← Chapters

ဟေးလင်း၏သူငယ်ချင်း

Vol. 19 Ch. 275

ဟေးလင်း၏သူငယ်ချင်း

Vol. 19 Ch. 275

လင်းဖန်သည် ညကသက်သောင့်ရှိစွာဖြင့်အိပ်ပျော်သွားခဲ့သည်။

သူနောက်တစ်နေ့ အိပ်ရာက နိုးလာတဲ့အခါ တွင်နေထွက်နေပြီဖြစ်သည်။

လင်းဖန်သည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး စခရင်ပေါ်တွင် စာတိုတစ်စောင် ကိုတွေ့လိုက်သည်။

“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ၇၅၂၀၀၁၄ ယွမ်ရရှိခဲ့သည်။”

လင်းဖန်သည် စာသားမက်ဆေ့ခ်ျကို ကြည့်ပြီးနောက်ဖုန်းရဲ့ ညာဘက်အပေါ်ထောင့်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

“ဆယ်နာရီရှိပြီပဲ”

“အတန်းစနေပြီဆျုတော့ဒီနေ့တော့အတန်းမသွားတော့ဘူး”

ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်ထံ မက်ဆေ့ချ် ပို့လိုက်သည်။

ယခင်က လင်းဖန်သည် ကျောင်းတွင် အထူးအခွင့်အရေး ရှိသည်။

ဒါပေမယ့် မနေ့ကကျန်ပေ့တက္ကသိုလ်တက္ကသိုလ်ရှိလင်းဖန်က မိုးသီးသီအိုရီကိုဖြေကြားပြီးနောက် အထူးအခွင့်အရေးထပ်ပြီး တိုးလာခဲ့သည်။

ထို့ကြောင့် စုရန်ဒေါင်သည်ဘာမှမပြောဘဲလင်းဖန်ခွင့်တာကိုသဘောတူလိုက်သည်။

လင်းဖန်သည် ရေချိုးပြီးနောက်မနက်စာအနည်းငယ်စားပြီးMercedes Benz G(ကား)ကို မောင်းကာ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းဆုံနားလေးမှယရပ်နေတဲ့ဟေးလင်းကိုတွေ့လိုက်သည်။

ဒါနဲ့ လင်းဖန်က စတီယာရင်တိုင်ကိုလှည့်ပြီးဟေးလင်းဘေးနားကို တိုက်ရိုက်ရပ်လိုက်ပြီးနောက် “ဟေးလင်!”ဟုခေါ်လိုက်သည်။

ဟေးလင်းသည်အသံကြားရာကိုကြည့်လိုက်ပြီးနောက်’’လင်းဖန်’’ဟုခေါ်လိုက်လေသည်။

လင်းဖန်က ပြုံးလိုက်ပြီး “မင်းဘယ်သွားဖို့ ကြံစည်နေတာလဲ၊ ချူစီရှင်းရောမင်းနဲ့မလိုက်ဘူးလား”ဟု​မေးလိုက်သည်။

လင်းဖန်၏ အမြင်တွင် ဟေးလင်းနှင့်ချူစီရှင်းတို့သည် အတူတူအမြဲတမ်းလုပ်သောကြောင့်ခွဲမရဟုသူထင်သည်။

ဟေးလင်းက “သူမကအိမ်မှာဘဲနေချင်တယ်တဲ့”

“ငါကတော့ အထက်တန်းကျောင်းက သူငယ်ချင်းတချို့က ကျန်ပေ့ကို ရောက်နေကြတယ်လေ၊ဒါကြောင့်သူတို့နဲ့သွားတွေ့မလို့”

လင်းဖန်က “အတန်းဖော်တွေ ပြန်ဆုံကြတာလား?”

“ဟုတ်တယ်” ဟေးလင်း ပြောလိုက်သည်။

“မင်းနဲ့အတူငါ့ကိုလိုက်စေချင်လား” လင်းဖန်က ထပ်မေးလိုက်သည်။

“တကယ်လား? မင်းလိုက်မှာလား။” ဟေးလင်းက အံ့အားသင့်စွာဖြင့် သူမ၏ လှပသော မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည်။

အစပိုင်းတွင်ဟေးလင်းသည် ချူစီရှင်စလိုနေချဂ်သောကြောင့်လင်းဖန်၏နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်။

သို့သော် တဖြည်းဖြည်းနဲ့ပဲ အချစ်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

လင်းဖန်က ပြုံးပြီး “ဘယ်မှာဆုံကြမှာလဲ”

“ရှေ့က ဖန်ကယ်ဟိုတယ်” ဟေးလင်း က ကမန်းကတန်းပြောလိုက်သည်။

လင်းဖန်’’ကောင်းပြီတက်သွားကြရအောင်’’ဟုပြောပြီးနောက်ဟေးလင်းသည်ကားပေါ်သို့တက်လိုက်သည့်အချိန်တွင်လင်းဖန်သည်သူမပြောသောနေရာကိုဦးတည်မောင်းသွားခဲ့သည်။

…………

ဖန်ကယ်ဟိုတယ်သီးသန့်အခန်း။

အမျိုးသမီး သုံးဦးသည် အတူထိုင်နေကကာ စကားစမြည်ပြောရင်း ရံဖန်ရံခါ ရယ်မောနေကြသည်။

ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဟေးလင်းနှင့် လင်စဖန်သည် တံခါးဖွင့်၍ ဝင်လာခဲ့သည်။

“မင်းက... ဟေးလင်းလား?” အဖြူရောင်အင်္ကျာီဝတ်ထားသော မျိုးသမီးက မေးလိုက်သည်။

ဟေးလင်းက ဦးစွာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်...ကျောက်လန်”

“ဝိုး...ဒါဟေးလင်းပဲ!” ဟု သုံးယောက်စလုံး အံ့အားသင့်စွာ အော်ပြောလိုက်ကြသည်။

လင်းဖန်သည် သူတို့ သုံးယောက်ကို ကြည့်လိုက်ရာသူမတို့သုံးယောက်လုံးကအဝတ်အစားအကောင်းစားကိုဝတ်ထားပြီးအားလုံးကြည့်ကောင်းသည်ဟုခံဟားရသည်။

အနည်းဆုံး သူမတို့၏မျက်နှာတန်ဖိုးသည် အမှတ် 70 သို့မဟုတ် ထို့ထက်ပိုရှိမှာသေချာသည်။

အမျိုးသမီး သုံးဦးကလည်း လင်းဖန်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

လင်းဖန်သည် အရပ်ရှည်ပြီးချောမောသော ယောက်ျားဖြစ်သည် ။

နောက်ဆုံးတွင်ကျောက်လန် က “ဟေးလင်း၊ မင်းဘေးက လူချောလေးက ဘယ်သူလဲ၊ သူ့ကို ဘာလို့ ငါတို့နဲ့မမိတ်ဆက်ပေးတာလဲ” လို့ မေးလိုက်သည်။

လင်းဖန်က “ကျွန်တော်က ဟေးလင်း ရဲ့ ချစ်သူ လင်းဖန်ပါ။”

“မမျှော်လင့်ဘဲ၊ ငါတို့အတန်းထဲက ပန်းပွင့် ကိုမင်းခူးဆွတ်သွားခဲ့တယ်ဆိုတာ”

“ဒါပေမယ့် ဟေးလင်းရဲ့ အမြင်က တကယ်ကောင်းတယ်လို့ပြောရမလိုပဲ’’

“ဟုတ်တယ်ချောတဲ့ ကောင်လေးနဲ့ ကောင်မလေးကအရမ်းလိုက်ဖက်တယ်”

ဟေးလင်းကဒါကို ကြားတော့ သမူ့မျက်နှာလှလှလေးကနီရဲသွားပြီး သူ့မမျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ချိုမြိန်မှုတွေ ပြည့်နှက်လို့နေသည်။

ထိုအချိန်တွင် တံခါးဖွင့်သံတစ်ခုကိုကြားလိုက်ရလေသည်။

မိတ်ကပ်ထူထူလိမ်းထားသော အမျိုးသမီးတစ်ဦးသည် ဘီယာဗိုက်ရှိလူလတ်ကိုပေါင်းကိုဖက်၍ဝင်လာလေသည်။

တံခါးဖွင့်သံကြားတာကြောင့်လူတိုင်းက တံခါးကို မကြည့်ဘဲ မနေနိုင်ကြပေ။

ဒါပေမယ့် သူတို့ကြည့်လိုက်သောအခါတွင်မိတ်ကပ်ထူထူလိမ်းထားတဲ့မျိုးသမီးဖြစ်စေ၊ဘီယာဗိုက်ရှိတဲ့ အမျိုးသားကိုဖြစ်စေသူတို့မသိပေ။

ထို့ကြောင့်ကျောက်လန်က “မင်းက…” လို့ မေးလိုက်သည်။

မိတ်ကပ်ထူထူလိမ်းထားတဲ့အမျိုးသမီးက “ငါက စူစူပါ” လို့ပြောလိုက်သည်။

“မင်းက စူစူလား?” ကျောက်လန် က အံ့အားသင့်စွာ မေးလိုက်သည်။

အခန်းထဲရှိတခြားလူတွေကလည်း မယုံနိုင်သောလေသံဖြင့်တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်ကြသည်။

“စူစု နင်အရမ်းပြောင်းလဲသွားတာပဲ”

“ငါတောင်နင့်ကိုမမှတ်မိတော့ဘူး။”

…………

စူစူက “တစ်လကို ဒေါ်လာသောင်းနဲ့ချီပြီးဝယ်သုံးတဲ့ အလှကုန်ပစ္စည်းတွေကအသုံးဝင်ပုံရတယ်။”

ထို့နောက် စူစူသည် အခန်းအတွင်းသို့ တစ်ချက်ကြည့်လိုက်ရာ ဟေးလင်း ကိုမြင်သောအခါတွင် မကျေမနပ်ဖြစ်သည့်အမူအရာတစ်ခုပေါ်လာလေသည်။

အထက်တန်းကျောင်းတွင်ဟေးလင်းသည် အတန်းထဲတွင် လူသိများသော သူမတို့အတန်းရဲ့ပန်းတစ်ပွင့်ဖြစ်ပြီး သူမ၏ ပညာရေးမှာလဲ အလွန်ကောင်းမွန်သည်။

ထို့ကြောင့် ဆရာ၊ဆရာမများနှင့် အတန်းဖော်များ၊အထူးသဖြင့် အမျိုးသားအတန်းဖော်များက သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်။

ဤအရာကိုစူစူသူမသည်အလွန်မနာလိုဖြစ်စေခဲ့သည်။

စူစူ၏အမြင်တွင်ဟေးလင်းသာမရှိလျှင် ဤအရာအားလုံးသည် သူမပိုင်မည်ဟုထင်နေလေသည်။

ထိုအချိန်တွင်စူစူ သည် လင်းဖန်၏ချောမောသောမျက်နှာကိုကြည့်ပြီးနောက်သူမက “ဒါက...”ဟုမေးလိုက်သည်။

ကျောက်လန်က “ဒါက လင်းဖန်၊ဟေးလင်းရဲ့ ချစ်သူ သူက ရုပ်ချောတယ်မဟုတ်လား “

ဟေးလင်းရဲ့ ချစ်သူ။

အဘယ်ကြောင့်သူ့ရည်းစားက ဘာလို့ဒီလောက်ချောနေရတာလဲ။ !

စူစူ၏မျက်နှာပေါ်ရှိ အံ့သြမှုများအားလုံး ပျောက်ကွယ်သွားပြီးမနာလိုမှုနှင့် နာကြည်းမှုတို့ကအစားထိုးလာတော့သည်။

ဟေးလင်းဘေးက အမျိုးသမီးက “သူက ရုပ်ချောရုံတင်မကဘူး၊ ငယ်လည်းငယ်တယ်ဆိုတော့ကျောင်းသားနဲ့တူတယ်!”

လင်းဖန် က ပြုံးပြီး “ကျွန်တော်က ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ”

ဤစကားထွက်လာသည်နှင့် တပြိုင်နက်သီးသန့်ခန်းထဲရှိလူတိုင်းစိတ်လှုပ်ရှားလာကြသည်။

“အို ဘုရားသခင်၊ ကျောင်းသားပဲရှိသေးတာလား”

စူစူသည်သူမလက်ထဲက LV အိတ်ကို လှမ်းကိုင်လိုက်ပြီး “ဒါဆိုနင်က ကျောင်းသားပေါ့၊ ကျန်ပေ့တက္ကသိုလ်ကသိမ့်မဆိုးဘူးပဲဘညဟေးလင်းသူသာဘွဲ့ရရင် ငါ့ယောက်ျားရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်လို့ရတယ်!”

“ငါတို့ကအတန်းဖော်တွေဆိုတော့ သူ့ကိုတစ်လရှစ်ထောင်ပေးလို့ရတယ်။ အဲဒါက ပြဿနာမရှိဘူး!”

ခေတ္တနားပြီးနောက်၊ စူစု က သူ့ဘေးနားက လူတွေကို “မင်းတို့မှာရော ဆွေမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေ အလုပ်ရှာနေတယ်ဆိုရင် ငါ့ခင်ပွန်းရဲ့ ကုမ္ပဏီကို လာနိုင်ပါတယ်”

ကျောက်လန်နှင့် အခြားသူများ အံ့အားသင့်သွားကာ “တကယ်လား?”

စူစူ ၏ခင်ပွန်း ယန်ရန်သည်အခန်းထဲသို့ ၀င်လိုက်သည်နှင့်ဟေးလင်း၏အသွင်အပြင်ကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံခဲ့ရသည်။

စူစူ၏စကားကိုကြားပြီးနောက်သူက “ဟုတ်ပါတယ် ဒါအမှန်ပဲ!’’ဟုပြန်ဖြေလိုက်လေသည်။

“ကျွန်တော်ကဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖွင့်ထား​ပေမယ့် ဝန်ထမ်း၊ စာရင်းကိုင်၊ စီမံခန့်ခွဲမှု၊ လုံခြုံရေး၊ ယာဉ်မောင်း၊ ဆောက်လုပ်ရေးအလုပ်သမားစသဖြင့် နယ်ပယ်အသီးသီးက အရည်အချင်းရှိတဲ့လူတွေ လိုအပ်နေပါတယ်။ မင်းတို့အားလုံး ကစူစူရဲ့အတန်းဖော်ဆိုတော့မင်းတို့အလုပ်လာအပ်ပေးတဲ့ဘူတွေကိုငါတို့အဆိုးကြီးမဆက်ဆံပါဘူး “

“စကားမစပ်၊ မင်းတို့ထဲက တစ်ယောက်ယောက်က ဒုမန်နေဂျာဖြစ်ချင်လား”

ကျောက်လန် နှင့် အခြားသူများဒါကိုကြားသောအခါ သူတို့အားလုံးသည် ကြီးစွာသော စိတ်လှုပ်ရှားမှုဖြင့် “ဖြစ်ချင်တယ်”ဟုပြောလိုက်လေသည်။

မနက်ကျနှစ်ပိုင်းလာပါမယ်။ပုံပြင်မဟုတ်ပါ။😁

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters