အအေးမမိအောင်ကာကွယ်ခြင်း
Vol. 19 Ch. 272
အင်ပါယာဟိုတယ်၏ 66 လွှာရှိ VIPအခန်း6၏စားပွဲပေါ်တွင်အရသာရှိသော ဟင်းပွဲများဖြင့် ပြည့်နေသည်။
မလေး ၏ တောင်းဆိုချက်အရလင်းဖန်သည် အဓိကခုံတွင်ထိုင်လိုက်ရသည်။ဟေးတီသည် လင်းဖန်၏ဘယ်ဘက်တွင်ထိုင်ပြီးမလေးသည်လင်းဖန် ညာဘက်တွင်ထိုင်နေသည်။
အခြားအမှုဆောင်များကတော့တစ်ခြားနေရာတွင် ထိုင်နေကြသည်။
မလေးက “ဒီနေ့ မစ္စတာလင်းနဲ့ မစ္စဟေးတို့နဲ့ ညစာအတူစားရတဲ့ပတွက် အရမ်းဝမ်းသာတယ်။ မင်းတို့နှစ်ယောက်အတွက်ကမ်းပေ့”
လင်းဖန် က”မလေးမင်းက ယဉ်ကျေးလွန်းနေပြီ၊လာအတူတူ သောက်ကြရအောင်”
ဝိုင်တစ်ဖန်ခွက်သောက်ပြီးနောက်အခန်းအတွင်းရှိလေထုသည် ချက်ချင်းအသက်ဝင်လာတော့သည်။
လူတွေရဲ့ စိတ်ကူးထဲမှာတော့ မလေးလို အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ သြဇာကြီးမားပြီး လူအများကမချဉ်းကပ်ရဲကြဘူးပေါ့။
သို့သော် ယခုအချိန်တွင် မလေးသည် လင်းဖန်နှင့်အတူရယ်မောပြီးစကားပြောနေသည်။
ဝိုင်ခွက်အနည်းငယ် ဆက်တိုက်သောက်ပြီးနောက် မလေးရှားသည်ဒီခရီးစဉ်၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ပြောလိုက်သည်။
“မစ္စတာလင်း၊ ကျွန်တော်တို့ရဲ့ အဲဂရု ကို ယုံကြည်စွာနဲ့ အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းက ငါတို့ အဲဂရု ရဲ့ ရှယ်ယာ 5% ကို ထည့်ပေါင်းခဲ့တယ်။ အခုဆိုမင်းက ငါတို့ အဲဂရု ရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်သွားခဲ့ပြီ။ မင်း ညွှန်ကြားချင်တာတွေရှိလား”
ဒီစကားထွက်လာပြီးတာနဲ့မူလက သက်ဝင်နေသောအခန်းသည် ချက်ချင်းငြိမ်သွားလေသည်။
အဲဂရု၏ အမှုဆောင်များသည် မလေးကလင်းဖန်အပေါ် အဘယ်ကြောင့် ဤမျှယဉ်ကျေးစွာ ဆက်ဆံရခြင်းကိုနောက်ဆုံးတွင် နားလည်သဘောပေါက်လိုက်တော့ည်။
အဲဂရု ၏ ရှယ်ယာ 5% ကို ထည့်ပေါင်းထည့်တယ်။
အဲဂရုရဲ့အကြီးဆုံးရှယ်ယာရှင်။
သူတို့အားလုံးသည်အဲဂရု၏ စျေးကွက်တန်ဖိုးကို သိရှိကြပြီး ဤအဆင့်ကိုရောက်ရန် စွမ်းအင်(အင်အား၊ငွေကြေး)မည်မျှလိုအပ်သည်ကို သိကြသည်။
သူ့တို့ရှေ့ကလူငယ်လေးကလုံးဝကိုကြောက်ဖို့ကောင်းသွားခဲ့ပြီ။
မလေး၏ စကားကို နားထောင်ရင်း ဟေးတီလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
လင်းဖန်သည် အလွန်ချမ်းသာကြောင်း သူမသိသော်လည်း သူမသည် ဤမျှချမ်းသာမည်ဟု မထင်ခဲ့ပေ။
…………
လင်းဖန်က “ကျွန်တော်ကအလုပ်ရှုပ်တာကိုမကြိုက်တဲ့သူပါ”
“ဒါဆို အရင်အတိုင်းပဲ။ ကျွန်တော် အမြတ်ဝေစုပဲယူပြီး အဒဂရု ရဲ့ အရေးကိစ္စမှာငါမပါဘူး။ မလေး၊ခင်ဗျာကအဲဂရု ကို ပိုကောင်းအောင် သေချာပေါက် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
ဒါကိုကြားတော့မလေးသည်စိတ်ထဲတွင်ရယ်မောလိုက်ပြီးမျက်နှာမှာလည်းအပြုံးများပြည့်နက်နေလေသည်။
ဒီဟင်းပွဲတွေကို သုံးနာရီထိုးခါနီးအထိ စားပြီး မှပြီးသွားလေသည်။
မလေး နှင့် အဲဂရု၏ အဆင့်မြင့် အမှုဆောင်များသည် စာပွဲပေါ်တွင်မှောက်နေကြသည်။
လင်းဖန်ကတော့ဘယ်လောက်သောက်သောက်မမူးခြင်းအစွမ်းရှိသောကြောင့်သူသည်ဝိုင်ကိုတစ်ခွက်ပြီးတစ်ခွက်အေးအေးဆေးဆေးသောက်နေသည်။
ဟေးတီသည်လင်းဖန်မမူးမှန်းသိပေမဲ့လင်းဖန်ကို ကားထဲသို့ရောက်အောင်ကူညီပေးပြီး သူ့အိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
အိမ်ရောက်တော့ဟေးတီ သည် လင်းဖန်၏ ချောမောသော မျက်နှာကို ကြည့်ပြီး သူမ၏ လှပသော မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာသည် ။
ထို့နောက် သူမသည် လင်းဖန်ထံသို့ အလိုအလျောက် ချဉ်းကပ်လိုက်တော့သည်။
( ̄ε ̄)
(ˉ﹃ˉ)
…………
နောက်တစ်နေ့။
လင်းဖန်သည် ဟေးတီနှင့် နံနက်စာစားပြီးနောက်၊ သူသည် Mercedes-Benz Big G(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်သို့သွားလိုက်သည်။
ကျန်ပေ့တက္ကသိုလ်သို့ သူလျှောက်သွားသောအခါတွင် တောက်ပသော ဆိုင်းဘုတ်များကိုတွေ့လိုက်သည်။
“မိုးသီးသီအိုရီကို ဖြေကြားပေးတဲ့ ကျောင်းသားလင်းဖန် ကို နွေးထွေးစွာ ဂုဏ်ပြုပါတယ်”
လင်းဖန်သည် လွန်ခဲ့သည့်အပတ်က မိုးသီး၏သီအိုရီကိုသူဖြေထားတယ်ဆိုတာတောင်မေ့တောင်မေ့နေပြီအခုဒီဆိုင်းဘုတ်ကိုတွေ့မှပဲသူပြန်သတိရသွားခဲ့သည်။
ယင်းနှင့်ပတ်သက်၍လင်းဖန်သည် ဂရုမစိုက်ဘဲ စာသင်ခန်းသို့လျှောက်သွားလိုက်သည်။
ဒီအချိန်မှာ စာသင်ခန်းထဲမှာတော့စကားတွေအများကြီးပြောနေကြသည်။
“မင်းတို့မြင်လားလင်းဖန်က “နှစ်စဉ်သင်္ချာ ဂျာနယ်” မှာ ထုတ်ဝေခဲတယ်ဆိုတာ’’
“ဘုရားရေအစ်ကို လင်းက ကမ္ဘာ့သင်္ချာပြဿနာကို အမှန်တကယ် ဖြေရှင်းပေးခဲ့တယ်!”
…………
လင်းဖန်သည် စာသင်ခန်းထဲသို့ လျှောက်သွားသောအခါ အသံအားလုံး တိတ်သွားတော့သည်။
အားလုံးက လင်းဖန်ကို စူးစိုက်ကြည့်နေလိုက်ကြသည်။
ဒါကိုတွေ့ပြီးလင်းဖန်သည်သူစာသင်ခန်းများမမှားပြီးဝင်လာသလားလို့တွေးမိလိုက်သည်။
ထို့နောက် စာသင်ခန်းနံပါတ်ပြားကို သေချာပြန်ကြည့်လိုက်သည်။
ထိုအခိုက်တွင် နောက်တန်းတွင်ထိုင်နေသော စုရီသည် မတ်တပ်ထရပ်ကာ လင်းဖန်အား ဝှေ့ယမ်းကာ “အစ်ကိုလင်း ဒီမှာ!”
လင်းဖန်သည် အသံကြားတော့လျှောက်သွားလိုက်သည်။
ထို့နောက်စုရီက “အစ်ကို လင်းမင်းက မိုးသီးသီအိုရွကို ဖြေရှင်းလိုက်တာလား?”
“ဟုတ်ပါ်။” လင်းဖန်က ပေါ့ပေါ့ပါးပါး ဖြေသည်။
ဤစကားထွက်လာသည်နှင့် တပြိုင်နက် စာသင်ခန်းသည် ချက်ချင်းပင် ဆူညံသွားပြန်သည်။
“တကယ် အစ်ကို လင်း ပဲ!”
“အစ်ကို လင်းမင်း အရမ်းတော်တယ်!”
....
တကယ်တော့အတန်းဖော်များအားလုံးသည် ကျောင်းနဖူးစည်းရှိ ဆိုင်းဘုတ်ကိုကြည့်ပြီးကတည်းကသူတို့အတန်းကလင်းဖန်လားဆိုတာကိုသံသယရှိနေကြသည်။
ဒါပေမယ့် သံသယဆိုတာ သံသယပါပဲ။
အခု လင်းဖန်ကိုယ်တိုင်ဝန်ခံလိုက်တော့သူတျု့အမှန်ဆိုတာကိုယုံသွားလေသည်။ !
သူ့ဘေးက မူဇောင် က ဆောလျင်စွာ မေးလိုက်သည် “အစ်ကို လင်းမင်း မိုးသီးသီအိုရီကို ဘယ်တုန်းက စလေ့လာခဲ့တာလဲ။”
“ပြီးခဲ့တဲ့အပတ်ကပဲ?” လင်းဖန်က ပြောသည်။
ပြီးခဲ့သောအပတ်က?
မူဇောင်ကဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။
ပြီးခဲ့တဲ့အပတ်က လေ့လာပြီး ဒီအပတ်မှာ အဖြေထွက်သွားတာလား။
အဲဒါက ကမ္ဘာမှာတောင်မဖြေရှင်းနိုင်တဲ့ သင်္ချာပြဿနာပါ။
“ကလင် ကလင် ကလင်!”
ခေါင်းလောင်းသံကြားပြီးနောက်၊ ဆံပင်ဖြူသော ပါမောက္ခအိုကြီးသည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
သူသည် စာသင်ခန်းရှိ ကျောင်းသားများကို ဦးစွာ ကြည့်လိုက်သည် လင်းဖန်ကို မြင်သောအခါ သူ့မျက်လုံးများသည်လင်းဖန်အပေါ်သူ၏အကြည့်သည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသည်။
သို့သော် သူသည် အခြားအကြောင်းအရာများကို မပြောဘဲ ယနေ့သင်တန်းကို တိုက်ရိုက်စတင်လိုက်တော့သည်။
လင်းဖန်သည်အရင်ကတည်းကအိပ်ငိုက်နေပြီဖြစ်သော်ကြောင့်ယခုပါမောက္ခဟောင်း၏ စကားကို ဖြည်းညှင်းစွာ နားထောင်ရင်း မိနစ်အနည်းငယ်ကြာတွင် အိပ်ပျော်သွားလေသည်။
ပါမောက္ခဟောင်းကြီး၏ အကြည့်သည် အိပ်ပျော်နေသော လင်းဖန်အပေါ်သို့ ကျရောက်သွားသည်။
ပရော်ဖက်ဆာဟောင်းသည် စိတ်မဆိုးရုံသာမက၊ ဆန့်ကျင်ဘက်၌သူ၏မျက်လုံးများက သဘောကျမှုအပြည့်ရှိသည်- ‘’လင်းဖန်က မျှော်လင့်ထားသည့်အတိုင်း မိုးသီးသီအိုရီဖြေရှင်းနိုင်အောင်မနေ့ညက တစ်ညလုံး လေ့လာခဲ့သည်။ ‘’ဟုတွေးလိုက်သည်။
ထိုအချိန်တွင် လေပြင်းများတိုက်ခတ်လာသောကြောင့်စားပွဲပေါ်ရှိ စာအုပ်များ၏စာရွက်များလှန်သွားလေသည်။
ထို့ကြောင့် ပါမောက္ခဟောင်းသည် စင်မြင့်မှ ဖြည်းညှင်းစွာ ဆင်းလာပြီး လင်းဖန်အပေါ်သူ၏အပေါ်အင်္ကျီကိုချွတ်ပြီးအလွန်ကျွမ်းကျင်စွာ လင်းဖန်ပေါ်ဝတ်ပေးလိုက်သည်။
ညတိုင်း ညတိုင်း စာကျက်တဲ့ ကျောင်းသားကောင်းတစ်ယောက် အအေးမိတာမျိုး မဖြစ်အောင်ငါကဂရုစိုက်ပေးရမယ်။
မနေ့ကတစ်နေ့လုံးမီးမလာဘူးဗျ။gpလာတဲ့သူတွေတောင်စာမပြန်နိုင်ဘူး။မယုံရင်မေစလို့ရပါတယ်။မနက်ဖြန်၃ပိုင်းအနည်းဆုံးလာပါမယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး