နွမ်ရှုက တိုးညှင်းစွာ ပြောလိုက်သည်။
" ယွမ်ချီ ......" လင်းယွမ်က ယွမ်ချီအချို့ကို ခံစားလိုက်ရသည်။
သို့သော် ယွမ်ချီစုပ်ဝဲက ချိတ်စည်းအချို့အောက်သို့ ရောက်နေပုံရပြီး သိပ်သည်းသော ယွမ်ချီများ ထွက်ပေါ်လာခြင်း မရှိပေ။ ၎င်းက သာမန်သာ ဖြစ်၏။ ပြင်ပနှောက်ယှက်မှုများ မရှိလျှင် ယွမ်ချီစုပ်ဝဲက ၎င်း၏ လမ်းကြောင်းအတိုင်း ယွမ်ချီများကို ထုတ်လွှတ်နေမည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လျှင် ယွမ်ချီစုပ်ဝဲ၏ အမြုတေမှ ယွမ်ချီများစုစည်းမှုက လျော့နည်းသွားပေလိမ့်မည်။
ထို့ကြောင့် ယွမ်ချီစုပ်ဝဲတွင် သခင်တစ်ယောက်ရှိလျှင် ၎င်းကို ဧရိယာတစ်ခုအတွင်း စုစည်းစေပြီး ပြင်ပကမ္ဘာနှင့် ခွဲခြားထားနိုင်လေသည်။ ထိုမြေအောက်နန်းတော်က မိုယန်နတ်ဆိုးသခင်၏ ခံတပ်ဖြစ်သောကြောင့် သူက ထိုကဲ့သို့ ပြုလုပ်ထားမည်မှာ သေချာလေသည်။
" ဒါက ငါ ပဉ္စမအလွှာကို တက်ဖို့ လုံလောက်တယ်။ " လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး စိတ်ထဲမှ ကျေနပ်သွား၏။
" အရှင် ကျွန်မ ရှေ့က သွားပါမယ်။ " နွမ်ရှုက အနီးရှိ ယန္တရားတစ်ခုကို စတင်လိုက်သည်နှင့် သူတို့၏ ရှေ့မှ တောင်ကုန်းတွင် ဝင်ပေါက်တစ်ခု ပေါ်လာသည်။
တောင်ကုန်းအောက်ရှိ ကျယ်ဝန်းသော မြေအောက်နန်းတော်အတွင်း နတ်ဆိုးသခင်ကိုးယောက်က ခန်းမတစ်ခုအတွင်း ထိုင်နေကြပြီး ပြင်းထန်စွာ ဆွေးနွေးနေကြသည်။
နဝမအဆင့်များ ဖြစ်ကြသော နတ်ဆိုးသခင်ကိုးယောက်က နယ်မြေငါးခုတွင် အထွတ်အထိပ် တည်ရှိမှုများဖြစ်ပြီး တစ်နေရာတည်းတွင် စုစည်းရန် မဖြစ်နိုင်ပေ။ သူတို့က နယ်မြေအသီးသီးတွင် ကွဲပြားနေကြပြီး သူတို့၏ ကိုယ်ပိုင်နယ်မြေများကိုသာ အုပ်စိုးခဲ့ကြသည်။
ယခုမူ နန်းတော်အတွင်း စုဝေးပြီး ငြင်းခုံနေကြသည်။ အကြောင်းရင်းမှာ ရှဟိုယွမ် မဟာချောက်နက်မှ ထွက်လာသော ကိစ္စဖြစ်သည်။ ရှဟိုယွမ်၏ ခေတ်တွင် နတ်ဆိုးသခင်ကိုးယောက်က သူ၏ အရည်အချင်းရှိသော လက်အောက်ခံများ ဖြစ်ကြသည်။
ရှဟိုယွမ် ဖမ်းဆီးခံလိုက်ရသောအခါ သူတို့က ရှဟိုယွမ်ကို ကယ်တင်ရန် ရည်ရွယ်ချက်မရှိဘဲ နယ်မြေများကို ယခင်အတိုင်း ပြန်လည်ပိုင်းခြားခဲ့သည်။
ရှဟိုယွမ်ကို ကယ်တင်ဖို့လား။ ဘာအတွက်လဲ။
ရှဟိုယွမ် အာဏာရှိစဉ်အချိန်တွင် သူတို့က စည်းမျဉ်းများဖြင့် ချည်နှောင်ခံခဲ့ရပြီး ကျင့်ကြံခြင်းအတွက် ရွာလေးတစ်ရွာ သတ်ဖြတ်ခြင်းကိုပင် တားမြစ်ခံခဲ့ရသည်။
အပေါ်ယံတွင် ရှဟိုယွမ်က ကောင်းကင်ဓားဂိုဏ်းနှင့် လမ်းမှန်အင်အားစုများကို တိုက်ခိုက်ရန် နယ်မြေငါးခုရှိ နတ်ဆိုးလမ်းစဉ်အင်အားစုများကို စုစည်းခဲ့သည်ဟု ထင်ခဲ့ကြသည်။
သို့သော် အဖြစ်မှန်ကိုတော့ သူတို့သာ သိလေသည်။ ရှဟိုယွမ်က သူတို့၏ လည်ပင်းပေါ်တွင် တင်ထားသော ဓားတစ်လက်နှင့် တူလေသည်။ သူတို့၏ လေ့ကျင့်မှုအတွက် ဆန္ဒရှိသလို သတ်ဖြတ်နိုင်ခြင်း မရှိတော့ပေ။
ရှဟိုယွမ်က နတ်ဆိုးများအားလုံးအပေါ် နားမလည်နိုင်သော ဖိအားကို ကိုင်ဆွဲပြီး အလွန်ကြောက်စရာမကောင်းလျှင် ကောင်းကင်ဓားဂိုဏ်းကဲ့သို့ လမ်းမှန်အင်အားစုများမပြောနှင့် နတ်ဆိုးသခင်ကိုးယောက်ပင် ယခင်ကတည်းက ပုန်ကန်ပြီးပြီဖြစ်သည်။
" ရှဟိုယွမ်က ထွက်လာပြီ ငါတို့ဘာလုပ်ကြမလဲ။ "
" ထျန်ကျန်းဇီဆိုတဲ့ကောင်က ဘာဖြစ်နေတာလဲ။ မဟာချောက်နက်ရဲ့ ဆယ့်ရှစ်ထပ်မြောက်က တောင်ပံရှိရင်တောင် မလွတ်နိုင်ဘူးလို့ သူပြောခဲ့တယ်မဟုတ်လား။ "
" ပထမဆုံး ရှဟိုယွမ်က မဟာချောက်နက်က ထွက်လာတာ အစစ်အမှန်လား ကောလဟာလလားဆိုတာ ငါတို့အတည်ပြုရမယ်။ "
နတ်ဆိုးသခင်များက အချင်းချင်း ဆွေးနွေးနေကြပြီး သူတို့၏ ကြောက်စရာကောင်းသော အော်ရာများကို မည်မျှပင် ဖိနှိပ်သည်ဖြစ်စေ သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်များက အနီးပင် ကပ်နိုင်မည်မဟုတ်ပေ။
" တော်လောက်ပြီ။ "
" ရှဟိုယွမ်က မဟာချောက်နက်ထဲက တကယ်ထွက်လာပြီ။ " နတ်ဆိုးသခင်များထဲမှ တစ်ယောက်က ပြောလိုက်သည်။
" မဟာချောက်နက်ရဲ့ အပြင်မှာ စောင့်ကြပ်နေတဲ့ ကျန်းကျန့်ကောက သေဆုံးသွားပြီ။ ပြီးတော့ အဲ့ဒီက အစောင့်တွေထဲကတစ်ယောက်ကိုလည်း ဝိညာဉ်ရှာဖွေပြီးသွားပြီ။ "
နတ်ဆိုးသခင်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ရှဟိုယွမ်က တကယ်ထွက်လာပြီ။ "
နတ်ဆိုးသခင်အားလုံးက ဘာမှမပြောတော့ဘဲ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွား၏။
ရှဟိုယွမ်ထွက်လာပြီ။ သူတို့ ဘာလုပ်သင့်လဲ။ စောင့်ကြည့်နေရမှာလား။ သို့မဟုတ် သူတို့၏ အမှားများကို ဝန်ချတောင်းပန်သင့်လား။
သူတို့က ဆက်လက်စောင့်ကြည့်နေလျှင် ရှဟိုယွမ်ကို ရန်စခြင်းဖြစ်ပြီး အပြစ်များကို ဝန်ချတောင်းပန်လျှင် ရှဟိုယွမ်က သူတို့ကို ခွင့်လွှတ်မှာလား။
နတ်ဆိုးသခင်များက စဉ်းစားနေကြပြီး သူတို့က မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ အကျိုးဆက်များကို ကိုင်တွယ်ရန် ခက်ခဲလေသည်။
" ရှဟိုယွမ်က ထွက်လာရုံတင်မကဘူး။ သူ့ရဲ့ ခွန်အားကလည်း နဝမအဆင့်ကို ပြန်ရောက်သွားပြီ။ " ထိုအချိန်တွင် အမျိုးသမီး နတ်ဆိုးသခင်တစ်ယောက်က ပြောလိုက်သည်။
" နဝမအဆင့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
မဟာချောက်နက်၏ ဖိအားကို မပါလျှင်တောင် ထျန်ကျန်းဇီနှင့် အခြား နဝမအဆင့်များက ရှဟိုယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ချိတ်ပိတ်ခဲ့သည့်အပြင် နှစ်တစ်ထောင် ပင်လယ်နက် သံများကလည်း သူ၏ အရိုးများကို ထိုးဖောက်ထားခဲ့သည်။
မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် နှစ်ဆယ့်ငါးနှစ်ကြာ ဖိနှိပ်ခံရလျှင် နဝမအဆင့်မပြောနှင့် နှစ်တစ်သောင်းလျှင် တစ်ကြိမ်သာ တွေ့နိုင်သော ဒသမအဆင့်ပုဂ္ဂိုလ်များပင် ခံနိုင်ရည်ရှိရန် ခဲယဉ်ပေသည်။
" မကြာသေးခင်က ငါ ပြန့်မောင်၊ ယင်ရှီလျိုနဲ့ အခြားအဋ္ဌမအဆင့်နတ်ဆိုးတွေကို ရှဟိုယွမ်ကို တိုက်ခိုက်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ "
" ရလဒ်ကတော့..... ပြန့်မောင်နဲ့ အခြားသူတွေက ဒီနေ့အထိ ငါ့ကို မဆက်သွယ်ကြသေးဘူး။ " ပိန်လှီသော အမျိုးသမီးက ပြောလိုက်သည်။
အမှန်တွင် ပြန့်မောင်နှင့် ယင်ရှီလျိုသာမက သူမ၏ တပည့်ပင် ပါဝင်ခဲ့သည်ကိုတော့ ထုတ်မပြောခဲ့ပေ။
" ပြန့်မောင်၊ ယင်ရှီလျို။ "
၎င်းကို ကြားသောအခါ နတ်ဆိုးသခင်များ၏ မျက်နှာများက မဲမှောင်သွားကြသည်။ သူတို့က နတ်ဆိုးလမ်းစဉ်မှ မျိုးဆက်သစ်များအကြောင်း ကြားခဲ့ဖူးလေသည်။ အထူးသဖြင့် နဝမအဆင့်များကိုပင် ခေါင်းကိုက်စေနိုင်သော လုပ်ကြံသတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သော ယင်ရှီလျို ဖြစ်၏။ သာမန်နဝမအဆင့်တစ်ယောက်ကတော့ သူတို့နှစ်ယောက်ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ရှဟိုယွမ်က နဝမအဆင့် ခွန်အားကို ပြန်ရနေပြီဟု ပြောခြင်းမှာ ချဲ့ကားပြောခြင်း မဟုတ်တော့ပေ။
" မိုယန် မင်းဘာလို့ ဘာမှမပြောတာလဲ။ "
" ငါတို့ အခုဘာလုပ်သင့်လဲ။ "
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း