သင်္ချာကမ္ဘာသက်ဝင်ခြင်း
Vol. 19 Ch. 273
လင်းဖန်သည် အေးအေးလူလူ အိပ်ပျော်နေတဲ့အချိန်မှာသင်္ချာကမ္ဘာအသိုင်းအဝိုင်းကတော့သည် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ လုံးဝ ဆူညံနေသည်။
နိုင်ငံတကာသင်္ချာဖိုရမ်။
[ဟန်ဟန်- မိုးသီးသီအိုရီကိုဖြေရှင်းပြီးသွားပြီလို့တစ်ယောက်ယောက် ပြောတာကိုကြားလိုက်ရတော့ငါ အိပ်မက်မက်နေတယ်လို့တောင်ထင်လိုက်တယ်။ 】
[မူရှန်: ငါလဲမိုးသီးသီအိုရီကိုနှစ်အတော်ကြာ လေ့လာခဲ့သည်။ မကြာသေးမီက မှအနည်းငယ်ပဲတိုးတက်ခဲ့တယ်။မိုးသီးသီအိုရီကိုဖြေရှင်းဖို့ဆိုတာကအလွန်လွန်ကိုကြာအုံးမှာ။အခုငါဒီသတင်းကိုကြားတော့အရမ်းကိုအံသြ သွားတယ် ။ 】
[ပျော်ပျော်ရွှင်ရွှင်- မိုးသီးသီအိုရီကိုဖြေတဲ့သူရဲ့အမည်ကိုသိပြီးပြီလား။ 】
[ယန်ယန်-ငါတော့သိ ပြီးပြီလား။ ငါဖြေတဲ့သူကိုဖတ်လိုက်တော့အရမ်းအံသြ သွားတယ်။ 】
[ဂန်ဟူ: ငါရောပဲ။ 】
[တိုကိုယန်- လင်းဖန်ကဇောင်ရဲ့ ထင်မြင်ယူဆချက်နဲ့ အမွှာအနှစ်သာရကို ဖြေရှင်းခဲ့ပုံရတယ် ဟုတ်တယ်မလား။ 】
【ဆန်ဟုန်-ဟုတ်တယ်။လင်းဖန်ကအရမ်းကြောက်စရာကောင်းသည်။ 】
…………
အမေရိကန်၊ ပဲရစ် တက္ကသိုလ်။
အက်ဒီ သည် လင်းဖန်တွက်ထားသောမိုးသီးသီအိုရီကိုအလျက်အမြန်ပဲကြည်ပလိုက်တော့သည်။
သူ့ဘေးက ဂျက်ဖရီ က ပြုံးပြီး “ဖြည်းဖြည်းကြည့်ပါမင်းစီကဘယ်သူမှမလုယူပါဘူး”
အက်ဒီသည် ဂျက်ဖရီစကားကို လျစ်လျူရှုကာ သူ့ကိုယ်သူ ရေရွတ်မိလိုက်သည်။”ဒါဆိုဒါကဒီလိုပေါ့။ဒါကိုတွက်ချက်ဖို့ ဒီနည်းလမ်းကို သုံးနိုင်တာလား...”
ဂျက်ဖရီသည် အက်ဒီ၏အသွင်အပြင်ကို မြင်ပြီးနောက်သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုတောက်ပလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် အက်ဒီသည် တွက်တဲ့သူကို ဖြည်းညှင်းစွာ လှမ်းကြည့်လိုက်ပြီးနောက်”ဒီတရုတ်သင်္ချာပညာရှင်က တကယ်ကို အံ့သြစရာကောင်းတာပဲ၊သူ့နာမည်က လင်းဖန်ဟုတ်တယ်မလား?”
“အဲဒီလို သင်္ချာပြဿနာကြီးကို ဖြေရှင်းပြီးရင် အစီရင်ခံစာ အစည်းအဝေးကို ဘယ်တော့ ကျင်းပမယ်လို့ ပြောလဲ။’’
ဂျက်ဖရီက “ဒါက ကမ္ဘာ့သင်္ချာအဖွဲ့အစည်းပေါ်မှာ မူတည်တယ်၊ ဒါပေမယ့်... လင်းဖန် က ဒီအစီရင်ခံစာကို တရုတ်နိုင်ငံမှာပဲထပ်ပြီးကျင်းပမှာလားဆိုတာတော့ ကျွန်တော်မသိပါဘူး။”
…………
ဂျက်ဖရီမျှော်လင့်ထားသလိုပဲ၊ ကမ္ဘာ့သင်္ချာအဖွဲ့ကြီးက မိုးသီးသီအိုရီအဖြေကို သိသွားပြီးနောက် လင်းဖန်ကို မိနစ် 60 အစီရင်ခံစာအတွက် ဥရောပကို ရောက်လာနိုင်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့အီးမေးလ်ကိုကျန်ပေ့တက္ကသိုလ်ကို တိုက်ရိုက်မေးလ်ပေးပို့ခဲ့သည်။
…………
ဒီအဖြစ်အပျက်ရဲ့ အဓိဇာတ်ဆောင်လင်းဖန်ကတော့စားပွဲပေါ်မှာ အိပ်ပျော်နေဆဲပင်ဖြစ်သည်။
“ကလင် လကင် ကလင်”
ကျောင်းခေါင်းလောင်းသံကြားပြီးနောက် လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
လင်းဖန်သည် စာသင်ခန်းထဲမှ လန်းဆန်းတက်ကြွစွာ ထွက်သွားသောအခါ၊ အတိုင်ပင်ခံစုရန်ဒေါင်၊ သင်္ချာကျောင်းမှ ဌာနမှူး ဟေးချမ် နှင့် အခြားသူများ အားလုံး တံခါးဝတွင် ရပ်နေကြသည်။
ဟေးချမ် က ပြုံးပြီး “ကျောင်းသား လင်းဖန်၊ မိုးသီးသီအိုရီကို ဖြေရှင်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောလိုက်သည်။
လင်းဖန်သည်ကအိမ်ခြင်နေသည့်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းကာ “ရပါတယ်အဲ့လောက်ကြီးလားမဟုတ်ပါဘူး” ဟုပြောလိုက်သည်။
သူ့လေသံက အရမ်းသက်တောင့်သက်သာရှိပြီး ‘1+1=2’ လိုမျိုး ရိုးရှင်းတဲ့မေးခွန်းကို သူဖြေလိုက်ပုံရသည်။
စကားပြောပြီးနောက် လင်းဖန်သည် အပြင်သို့ ဆက်လက်လျှောက်ဖို့လုပ်လိုက်သည်။
အဲ့အချိန်မှာဟေးချမ်က”ကမ္ဘာ့သင်္ချာအဖွဲ့ကြီးက အီးမေးလ်တစ်စောင် ပို့ထားတယ်။ မိုးသီးသီအိုရီပတ်သက်ပြီး မိနစ် 60 ကြာ အစီရင်ခံစာလုပ်ဖို့ မင်းကိုဥရောပကို ဖိတ်ခေါ်ခဲ့တယ်”
လင်းဖန်က “ဘာလို့ အစီရင်ခံစာကိုဥရောပကိုသွားရမှာလဲ။ပျင်းစရာကြီးသူတို့ကိုပြောလိုက်ပါအစီရင်ခံစာကို နားထောင်ချင်ရင် တရုတ်ကျန်ပေ့မှာလာနားထောင်လို့ရတယ်” လို့ ပြောလိုက်သည်။
ထို့နောက် စကားပြောရပ်လိုက်ပြီးနောက်ချက်ချင်းပင် လျှောက်သွားခဲ့သည်။
ကျန်ပေ့တက္ကသိုလ်၊ သင်္ချာအဝန်းအဝိုင်းတစ်ခုလုံးသည်ယနေ့တွင် လင်းဖန်၏ မိုးသီးသီအိုရီအဖြေနှင့် ပတ်သက်၍ သက်ဝင်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
ဒါပေမယ့် လင်းဖန်ကိုယ်တိုင်ကတော့ ထုံးစံအတိုင်း စားတာနဲ့ အိပ်သင့်တာပဲလုပ်နေလို့သူ့အတွေက်ကတော့ကွာခြားမှုမရှိပေ။
နေ့လည်ကျောင်းဆင်းပြီးနောက် လင်းဖန်သည် Mercedes-Benz G(ကား)ဖြင့် ပန်းလုံဗီလာသို့ မောင်းနှင်ခဲ့သည်။
“ဗွမ်း!”
အကွာအဝေးတစ်ခုတွင်ပြင်းထန်သော အင်ဂျင်သံတစ်ခု ထွက်ပေါ်လာပြီး လမ်းပေါ်တွင် ကားနှစ်စီး အမြန်မောင်းနှင်နေသည်ကို တွေ့ရသည်။
ရှေ့တွင် Land Rover (ကား)ကဦးဆောင်ပြီးဒီကားနောက်မှာတော့သည် Volkswagen(ကား) သည် အဆက်မပြတ်လိုက်နေသည်။
ထိုအချိန်တွင် Volkswagen ကားရှေ့တွင် ကလေးတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့သည်။ ကလးကိုတိုက်မည့်အန္တရာယ်မှ ရှောင်ရှားရန်အတွက် Volkswagen ကားသည် စတီယာတိုင်ကိုကိုင်ပြီး ဘရိတ်ကို နင်းလိုက်သည်။
သို့သော် သူမ၏အရှိန်သည် အလွန်မြန်လွန်းသဖြင့် လုံးဝမရပ်တန့်နိုင်ဘဲ သူ့မကားကမှောက်ရက်ကျသွားလေသည်။
ဒါကိုမြင်တော့လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းပြီး Volkswagen(ကား)ဘက်သို့ တိုက်ရိုက်မောင်းသွားခဲ့သည်။
လင်းဖန်ဒီလိုသွားရတာဟာဒီကားပိုင်ရှင်ကလှပတဲ့အမျိုးသမီး ဝမ်ရိုဆိုတာကိုကို သူသိလို့ပင်ဖြစ်သည်။
ဤသည်မှာ တရားမျှတမှုရှိသော အမျိုးသမီးဖြစ်သည်။
မကြာသေးမီက လင်းဖန်သည် ဒီဒီ မစ်ရှင်ကို လုပ်ဆောင်နေချိန်တွင် ဓားဖြင့် လုယက်ခံခဲ့ရခြင်းမှ သူအား ကယ်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဟုတ်ပါတယ်၊ သူမမရှိရင်တောင်လင်းဖန်ကဒီလိုလူဆိုးမျိုးကိုအေးဆေးအမှောက်သိပ်နိုင်သည်။
ဒါပေမယ့် လင်းဖန်ကတော့ က ဒီအလှလေးကို ဒီအဖြစ်အပျက်ကြောင့်အထင်ကြီးသွားစေသည်။
ယခု သူမ၏ယာဉ်တိုက်မိမြင်လိုက်ရသဖြင့် လင်းဖန်သည် သဘာဝအတိုင်း သွားကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် သူခိုးနောက်ကိုလျှို့ဝှက်စွာလိုက်ဖမ်းနေသည်လားဟုလင်းဖန်ကတွေးလိုက်မိသည်။
ထိုအချိန်တွင် မြေပြင်ပေါ်သို့ လဲကျနေသော Volkswagen(ကား)သည် တံခါးကို ဖြည်းညှင်းစွာဖွင့်ကာဝမ်ရိုသည်ခက်ခက်ခဲခဲ ထွက်လာခဲ့သည်။
လင်းဖန်က “မင်းအဆင်ပြေလား”
ဝမ်ရိုသူ့ကိုမြင်ပြီးနောက် ခဏလောက်ထိတ်လန့်သွားခဲ့သည်။
ထင်ရှားသည်မှာ သူမသည် ဤနေရာတွင် လင်းဖန် နှင့် တွေ့ဆုံရန် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ထို့နောက် ချက်ချင်းပင်ဝမ်ရိုသည် သူ့ဘေးနားရှိ Mercedes-Benz Grand G (ကား)ကို စိုက်ကြည့်ပြီးနောက် သူမ၏အထောက်အထားကို ထုတ်ကာ “အမှုကို စစ်ဆေးနေလို့ ကားကို ခဏလောက်ငှားပါ!”
စကားပြောနေစဉ်၊ သူမသည် Mercedes-Benz Big G(ကား)ပေါ်ကိုတက်ဖို့လုပ်လိုက်သည်။
သို့သော်လည်း ယာဉ်တိမ်းမှောက်မှုဖြစ်ထားသောကြောင့်သူမ၏ခြေထောက်သည်ဒဏ်ရာရရှိသွားသောကြောင့်လမ်းလျှောက်ရင် အနည်းငယ် ထော့နဲ့ ဖြစ်နေသည်။
ဒါကိုတွေ့တော့လင်းဖန်က “ငါမောင်းလိုက်မယ်” လို့ပြောလိုက်သည်။
အဲဒီနောက်မှာတော့ သူက ကားမောင်းတဲ့နေရာကိုသွားလိုက်သည်။
ဝမ်ရိုကတုံ့ဆိုင်းမနေဘဲ ခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်ပြီး”မြန်နိုင်သမျှမြန်အောင် ကြိုးစားမောင်းပေးပါ” ဟုပြောရန်မမေ့ပေ။
ထို့နောက် ရှေ့တည့်တည့်ကြည့်ရင်း လက်ကိုင်ဖုန်းကို ထုတ်ကာ “ငါ့ အရှေ့တောင်လမ်းမှာ ကားတိုက်မိလို့ ကျေးဇူးပြုပြီး ဒါကိုဖြေရှင်းပေးပါ” လို့ ပြောလိုက်သည်။
စကားပြောပြီးနောက် သူမသည်ဖုန်းကို တိုက်ရိုက် ချလိုက်ပြီး ဒုတိယတစ်ကြိမ် ခေါ်ဆိုလိုက်သည်။”107လားတရားခံအမျိုးသား ကအဝေးပြေး လမ်းမကြီး ကို သွားနေတယ် ။ တစ်စုံတစ်ယောက် ကို ရှေ့မှာ စစ်ဆေးခိုင်းလိုက်ပါ!”
“ဗွမ်း!”
ထိုအချိန်တွင် လင်းဖန်သည် ကားကို စတင်မောင်းလိုက်ပြီးနောက်အရှိန်မြှင့်စက်ကို နင်းလိုက်သည်။
တခဏချင်းမှာပဲ ကားတစီးလုံးသည်သားရဲတစ်ကောင်ကဲ့သို့ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် Mercedes-Benz Big G(ကား)၏အရှိန်သည်တဖြည်းဖြည်းချင်းမြင့်လာသည်။
အရှိန်100!(ကားတွေမှာပါတယ်ဟာပါ)
ရှိန် ၁၂၀!
အရှိန်150!
…………
ဒါကိုကြည့်ပြီး အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ဝမ်ရိုတောင်မှ သူ့မနဖူးမှာ အေးစက်တဲ့ ချွေးတွေ ထွက်လာခဲ့သည်။
“မစ္စတာလင်းဘေးကင်းရေးကို ပဲဂရုစိုက်ပါ။”ဟုပြောလိုက်သည်။
သူမဒီလိုဖြစ်ခဲ့တာလဲအံ့သြစရာမရှိပေ။
သူတို့အခုမောင်းနေတာက အဝေးပြေးလမ်းမဟုတ်ဘဲ မြို့ပြလမ်းဖြစ်သည်။
မြို့တွင်းလမ်းမှာဒီလိုအရှိန်ဖြင့် မောင်းနှင်ပါကသူ့ရှေ့မှာယာဉ်ကြောပိတ်ဆို့မှုရှိပါက သို့မဟုတ် တစ်ခုခုဖြစ်သွားပါက ကားမှောက်ခြင်းကဲ့သို့ မရိုးရှင်းဘဲကားတိုက်မှုကြောင့်အသက်တောင်သေဆုံးမှုများဖြစ်နိုင်သည်။
“ကောင်းပြီ။” လင်းဖန်က ပြန်ပြောလိုကအသည်။
ရလဒ်အနေဖြင့် အရှိန်မြှင့်စက်ကို ထပ်နင်းလိုက်သည်။
အရှိန် 160!
အရှိန်170!
…………
ဒါကိုတွေ့တော့ဝမ်ရို၏ မျက်ခုံးများ အနည်းငယ် လှုပ်ခပ်သွားခဲ့သည် ။
ငါ မင်းကို ဘေးကင်းဖို့ အာရုံစိုက်ခိုင်းတာလေ။ဘာလို့အရှိန်မြင့်တာကိုထပ်နင်းတာလဲ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန် -စောင့်ချောကြီး