← Chapters

လျှို့ဝှက်မစ်ရှင်ပြီးသွားခြင်း

Vol. 19 Ch. 274

လျှို့ဝှက်မစ်ရှင်ပြီးသွားခြင်း

Vol. 19 Ch. 274

ဝမ်ရိုသည် ယာဉ်အရှိန်မကျသွားရုံသာမက ဆန့်ကျင်ဘက်အဖြစ်ပိုမြန်လာသည်ကိုမြင်သည်။

နောက်ဆုံးတော့ သူမက မထိန်းနိုင်တော့ဘဲ “မစ္စတာလင်း၊ အရှိန်လျှော့ပါအုံး”ဟုခေါ်လိုက်သည်။

လင်းဖန်သည် ဝမ်ရိုကို အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့အကြည့်ထဲတွင်၊မြန်နိုင်သမျှမြန်ဖို့ မတောင်းဆိုခဲ့ဘူးလား။ အခုကဘာလို့အရှိန်လျှော့ခိုင်းတာလဲဟုပြောလိုက်သည်။

ဝမ်ရိုကလဲဒါကို သတိပြုမိလိုက်ပြီး “ငါပြောချင်တာကဘေးကင်းအောင်ပဲအရင်မောင်းပယပါ... နောက်ပြီး ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းရှိသေးတယ်...”

Land Roverကားထဲက အမျိုးသားက... Mercedes-Benz G က သူ့ဆီ မောင်းလာနေတာကို သတိပြုမိလိုက်သောကြောင့်အရှိန်တင်ပြီးမောင်းလိုက်သည်

သို့သော် မကြာမီပင် သူသည် သူ၏ကားအရှိန်ကို မည်မျှပင် တိုးမြှင့်စေကာမူ Mercedes-Benz Grand G(ကား)သည် အမြဲတမ်း သူ့ထံသို့ တစ်ဖြည်းဖြည်းနီးကပ်လာသည်ကိုတွေ့လိုက်သည်။

ထိုလူသည် အရှိန်၁၃၀ အမြန်နှုန်းကို တစ်ချက်ကြည့်လိုက်ပြီး “ဒီအလိုအရှိန်နဲ့မောင်းနေနာကကားမောင်းတဲ့သူကရူးနေတာလား” ဟု အော်ပြောလိုက်သည်။

သို့သော် သူကျိန်ဆဲတာကြောင့် အကွာဝေးကမတိုးလာယုံမကပို၍နီးလာခဲ့သည်။

အဲဒီလူက လမ်းကျဉ်းလေးမှာ လမ်းဆုံလမ်းခွကို တွေ့လိုက်သည်။

ထို့ကြောင့်သူသည်လုံးဝ တုံ့ဆိုင်းမနေဘဲ စတီယာရင်ကို တိုက်ရိုက်တိုက်မိပြီး ကားတိမ်းမှောက်လုနီးပါးဖြစ်နိုင်တဲ့ လမ်းဆုံလမ်းခွကို မောင်းသွားခဲ့သည်။

ထို ယောက်ျားက ပြုံးပြီး “မင်း အမြန်မောင်နေတာမဟုတ်ဘူးလား။ မင်းဘယ်လိုငါ့ကိုဘယလိုဖမ်းလဲဆိုတာ ကြည့်ရအောင်!”

တကယ်တော့ဒီလို စိတ်မျိုးကိုထ်ုအမျိုးသားတင်မကဘဲလင်းဖန်ရဲ့ကားမှာ ထိုင်တဲ့ဝမ်ရိုကလဲအတူတူပဲတွေးသည်။

ဝမ်ရိုက သက်ပြင်းချလိုက်ပြီး “ပြီးပြီ၊ ငါ တျု့သူ့ကိုလိုက်လိုက်မမီနိုင်တော့ဘူး” လို့ပြောလိုက်ငည်။

သို့သော် လင်းဖန်က တည်ငြိမ်စွာပြောလိုက်သည် “သေချာကိုင်ထားပါ”

ဝမ်ရိုက တစ်ခုခုကို တွေးနေပုံရပြီး သူ့မစိတ်တွေ တင်းမာသွားပြီးတစ်ခုခုပြောဖို့ လုပ်လိုက်သည်။

ဒါပေမယ့် အရမ်းနောက်ကျသွားပြီဖြစ်သည်။

လင်းဖန်သည် စတီယာရင်ကို ဆောင့်ထဲ့လိုက်ပြီးဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိလိုက်သည်။

Mercedes-Benz Grand G (ကား)၏ လျင်မြန်စွာ လှည့်ပတ်နေသော အဓိကတာယာများသည် မြေပြင်နှင့် ပွတ်တိုက်ကာ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဘရိတ်များသည် အလွန်ပြင်းထန်သော အသံများသည်လမ်းတစ်ခုလုံး ပဲ့တင်ထပ်နေပါသည်။

ဝမ်ရိုသည် သူမကိုယ်သူမကားထဲကနေ ဆွဲထုတ်ခဲရသကဲ့သို့ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည် ။ ကံကောင်းထောက်မစွာဖြင့်သူမသည် ထိုင်ခုံခါးပတ်ကို ၀တ်ထားပြဖိးသေချာကိုင်ထားသောကြောင့်ဘာမှမဖြစ်သွားပေ။

ယခုအချိန်တွင်၊ Mercedes-Benz Big G (ကား)၏ရှေ့တာယာနှစ်လုံးသည် မြေပြင်ပေါ်တွင် ၄၅၀ ဒီဂရီလှည့်နေပြီး ကျန်တာယာနှစ်ခုသည်အပေါ်သို့မြောက်နေခဲ့သည်။

“ဗွမ်း!”

လေးလံသော အရာဝတ္ထုတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသံနှင့်အတူ Mercedes-Benz G (ကား)သည် လျှင်မြန်စွာ ဟောက်ပြီး Land Rover(ကား)၏ ဦးတည်ရာသို့ သားရဲတစ်ကောင်လို ပြေးသွားခဲ့သည်။

Land Roverကားထဲမှာ ထိုင်နေတဲ့ အမျိုးသားက နောက်ကြည့်မှန်ကနေအဖြစ်အပျက်အလုံးစုံကိုမြင်ပြီးနောက်ထိတ်လန့်သွားပြီး “Fuck! ဒီကောင်ကားကိုဘယ်လိုတောက်မောင်းသွားတာလဲ”ဟုပြောလိုက်သည်။

သူအာရုံလွင့်သွားသောကြောင့်လမ်းမပေါ်ရှိ သစ်ပင်ကြီးတစ်ပင်ကို မတော်တဆဝင်တိုက်မိပြီး သူ၏ကားမှ မီးခိုးအခိုးအငွေ့များ တဖြည်း ဖြည်း ထွက်ပေါ်လာခဲ့သည်။

ထိုလူသည် Land Rover(ကား)မှ ဖြည်းညှင်းစွာ ထွက်လာသောအခါ၊ Mercedes-Benz G (ကား)သည်လဲထိုသူ၏ဘေးတွင် ရပ်တန့်သွားခဲ့သည်။

ထို့နောက်လင်းဖန်နှင့် တုန်ယင်နေသော ဝမ်ရိုတို့သည် ကားပေါ်မှ ဆင်းလာခဲ့သည်။

ထိုလူက ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး “မင်းတို့ဒီကိုမလာနဲ့မဟုတ်ရင်မင်းတို့ကိုထိုးသတ်မှာနော်” လို့ပြောလိုက်သည်။

သို့သော် လင်းဖန်သည် လုံးဝမကြားသလိုမျိုးထိုလူဆီသို့ လျှောက်သွားခဲ့သည်။

လင်းဖန်သည် ထိုလူနှင့် တစ်မီတာသာ ကွာဝေးသောအခါတွင် ထိုလူက လင်းဖန်ကိုအမြန်ပြေးပြီးးဓားဖြင့်ထိုးလိုက်သည်။

လင်းဖန်သည်ထိုသူထိုးသောဓားကိုအေးအေးဆေးဆေး ရှောင်လိုက်သည်။

ထို့နောက် ချက်ချင်းပင် လင်းဖန်သည် ဓားကို ကိုင်ထားသည့် ထိုလူ၏ ညာလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပေါ့ပေါ့ပါးပါး လိမ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းဖန်သည်ထိုလူကိုနှစ်ကြိမ် ကန်လိုက်သည်။

စူးရှသော အော်သံသုံးခု ပြိုင်တူနီးပါး ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသား၏ လက်ကောက်ဝတ်၊ ဘယ်ခြေထောက်နှင့် ညာခြေထောက်များ အားလုံးမှာ အဆစ်လွဲသွားပြီးမြေပြင်ပေါ်တွင် နာကျင်စွာ အော်နေတော့သည်။

ဒဒါကိုကြည့်ပြီးဝမ်ရို၏ ချောမောလှပသော မျက်နှာသည် အံ့အားသင့်သွားသည့် အမူအရာပေါ်လာပြီး’’မင်း... မင်းက အရမ်းအစွမ်းထက်တာပဲ၊ ဒါဆိုအရင်ကမင်းဘာလို့ ဓားထောက်တာခံနေတာလဲ”လို့မေစလိုက်သည်။

လင်းဖန်က ပခုံးတွန့်ကာ “ငါလည်း ခုခံဖို့လုပ်တဲ့အချိန့ မင်းပေါ်လာတယ်လေ”

ဝမ်ရိုက တစ်ခုခုထပ်ပြောချင်သလိုပဲ သူမ့ပါးစပ်ကို ဖွင့်လိုက်သည်။

ထိုအချိန်တွင် အဝေးမှ စုံစမ်းရေးယာဉ်၏အသံ ထွက်ပေါ်လာခဲ့သည်။

လင်းဖန်က “မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေလာနေပြီဆိုတော့ငါအရင်ထွက်သွားတော့မယ်။”

သူက အသိမိတ်ဆွေကောင်းတစ်ယောက်အကူအညီလိုနေတော့ကူညီပေးလိုက်သည်။

အခုအသိမိတ်ဆွေရဲ့ပြဿနာ ပြေလည်သွားပြီဆိုတော့သူဆက်ပြီးမနေချင်တော့ပေ။

ထို့နောက် လင်းဖန်သည် ဝမ်ရိုပြန်ဖြေတာကိုမစောင့်ဘဲ Mercedes-Benz G(ကား(ဆီသို့ အရှိန်မြှင့်ကာ ရှေ့သို့ အမြန်မောငအးသွားခဲ့သည်။

ဝမ်ရို သည် လျင်မြန်စွာ ထွက်ခွာသွားသော Mercedes-Benz G (ကား)ကို ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများတွင် အရောင်အနည်းငယ်တောက်ပနေသည် ။

ထိုအချိန်တွင် စုံစမ်းရေးယာဉ်နှစ်စီးသည် သူမဘေးနားတွင် ရပ်တန့်လိုက်သည်။

စုံစမ်းရေးမှူး အများအပြားသည် တယောက်ပြီး တယောက် ဆင်းလာကြပြီး တယောက်က “အဖွဲ့ဝင်ဝမ် မင်း Mercedes-Benz G(ကား)ကို မောင်းနှင်လိုက်တာလား။ လမ်းမပေါ်မှာမောင်းတာက အံ့သြစရာပဲ!”

“အဖွဲ့ဂင်ဝမ်ဒဏ်ရာရသွားသေးလား” နောက်ထပ် စုံစမ်းစစ်ဆေးရေးမှူးက မေးလိုက်သည်။

အသက် 30 ခန့်ရှိ စုံစမ်းရေးမှူးက မြေပြင်ပေါ်ရှိ ဓားနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသားကို ကြည့်ကာ အဖြစ်အပျက်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။

သူက အေးစက်စွာဖြင့်ပြောလိုက်သည်။ “ဒီကောင်က အဖွဲ့ဝင်ဝမ်ကို ပစ်သတ်ချင်နေတာပဲ၊ကံကောင်းလို့ဘာမှမထိခိုက်ပဲအမှောက်သိပ်နိုင်ခဲ့လို့”

ဝမ်ရိုက သူ့မခေါင်းကို ခါလိုက်ပြီး “ငါ သူ့ကို ဖမ်းတာမဟုတ်ဘူး။ ငါ သူ့ကို မနှိမ်နင်းခဲ့ဘူး”

“ဟမ်” စုံစမ်းရေးမှူးများအားလုံး စိတ်ရှုပ်ထွေးမှု အရိပ်အမြွက်ပြလိုက်ကြသည်။

ငယ်ရွယ်သော စုံစမ်းစစ်ဆေးရေးမှူးက “အဲဒါ ဘယ်သူလဲ” ဟု မေးလိုက်သည်။

ဝမ်ရိုသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး Mercedes-Benz Big G (ကား)ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး အချိန်အတော်ကြာ စကားမပြောဘဲ နေလိုက်သည်။

…………

လင်းဖန်သည် ပန်လုံဗီလာသို့ ရောက်ရှိလာသောအခါတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! ဂုဏ်ယူပါတယ်၊ လျှို့ဝှက်မစ်ရှင်ပြီးခြင်း။မိတ်​​ဆွေကိုကူညီသောကြောင့် ငွေရောင်စာအိတ် ၅ ခုကိုရရှိသည်။ 】

ဒါကိုကြားတော့လင်းဖန် သည် သူ့နှာခေါင်းကိုပွတ်ကာ“ဒီ ဆုလာဘ်ကောင်းသားပဲလား” ဟု ရေရွတ်လိုက်သည်။

ခေတ္တနားပြီးနောက် သူက “ကြည့်ကြရအောင်ကောင်းတာလေးများရမလားလို့”

“ငွေရောင်စာအိတ် ၅ ခုကိုဖွက့်မယ်။။”

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။】

【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 200,000 ရရှိသည်】

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည်ဟော့တင်းဂျန်ရီအသိုက်အဝန်းကိုရခဲ့သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 300,000 လက်ခံရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း 900,000 ယွမ်ကို လက်ခံရရှိသည်။ 】

ငွေရောင်စာအိတ်ငါးလုံးဖွင့်ရာတွင်စုစုပေါင်း ယွမ် ၁.၉ သန်းရရှိခဲ့ပြီး လင်းဖန်သည် သဘာဝအတိုင်း ဒါကိုဂရုမစိုက်ပေ။

သူကဟော့တင်းဂျန်ရီအသိုက်အဝန်းကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။

“ဟော့တင်းဂျန်ရီအသိုက်အဝန်း? အဲဒါကို ကြော်ငြာဘုတ်ပေါ်မှာ ငါမြင်ဖူးသလိုပဲ၊အော်ငါမှတ်မိပြီဒါဟာ ဒီနှစ် မြို့လယ်မှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် အသိုက်အဝန်းတစ်ခုလို့ ထင်တယ်...”

“ဒီတစ်ခေါက်မှာ ၁.၉ သန်း ရယ်မြို့လယ်ကအဆင့်မြင့်အသိုက်အဝန်းရယ်ဆိုတော့သိမ်မဆိုးဘူးပဲ။”ဟုပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters