ငါက သူဌေးပါ
Vol. 19 Ch. 277
လင်းဖန်က သူသည် ဟန်တန်ဂျေယန် ၏ သူဌေးသားဖြစ်ကြောင်းပြောလျှင် စူစူသည်အနည်းငယ် ယုံကြည်မည်ဖြစ်သည်။
ဒါပေမယ့် လင်းဖန် က သူသည်ဟန်တန်ဂျေယန် ရဲ့ ပိုင်ရှင်ဖြစ်လို့ပြောသည်။
ဒီစကားကစူစူအမြင်မှာတော့ ဟာသတစ်ခုလိုပင်ဖြစ်သည်။
သိရန်ဟန်တန်ဂျေယန် သည် မြို့လယ်ရှိ ဒုတိယမူလတန်းကျောင်း၏ ကျောင်းခရိုင်ဖြစ်သည်။(ကျောင်းခရိုင်ဆိုတာကတိုက်ခန်းကိုဆိုတာပါ၊အဲ့တိုက်ခန်းတွေကကျောင်းတက်မဲ့သူတွေအတွက်သီးသန့်ပါ)
လင်းဖန်သည် ကျောင်းသားတစ်ဦးသာဖြစ်သည်။
ကျောင်းသားတစ်ယောက်ကဟန်တန်ဂျေယန် ရဲ့ သူဌေးဖြစ်မှာလား။
ဒါက ရိုးရိုးရှင်းရှင်းလုံးဝမဖြစ်နိုင်ပေ။
လင်းဖန်သည် စူစူကို လျစ်လျူရှုကာ နောက်ထပ်ဖုန်းဆက်လိုက်သည်။
ဒီတစ်ခါတော့ ဟစ်တိုအဆောက်အဦး ရဲ့ အထွေထွေမန်နေဂျာကို ခေါ်ခြင်းဖြစ်သည်။
“ဟယ်လို မစ္စတာလင်း၊ မင်းဘာပြောစရာရှိလဲ”
ဖုန်းဆက်ပြီးခဏကြာသည်နှင့်ဖုန်းထဲကနေအထွေထွေမန်နေဂျာ၏ ရိုသေလေးစားသောအသံ ထွက်ပေါ်လာခဲ့သည်။
လင်းဖန် က “ယန်ရန် နဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ခြင်းဖျက်သိမ်းလိုက်ပါ!”
အထွေထွေမန်နေဂျာကယန်ရန်က ဘယ်သူလဲဆိုတာ မသိပေမယ့် သူက မဆိုင်းမတွ “ဟုတ်ကဲ့!”ဟုပြန်ဖြေလိုက်သည်။
လင်းဖန် ဖုန်းချလိုက်ပြီးနောက် စူစူက “နင်ဘယ်သူ့ကိုထပ်ပြီးခေါ်လိုက်တာလဲ?”ဟုမေးလိုက်သည်။
“ဟစ်တိုအဆောက်အဦးရဲ့အထွေထွေမန်နေဂျာ’’ လင်းဖန်က ပြောလိုက်သည်။
စူစူသည်သူမ ပြုံးချင်တာကို မျိုသိပ်ပြီး “ မင်းက ဟစ်တိုအဆောက်အဦးရဲ့ သူဌေးလို့တော့မပြောနဲ့နော်”
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ငါကဟစ်တိုအဆောက်အဦးရဲ့သူဌေးပဲ” ဟုပြောလိုက်သည်။
ဒါကိုကြားတော့စူစူသည်မထိန်းနိုင်ဘဲရယ်လိုက်တော့သည်။”ဟားဟား!”
သူ့ဘေးနားရှိယန်ရန်က လူကြီးတစ်ယောက်လို ခေါင်းငြိမ့်ပြပြီး “ကျွန်တော်သိထားတာကတော့ဟန်တန်ဂျေယန်နဲ့ဟစ်တိုအဆောက်အဦးတို့ကအတူတူဆောက်ထားတာမဟုတ်ဘူးလေ’’
သူဆိုလိုသည်မှာ ဤအဆောက်အဦးနှစ်ခု၏ သူဌေးမှာတစ်ယောက်ထဲအဟုတ်ဘူးဆို၍ပင်ဖြစ်သည်။ ထို့ကြောင့် လင်းဖန်သည် သူတို့နှစ်ခုရဲ့သူဌေးမဖြစ်နိုင်ပေ။
စူစူ က လှောင်ပြောင်သောလေသံဖြင့် “ ဟေးလင်းရဲ့ ချစ်သူက ကုမ္ပဏီနှစ်ခုလုံးကို ဝယ်ခဲ့တာဖြစ်နိုင်မလားပဲ....ဟားဟား!”
ထို့နောက် ချက်ချင်းပင် လင်းဖန်သည် မိုဘိုင်းလ်ဖုန်းကို ကိုင်ဆောင်ထားဆဲဖြစ်သည်ကိုတွေ့တော့သူမက“မင်းကပျော်ရွှင်စရာပန်းခြံရဲ့ပိုင်ရှင်လို့တော့မပြောနဲ့“
လင်းဖန်က “ဟုတ်တယ်၊ကျွန်တော်က ပျော်ရွှင်စရာပန်းခြံရဲ့ပိုင်ရှင်ပါ”
စူစူသည် ထိုစကားကိုကြားသောအခါတွင် သူမ၏ခန္ဓာကိုယ်လှုပ်ပြီးရီလိုက်သောကြောင့်သူမမျက်နှာမှာလိမ်းထားသောမိတ်ကပ်များသည်ကြမ်းပြင်သို့ပြုတ်ကျသွားလေသည်။
“တကယ်လား...ဒါဆို မင်းဖုန်းဆက်ပြီးနင်ပြောလိုက်လေပျော်ရွှင်စရာပန်းခြံနဲ့ ငါ့ခင်ပွန်းနဲ့ စာချုပ်ချုပ်ထားတာကိုဖျက်လိုက်လေ၊ ဒါဆို ငါ့ယောက်ျားနဲ့အတူ အေးအေးဆေးဆေး အနားယူလို့ရတာပေါ့”
လင်းဖန် က “မင်းဆန္ဒအတိုင်းပဲ”
စကားဆုံးသည်နဲ့သူက ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ။” မကြာမီ ဖုန်းထဲကနေအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လင်းဖန် က “ယန်ရန်နဲ့ စာချုပ်ချုပ်ထားတာကိုဖျက်သိမ်းလိုက်ပါ။”
“ဟုတ်ကဲ့”
ပြီးနောက်လင်းဖန်ကဖုန်းချလိုက်လေသည်။
လင်းဖန်ဖုန်းခေါ်တာကိုမြင်တော့စူစူသည််ရီရလွန်းသောကြောင့်သူမ မျက်လုံးများမှမျက်ရည်များတောင်ကျလာလေသည်။
“ဟေး....ဟေးလင်း အခုနောက်ဆုံးတော့ မင်းသူ့ကို ရည်းစားအဖြစ်ဘာလို့တော်လိုက်တယ်ဆိုတာကို ငါနားလည်လိုက်ပြီ သူက မင်းကို သူက...ကုမ္ပဏီက သူဌေးဖြစ်တယ်လို့ပြောလို့ထင်တယ်”ဟုစူစူကပြောလိုက်သည်။
“မင်းရဲ့ ချစ်သူက... တကယ်ကိုငကြွားပဲ....ဟားဟား!”
နောက်ဆုံးစာကြောင်းကို ပြောပြီးနောက်စူစူ၏ ရယ်သံသည် အနည်းငယ် ပိုကျယ်လာခဲ့သည်။
မူလက ကျောက်လန် နှင့် အခြားသူများသည် လင်းဖန်အပေါ်အနည်းငယ်အထင်အမြင်ကောင်းရှိခဲ့သည်။
ဒီအချိန်မှာတော့သူမတို့သည်ခေါင်းကို တိတ်တဆိတ် ယမ်းလိုက်ကြသည်။
သူမတို့သည်ကြွားလုံးထုတ်သူတွေကို မကြိုက်ပေ။
စူစူ ၏ခင်ပွန်းသည် ဟန်တန်ဂျေယန်၊ ဟစ်တိုအဆောက်အဦးနှင့် ပျော်ရွှင်စရာပန်းခြံတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
လင်းဖန်ကတော့ ဒီကုမ္ပဏီသုံးခုရဲ့ သူဌေးဖြစ်တယ်လို့ပြောသည်။ ဒီလို တိုက်ဆိုင်မှုမျိုးရှိမှာလား။လင်းဖန်ပြောသောစကားမဖြစ်နိုင်ဟုသူမတို့ကထင်လိုက်သည်။
ထို့ကြောင့်ကျောက်လန်“လင်းဖန်၊နင်ဟာသတွေမပြောနဲ့” လို့ပြောလိုက်သည်။
လင်းဖန်၏စကားကို လူတိုင်းက ဟာသအဖြစ် မှတ်ယူလိုက်ကြသည်။
ဟေးလင်းကလွဲ၍ဖြစ်သည်။
သူမသည် လင်းဖန်ကို အံ့သြသောအကြည့်ဖြင့် ကြည့်နေလိုက်သည်။
ဒီအဆောက်အဦး၊ပန်းခြံတွေကိုလင်းဖန်ပိုင်မည်ဟုသူမမထင်ထားခဲ့ပေ။
သူမသည်လင်းဖန်ပြောသောစကားကို ခြွင်းချက်မရှိ ယုံကြည်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် ယန်ရန်၏ ဆဲလ်ဖုန်းကနေအသံထွက်လာခဲ့သည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်လုံးများ အနည်းငယ်တောက်ပလာပြီး ပြုံးပြီးပြောလိုက်သည်။” တိုက်ဆိုင်လိုက်တာငါတို့ဟန်တန်ဂျေယန်အကြောင်းပြောနေလို့လားမသိဘူး..အခုယန်တန်ဂျေယန်ရဲ့ ဒါရိုက်တာက ငါ့ကို ဖုန်းခေါ်နေတယ်”
“ကျေးဇူးပြုပြီးအားလုံးပဲငြိမ်ငြိမ်နေပေးပါ”
ခဏကြာတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ယင်းနောက် ယန်ရန် သည်ဖုန်းကိုကိုင်လိုက်ပြီးစပီကာကို ဖွင့်လိုက်သည်။
နောက်အခိုက်အတန့်တွင် ဖုန်းထဲကနေဒေါသထွက်နေသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ယန်ရန်မင်းဘာတွေလုပ်နေတာလဲ”
“မင်းဘယ်လိုလုပ်ပြီးငါတို့သူဌေးကိုစော်ကားရတာလဲ”
ယန်ရန် က ထိတ်လန့်တုန်လှုပ်သောလေသံ
ဖြင့်”ဝမ်... မစ္စတာဝမ်၊ နားလည်မှုလွဲနေတာရှိမယ်ထင်တယ်”ဟုပြောလိုက်သည်။
“ဘာကိုနားလည်မှုလွဲတာလဲ ငါတို့ရဲ့သူဌေးက အထွေထွေမန်နေဂျာကို ကိုယ်တိုင်ကိုယ်ကျဖုန်းဆက်ပြီး မင်းနဲ့စာချုပ်ချုပ်ထားတာကိုဖျက်သိမ်းခိုင်းတယ်လေ၊ဒါတောင်မင်းကနားလည်မှုလွဲတယ်လို့ပြောချင်သေးတာလား”
“မင်းကသောက်ရမ်းမန်တက်နေတာပဲ၊ငညဆို့ဟန်တန်ဂျေယန်ကအခန်းအနည်းငယ်ကိုပြင်ဆင်ရတာတောင်ကျေးဇူးမတင်ပဲငါတို့သူဌေးကိုတောင်မင်းသွားစော်ကားရဲသေးတယ်၊ပြီးရင်မင်းနဲ့ငါတွေ့မယ်”
စကားပြောပြီးနောက် မစ္စတာဝမ်က ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
ယန်ရန်၊ စူစူ ၊ ကျောက်လန်နှင့် အခြားသူတို့သည် ကျောက်ရုပ်သကဲ့သို့ အတွေးထဲမျောပြီးထိုင်နေကြသည်။
သူဌေးက အထွေထွေမန်နေဂျာကို ကိုယ်တိုင်ဖုန်းဆက်ပြီး ယန်ရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းခိုင်းသည်။
ဒီစကားလုံးတွေကို လူတိုင်းသိသည်။
ယန်ရန်ကတစ်ခုခုပြောမလို့လုပ်လိုက်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် သူ၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။
သူဖုန်းကိုကြည့်လိုက်တော့ခေါ်ဆိုသူကဟစ်တို အဆောက်အဦး၏ ဒါရိုက်တာ လီလို့သူ့ဖုန်းတွင် ပြသနေသည်။
ယန်ရန် သည် ယခင်အတိုင်း ဖုန်းကို ကိုင်လိုက်ပြီးပီကာကိုဖွင့်လိုက်သည်။
“ယန်ရန်မင်းက ငါတို့ ဟစ်တို အဆောက်အဦးရဲ့ သူဌေးကြီးကို မင်းဘယ်လို စော်ကားရဲရတာလဲ။” ဒါရိုက်တာလီက ဒေါသတကြီး အော်ပြောလိုက်သည်။
ဒါကိုကြားတော့ယန်ရန်၏ ခန္ဓာကိုယ်သည် တစ်ဖန်တုန်ခါလာပြီးသူ၏နဖူး မှ ချွေးများတောင်စီးကျလာပြီး “လီ.. ဒါရိုက်တာ လီ.. ငါမလုပ်ပါဘူး...”ဟုအထစ်ထစ်ဖြင့်ပြောလိုက်သည်။
“ဘာကိုမလုပ်တာလဲ ငါတို့သူဌေးကိုယ်တိုင်က အထွေထွေမန်နေဂျာကို ခေါ်ပြီးမင်းနဲ့စာချုပ်ချုပ်ထားတာတွေကိုဖျက်သိမ်းခိုင်းလိုက်တယ်လေ၊ဒါတောင်မင်းကငါ့ကိုငြင်းမလို့လား၊မင်းကိုထောက်ခံပေးခဲ့တာကိုကငါ့အမှား၊နောင်နောင်မင်းငါ့ကိုမဆက်သွယ်ပါနဲ့တော့” ဒါရိုက်တာလီကအော်ပြောပြီးနောက်ဖုန်းချလိုက်လေသည်။
သူဌေးက အထွေထွေမန်နေဂျာကို ဖုန်းခေါ်ပြီးစာချုပ်ချုပ်ထားတာကိုဖျက်သိမ်းခိုင်းတယ်။
ယန်ရန်၊စူစူ၊ ကျောက်လန်နှင့် အခြားသူများသည် လင်းဖန်ပြောခဲ့သောစကားများကို မတွေးဘဲမနေနိုင်တော့ပေ။
ထို့နောက်သူတို့အားလုံးကခေါင်းကိုဖြည်းညင်းစွာလှည့်ကာ လင်းဖန်ကို အတူတူ စိုက်ကြည့်လိုက်ကြသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး