← Chapters

ရယ်စရာကောင်းသည်

Vol. 19 Ch. 276

ရယ်စရာကောင်းသည်

Vol. 19 Ch. 276

သိရန်တရုတ်လူမျိုးများတွင်မရှိမဖြစ်ရှိရမည့်အချက်နှစ်ချက်ရှိသည်။ထိုအချက်နှစ်ချက်မှာ ပညာရေးနှင့် အလုပ်အကိုင်ပင်ဖြစ်သည်။

ယခုအချိန်မှာတော့ယန်ရန်သည်အဲ့ထဲကတစ်ချက်ကိုဖြေရှင်းလိုက်တယ်လို့ပြောလို့ရသည်။

ယန်ရန် က ဒီလိုပြောရတဲ့ အကြောင်းရင်းကတော့ သူ့မှာလဲရည်ရွယ်ချက်ရှိလို့ပင်ဖြစ်သည်။

သူက သူ့ကုမ္ပဏီရဲ့ ကြီးမားတဲ့လုပ်နိုင်စွမ်းတွေကိုဟေးလင်းကိုပြမယ်။အဲ့အချိန်ကျရင်ဟေးလင်းကလဲ သူကိုယ်အလွန်အထင်ကြီးလိမ့်မယ်လို့သူထင်သည်။

အဲ့အထင်ကြီးတာကနေတဆင့်ဆက်သွယ်တဲ့ဖုန်းနံပါတ်ကိုမကြာခင်မှာသူရမည်ဖြစ်မည်။

ယန်ရန်သည် ဒီလိုအလားတူအရာများကို အကြိမ်များစွာပြုလုပ်ဖူးသောကြောင့် ၎င်းနှင့်အတော်လေးရင်းနှီးသည်။

စူစူက ဂုဏ်ယူနေတဲ့ ငန်းဖြူတစ်ကောင်လို လည်ပင်းကို ဆန့်လိုက်ပြီး “မူလတန်းကျောင်းဘေးက ဟန်တန်ဂျေယန်ကိုကြားဖူးတယ်မလား။”

“ဒီအသိုက်အဝန်းအိမ်ရာအားလုံးရဲ့အလှဆင်မှုတွေအားလုံးကို ငါ့ခင်ပွန်းရဲ့ ကုမ္ပဏီက လုပ်ပေးထားတာ”

“ငါရဲ့ခင်ပွန်းနဲ့ ဟန်တန်ဂျေယန် ရဲ့သူဌေးနဲ့က အရမ်းရင်းနှီးကြတယ်။ အိမ်အခန်းတွေလိုချင်ရင် ငါ့ခင်ပွန်းကိုပြောလိုက်၊သူကနေတစ်ဆင့်ပြန်ပြောလိုက်ရင် လျှော့စျေးကို တော့သေချာပေါက်ရလိမ့်မယ်။!”

ဤစကားထွက်လာသည်နှင့်တပြိုင်နက်အခန်းသည် ပို၍ အသက်ဝင်လာခဲ့သည်။

“ငါအခုအိမ်ဝယ်ဖို့စီစဉ်နေတယ်ဆိုတော့စူစူဒါဆို မင်းကိုဒုက္ခပေးရတော့မယ်။”

“ကျွန်တော်လည်း ဝယ်ချင်တယ်..”

“ဟန်တန်ဂျေယန်အသိုင်းအဝိုင်းမှာ အိမ်ခြေအများကြီးရှိတယ်။ အိမ်တွေအကုန်လုံးကို အလှဆင်ဖို့ဆျုတာကအနည်းဆုံး ဒါက ဘီလီယံဆယ်ချီတဲ့ ပရောဂျက်မဟုတ်ဘူးလား။စူစူ နင့်ရဲ့ခင်ပွန်းက လုံးဝအံ့သြစရာပဲ!”

...

စူစူသည် လူတိုင်း၏ ကြည်ညိုလေးစားဖွယ် မျက်လုံးများကို ကြည့်ပြီးသူမ၏ရင်ထဲမှာတော့အရမ်းကိုပျော်ရွှင်နေလေသည်။

ဒါပေမယ့် သူမကတည်ငြိမ်တဲ့လေသံနဲ့ “ဒါကဘာမှမဟုတ်သေးဘူး။ ဟစ်တို အဆောက်အဦးကို သိလား” လို့ ပြောလိုက်သည်။

ကျောက်လန် က ချက်ချင်းပြောလိုက်သည်။’’ငါသိတာပေါ့ ဒီ အထပ်မြင့်အဆောက်အဦးက မြစ်ကမ်းနားလေးမှာရှိတာလေ”

“အဲဒါကို ဆောက်ဖို့အတွက်ဘီလီယံပေါင်းများစွာ အကုန်အကျခံတယ်လို့သတင်းတစ်ခုမှာတောင်တွေ့လိုက်တယ်” နောက်တစ်ယောက်ကချက်ချင်းပြောလိုသည်။

စူစူက ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ဒီအဆောက်အဦးရဲ့ အလှဆင်မှုအားလုံးကို ငါ့ခင်ပွန်းရဲ့ ကုမ္ပဏီကိုအခုလွှဲပြောင်းပေးလိုက်ပြီ!”

လူတိုင်း အံသြ သွားပြန်သည်ယ

“အို ဘုရားသခင် ဒီလို အထပ်မြင့် အဆောက်အအုံကြီးကို မင်းခင်ပွန်းရဲ့ ကုမ္ပဏီက ပြုပြင်မွမ်းမံခိုင်းထားတယ်။ အဲဒါက ဒေါ်လာ သန်းရာနဲ့ချီ တန်တဲ့ နောက်ထပ် ပရောဂျက်တစ်ခု ဖြစ်မလားတောင်မသိဘူး”

“မင်းယောက်ျားက အရမ်းမိုက်တာပဲ!”

“စူစူ နင်တကယ်ပဲ ခင်ပွန်းကောင်းတစ်ယောက်တွေ့ခဲ့တာပဲ”

...

စူစူသည် လူတိုင်း၏ မနာလိုဖွယ် စကားသံများကို နားထောင်ခဲ့ပြီး သူမ၏ တစ်ကိုယ်လုံး ဝမ်းသာအားရမှုကြောင့်ခဏတာတုန်လှုပ်သွားခဲ့သည်။

သူမကဟေးလင်းကိုကြည့်လိုက်ပြီးသူမ၏အကြည်ထဲတွင် ငယ်ပြီးချောတဲ့ရည်းစားရှိရင်တောင် ငါ့ခင်ပွန်းနဲ့ မယှဉ်နိုင်သေးဘူးဟုပြောနေသယောင်ဖြစ်သည်။

စူစူက “စကားမစပ် မင်းတို့ပျော်ရွှင်စရာပန်းခြံ ကို သိလား”

“သိတာပေါ့ ဒီဟာက တရုတ်နိုင်ငံအလယ်ပိုင်းမှာ အကြီးမားဆုံး အပန်းဖြေဥယျာဉ်လို့ ကျွန်တော်ကြားတယ်။ အဲဒီအပန်းဖြေဥယာဉ်ကိုဒေါ်လာ ဘီလီယံနဲ့ချီပြီး ဆောက်လုပ်ထားခဲ့တာလို့ ကျွန်တော်ကြားတယ်။”ဟုစူစူဘေးကတစ်ယောက်ကပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒါက အပန်းဖြေဥယျာဉ်ပဲ၊ငါ့တူနဲ့အတူအဲ့ဒီကိုသွားဆော့ဖို့ပြောထားတယ်။”

...

စူစူ က “ဒီ ပျော်ရွှင်စရာပန်းခြံမှာအခြေခံအဆောက်အအုံဆောက်ဖို့အတွက်ငါ့ခင်ပွန်းရဲ့ ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တယ်”

တခဏအတွင်းမှာပဲ အခန်းတစ်ခုလုံး ဆူညံသွားတော့သည်။

“ဘုရားရေ!”

“မင်းရဲ့ခင်ပွန်း၊ အရမ်းအံ့သြစရာကောင်းတာပဲ”

ပထမဟန်တန်ဂျေယန်၊ ထို့နောက် ဟစ်တိုအဆောက်အဦး၊ယခုလဲပျော်ရွှင်စရာပန်းခြံဖြစ်ပြန်သည်။

လူတိုင်းကယန်ရန် ကို ဘယ်လို ချီးကျူးရမှန်း မသိဖြစ်နေသည်။

သူတို့သည် စူစူအား မနာလိုစိတ်နှင့်ယန်ရန်အား ကြည်ညိုလေးစားစွာဖြင့် ကြည့်နေကြသည်။

...

သူ့ဘေးမှာရပ်နေတဲ့ လင်းဖန်က သူ့မျက်နှာမှာ ထူးဆန်းတဲ့အမူအရာနဲ့ပြည့်နေသည်။

ဟန်တန်ဂျေယန်?

ဟစ်တိုအဆောက်အဦး?

ပျော်ရွှင်စရာပန်းခြံလား။

ဒါတွေအားလုံးက ငါ့အပိုင်တွေမဟုတ်ဘူးလား။

...

ယန်ရန်လဲစူစူဒီလိုပြောဖို့ မမျှော်လင့်ခဲ့ပေ။

ဟုတ်တယ်သူ၏ကုမ္ပဏီသည်ဟန်တန်ဂျေယန်အဆောက်အဦးကို ပြန်လည်ပြုပြင်ရန် အမှန်တကယ် ပြင်ဆင်နေသည်။

သို့သော်၊အဆောက်အဦးတစ်ခုလုံးမဟုတ်ဘဲ ၎င်းတို့အနက်မှ တစ်ခုသာအလှဆင်ရတာဖြစ်သည်။

သူ၏ကုမ္ပဏီသည် ဟစ်တိုအဆောက်အအုံကို ပြန်လည်မွမ်းမံရန် အမှန်တကယ် ပြင်ဆင်နေသည်။

သို့သော် ၎င်းသည် အဆောက်အအုံတစ်ခုလုံးမဟုတ်ဘဲအထပ်အနည်းငယ်သာဖြစ်သည်။

သူ့ကုမ္ပဏီသည် ပျော်ရွှင်စရာပန်းခြံအတွက် အခြေခံအဆောက်အအုံကို တည်ဆောက်ရန် အမှန်တကယ် ပြင်ဆင်နေသော်လည်း ရေချိုးခန်း အနည်းငယ်သာ တည်ဆောက်ရမည်ဖြစ်သည်။(အခြေခံ အဆောက်အအုံဆိုတာကရေချိုးခန်း၊အိမ်သာ..ဒါတွေကိုပြောတာပါ)

ပရောဂျက်အားလုံး၏ ပမာဏသည် သန်းဆယ်ဂဏန်းခန့်သာရှိသည်။

သို့သော်စူစူ၏ပါးစပ်တွင်တော့၎င်းသည်ဘီလီယံပေါင်းများစွာတန်သော စူပါပရောဂျက်တစ်ခု ဖြစ်သွားခဲ့သည်။

ယန်ရန်သည် ဟေးလင်းကို ကြည့်လိုက်ရာ သူမကိုယ်တိုင်လည်း သူ့ကိုယ်ကြည့်နေရပုံပေါ်သည်။ သူ ဝမ်းသာပြီးသူဇနီးကိုရင်ထဲမှာချီးကျူးလိုက်သည်။

ဒါကြောင့် ယန်ရန်ကဒါတွေကိုဂရုမစိုက်တဲ့ပုံစံနဲ့ “တကယ်တော့ ငါဒီပရောဂျက်တွေကိုသိပ်ဂရုမစိုက်ဘူး၊ဘာလို့ဆိုငါ့မှာငွေအလုံအလောက်ရှိတယ်လေ”

“ငါသာတတ်နိုင်ရင်၊ ပရောဂျက်တွေ အများကြီးကို လက်မခံဘဲ အားလပ်တဲ့ အချိန်နည်းနည်းလေး ပိုပေးချင်တယ်”

“ဒါပေမယ့် ဒီပရောဂျက်တွေကို တာဝန်ခံတဲ့လူတွေက ကျွန်တော့်သူငယ်ချင်းတွေဖြစ်ပြီး သူတို့က ကျွန်တော့်ကိုလာတောင်းဆိုတာဆိုတော့ငြင်းရင်မကောင်းဘူးလေ။ ဒါကြောင့်ကျွန်တော်ကလက်ခံပေးလိုက်တာပါ”

စကားပြောပြီးနောက် သူကဟေးလင်းကို တစ်ချက်ပြန်ကြည့်ဖို့မမေ့ခဲ့ပေ။

သူရဲ့အကြည့်ထဲတွင် အလှလေး၊နင်သာငါ့နောက်လိုက်ရင်၊နင်ဘာမဆိုရမယ်ဟုပြောနေပုံရသည်။

ယန်ရန်၏ယုတ်မာသောအတွေးနှင့်ဟေးလင်းအပေါ် ရန်လိုနေသောစူစူတို့ပုံရိပ်အားလုံးသည်လင်းဖန် ၏ မျက်လုံးကနေမလွတ်မြောက်ပေ။

ထို့ကြောင့်သူက“မင်းနာမည်ဘယ်လိုခေါ်လဲ” လို့မေးလိုက်သည်။

“ယန်ရန်” ယန်ရန်ကဖြေဖို့လုပ်ပေမဲ့ဟေးလင်းကအရင်အဖြေလိုက်သည်။

လင်းဖန်က “ယန်ရန်ဟုတ်တယ်မလား၊ မင်း ဒီပရောဂျက်ကို မလုပ်ချင်ဘူးဆိုတော့ ငါ မင်းကို တွန်းအားမပေးတော့ပါဘူး”

စကားပြောပြီးနောက် သူသည် သူ၏ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဟန်တန်ဂျေယန်၏ အထွေထွေမန်နေဂျာ ကျောက်ခိုင်နံပါတ်ကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်။

လင်းဖန်သည် ဟန်တန်ဂျေယန်ကိုရရှိသောအခါတွင်ကျောက်ခိုင်ကသူ့ကိုဖုန်းခေါ်ဆိုခဲ့သည်။

ထုံးစံအတိုင်း လင်းဖန်သည် စကားအချို့ပြောပြီးချလိုက်သည်။

“မစ္စတာလင်း မင်္ဂလာပါ။” ကျောက်ခိုင်ရဲ့ လေးစားသောအသံသည်ဖုန်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

လင်းဖန်က “မင်းအလှဆင်တာတွေအားလုံးကို ယန်ရန် ကို လွှဲပေးလိုက်တာလား။”

ကျောက်ခိုင်က “ကျွန်ုပ်တို့အိမ်ရာကို ပြုပြင်မွမ်းမံဖို့အတွက် ကုမ္ပဏီများစွာထံ လွှဲပြောင်းထားပါတယ်”

သူပြောနေချိန်မှာတော့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် လှန်ကြည့်လိုက်သည်။

မကြာခင်မှာပဲ သူက ဆက်ပြောသည်။ “ယန်ရန်ကတော့၉ထပ်မှာရှိတဲ့အိမ်အချို့ကိုပြန်လည်ပြုပြင်နေပါတယ်၊ပြီးတော့....”

လင်းဖန်က ကျောက်ခိုင်စကားကို ပြီးအောင် မစောင့်ဘဲ “သူနဲ့ စာချုပ်ချုပ်ထားတာဖျက်လိုက်ပါ” လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ကျောက်ခိုင်က လုံးဝမတွန့်ဆုတ်ဘဲ “ဟုတ်ကဲ့!”

လင်းဖန်က ဖုန်းချလိုက်ပြီးနောက်၊စူစူက”ဟေးလင်း မင်းရဲ့ ချစ်သူကဘယ်သူ့ခေါ်လိုက်တာလဲ” လို့ မေးလိုက်သည်။

“ဟန်တန်ဂျေယန်ရဲ့ အထွေထွေမန်နေဂျာကိုပါ၊မင်းရဲ့ခင်ပွန်းက ပရောဂျက်တွေ အများကြီးမလုပ်ချင်ဘူး မဟုတ်ဘူးလား။ဒါကြောင့်ငါ့ ငါနည်းနည်းလျှော့ပေးလိုက်တာပါ” လင်းဖန်က ပြောလိုက်သည်။

စူစူက “မင်းကဟန်တန်ဂျေယန်ရဲ့ အထွေထွေမန်နေဂျာကို ခေါ်လိုက်တာလား၊ဒါဆို မင်းက ဟန်တန်ဂျေယန်ပိုင်ရှင်ရဲ့ သားလား။”

လင်းဖန်က ခေါင်းခါပြီး “မဟုတ်ဘူး... ငါက ဟန်တန်ဂျေယန် ရဲ့ပိုင်ရှင်ပါ”

စူစူသည် ဤစကားကိုကြားပြီးနောက် နောက်ဆုံးတွင် မနေနိုင်ဘဲရယ်လိုက်လေသည်။

“ဟေး၊ ဟေးလင်းမင်းရဲ့ချစ်သူက တစ်ကယ့်ကိုရယ်စရာပဲ။ မင်းကြားလား။ ဟန်တန်ဂျေယန် ရဲ့ အထွေထွေမန်နေဂျာကို ဖုန်းဆက်ပြီး ငါ့ခင်ပွန်းနဲ့ ပူးပေါင်းဆောင်ရွက်ထားတာကို ဖျက်သိမ်းဖို့ ပြောလိုက်တာတဲ့”

“ဒါ့အပြင် သူက ဟန်တန်ဂျေယန်ရဲ့ ပိုင်ရှင်လို့ပြောလိုက်သေးတယ်ဒါက တကယ့်ကိုရယ်စရာကောင်းတာပဲ။”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters