မစ္စတာကျူမှဖိတ်ကြားခြင်း
Vol. 19 Ch. 280
လင်းဖန်တို့မိသားစုသည် အိမ်မှာ လက်ဖက်ရည်သောက်ရင်းစကားပြောနေကြသည်။
ထိုအချိန်တွင် လင်းရှောင်ရီသည် တစ်ခုခုကို တွေးမိလိုက်ပုံရပြီး “စကားမစပ် အစ်ကို၊ မိုးသီးသီအိုရီကို မင်းဖြေခဲ့တာလား။”
ဒီအဖြစ်အပျက်ဟာအခုထိထိတ်တန်းသတင်းဖြစ်နေဆဲဖြစ်သည်။
သို့သော် သတင်းများတွင် ကျောင်းနှင့် နာမည်ကိုသာ ဖော်ပြခဲ့ပြီး ဖြေရှင်းသူရဲ့ဓာတ်ပုံလုံးဝမရှိပေ။
မူလကလင်းရှောင်ရီသည် ယနေ့ တွင်လင်းဖန် ကို ဖုန်းဆက်ပြီးမေးဖို့စီစဉ်ထားသည်။
အခုလင်းဖန်လာတာနဲ့အတော်ဖြစ်သွားခဲ့သည်။
လင်းဖန်က “ဟုတ်တယ်။”ဟုပြန်ဖြေလိုက်သည်။
လင်းရှောင်ရီ၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်လာပြီး “တစ်ကယ်”
ဒေါင်ဝေဝေ က “ရှောင်ရီနင်က မိန်းကလေးဖြစ်ပြီးကိုယ့်အပြုအမူကိုယ်ဂရုစိုက်”
လင်းရှောင်ရီ က “မေမေ၊ အဲဒါ မိုးသီးသီအိုရီပဲ၊ဒါကကမ္ဘာပေါ်မှာမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါ”
“ဒါဆိုရင်တောင်မင်းစကားပြောတာကို ဂရုစိုက်သင့်တယ်... မင်း အနာဂတ်မှာ လက်ထပ်မှာမဟုတ်ဘူးလား” ဒေါင်ဝေဝေက ပြောလိုက်သည်။
လင်းရှောင်ရီက “ဘာလို့လက်ထပ်ရမှာလဲ၊ ငါ့အစ်ကိုမှာ ပိုက်ဆံအများကြီးရှိတယ်လေ၊ဒါကဘယ်သူ့အတွက်သုံးရမှာလဲ”
အိမ်မှာနေတဲ့အချိန်ဟာ အရမကိုပဲမန်ဆန်လေသည်။မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ဖြစ်သွားလေသည်။
သူ့မိဘများ၏ တိုက်တွန်းချက်အရ လင်းဖန်သည် Mercedes-Benz G ကို မောင်းနှင်ပြီး နေ့လည်စာစားပြီးနောက် ကျန်ပေ့သို့ ပြန်လာခဲ့သည်။
ပန်လုံဗီလာကို ရောက်တာနဲ့ လင်းဖန်ရဲ့ အိတ်ကပ်ထဲက ဆဲလ်ဖုန်းက အသံမြည်လာခဲ့သည်။
သူသည် ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်တွင် မမျှော်လင့်ထားသော အမူအရာတစ်ခုပေါ်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူမှာ မစ္စတာ ကျူဝမ်မင် ဖြစ်သည်။
လင်းဖန်သည် ဤအဘိုးအိုအပေါ် အထင်အမြင်ကောင်းရှိသည်။
လင်းဖန်သည် လုံးဝမတွန့်ဆုတ်ဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“အို မစ္စတာချင်း၊ မင်္ဂလာပါ။”
ဖုန်းထဲမှာကျူဝမ်မင်ရဲ့အသံကထွက်ပေါ်လာခဲ့သည်။ “လင်းဖန် မင်းနေကောင်းကျန်းမာရဲ့လား”ဟုမေးလိုက်သည်။
လင်းဖန်က’’ဟုတ်နေကောင်း၊ကျန်းမာပါတယ်’’ဟုပြန်ပြောလိုက်သည်။
ခဏနားပြီးနောက်၊ကျူဝမ်မင် က “ငါ့သူငယ်ချင်းဟောင်းတစ်ယောက်က ကျန့်ပေ့ကိုရောက်နေတယ်။ သူက ကျန်းမာရေးသိပ်မကောင်းဘူး။အဲ့ဒါမင်းလာကြည့်ပေးလို့ရမလား?”
လင်းဖန်ကချက်ချင်းပဲ”ကောင်းပြီ ငါလာခဲ့မယ်။”ဟုပြန်ပြောလိုက်သည်။
ဖုန်းချပြီးနောက်လက်ဖက်သည် နောက်ထပ် လက်ဖက်ရွက်နှစ်အိတ်ကို ထုပ်ပိုးလိုက်ပြီး Mercedes-Benz Big G ကို မောင်းထုတ်ကာကျူဝမ်မင်စီသို့ဦးတည်လိုက်သည်။
လင်းဖန်သည် သူအရင်ရောက်ဖူးသော အိမ်ကြီးသို့ မကြာမီပင်ရောက်ခဲ့သည်။အစောင့်ကလဲလင်းဖန်ကားကိုမြင်တာနဲ့ချက်ချင်းဝင်ခွင့်ပြုလိုက်သည်။
သိသာထင်ရှားသည်မှာ သူတို့သည် လွန်ခဲ့သည့်ရက်အတော်ကြာက အမိန့်ကိုလက်ခံရရှိခဲ့သောကြောင့်လင်းဖန်၏ကားကို လုံးဝရပ်တန့်ခြင်းမရှိပဲဝင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။
ထိုအချိန်တွင်ကျူဝမ်မင်၊ရီရှောင် နှင့် ချန်ပြည်နယ်ခေါင်းဆောင် ဟန်လင်းနှင့် အခြားသူများ ခြံဝင်းထဲတွင် ထိုင်ကာ စစ်တုရင်ကစား၊ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။
တံခါးဖွင့်သံကိုကြားပြီးနောက် ကျူဝမ်မင်သည် ဖြည်းညှင်းစွာ လှည့်ပြီးပြုံးကာ “လင်းဖန်၊ မင်းလာပြီပေါ့ ငါတို့ မင်းအကြောင်းပြောနေကြတာ”
ရုတ်တရက်ပင် ရောက်ရှိနေသောလူတိုင်း၏ အကြည့်များအားလုံးသည်လင်းဖန်ပေါ်သို့ ကျဆင်းသွားကြသည်။
သိရန်ရောက်ရှိနေကြသော လူများအားလုံးသည် ရာထူးကြီးကြီးကဖြစ်၍သူတို့တွေရဲ့တစ်ကိုယ်လုံးကနေပြင်းထန်သော ရောင်ဝါများ ထွက်နေသည်။
သာမာန်လူတွေကသူတို့ထဲက တစ်ယောက်သာငေးကြည့်နေတာတောင် ကြောက်လန့်တကြားဖြစ်ပြီး ရှေ့ကိုတစ်လှမ်းတောင်လှမ်းဝံ့မှာမဟုတ်ပေ။
သို့သော်ဒါကသာမန်လူအတွက်သာဖြစ်သည်။လင်းဖန်အတွက်ကတော့ဒါတွေကသူ့အတွက်ဘာမှမဟုတ်ပေ။
လင်းဖန် ပြုံးပြီးပြောလိုက်သည်။ “ အစ်ကိုကျူကျနော့်အကြောက်း ဘာတွေပြောနေလဲမသိဘူး “
ဒါကိုမြင်တော့ အားလုံးက တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။
ကျူဝမ်မင်က “မင်းရဲ့ စစ်တုရင်စွမ်းရည်ကအရမ်းကောင်းတယ်လို့ ငါပြောတာကို ဒီအဘိုးကြီးက မယုံသေးဘူး!” စကားပြောနေရင်း သူ့ဘေးနားက ဘီးတပ်ကုလားထိုင်နဲ့ ထိုင်နေတဲ့ အဖိုးအိုကို လက်ညှိုးထိုးပြလိုက်သည်။
လင်းဖန်သည် အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးအိုသည် သာမန်အဘိုးကဲ့သို့ပင်ဖြစ်သည်။
သို့သော် သူ၏မျက်လုံးများသည် လင်းယုန်ငှက်ကဲ့သို့စူးရှကာသူ့ရဲ့အရှိန်အဝါကလဲသာမန်မဟုတ်ပေ။
အဘိုးအိုက “ငါ့နာမည်က ကျောက်ဂျန် ပါ။ အစ်ကိုလင်း၊ ခုနကပဲ ကျူ က မင်းကအရမ်းအံ့သြဖို့ကောင်းတယ်လို့ပြောနေတယ်”
“ငါကလက်တွေ့ပဲယုံတာ၊ပြောစကားတွေကိုငါမယုံဘူးလေ”
“ဒါကြောင့်အစ်ကိုလင်းနဲ့နှစ်ချီကစားလို့ရမလား”
ကျူဝမ်မင်သည် ချက်ချင်းပင် သူ့မုတ်ဆိတ်မွေးကို ကိုင်လိုက်ပြီး”ကျောက်ဂျန်မင်းငါပြောတာကိုမယုံဘူးလား”
ကျောက်ဂျန်က ပြုံးပြီး “မယုံတာမဟုတ်ပါဘူးကွာ၊မင်းပြောသလိုကစားတာကောင်းမကောင်းပဲသိချင်တာပါ “
ကျူဝမ်မင်ကဒေါသထွက်သောလေသံဖြင့် “လင်းဖန်သူ့ကိုမြန်မြန်ရှုံးအောင်ဆော့ပေးလိုက်၊ဒါမှငါပြောတာကိုယုံမှာ”
လင်းဖန်က သူ့ဘေးက စစ်တုရင်စားပွဲကို ငုံကြည့်လိုက်ရင်းရေနွေးကိုတွေ့တော့ “ကျနော်လာတုန်းက လက်ဖက်ရွက်ကောင်းတွေ ယူလာတယ်၊ ဒါကြောင့် လူတိုင်းအတွက် လက်ဖက်ရည်ကို အရင်ပြင်ပေးပါရစေ” လို့ ပြောလိုက်သည်။
ကျောက်ဂျန်၏နောက်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တစ်စုံတစ်ခုပြောရန်ရှေ့သို့ လှမ်းတက်လိုက်သည်။
သိရန်ကျောက်ဂျန် နှင့် ကျူဝမ်မင် ကဲ့သို့သော ခေါင်းဆောင်များသည် မည်သည့်အပြင်အစားအစာကိုမျှ မစားနိုင်ပေ။
လက်ဖက်ရည်တောင်သောက်လို့မရပေ။
သို့သော်လည်း ကျူဂမ်မင်က ရှေ့တစ်လှမ်းတိုးပြီး “ကောင်းပြီ၊ ဒါဆိုလဲ လက်ဖက်ရည် အရင်လုပ်ပါ!”
ထို့နောက် ကျောက်ဂျန်အား “လင်းဖန်က လက်ဖက်ရည်ဖျော်တဲ့နေရာမှကျွမ်းကျင်တယ်ဆိုတာပြောဖို့မေ့သွားသည်!”
ကျောက်ဂျန်ကမထင်မှတ်ထားသောလေသံ
ဖြင့် “တကယ်လား?”
ထိုအချိန်တွင် လင်းဖန်သည် လက်ဖက်ခြောက်အိတ်ကြီးဖြင့် ယူပြီးလာခဲ့သည်။
လက်ဖက်ရွက်ကို ပွက်ပွက်ဆူနေသော အိုးအပြည့်ကို လောင်းချကာ နောက်ဆုံးတွင် ခွက်ထဲသို့ လက်ဖက်ရည်လောင်းထည့်လိုက်သည်။
ဒါကိုကြည့်ပြီးကျောက်ဂျန် သည် ကျူဝမ်မင်ကို ထူးထူးခြားခြား စိုက်ကြည့်ရုံမှ မတတ်နိုင်ပေ။
သူ၏အကြည့်ထဲတွင် ဒါက လက်ဖက်အနုပညာလက်ရာလား။ဟုပြောနေသည်။
ကျောက်ဂျန်ပြောချက်တာကိုကျူဝမ်မင်ကလဲသိတော့သူ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး “လင်ဖန်၊ မင်း ဒီတစ်ခါက လက်ဖက်ရည်သေချာမဖျော်ဘူးမလား”
နောက်ဆုံးတော့ သူက လင်းဖန်ရဲ့ လက်ဖက်ရည်ဖျော်အနုပညာကိုချီးကျူးခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာသူ့ မျက်နှာအပုတ်ခံလိုက်ရသလိုခံစားရသည်။
လင်းဖန်က “ပြီးခဲ့တဲ့ အကြိမ်ကဖျော်တာကအရမ်းopဖြစ်တယ်ထင်လို့လိုတိုရှင်းပဲဖျော်လိုက်တာ”
ကျူဝမ်မင်က တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ ကျောက်ဂျန် က ပြုံးပြီးပြောလိုက်သည်။ “ဟုတ်တယ်၊ ဒီလိုမျိုး လက်ဖက်ရည်ကိုလွယ်လွယ်ဖျော်တာကောင်းတယ်ထင်တယ်!”
စကားပြောနေစဉ်တွင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
လက်ဖက်ရည်သောက်ပြီးနောက်ကျောက်ဂျန်သည် သူ့တစ်ကိုယ်လုံး အေးခဲသွားတော့သည်။
သူ့နောက်မှာ ရပ်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားသည်မလှုပ်ပဲလက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ ကျောက်ဂျန်ကိုကြည့်ရင်း သူ့နှလုံးသားက ရုတ်တရက် တင်းမာလာခဲ့သည်။ ထို့နောက်သူက စိုးရိမ်သောလေသံ
ဖြင့်”ခေါင်းဆောင်ကြီး၊ မင်းဘာဖြစ်နေတာလဲ”
ဤအသံကြောင့်နောက်ဆုံးတွင် ကျောက်ဂျန်ပြန်လည်သတိဝင်လာပြီးသူ့ စိတ်ထဲကနေ “ကောင်းလိုက်တဲ့ လက်ဖက်ရည်” လို့ အော်ပြောနေလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး