ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ပယ်ဖျက်ခြင်း
Vol. 19 Ch. 271
လင်းဖန်နှင့် ဟေးတီတို့သည် စကားမပြောကြသည်ကိုမြင်တော့ ဝမ်ဟူ သည် သူပြောတဲ့စကားကအမှန်တရားမို့တိတ်သွားတယ်လို့ထင်လိုက်သည်။
ထို့နောက်သူက “ငါရဲ့အင်တာနက်ကုမ္ပဏီကိုဝင်ချင်တဲ့လူတွေမှအများကြီးဒါကြောင့်မင်းတို့ဒီအခွင့်အရေးကိုလက်မလွတ်လိုက်နဲ့”
ထိုအချိန်တွင် အမှတ် 80 ခန့်မျက်နှာတန်ဖိုးရှိသော ကလတ်စ်တံဆိတ်စကတ်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရုတ်တရက် အာမေဋိတ်သံထွက်လာသည်။
“ဝိုး! ဂလက်ဆီပဲ ဟုတ်တယ် မဟုတ်လား? အဲဒါကို မဂ္ဂဇင်းတစ်ခုမှာငါ မြင်ဖူးတယ်။ မမျှော်လင့်ထားဘူးအပြင်မှာတစ်ကယ်တွေ့ရမယ်လို့၊ဒါကအရမ်းလှတာ”
အဲဒီအမျိုးသမီးကပဲဆက်ပြောလိုက်သည်။ “ခွင့်လွှတ်ပါ၊ဒါကို ဘယ်မှာဝယ်ခဲ့တာလဲဆိုတာ ပြောပြပေးလို့ရမလား”
ဟေးတီ က “ဒါကိုရှောင်လုံရှောပင်းမောမှာရှိ ကာလီဆိုင်မှာ ဝယ်ခဲ့တာပါ၊ ဒါပေမယ့် သူတို့ဆိုင်မှာလဲဒီတစ်စုံပဲရှိတယ်။”ဟုပြောလိုက်သည်။
ဒါကိုကြားတော့အမျိုးသမီးက စိတ်ပျက်လက်ပျက်နဲ့ “တစ်စုံပဲရှိလား”ဟုပြောလိုက်သည်။
ပြီးနောက် သူမက “ငါဂလက်ဆီကို အရမ်းကြိုက်တယ်၊ မင်းငါ့ကို ရောင်းပေးနိုင်မလား? မင်းကို၅ သန်းပေးမယ်လေ ဘယ်လိုလဲ”
ဒီအမျိုးသမီးကဂလက်ဆီအကြောင်းကို သေချာနားလည်သဘောပေါက်တယ်ဆိုတာ။
ဂလက်ဆီ၏စျေးနှုန်းမှာ ယွမ် 4,888,888 ဖြစ်ပြီး အဆိုပါအမျိုးသမီးက ယွမ် 5 သန်းပေးသည်။
အခုရောင်းလိုက်ခြင်းဖြင့်အမြတ်110,000 နီးပါးကျန်မည်ဖြစ်သည်။
သာမာန်လူသာဆိုရင်တော့ချက်ချင်း သဘောတူမည်ဖြစ်သည်။
သို့သော်ဟေးတီကသာမန်လူမဟုတ်ထို့ကြောင့်သူမကခေါင်းခါလိုက်ပြီး “တောင်းပန်ပါတယ် ငါ ဒါကိုကိုအရမ်းကြိုက်တာကြောင့်ရောင်းဖို့ကိုဘယ်တော့မှ လုပ်မှာမဟုတ်ဘူး!”
ဝမ်ဟူသည် ကာလီဟူသော အမည်ကို ကြားလိုက်သောအခါတွင် တစ်စုံတစ်ခု မှားနေပြီဆိုတာကိုသိလိုက်သည်။
5 သန်းဆိုတဲ့ဟာကိုကြားလိုက်ရတော့နှစ်လုံးပေါက်မလိုခံစားလိုက်ရသည်။
အခု အခြေအနေဘယ်လိုလဲ
ဟေးတီးဝန်ထားတဲ့ဟာတွေကဖန်စီတွေမဟုတ်ဘူးလား။
ဒါဆိုအခုအမျိုးသမီးကဘာကြောင့် 5 သန်းနဲ့ဝယ်ချင်ရတာလဲ။
ဝမ်ဟူက တစ်ခုခုမေးချင်သလိုမျိုးပါးစပ်ကိုဖွင့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ့နောက်ကနေ အနည်းငယ်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မစ္စလင်း၊ မင်းကို စောင့်စေမိတဲ့တောင်းပန်ပါတယ်!”
ဝမ်ဟူသည်ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်နှင့်တပြိုင်နက်သူ့မျက်လုံးပေါက်ထွက်မတတ် ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အဲဂရု ၏ ကွန်ဖရင့်ခန်းမတွင် သူ၏ကုမ္ပဏီကို ပြန်လည်သုံးသပ်ဖူးသော အဲဂရု မှ အထက်လူကြီးအဖွဲ့တစ်ဖွဲ့ကို မြင်တွေ့ခဲ့ရပြီး အဲဂရု၏ ဥက္ကဌမလေးလည်း ပါဝင်သောကြောင့်ပင်ဖြစ်သည်။
အသံကမလေးကနေထွက်လာသည်။
ထိုအချိန်တွင် မလေးရှားသည် သူ၏ညာလက်ကိုဆန့်ကာ လင်းဖန်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ဒါ…
ဒါ…
အခြေအနေက ဘယ်လိုလဲ။
အဲဒါ အဲဂရုရဲ့ ဥက္ကဌပါ။
လင်းဖန်လိုလူမျိုးနဲ့်ကြောင့်လက်ဆွဲနှုတ်ဆက်ရတာလဲလဲ။
ဒါ့ပြင် သူ့၏လေသံက လင်းဖန်ကို သူကဖိတ်ခေါ်ထားပုံပဲ။
ဘယ်လိုတွေ့ဖြစ်နေတာလဲ။
ငါအမြင်မှားနေတာလား။
ဒါမှမဟုတ်... အဲဒါ လွဲမှားမှုတစ်ခုလား။
“ရပါတယ် ငါလဲအခုမှရောက်တာ။” လင်းဖန်က ဟေးတီကို လက်ညှိုးထိုးပြပြီး “ဒါက ငါ့ရည်းစား ဟေးတီ”
“အိုး? ဒီကညီမလေးကတကယ်ကိုလှတယ်။ အစ်ကိုလင်းရဲ့အမြငကတော်တော််ကောင်းတယ်။” မလေးက အော်ပြောပြီးနောက် ညာလက်ကိုဟေးတီဆီသို့ ဖြန့်လိုက်သည်။
ဒီနေ့ တခြားသူတွေနဲ့ ညစာစားမယ်ဆိုတာကိုသူမသိသည်။
သို့သော် သူမသည် အဲဂရု၏ဥက္ကဌမလေး ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ထို့ကြောင့် မလေးကိုတွေ့လိုက်ရတော့ထင်ရောင်ထင်မှားလားဟုခံစားလိုက်ရသည်။
သိရန်မလေးသည်အကောင်ကြီးကြီးထဲတွင်ပါဝင်သည်။
သို့သော် ယခုတွင်သူ့မရှေ့မှာအမှန်တကယ်ပေါ်လာလေသည်။
လက်ဆွဲနှုတ်ဆက်တာလား၊
အချိန်အတော်ကြာပြီးနောက်၊ ဟေးတီသည် ညာလက်ကိုဆန့်ကာ မလေးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
ထို့နောက် လင်းဖန် နှင့် မလေး တို့သည် အင်ပါယာဟိုတယ်တံခါးဝတွင် အရပ်ကာ စကားအနည်းငယ်ပြောနေကြသည်။
ထိုအချိန်တွင် လင်းဖန် သည် တစ်ခုခုကို တွေးနေပုံရပြီး “စကားမစပ် မလေး ဝမ်ဟူ အင်တာနက်ကုမ္ပဏီအချို့ရဲ့ ပိုင်ရှင်ဖြစ်ပုံရတယ်၊ အဲဂရုက ရင်းနှီးမြှုပ်နှံချင်နေတာလား။ သူ့ကုမ္ပဏီက အခွံတစ်ခုသာဖြစ်ပြီး အဲဒါတွေအားလုံးက တခြားသူတွေဆီကရတဲ့ဟာတွေလို့ထင်တယ်။’’
“ဘာလဲ? ဒီလိုမျိုးရှိနေတာလား” မလေးက ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “ပြီးတော့ကျန်သေးတယ်။ သူက ငါ့ကောင်မလေးကို သူ့ကုမ္ပဏီမှာဒုဥက္ကဌအဖြစ်လာလုပ်ခိုင်းမေတယ်” လို့ပြောလိုက်သည်။
ဒါကိုကြားတော့မလေးက သူ့မျက်ခုံးကို ပင့်တင်လိုက်ပြီး သူ့မျက်နှာကချက်ချင်း တည်သွားတော့သည်။
သူသည်အရိပ်ပြရင်အကောင်မြင်သောကြောင့် လင်းဖန်စကားရဲ့အဓိပ္ပါယ်ကို နားလည်လိုက်သည်။
ဝမ်ဟူ လို့အမည်ရတဲ့ ဒီလူဟာ လင်းဖန်ရဲ့ ချစ်သူကောင်မလေးကိုမကောင်းတဲ့အတွေးတွေ ရှိနေသေးသည်။
သိရန်မလေး ကျန်ပေ့ သို့လာရောက်ရခြင်းအကြောင်းရင်းမှာ လင်းဖန် နှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးထူထောင်ရန်ဖြစ်သည်။
ဒါပေမယ့် အခုတော့ ဒီလိုပုံစံမျိုးတွေ ဖြစ်သွားပြီ။ထို့ကြောင့် လင်းဖန်ကိုစိတ်ပျက်စေလျှင်သူကြိုးစားတည်ထောင်ခဲ့ရတဲ့ရင်းနှီးလိုတဲ့စိတ်တွေပျက်စီးသွားလိမ့်မည်ဖြစ်သည်။
ဘာမှမဖြစ်ဗတာင်မှာလင်းဖန်ကိုဆန့်ကျင်ကတည်းကဒီ ဝမ်ဟူ ဟာ တကယ်ကို သေထိုက်နေပြီဖြစ်သည်။
သူ့နောက်တွင်ရပ်နေသော လက်ထောက်အား မလေးက “ဒီဝမ်ဟူ နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို ဖျက်သိမ်းလိုက်ပါ၊ ထို့အပြင် ဝမ်ဟူ ရဲ့ စရိုက်လက္ခဏာက အလွန်ညံ့ဖျင်းကြောင်း အဖွဲ့တွင်းရော အပြင်မှာပါ အကြောင်းကြားထားပါ။ သူနဲ့ စီးပွားရေး ဆက်ဆံမှုရှိတဲ့လူတွေကိုအဲဂရုဟာပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ကြောငြာလိုက်”
အဲဂရု သည် သူနဲ့ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဖျက်သိမ်းလိုက်ပါတာလား။ !
ဘုရားရေ!
အဲဂရုကိုသူ့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံရန် သူမည်မျတောင်ှသုံးစွဲခဲ့သနည်း။
အခုတော့အားလုံးသွားပြီဖြစ်သည်။
ထို့အပြင် အဒဂရုသည် ၎င်းတို့နှင့် ဆက်ဆံလုပ်ကိုင်နေသော မည်သူမဆို အဲဂရု က ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းကိုလည်း အများပြည်သူသို့ အသိပေးမည်ဖြစ်သည်။
၎င်းသည် အဲအဖွဲ့ကိုဆန့်ကျင့်သို့ဖြစ်တာနဲ့ညီမျှသည်မဟုတ်ဘူးလား။
ဒါ…
ဒါ…
ဝမ်ဟူသည်လောကကြီးကချာချာလည်သွားသလိုခံစားလိုက်ရသည်။
ထို့နောက်သူ့ခြေထောက်တွေကို အားပျော့ပြီး မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်လိုက်ပြီးနောက်သူကမစ္စတာမလေးကို “မစ္စတာမလေးကျေးဇူးပြုပြီး ငါ့ကိုအဲ့လိုမလုပ်ပါနဲ့”
သို့သော်လည်း မလေးက သူပြောသည့်စကားကို လျစ်လျူရှုလိုက်သည်။
ထို့နောက် ဝမ်ဟူ သည် တစ်ခုခုကို တွေးမိသွားပုံရသည်။
သူက လင်းဖန်ဘက်သို့ လှည့်ကာ မျက်ရည်မျက်ခွက်ဖြင့် “လင်း..မစ္စတာလင်း၊ တောင်းပန်ပါတယ် ငါမှားသွားပါတယ်။ ဟေးတီနဲ့ ငါက ကောလိပ်က အတန်းဖော်တွေမို့ ကျေးဇူးပြုပြီးခခွက့်လွှတ်ပေးပါ။ဒီတစ်ခါတည်းပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်...”
လင်းဖန်က ပေါ့ပေါ့ပါးပါးနဲ့ “တောင်းပန်တယ် ဘာအတွက်လဲ”
ထို့နောက် သူက ဟေးတီ၏ သွယ်လျသောလက်ကို ကိုင်ကာ “မစ္စတာမလေး၊ မင်းငါ့ကို ညစာလာစားဖို့ ဖိတ်တာမဟုတ်ဘူးလား။ ငါဗိုက်ဆာနေပြီ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ မစ္စတာလင်း ၊ မစ္စဟန် ၊ ကျေးဇူးပြုပြီး အထဲကို ကြွပါ !” စားပွဲထိုးတစ်ယောက်ကဲ့သို့ပင် မလေးသည် သူ့လက်ကို ဆန့်တန်းကာ လင်းဖန်နှင့်ဟေးတီတို့နှင့်အတူ အထဲသို့ ဝင်လာခဲ့သည်။
ဒီမြင်ကွင်းကိုအခင်းဖြစ်ပွားရာနေရာရှိလူတိုင်းမြင်လိုက်ရပြီးသူတို့ နှလုံးသားများ ခုန်ပေါက်သွားကာအားလုံးက လင်းဖန်၏ အမည်ကို လျှို့ဝှက်စွာ ခန့်မှန်းခဲ့ကြသည်။
မလေးက တိုင်းပြည်မှာ အချမ်းသာတဲ့လူတစ်ပါ။
သူလိုလူက လူငယ်တစ်ယောက်အပေါ် အရမ်းယဉ်ကျေးပြီးဆက်ဆံနေတယ်။
မလေးအထွေထွေမန်နေဂျာနောက်တွင်ရပ်နေသော အဲဂရု၏အမှုဆောင်အဖွဲ့တစ်ဖွဲ့သည် လင်းဖန်စီသို့ အနည်းငယ်ခြေလှမ်းကွာကာ နောက်လိုက်ငယ်တစ်ယောက်လို လျှောက်သွားခဲ့သည်။
လင်းဖန် ၊ဟေးတီ နှင့် အဲအဖွဲ့မှ အမှုဆောင်များ ထွက်ခွာသွားပြီးနောက် ဝမ်ဟူသည် မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီး “သူက ဘယ်သူလဲ... သူက ဘယ်သူလဲ.....”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး