← Chapters

ကျေးဇူးတင်စရာမလိုဘူး

Vol. 19 Ch. 278

ကျေးဇူးတင်စရာမလိုဘူး

Vol. 19 Ch. 278

“ကလင် ကလင် ကလင်”

တိတ်ဆိတ်နေသောအခန်းကိုဖုန်းအသံကဖြိုခွဲလိုက်လေသည်။

ယန်ရန်သည် သူ့ဖုန်းစခရင်ပေါ်ရှိ ခေါ်ဆိုမှုသတိပေးချက်ကို ကြည့်လိုက်တော့ပျော်ရွှင်စရာပန်းခြံရဲ့မစ္စတာကျောက်ဆိုတာကိုတွေ့လိုက်သည်။

ချက်ခြင်းပင် ယန်ရန်သည်သူ့နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိလာခဲ့သည်။

အခန်းထဲမှာဖုန်းအသံက အကြာကြီး မြည်နေလေသည်။

နောက်ဆုံးတွင် ယန်ရန် သည် သူ၏တုန်ရီနေသော လက်ချောင်းများကို ဆန့်ထုတ်ကာ အဖြေခလုတ်ကို နှိပ်လိုက်သည်။

ရုတ်တရက်ဒေါသထွက်နေသောအသံတစ်ခုသည်ဖုန်းထဲကနေထွင်ပေါ်လာခဲ့သည်။

“ယန်ရန် ဖာ့ပဲ”

“ယန်ရန်ပျော်ရွှင်စရာပန်းခြံမီာရှိတဲ့ သန့်စင်ခန်းတွေကိုပြန်လည်ပြင်ခိုင်းတာလေ၊ဒါကိုမင်းကဘယ်ကသတ္တိတွေနဲ့ငါတို့သူဌေးကိုစော်ကားရတာလဲ”

ယန်ရန်က ထိတ်လန့်တကြားနဲ့ “ငါ…ငါ…”

သူ့အသံကိုကြားတော့ မစ္စတာကျောက်ဆိုသူကပို၍ဒေါသထွက်သွားပြီး “မင်းငြင်းဖို့မကြိုးစားနဲ့ငါတို့သူဌေးကိုယ်တိုင်က အထွေထွေမန်နေဂျာကို လူကိုယ်တိုင် ဖုန်းဆက်ခိုင်းပြီး မင်းနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုဖျက်သိမ်းခိုင်းတယ်”

“ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်တာ ကငါ့ကိုဘယ်လောက်ထိခိုက်စေလဲသိလား၊ပုံမှန်ဆိုဘာမှမဟုတ်ပေမဲ့ငါကမင်းကိုထောက်ခံပေးထားတော့တစ်ချို့ကငါ့ကိုတောင်အပြစ်ပြောနေကြတယ်။မင်းနဲ့ငါပြီးမှတွေ့မယ်”ဟုပြောပြီးဖုန်းချလိုက်လေသည်။

ဒီအချိန်မှာ လူတိုင်းအရှုးဖြစ်တောင်မှအဖြစ်မှန်ကိုသိနေပြီဖြစ်သည်။

ယန်ရန်သည် ဟန်​တန်ဂျေယန်ရှိ အိမ်များအားလုံးကို အလှဆင်ခြင်းမဟုတ်ဘဲ၊အနည်းငယ်ကိုသာအလှဆင်ရခြင်း၊ ဟစ်တိုအဆောက်အဦးအထပ်များအားလုံးကိုအလှဆင်ခြင်းမဟုတ်ဘဲအထပ်အနည်းငယ်ကိုသာအလှဆင်ခြင်းနှင့်ပျော်ရွှင်စရာပန်းခြံကိုအလှဆင်ခြင်းမဟုတ်ဘဲ အခြေခံအဆောက်အဦးများကိုသာဆောက်လုပ်ခြင်းတို့ကိုသူတို့နားလည်လိုက်ကြသည်။

ယန်ရန်က အမြဲတမ်း ကြွားလုံးထုတ်နေသည်။

ဆန့်ကျင်ဘက်လင်းဖန်ကတော့မကြွားပဲအမှန်ကိုသာပြောနေသည်။

ယန်ရန်က ဒါရိုက်တာ သုံးယောက်ရဲ့ စကားတွေကို ပြန်သတိရသွားတော့ သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွားကာ သူသည်လင်းဖန်ဘက်သို့လှည့်ပြီးကိုယ်ကိုကိုင်းညွတ်လိုက်ပြီး”တောင်းပန်ပါတယ်... တောင်းပန်ပါတယ် မစ္စတာလင်း ကျနော့်ကိုဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ”

သူ၏ကုမ္ပဏီသည် ဟန်တန်ဂျေယန်ရှိအိမ်အနည်းငယ်ကိုသာအလှဆင်ခြင်း၊ဟစ်တိုအဆောက်အဦး၏အထပ်အနည်းငယ်ကိုသာအလှဆင်ခြင်းနှင့် ပျော်ရွှင်စရာပန်းခြံ၏အခြေခံအဆောက်အဦးများကိုဆောက်လုပ်ခြင်းတို့ကိုသာ တာဝန်ယူရသည်။

ပရောဂျက်အားလုံး၏ စုစုပေါင်းပမာဏသည် သန်းဆယ်ဂဏန်းမျှသာရှိသည်။

ဒါပေမယ့် ဒါက သူ့ကုမ္ပဏီအတွက်တော့အလွန်ကြီးမားတဲ့ ပရောဂျက်တစ်ခု ဖြစ်နေပြီဖြစ်သည်။

ဤပရောဂျက်ကိုရအောင်ယန်ရန် သည် လက်ဆောင်များစွာကို ပေးခဲ့ရသည်။

လွန်ခဲ့သည့် နှစ်ရက်က သူသည် ဝန်ထမ်းအုပ်စုကို ခေါ်ယူခဲ့ပြီးအလှဆင်တာတွေ၊အခြေခံအဆောက်အဦးကိုဆောက်ရန်အတွက်ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သည်။

ဟန်တန်ဂျေယန်၊ ဟစ်တိုအဆောက်အဦးနှင့် ပျော်ရွှင်စရာပန်းခြံတို့သည်သူနှင့် ပူးပေါင်းဆောင်ရွက်တာကိုတစ့ကယ်ဖျက်သိမ်းလိုက်ပါကယန်ရန်သည် ငွေကြေးများစွာကို တိုက်ရိုက်ဆုံးရှုံးသွားမည်ဖြစ်သည်။

ထို့အပြင် အဆိုပါကုမ္ပဏီသုံးခု၏ ဒါရိုက်တာများသည် သူ့ကိုဒေါသထွက်နေကြသည်။

ဒီဒါရိုက်တာသုံးယောက်ဟာ လုပ်ငန်းနယ်ပယ်မှာ ထင်ရှားကျော်ကြားသူတွေဖြစ်ပြီး သူ့တို့ထဲကတစ်ယောက်ထဲကတစ်ယောက်တောင်သူ့ကိုပုရွတ်ဆိတ်လိုနင်းချေနိုင်သည်။

အခု လူသုံးယောက် တပြိုင်တည်း သူ့ကိုပစ်မှတ်ထားနေလေသည်။

အကျိုးဆက်ကတော့....

အဲဒါကို တွေးရုံနဲ့ ယန်ရန် တုန်လှုပ်သွားလေသည်။

လင်းဖန်သည် ဟန်တန်ဂျေယန်၊ ဟစ်တိုအဆောက်အဦး နှင့် ပျော်ရွှင်စရာပန်းခြံတို့ရဲ့ပိုင်ရှင်ဖြစ်လိမ့်မည်ဟု စူစူသူမ မထင်ထားခဲ့ပေ။

သူမ စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်ပြောဆိုနေသည်။’’ဘာကြောင့် ဟေးလင်းရဲ့ ချစ်သူက ငယ်ပြီး ချောမောရတာလဲ... ဒါ့အပြင် သူက စူပါလူချမ်းသာတစ်ယောက်လဲဖြစ်နေသေးတယ်။’’

ဒါပေမယ့်စူစူ က “လင်း...လင်းဖန်၊ ငါတိုက့နောက်ပြီးပြောတာပါ၊ဒါကိုအလေးအနက်မထားပါနဲ့”

စူစူ ၏အမူအရာပြောင်းလဲသွားတာကို လင်းဖန်၏မျက်လုံးကနေမည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။

ထို့ကြောင့်လင်းဖန်က”ဘာလို့အလေးအနက်မထားရမှာလဲ၊မင်းကငါ့ချစ်သူရဲ့သူငယ်ချင်းလေ၊ပြီးတော့မင်းကမင်းခင်ပွန်းနဲ့အတူအနားယူချင်တယ်လို့ပြောတယ်လေ၊ဒါကြောင့်မင်းတို့အနားယူလို့ရအောင်ပြောပေးတာပါ၊မင်းတို့ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး”ဟုလက်ဝေ့ယမ်းပြီးပြောလိုက်သည်။

ထို့နောက် လင်းဖန် က ဟေးလင်းအား “ငါ မင်းနဲ့ နှစ်ယောက်တည်း တစ်ခါမှဈေးဝယ်မထွက်ဖူးဘူး ဒီနေ့ ငါတို့စျေးဝယ်ထွက်ကြမလား?”

ဟေးလင်းကဒါကိုကြားတော့ သူမရဲ့လှပတဲ့မျက်လုံးတစ်စုံက ချက်ချင်းတောက်ပသွားပြီး “ကောင်းပြီ!”ဟုချက်ချင်းပြန်ပြောလိုက်သည်။

သို့သော်သူမ၏ အထက်တန်းကျောင်းနေဘက်တွေရဲ့ပါတီကမစသေးပေ။

သို့သော်ဒီလိုအဖွဲပါတီတစ်ခုသည် လင်းဖန်နှင့်ဈေးဝယ်ထွက်ခြင်းနှင့်မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

ထို့နောက်လင်းဖန် သည် ဟေးလင်း၏ သွယ်လျသောခါးကို ဖက်လိုက်ပြီး အပြင်သို့ လျှောက်သွားခဲ့သည်။

ထိုအချိန်တွင်စူစူက”ဟေး...ဟေးလင်း၊ ငါတို့အတန်းပါတီကမစသေးဘူးလေ...”

“မင်းနဲ့ငါက အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေလေ၊ မင်းရဲ့ချစ်သူစိတ်ပြောင်းအောင်စည်းရုံးပေးပါအုံး....”

သို့သော်ဟေးလင်းသည် သူမအား လုံးဝ ဂရုမစိုက်ဘဲ လင်းဖန် နှင့်အတူ အပြင်ဘက်သို့လျှောက်သွားခဲ့သည်။

တကယ်တော့ ဟေးလင်း ဟာ ​​ဒီစုဝေးပွဲကို ဂရုမစိုက်ပေ။

အထက်တန်းကျောင်းတက်တုန်းကတော့သူမတို့၏ ဆက်ဆံရေးက မကောင်းခဲ့ပေ။

ထို့အပြင် နှစ်ပေါင်းများစွာကြာပြီးနောက် တစ်ယောက်နဲ့တစ်ယောက်ကသူစိမ်းတစ်ယောက်ပမာဖြစ်လာခဲ့သည်

လင်းဖန်ကို စည်းရုံးဖို့ကမဖြစ်နိုင်ပေ။

ဘာကြောင့်လဲဆိုတော့ လင်းဖန် ဆုံးဖြတ်ထားတဲ့အရာဖြစ်သရွေ့ သူမငြင်းဆန်မှာမဟုတ်လို့ပင်ဖြစ်သည်။

လင်းဖန်နှင့် ဟေးလင်း တို့သည် အခန်းထဲမှ လျင်မြန်စွာ ထွက်သွားကြပြီး လူတိုင်း၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားကြသည် ။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင်ယန်ရန် ၏ ဆဲလ်ဖုန်းသည် အသံမြည်လာပြန်သည်။

“သူဌေး၊ မကောင်းတော့ဘူးအရင်တုန်းက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအားလုံးက ကျွန်တော်တို့နဲ့ချုပ်ထားတာတွေကိုဖက်သိမ်းလိုက်ကြပြီ။နောက်ပြီး အုတ်၊ဘိလပ်မြေ၊သဲ..ဒါတွေရဲ့ပိုင်ရှင်တွေကကျနော်တို့အရင်ကပေးရမယ့်ဝါရော၊အခုပေးရမယ်ဟာတွေပါလာတောင်းနေကြတယ်.....”

ဒါကိုကြားတော့ယန်ရန်၏ ခန္ဓာကိုယ်မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးသူရဲ့မျက်နှာကလဲ ဖြူဖျော့ကာ စိတ်ပျက်လက်ပျက်ဖြင့် “ပြီးပြီ...”ဟုပြောလိုက်သည်။

…………

ဒီကိစ္စနှင့်ပတ်သက်၍ လင်းဖန်ရော ဟေးလင်းရော ဂရုမစိုက်ကြပေ။

လင်းဖန်သည် Mercedes-Benz G ပေါ်တွင် ထိုင်နေချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

12:00!

အနီရောင် စာအိတ်တွေ ပေါ်လာလေသည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။”

…………

“ဒင်း! ဂုဏ်ယူပါတယ် မင်း 55 ယွမ် ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 18888ရခဲ့သည်။”

လင်းဖန်သည်ယနေ့စာအိတ်အနီရောင်ဖွင့်ရာတွင် စုစုပေါင်း 51,331 ယွမ် ရရှိခဲ့သည်။

ထို့နောက် ဖုန်းကို အိတ်ကပ်ထဲ တိုက်ရိုက်ထည့်ကာ ရှော့ပင်းဆီသို့ မောင်းသွားခဲ့သည်။

ယနေ့တွင်လင်းဖန်သည် ဟေးလင်းအား အဝတ်အထည်၊ ဖိနပ်၊ အလှကုန်များဝယ်ရန် စုစုပေါင်း ယွမ် ၁၃၉၈၀၀၀ ကုန်ကျခဲ့သည်။

MINI4S ဆိုင်ကိုဖြတ်သွားသောအခါ လင်းဖန်သည် မီနီကားကိုဟေးလင်းအားဝယ်ပေးရန်နောက်ထပ်ယွမ် 470,000 သုံးစွဲခဲ့သည်။

ယခင်က လင်းဖန်သည် ဟေးလင်းအတွက် ကားတစ်စီးဝယ်ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုအချိန်တွင်ဟေးလင်းက သူမသည် ချူစီရှင်း နှင့် အတူနေသောကြောင့်ကားတစ်စီးသည် သူမတို့နှစ်ယောက်အတွက် လုံလောက်သည်ဟု ဆိုခဲ့သည်။

သို့သော် ယနေ့လိုမျိုးချူစီရှင်းကအပြင်သွားရင်သူမသွားလာရလွယ်ကူစေရန်သူမငြင်းတာတောင်လင်းဖန်ကကားကိုဝယ်ပေးလိုက်ခြင်းဖြစ်သည်။

ညနေပိုင်းတွင် လင်းဖန်နှင့် ဟေးလင်းတို့သည် ကြယ်နှစ်ပွင့် ကြယ် စားသောက်ဆိုင်တွင် စားသောက်ခဲ့ကြသည်။

ဤညစာသည် ယွမ် ၄၃၃၂၀ ကျခဲ့သည်။

ထိုညတွင်လင်းဖန် နှင့် ဟေးလင်း သည် ရီကေသို့ ပြန်လာကြသည်။

အခန်းထဲရောက်တာနဲ့ဟေးလင်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းပူလာပြီး သူမ၏ လှပသော မျက်နှာသည် တဖြည်းဖြည်း နီလာလေသည်။ထို့နောက်သူမသည်မထိန်းနိုင်တော့ဘဲလင်းဖန်ကိုစတင်နမ်းတော့သည်။

( ̄ε ̄)

(ˉ﹃ˉ)

…………

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters