ရပ်တန့်၍မရသော နတ်ဆိုးအရှင်....
Vol. 8 Ch. 135
" မိုယန် မင်းဘာလို့ဘာမှမပြောတာလဲ။ "
" ငါတို့အခု ဘာလုပ်သင့်လဲ။ " နတ်ဆိုးသခင်တစ်ယောက်က ထိပ်တွင် ထိုင်နေသော မိုယန်နတ်ဆိုးသခင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။
နတ်ဆိုးသခင်အားလုံး စုစည်းနေခြင်းမှာ မိုယန်နတ်ဆိုးသခင်၏ ဖိတ်ခေါ်မှုကြောင့် ဖြစ်သည်။ ရှဟိုယွမ် ရှိနေချိန်တွင် သူတို့က မိုယန်နတ်ဆိုးသခင်၏ လက်အောက်တွင် အမှုထမ်းခဲ့ကြခြင်း ဖြစ်သည်။
ရှဟိုယွမ် ဖမ်းဆီးခံရပြီး နတ်ဆိုးသခင်များအားလုံး ပျံ့ကြဲသွားသော်လည်း မိုယန်နတ်ဆိုးသခင်က လွှမ်းမိုးနိုင်စွမ်းအကြီးဆုံးဖြစ်သည်။
" ဘာလုပ်ရမလဲ။ ဘာပဲဖြစ်ဖြစ် ငါ အဲ့ဒီနေ့ရက်တွေကိုတော့ ပြန်မသွားချင်တော့ဘူး။ " မိုယန်နတ်ဆိုးသခင်က အေးစက်စွာ ရယ်လိုက်သည်။
အခြားနတ်ဆိုးသခင်ရှစ်ယောက်က မိုယန်နတ်ဆိုးသခင်၏ ရပ်တည်ချက်ကို ကြားသောအခါ စိတ်သက်သာရာရသွားကြသည်။ မိုယန်နတ်ဆိုးသခင်သာမဟုတ် သူတို့လည်း ၎င်းကို မလိုလားကြပေ။
" မိုယန် မင်းရဲ့အတွေးကို ပြောပြပါဦး။ " နတ်ဆိုးသခင်တစ်ယောက်က ပြောလိုက်သည်။
မိုယန်နတ်ဆိုးသခင်က သေချာသော အကြံအစည်တစ်ခုမရှိဘဲ ထိုကဲ့သို့ ယုံကြည်မှုရှိစွာ ပြောမည်မဟုတ်သည်ကို သူတို့ သိကြလေသည်။
" ရှဟိုယွမ်က မဟာချောက်နက်က ထွက်လာပြီး ကောင်းကင်ဓားဂိုဏ်းကို လက်စားချေဖို့ သေချာပေါက်သွားလိမ့်မယ်။ "
" လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ထျန်ကျန်းဇီကိုယ်တိုင် ရှဟိုယွမ်ကို ချိတ်ပိတ်ခဲ့တယ်။ ရှဟိုယွမ်က အဲ့ဒါကို လက်တုန့်မပြန်ဘဲ နေလိမ့်မယ်လို့ မင်းတို့ထင်လား။ " မိုယန်နတ်ဆိုးသခင်က ထောက်ပြလိုက်သည်။
" အမှန်ပဲ။ "
" အဲ့ဒီထျန်ကျန်းဇီက ရှဟိုယွမ်ရဲ့ စိတ်ကို ချိုးဖျက်ဖို့ အဲ့ဒီရွံစရာကောင်းတဲ့ မိန်းမ ပိုင်ချင်းအာကို အသုံးပြုခဲ့တယ်။ "
" အခု ရှဟိုယွမ် ထွက်လာပေမယ့် ငါတို့ကို တော်တော်နဲ့ ပြဿနာရှာနိုင်မှာမဟုတ်ဘူး။ "
" ဒါပေမယ့် ကောင်းကင်ဓားဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ မလွယ်ကူဘူး။ ထျန်ကျန်းဇီက ကမ္ဘာပေါ်မှာ အသန်မာဆုံးလို့တောင် ပြောနေကြတာမဟုတ်လား။ "
" ရှဟိုယွမ်က ကောင်းကင်ဓားဂိုဏ်းကို လက်စားချေဖို့ သွားရင်တော့ ငါတို့က ရပ်ကြည့်နေဖို့ပဲ လိုတယ်။ " မိုယန်နတ်ဆိုးသခင်၏ စကားများက အခြားနတ်ဆိုးသခင်များကို စိတ်သက်သာရာ ရသွားစေခဲ့သည်။
" ဒါပေမယ့် ရှဟိုယွမ်က ကောင်းကင်ဓားဂိုဏ်းကို ပစ်မှတ်မထားဘဲ ငါတို့ဆီကိုရောက်လာရင်ရော..." အမျိုးသမီက မျက်မှောင်ကြုတ်ပြီး စိုးရိမ်စွာ မေးလိုက်သည်။
ရှဟိုယွမ်က အခြားသူများ မခန့်မှန်းနိုင်သော လူတစ်ယောက်ဖြစ်သည်။
" အဲ့တော့ ဘာဖြစ်လဲ။ " မိုယန်နတ်ဆိုးသခင်က အေးစက်စွာ ရယ်လိုက်သည်။ " အဲ့ဒါက ငါမင်းတို့ကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းပဲ။ ဖြစ်နိုင်ချေက နည်းပေမယ့် ငါတို့ အဲ့ဒါကို ထည့်စဉ်းစားဖို့ လိုတယ်။ " မိုယန်နတ်ဆိုးသခင်က နှစ်ရာချီ အသက်ရှင်နေသော လူတစ်ယောက်ဖြစ်ပြီး အရာရာတိုင်းကို ဖြတ်မြင်နိုင်လေသည်။
" ငါ နှစ်နှစ်ဆယ်လောက် အချိန်ယူတည်ဆောက်ခဲ့တဲ့ ဒီမြေအောက်နန်းတော်မှာ ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက် ကိုးခုကို တပ်ဆင်ထားတယ်။ "
" ငါတို့ နတ်ဆိုးသခင်ကိုးယောက်က အဲ့ဒီမှော်အင်းကွက်ကိုးခုအတွင်း ထိုင်ပြီး ပထဝီမြေအနေအထားကို အသုံးချရင် ဒသမအဆင့် တည်ရှိမှုကိုတောင် ခနထိန်းထားနိုင်လိမ့်မယ်။ "
" ကောင်းကင်အဆင့် နတ်ဆိုးကိုးပါးမှော်အင်းကွက်။ "
" မိုယန် မင်းတော်တော် လွန်တာပဲ။ "
" ဒီနန်းတော်ထဲဝင်လိုက်တာနဲ့ ဖိနှိပ်အားတစ်ခုကို ခံစားခဲ့ရတာ အံ့ဩစရာမရှိပါဘူး။ အဲ့ဒါ ကောင်းကင်အဆင့် နတ်ဆိုးကိုးပါးမှော်အင်းကွက်ပဲ။ "
၎င်းကို ကြားသောအခါ အခြားနတ်ဆိုးသခင်များက အနည်းငယ် ထိတ်လန့်သွားကြသည်။ ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက်များ၏ ကြောက်စရာကောင်းပုံကို သူတို့ သိကြလေသည်။ ထိုမှော်အင်းကွက်တစ်ခုကပင် နဝမအဆင့်တစ်ယောက်ကို ဖိနှိပ်နိုင်ချေများလေသည်။
" ကောင်းပြီ။ ဒါက ကောင်းကင်အဆင့် နတ်ဆိုးကိုးပါးမှော်အင်းကွက်ရဲ့ အဓိကအမှတ်တွေပဲ။ သူတို့နဲ့ ရင်းနှီးအောင် လုပ်ကြည့်ပါ။ " မိုယန်နတ်ဆိုးသခင်က ကျောက်စိမ်းတုံးရှစ်တုံးကို နတ်ဆိုးသခင်ရှစ်ယောက်အား ပေးလိုက်သည်။
" အဓိကအမှတ်တွေလား။ "
" ဒီမှော်အင်းကွက်ကိုးခုက တစ်ခုစီမဟုတ်ဘူး။ ငါတို့နတ်ဆိုးသခင်တွေ ပူးပေါင်းလိုက်ရင် မဟာမှော်အင်းကွက်ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။ "
နတ်ဆိုးသခင်ရှစ်ယောက်က လျင်မြန်စွာ နားလည်သွားကြပြီး ပျော်ရွှင်သွားကြသည်။ မိုယန်နတ်ဆိုးသခင်က အလွန်တည်ငြိမ်နေသည်မှာ အံ့ဩစရာမရှိပေ။ သူက ဝှက်ဖဲများ ရှိနေလေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က လျင်မြန်စွာ ပြေးဝင်လာသည်။
" နတ်ဆိုးသခင် လူတွေ လူတွေ ကျူးကျော်လာပြီ။ " အနက်ရောင်ဝတ်စုံနှင့်လးက တုန်တုန်ယင်ယင်ဖြစ်နေပြီး တစ်စုံတစ်ခုကို ယုံရခက်နေသည်မှာ ရှင်းနေသည်။
" တစ်ယောက်ယောက် ကျူးကျော်လာတာလား။ " မိုယန်နတ်ဆိုးသခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။
ထိုမြေအောက်နန်းတော်၏ သခင်တစ်ယောက်အနေဖြင့် သူက အဋ္ဌမအဆင့်ရှိသော အစောင့်အကြပ် ဆယ်ယောက်မကထားထားလေသည်။
ထို့ကြောင့် အပြင်လူများက ဘယ်လိုဝင်ရောက်လာကြတာလဲ။
မြေအောက်နန်းတော်ကို ကောင်းကင်အဆင့် မဟာမှော်အင်းကွက်ဖြင့် ဖုံးလွှမ်းထားသောကြောင့် သာမန်နည်းလမ်းများဖြင့် ရှာတွေ့နိုင်မည်မဟုတ်ပေ။
" ဘာဖြစ်တာလဲ။ " မိုယန်နတ်ဆိုးသခင်က စစ်ဆေးရန် ပြင်လိုက်သည်။
ခြေသံအချို့ ထွက်ပေါ်လာပြီး နတ်ဆိုးသခင်များက ဝင်ပေါက်တွင် အမျိုးသမီးတစ်ယောက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ နတ်ဆိုးသခင်များအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
" နွမ်ရှု မင်းဘယ်လိုဝင်လာတာလဲ။ " မိုယန်နတ်ဆိုးသခင်က စိတ်ထဲမှ အံ့ဩသွား၏။
သူတို့က နွမ်ရှုကို မှတ်မိကြလေသည်။ ရှဟိုယွမ်ရှိစဉ်က နွမ်ရှုမှာ သူတို့ထက် တစ်ဆင့်နိမ့်သော ကာကွယ်သူ ၃၆ ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။
မိုယန်နတ်ဆိုးသခင်က ထပ်မေးရန်ပြင်လိုက်စဉ် နွမ်ရှု၏ ဘေးတွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ပေါ်လာသည်။ ထိုလူက နတ်ဆိုးသခင်များ၏ စိတ်ကို တုန်ခါသွားစေသည်။
" ရှ ရှဟိုယွမ်..." နတ်ဆိုးသခင်ကိုးယောက်လုံးက မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွား၏။
သူတို့က ရှဟိုယွမ်ကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးနေကြချိန်တွင် မမျှော်လင့်ဘဲ ရှဟိုယွမ်က သူတို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။
" အရှင်..." မိုယန်နတ်ဆိုးသခင်က လျင်မြန်စွာ တုန့်ပြန်လိုက်သည်။
သူက ရှဟိုယွမ်ကို အနည်းငယ် ဦးညွှတ်ပြီး ပြောလိုက်သည်။ " အရှင်က ဒီမြေအောက်နန်းတော်ကို ဘာလို့ရောက်လာတာလဲ သိလို့ရမလား။ "
သူက ရှဟိုယွမ်ကို ရင်ဆိုင်ရန် မလိုလားသော်လည်း သူက ရှဟိုယွမ်၏ လက်အောက်တွင် ရှိနေသော အချိန်များကို ပြန်တွေးကြည့်သောအခါ အနည်းငယ် ရုန်းကန်မှုကို ခံစားရလေသည်။
" ဒီနေရာကို ငါယူလိုက်ပြီ။ ဘယ်လိုလဲ။ " လင်းယွမ်က လေထဲမှ ပြည့်နှက်နေသော ယွမ်ချီများကို ခံစားကြည့်ရင်း ပြောလိုက်သည်။
" အရှင်က ရယ်စရာပြောနေတာပဲ။ " မိုယန်နတ်ဆိုးသခင်၏ အမူအရာက ပျက်ယွင်းသွားသည်။
သူက မြေအောက်နန်းတော်ကို နှစ်နှစ်ဆယ်ကြာ ပင်ပန်းဆင်းရဲစွာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူက ဘယ်လိုလုပ် အလွယ်တကူလွှဲပေးနိုင်မှာလဲ။
ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက် ကိုးခုအတွင်းတွင် မိုယန်နတ်ဆိုးသခင်က ဘယ်သူ့ကိုမှ မကြောက်ဘဲ သူ့ကိုသူ ယုံကြည်မှုရှိလေသည်။
" မင်းမပေးရင် ငါကိုယ်တိုင်လာယူရမှာပေါ့။ " လင်းယွမ်က ရှေ့သို့ လှမ်းလိုက်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
" တိုက်ကြ " မိုယန်နတ်ဆိုးသခင်၏ မျက်နှာက တင်းမာသွားပြီး ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက်နှင့် အပြည့်အဝ ဆက်သွယ်လိုက်သည်။
အခြားနတ်ဆိုးသခင်ရှစ်ယောက်ကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ရှဟိုယွမ်၏ အုပ်ချုပ်မှုကို နောက်တစ်ကြိမ် မခံလိုသောကြောင့် တစ်ဖက်တည်း ရပ်တည်ခဲ့ကြသည်။
ဝုန်း....
အဖက်ဖက်မှ လေထုက ရုတ်တရက် တင်းကျပ်သွားပြီး မမြင်ရသော ဖိအားတစ်ခု ဆင်းသက်လာသည်။
မဟာခန်းမ၏ အရပ်မျက်နှာအသီးသီးမှ နတ်ဆိုးချီများထွက်ပေါ်လာပြီး ချက်ချင်း ကြောက်စရာကောင်းသော မှော်အင်းကွက်တစ်ခုအဖြစ် စုစည်းသွားကြသည်။
သို့သော် လင်းယွမ်၏ ညာခြေထောက်က ခန်းမထဲသို့ ကျသွားချိန်တွင် ယခင်ထွက်ပေါ်နေသော အဆုံးမဲ့ နတ်ဆိုးချီများက ရုတ်တရက် အေးခဲသွားကြသည်။
နတ်ဆိုးချီများဖြင့် ဖွဲ့စည်းထားသော သတ်ဖြတ်ခြင်း မှော်အင်းကွက်က စတင်ပြိုကွဲလာပြီး အမိန့်ပေးခံလိုက်ရသကဲ့သို့ လင်းယွမ်၏ ခြေထောက်အောက်တွင် လာရောက်လှည့်ပတ်လာပြီး ယခင်ထက် သာလွန်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ်က ခန်းမထဲသို့ ဝင်လိုက်သည်နှင့် မိုယန်နတ်ဆိုးသခင်က ဒူးထောက်လိုက်ရပြီး ပြန်မထနိုင်တော့ပေ။ မည်သည့်ကြောင့်မှန်းမသိ လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ခေါင်းကို ငုံ့ထားမိနေသည်။
လင်းယွမ်က နတ်ဆိုးသခင်များ၏ ရှေ့မှ ဖြတ်လျှောက်သွားပြီး ထိပ်ဆုံးမှ အဓိကထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက အောက်မှ ဒူးထောက်၍ ဦးညွှတ်နေကြသော နတ်ဆိုးသခင်များကို ငုံ့ကြည့်လိုက်သည်။
ကောင်းကင်အဆင့် နတ်ဆိုးမှော်အင်းကွက်ကလည်း အဆက်မပြတ် တုန်ခါလာပြီး ၎င်း၏ သခင်ကို တွေ့လိုက်ရသကဲ့သို့ ခနအတွင်း ငြိမ်သက်သွားခဲ့သည်။
ရှဟိုယွမ်က အလွန် ထူးခြား၏။ ကမ္ဘာပေါ်တွင် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူမှန်သမျှ သူ့ကို တွေ့လျှင် ဦးညွှတ်ရသော မွေးရာပါဖိအားတစ်ခုနှင့် မွေးဖွားလာခြင်းဖြစ်သည်။
ရှဟိုယွမ်ထက် ပို၍ သန်မာသော လူများပင် သက်ရောက်မှုကို ခံရပြီး သူတို့ကိုသူတို့ ထိန်းချုပ်ထားနိုင်လေသည်။ ထို့ကြောင့် ရှဟိုယွမ်နောက်သို့ လိုက်ခဲ့ကြသော နတ်ဆိုးသခင်များနှင့် နတ်ဆိုးခေါင်းဆောင်များက ပုန်ကန်ရန် တွေးပင်မတွေးရဲကြခြင်းဖြစ်သည်။
မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်ရှစ်ယောက်တို့က နတ်ဆိုးကိုးပါးမှော်အင်းကွက်ဖြင့် လင်းယွမ်ကို နောက်ဆုတ်ရန် ဖိအားပေးနိုင်မည် သို့မဟုတ် အနည်းဆုံး ထိန်းထားနိုင်မည်ဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် နတ်ဆိုးကိုးပါးမှော်အင်းကွက်က အလွန်စွမ်းအားကောင်းသော်လည်း ၎င်းကို ထိန်းချုပ်ရန် လိုအပ်လေသည်။ ထို့ကြောင့်ပင် လင်းယွမ်ကလည်း မြေအောက်နန်းတော်သို့ ယုံကြည်မှုရှိစွာ ဝင်လာခဲ့ခြင်း ဖြစ်သည်။
မြေအောက်နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ်က နတ်ဆိုးကိုးပါးမှော်အင်းကွက်၏ အော်ရာကို ခံစားမိခဲ့သည်။ ထို့အပြင် လက်ရှိ ရှဟိုယွမ်က ယခင်ရှဟိုယွမ်မဟုတ်တော့ပေ။ လင်းယွမ်၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် သူက ယခင်ရှဟိုယွမ်ထက် ပိုသန်မာမည်မှာ သေချာလေသည်။
ခန်းမထိပ်တွင် ထိုင်နေသော လင်းယွမ်က သူ၏ အော်ရာကို ရုတ်သိမ်းလိုက်သည်။ နတ်ဆိုးသခင်ကိုးယောက်ကလည်း ယခုမှ အသက်ရှုချောင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ပေါင်တစ်သောင်းကျော်လောက် လေးသော ဖိအားက ပျောက်ကွယ်သွားပြီး ပြန်လည်လှုပ်ရှားနိုင်သွားကြသည်။
သို့သော် ဘယ်သူမှ ပြန်မထရဲကြဘဲ လေးစားစွာဖြင့် ဒူးထောက်နေကြဆဲ ဖြစ်သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သောမြင်ကွင်းများက သူတို့တစ်သက်လုံး မေ့တော့မည်မဟုတ်ပေ။ အထူးသဖြင့် သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးမှ ကြောက်ရွံ့နေသော မိုယန်နတ်ဆိုးသခင်ဖြစ်၏။
" ဘာလို့လဲ။ ၂၅နှစ်တောင် ရှိပြီကို...." မိုယန်နတ်ဆိုးသခင်၏ စိတ်ဝိညာဉ်က တုန်ခါသွားသည်။ သူက လွန်ခဲ့သော ၂၅နှစ်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
၂၅နှစ်ကြာပြီးသောအခါ သူ၏ ခွန်အားကလည်း ခြေလှမ်းတစ်ဝက်တိုးလာပြီး နဝမအဆင့် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ရှဟိုယွမ်၏ ဖိအားကို ခံစားခဲ့ရသော သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကလည်း ၂၅နှစ်ကြာပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်သွားသည်ဟု ထင်ခဲ့သည်။
သို့သော် လက်တွေ့တွင် ပြောင်းလဲမှုမရှိပေ။ နည်းနည်းလေးမှပင် ပြောင်းလဲခြင်းမရှိပေ။ နတ်ဆိုးသခင်ကိုးယောက်ဖြစ်စေ နတ်ဆိုးကိုးပါးမှော်အင်းကွက်ဖြစ်စေ ရှဟိုယွမ်ကို မြင်လိုက်ရချိန်တွင် ကြောင်တစ်ကောင်ရှေ့သို့ ရောက်သွားသော ကြွက်များသဖွယ် သူတို့အား တရားစီရင်ခြင်းကို တုန်ယင်စွာ စောင့်ဆိုင်နေရလေသည်။
" မဟာချောက်နက်က လွတ်မြောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်။ " မိုယန်နတ်ဆိုးသခင်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး အဓိကထိုင်ခုံတွင် ထိုင်နေသော လင်းယွမ်ကို ရိုသေလေးစားစွာ ပြောလိုက်သည်။
သူ၏ အသက်က ခြိမ်းခြောက်ခြင်းခံနေရာသည်ကို သူနားလည်၏။ အကယ်၍ သူ၏ ရပ်တည်ချက်ကို မပြသလျှင် ရှဟိုယွမ်၏ ယခင်စိတ်နှင့် သူ့ကို သတ်ပစ်ရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။ ရှဟိုယွမ်က သတ်ဖြတ်ခြင်းတွင် ပြတ်သားပြီး ရက်စက်လေသည်။ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်မှ တိုက်ပွဲကြီးမစမီ ရှဟိုယွမ်က မိန်းမတစ်ယောက်ကြောင့် ကျရှုံးသွားခဲ့သည်ကို ဘယ်သူမှစိတ်ကူးနိုင်မည် မဟုတ်ပေ။