သူ့ရင်ထဲမှာ သူမရှိတယ်
Vol. 007 Ch. 666
ရှီမာယူယူပြောလိုက်သည့်စကားကြားသောအခါ ကုန်ရှန်ယိ၏ မျက်နှာသည် နီရဲသွားလေသည်။ ရှီမန်ဖန်သည် ဒီလိုအခြေအနေမျိုးဖြစ်စေလိမ့်မည်ဟု သူမ မတွေးမိခဲ့ပေ။ ရှီမာယူယူ ပြောလိုက်သည့်စကားကို စဉ်းစားကြည့်သောအခါ သူ့အား ဘယ်လိုရင်ဆိုင်ရမည်ကို မသိတော့ပေ။
သူမသည် ထွက်သွားမည်ဟု စဉ်းစားလိုက်သော်လည်း သူ့အားပြောစရာရှိ၍ လာရှာသဖြင့် ခြံထဲတွင် နေကာ နီရဲသောမျက်နှာဖြင့်သာ သူ့ကိုစောင့်ရတော့သည်။
ရှီမန်ဖန်သည် ရှီမာယူယူကို အိပ်ရာထဲပို့ပြီး စောင်လဲပေးလိုက်သည်။
“ကုန်ရှန်ယိက မင်းကိုပြောစရာရှိလို့လာတယ်ဆိုတာ သိတယ် သွားလိုက်” ရှီမာယူယူသည် လှဲပြီးနောက် ရှီမန်ဖန်ကိုပြောလိုက်သည်။
အခုလေးတင် သူမသည် စပြီးရင်းစထားသော်လည်း ကုန်ရှန်ယိသည် ထိုကိစ္စကိုအတော်ကြာအောင် သွားစုံစမ်းထားသည်ဖြစ်သဖြင့် ရှီမန်ဖန်နှင့် ဆွေးနွေးရန်လာသည်မှာ သေချာနေသည်။
ရှီမန်ဖန်သည်လည်း ခန့်မှန်းမိရာ သူမအား စောင်ဖြန့်ပေးပြီး ညွှန်ကြားလေသည် “သေချာလှဲနေနော် အပြင်ထွက်ချင်ရင် မနက်ဖြန်ကို နေပူစာလှုံဖို့ခေါ်သွားပေးမယ်”
“အင်း” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
ရှီမန်ဖန် လျှောက်သွားရာ သူတံခါးဖွင့်လိုက်သည်နှင့် အော်ပြောလိုက်သည် “အစ်မအပြင်ထွက်ချင်ရင် ငှက်လေးကိုခေါ်သွား”
“အင်း” ငှက်လေးကိုခေါ်သွားပါက တခြားသောငှက်မျိုးစိတ်တစ်ခုလုံးလိုက်ပါမည်ကို ရှီမန်ဖန်သိသည်။ မဟုတ်လျှင် သူတို့ကိုစောင့်ရှောက်ပေးရန် တခြားငှက်များကိုရှာရမည်။
သူမသည် အမှန်တကယ်ပင် သူ့ကိုစိတ်ပူမိသည်။ သူ့ကိုတိုက်ခိုက်ခဲ့သောလူသည် အလွန်သန်မာကာ သူလက်စားချေမည့်ကိစ္စကိုလည်း သိသည်ကို သူမ ခန့်မှန်းမိသည်။ သူတို့ကို အမြစ်ပြတ်အောင်မရှင်းနိုင်ဘူးဆို လျှင်တောင် အနည်းဆုံးတော့ ပျက်စီးအောင်လုပ်သင့်သည်။
ငှက်လေးသည် စစ်မြေပြင်ကို ကိုယ်တိုင်မထွက်ဖူးပေ။ တိုက်ပွဲဝင်ရသည်မှာ သူတို့ကို ကာကွယ်ရသည် နှင့် မတူပေ။ အထူးသဖြင့် ရှီမာယူယူကို ကာကွယ်ရသည့်အချိန်နှင့် ကွာခြားသည်။ အကြောင်းမှာ ပြိုင်ဘက် သည် ရှီမန်ဖန်ကိုဖိအားပေးကာ ချိပ်ကို ပျက်စီးအောင်လုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ငှက်လေးနှင့် တခြားသူများသည် ရှီမာယူယူ ကိုယ်စားလက်စားချေချင်ကြသည်။
ငှက်လေးနှင့် တခြားသူများ မည်ကဲ့သို့ခံစားရမည်ကို ရှီမာယူယူ အရင်ကလည်းဖြစ်ဖူးသဖြင့် ထိုခံစား ချက်ကို သူမ သိသည်။
ရှီမန်ဖန်ထွက်သွားချိန်တွင် စိုးရိမ်မှုများဖြစ်နေသည်ကို ရှီမာယူယူ မြင်လိုက်သဖြင့် ညင်သာစွာ သက်ပြင်း ချလိုက်သည် “ဟူး ဒီတစ်ခါ ငါ့ဝိဉာဉ်ဒဏ်ရာနဲ့ သတိမေ့သွားတာက တကယ့်ကိုဒုက္ခပေးတာပဲ”
သူမအကျင့်နှင့်ဆိုလျှင် ငြိမ်ငြိမ်ထိုင်နေခဲသည်။ ထို့ကြောင့် အိပ်ရာထဲတွင် ရက်ပေါင်းများစွာလှဲနေရခြင်း သည် သူမအတွက် တကယ့်ကို နှိပ်စက်ရာရောက်သလိုပင်။
ရှီမန်ဖန်ခြံထဲသို့ပြန်လာရာ ကုန်ရှန်ယိ သူ့ကိုမြင်ချိန်တွင် ရှက်ရွံ့မှုများကိုဘေးဖယ်လိုက်သည်။
“သူမ ဒီရက်တွေကို အရမ်းပျင်းနေလို့ မင်းကိုစနေတာ” ရှီမန်ဖန်သည် သူမ၏ အပြုအမူကိုမြင်လိုက် သည်နှင့် အလိုလိုရှင်းပြပြီးသားဖြစ်သွားသည်။
“ဒါဆို… ရှင်ကရောတကယ် အဲလိုစဉ်းစားတာလား” ကုန်ရှန်ယိ၏ ပါးသည်နီးရဲနေသော်လည်း ရှီမန်ဖန် ၏ မျက်လုံးများကို စိုက်ကြည့်မိတုန်းပင်။
သူတို့နှစ်ယောက်သာ ခြံထဲတွင်ကျန်ခဲ့သည်။ သူမ၏ခံစားချက်ကိုလည်း သူသိပြီးနေပြီ။ အဲတော့ သူ ပြန်ဖြေတာကိုလည်း သူမကြားချင်သည်။
သူ့ရင်ထဲမှာ သူမ နေရာရထားမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေက သူ့အပေါ်ထားခဲ့တဲ့ သူမခံစားချက်တွေက အဖြေပဲလေ။ သို့သော် သူမအတွက်နေရာမရှိဆိုပါက သူမဘာလုပ်ရမလဲ။ လက်လျော့ရမှာလား။
မဟုတ်ဘူး။ သူမ သူ့ကိုနှစ်သက်သည်။ ပြီးတော့ သူ့ကိုလွယ်လွယ်နဲ့ လက်မလွတ်နိုင်ပေ။ သူသာ သူမကို ဘာမှဂရုမစိုက်ဘူးဆိုရင်လည်း သူ့ဘေးမှာပဲ ဒီအတိုင်းရှိနေမှာပဲ၊ အဲဒါဆိုရင် သူမတစ်ယောက်တည်းကိုပဲ သူ မြင်ရတော့မှာ။ အဲလိုနဲ့ တစ်နေ့ကျရင် သူမ ဆုတောင်းပြည့်မှာလား။
သူမသည် စိတ်ထဲတွင်ပြင်ဆင်ပြီးသွားသော်လည်း နှလုံးခုန်မြန်နေခဲ့သည်။ သူ သူမကို တုန့်ပြန်မှာလား။ မဟုတ်ရင် အမြဲတမ်းလုပ်ခဲ့သလို ရှောင်သွားမှာလား။
ရှီမန်ဖန်သည် လက်မြောက်ကာ ပြေကျနေသော သူမဆံပင်ကို နားရွက်အနောက်သို့ပို့ပေးရင်း “အခု ငါ့ လက်ရှိအခြေအနေက မင်းအတွက် အကောင်းကြီးမဟုတ်ဘူး”
ထိုအပြုအမူမျိုး တစ်ခါမှမလုပ်ဖူးသဖြင့် ကုန်ရှန်ယိ ရင်များပိုခုန်လာသည်။ ဒီလိုအဖြေမျိုးက….
သို့သော် သူသည် သူမဆံပင်အား နားရွက်အနောက်သို့သပ်ပေးခဲ့သည်။ ဒါက အရင်ထက်စာရင် တိုးတက်လာတာပဲ။
သူမသည် တိတ်တဆိတ် သူမကိုယ်သူ အားပေးနေချိန်တွင် ရှီမန်ဖန် ထပ်ပြောလာသည်။
ရှီမန်ဖန်သည် လက်ကိုပြန်ရုတ်ကာ ပြောလိုက်သည် “ငါ မင်းနဲ့လက်ထပ်ချင်တယ်ဆိုရင် မင်းအတွက် ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ရမယ်၊ ဒါပေမဲ့ အချိန်ကြာနိုင်တယ်၊ မင်း… မင်း ငါ့ကိုစောင့်ပေးနိုင်မလား”
သူမ နှလုံးသားသည် မြေပြင်ပေါ်ကျလိုက် ကောင်းကင်သို့ တက်သွားလိုက်ဖြစ်နေသည်။ သူ၏ လေးနက်သော အကြည့်ကိုမြင်သောအခါ ရုတ်တရက် ပျော်ရွှင်စွာ မျက်ရည်များကျလာကာ သူ့ကိုဖက်လိုက် သည် “ကျွန်မစောင့်နိုင်ပါတယ်၊ ဘယ်လောက်ပဲကြာပါစေ ဖန် ကျွန်မအရမ်းပျော်တယ်၊ တကယ်ပျော်တယ်၊ ရှင် ကျွန်မကိုလုံးဝဂရုမစိုက်ဘူးထင်နေတာ ဘယ်လိုလုပ်ရမလဲ ပျော်လွန်းလို့သေသွားနိုင်တယ်”
တခြားသူများအပေါ် အမြဲတမ်း မောက်မာပြီး အေးစက်သော ကုန်ရှန်ယိသည် သူ့အား ဒေါသမထွက်ပဲ ဆရာတစ်ယောက်လိုဆက်ဆံပေးခဲ့သည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိလောက်အောင် ပျော်နေသော ထို ကောင်မလေးကို သူတွေ့သောအခါ သူ၏ အေးစက်သော အမူအရာသည် နူးညံ့သွားလေသည်။
“အဟွတ် အဟွတ်….”
ကျင်းဝမ် ခြံထဲသို့ဝင်လာရာ သူတို့နှစ်ယောက်ကိုမြင်လိုက်သောအခါ ချောင်းဟန့်လိုက်သဖြင့် ကုန်ရှန်ယိ သည် ချက်ချင်းပင် ရှီမန်ဖန်ကို လွှတ်ပေးလိုက်သည်။
သူမသည် ရှီမန်ဖန်အား တွယ်ကပ်ချင်သေးသည်။ သို့သော် တခြားသူများရှေ့တွင် ဒီလိုဖြစ်နေသည်ကို သူ မကြိုက်သည်မှန်း သူမသိသည်။
“မင်းတို့က ချိုအီနေတာတွေကို တီးတိုးပြောနေကြတာ၊ အဓိကအကြောင်းကို ပြောပြီးကြပြီလား” ကျင်းဝမ်သည် လျှောက်လာကာ မှတ်ချက်ပေးလေသည်။ သူတို့နှစ်ယောက်၏ အဖြစ်အပျက်ကို သူမြင်လိုက် သောအခါ ထိုအကြောင်းကို မပြောရသေးမှန်းသိလိုက်သည်။
သူ သိသည်။
“ကျင်းဝမ် လာပြီလား” ရှီမာယူယူ၏ အသံသည် အထဲမှအသံထွက်လာသည်။ သို့သော် အသံမှာ အားနည်းနေသည် “ရောက်လာပြီဆိုမှတော့ ငါနဲ့ စကားလာပြောပေါ့”
“အင်း” ကျင်းဝမ်သည် ပျော်ရွှင်စွာ လျှောက်သွားလေသည်။ သို့သော် သူမဝင်ခင်ကို သူတို့ကို လှည့်ပြော ရန်ကို မမေ့ပေ “မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးတီတီတာတာ ပြောချင်တယ်ဆိုရင် အဓိက အကြောင်းကို အရင်ဆွေးနွေးပြီးမှပြောကြ”
“သူတို့ တီးတိုးပြောနောကို သိနေမှတော့ ဘာလို့မြန်မြန်မလာတာလဲ” ရှီမာယူယူသည် အထဲမှ အမိန့် ပေးလေသည်။
“အာ.. ရောက်နေပြီလေ” ကျင်းဝမ်သည် တံခါးဖွင့်ပြီး ဝင်လာသော်လည်း တံခါးကိုပိတ်မပစ်ပေ။
သူအမြဲတမ်းအတူမရှိနိုင်သော်လည်း ရှီမာယူယူနှင့် ရင်းနှီးလာပြီဖြစ်သည်။
သူမ ဂိုဏ်းမှပြန်လာချိန်က ကျင်းဝမ်ကို မသိခဲ့ပေ။ သို့သော် သူ ရှီမန်ဖန်ကို ပြုစုပေးပုံကို ကြည့်ခြင်း အားဖြင့် သမားတော်တစ်ယောက်ဖြစ်သည်ကို ခန့်မှန်းမိသည်။ နောက်တွင် သူ့အပြုအမူကိုကြည့်ပြီး ပိုသေချာ သွားသည်။ သူမ နိုးလာချိန်တွင် သူသာ ဖန်လေးအတွက် ကာကွယ်ရေးဆေးလုပ်ပေးခဲ့ကာ ထိုဆေးမှာလည်း သက်ရောက်မှုရှိခဲ့သည်။
သူသည် ကာကွယ်ရေးဆေးကို ကိုယ်တိုင်ဖော်စပ်ခဲ့သည်။ ဆိုလိုသည်မှာ သူသည် ကျော်ကြားသော အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။
အစပိုင်းတွင် ကျင်းဝမ်ကို ကုန်တောင်ကြားမှလူဖြစ်မည်ဟု ထင်ခဲ့သည်။ နောက်တွင် သိခဲ့သည်မှာ သူ သည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့၏ မိတ်ဆွေဖြစ်ကာ ဆက်ဆံရေးလည်းကောင်းကြသည်။
သူမ မောင်ဖြစ်သူ၏ မိတ်ဆွေဖြစ်သောကြောင့် သူမလည်း မိတ်ဆွေအတိုင်းပင် ဆက်ဆံသည်။ သူမ နိုးလာပြီးနောက် ကျင်းဝမ်ကို ဆေးပညာနှင့် အဂ္ဂိရတ်ပညာဆိုင်ရာ မေးခွန်းများကို မေးခဲ့သည်။
ကျင်းဝမ်သည် အစပိုင်းတွင် သူမအား ထိတ်လန့်နေသော်လည်း ရင်းနှီးလာသည်နှင့်အမျှ လေးစားမိ သည်။ သူသည် သူမကို မိန်းကလေးဖြစ်သည်ကို မသိသောကြောင့်သာ စကားလာလာပြောခြင်းဖြစ်သည်။ ရှီမန်ဖန်လည်း တခြားဘာမှမပြောပဲ သူအိမ်ထဲဝင်လျှင် တံခါးမပိတ်နဲ့ဟုသာ ပြောထားခဲ့သည်။
သူ၏ တောင်းဆိုမှုမှာထူးဆန်းသည်ဟု ကျင်းဝမ်ခံစားရသော်လည်း သူ သဘောတူခဲ့သည်။
အခု ရှီမာယူယူသည် သူနှင့် စကားပြောရန်ခေါ်သဖြင့် တွေဝေမှုမရှိပြေးလာရပြန်သည်။
နောက်တစ်ကြိမ်အစခံရပြီးနောက်တွင် ကုန်ရှန်ယိသည် ရှက်ရွံ့လာရပြန်သည်။ ရှီမန်ဖန်သည် ရှီမာယူယူအခန်းဘက်သို့ကြည့်ပြီး ညင်သာစွာပြောလေသည် “အပြင်မှာသွားပြောရအောင်”
သူ လုပ်ငန်းကိစ္စကိုပြောလာသဖြင့် ကုန်ရှန်ယိ ပုံမှန်ပြန်ဖြစ်ကာ ခေါင်းညိမ့်ပြီး သူ့နောက်မှလိုက်ကာ အပြင်ထွက်ခဲ့လိုက်သည်။
သူတို့ ရှီမာယူယူ၏ ခြံမှထွက်လာပြီး လူမရှိသည့်နေရာသို့ရောက်လျှင် ရှီမန်ဖန် မေးလေသည် “ဘာတွေ့ခဲ့လဲ”
***