← Chapters

ဝိုင်ခွက်ပေးရန်ကြိုးစားခြင်း

Vol. 19 Ch. 282

ဝိုင်ခွက်ပေးရန်ကြိုးစားခြင်း

Vol. 19 Ch. 282

ကျူဝမ်မင်ကို သာမန်သူဌေးကြီးတစ်ယောက်အနေနဲ့ မကြည့်ပါနဲ့၊သူ့ရဲ့အတွေးတွေက ကျယ်ပြန့်လွန်းသည်။

မဟုတ်ရင် စစ်ပွဲမှာရန်သူတွေကို အနိုင်ယူပြီး ဗိုလ်ချုပ်တွေကို ဦးဆောင်ဖို့ မဖြစ်နိုင်ပေ။

ကျူဝမ်မင် က လင်းဖန်ကို အမြဲချီးကျူးရတဲ့ အကြောင်းရင်းက လင်းဖန်သည် စစ်တုရင် ကျွမ်းကျင်တာကြောင့် မဟုတ်ပေ။

ပိုအရေးကြီးသောအကြောင်းရင်းမှာလင်းဖန်ရဲ့စရိုက်ကိုနှစ်သက်လို့ပင်ဖြစ်သည်။ထို့ကြောင့်သူကလင်းဖန်လုပ်တာဘာထြစ်ဖြစ်သူအာမခံတယ်ဆိုတဲ့သဘောနဲ့ပြောလိုက်ခြင်းဖြစ်သည်။

ကျောက်ဂျန်မှာသူ့လို ထူးထူးခြားခြား လက္ခဏာ(အဆင့်အတန်း)တစ်ခုရှိသည်။

ကျောက်ဂျန် က လင်းဖန်ထုတ်ယူလိုက်တဲ့ အမည်မသိအရည်ကို သောက်ခဲ့ပေမယ့် အခုထိတော့ဘာမှမဖြစ်သေးပေ။

ဒါပေမယ့် ခဏအကြာမှာ တစ်ခုခုဖြစ်သွားခဲ့ရင်လင်းဖန်က တော်တော်ဒုက္ခရောက်လိမ့်မည်မှာမလွဲမသွေဖြစ်သည်။

ကျောက်ဂျန်ကဘာမှမဖြစ်ခဲ့ဘူးဆိုရင်တောင် လင်းဖန် မလွဲမသွေ စုံစမ်းစစ်ဆေးခံရမည်ဖြစ်သည်။

ကျူဝမ်မက်သည် လင်းဖန်ကို ကာကွယ်ပေးဖို့အတွက်သူ့ကိုယ်ပိုင်အဆင့်အတန်းဖြင့်အာမခံခဲ့သည်။

ဤသ်ု့လုပ်ရန်မှာ ကြီးစွာသော သတ္တိနှင့် ယုံကြည်မှု လိုအပ်ပါသည်။

လင်းဖန်သည် ဤအမှန်တရားကို သဘာဝကျကျ နားလည်သဘောပေါက်သောကြောင့်ကျူဝမ်မင်အပေါ်ပို၍အထင်ကြီးလေးစားခဲ့သည်။

ကျောက်ဂျန်သည် ဆေးရေကို သောက်ပြီးနောက် အဆုံးမရှိသော အကျိုးကျေးဇူးများသာ ရရှိတော့မည်ကို သူသိသည်။

ကျောက်ဂျန် က ကျူဝမ်မင်ရဲ့ ဆိုလိုရင်းကို သိတော့ “အဖိုးကြီးမင်း ငါ့ကို မြန်မြန်သေခိုင်းစေချင်တာလား၊ ဒီမသန်မာတဲ့ ငါ့ခြေထောက်နှစ်ချောင်းကြောင့် မဟုတ်ရင် မင်းကို မြေကြီးပေါ်လှဲတဲ့အထိကန်ပစ်လိုက်မှာ”

စကားပြောနေစဉ်မှာပင် ခြေထောက်များကို အားကြိုးမာန်တက် မြှောက်လိုက်သည်။

ကျောက်ဂျန်သည် ထိုကဲ့သို့သော အပြုအမူများကို အမြဲပြုလုပ်လေ့ရှိသည်။

ဒါပေမယ့် အချိန်တိုင်း ခြေထောက်နှစ်ဖက်လုံးကတုံ့ပြန်မှု မရှိပေ။

ယနေ့မှာတော့သူ၏ခြေထောက်နှစ်ချောင်းသည်အံ့အားဖွယ်မြှောက်သွားခဲ့သည်။

ဒါကိုတွေ့တော့ကျောက်ဂျန်၏ မျက်လုံးများသည် ချက်ချင်း ဝိုင်းစက်သွားကာ သူ့မျက်နှာပေါ်တွင်မယုံနိုင်အောင် အမူအရာမီင့် ပြည့်နှက်နေသည်။

သူ့ခြေထောက်တွေကို လေထဲမှာ ရပ်နေရင်းသူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့သည်။

ဒါက စိတ်လှုပ်ရှားတာကြောင့်ဖြစ်သည်။

ပခုံးပေါ်မှာကြယ်တံဆိပ်ကို တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒါကိုသတိပြုမိလိုက်ပြီး“ဆရာဝန်တွေ မြန်မြန်လာခေါင်းဆောင်ရဲ့ ခြေထောက်တွေကို ကြည့်ပေးပါဦး” ဟု ကမန်းကတန်း ပြောလိုက်သည်။

ဆရာဝန်နှစ်ယောက်သည် ခဏမျှ အေးခဲသွားပြီး ရှေ့သို့ လျင်မြန်စွာ လှမ်းတက်ကာ ကျောက်ဂျန်၏ ခြေထောက်များကို ညင်သာစွာ ဆုပ်နယ်သည်။ပုတ်လိုက်သည်။ပြီးနောက် သွေးခုန်နှုန်း အချက်ပြချက်များက်ုနားထောင်လိုက်သည်။

မကြာခင်မှာဘဲ ဆရာဝန်နှစ်ယောက်ရဲ့ မျက်နှာမှာလဲထိတ်လန့်တကြားဖြစ်သွားခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက စိုးရိမ်တကြီးနဲ့ “ခေါင်းဆောင်ရဲ့ ခြေထောက်တွေ ဘယ်လိုနေလဲ”

ဒေါက်တာ ရှောင်ရှန်က တုံ့ဆိုင်းနေပြီး “ဒီမှာ စစ်ပစ္စည်းကိရိယာတွေ အရမ်းနည်းနေတယ်၊ ​​ငါတို့ ပိုပြီး လေးလေးနက်နက် စစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်” လို့ ပြောလိုက်သည်။

ခေတ္တနားပြီးနောက် သူက “ဒါပေမယ့် လက်ရှိအခြေအနေအရကြည့်ရင်တော့ ခေါင်းဆောင်ရဲ့ ခြေထောက်တွေ ပြန်ကောင်းလာပြီ”

ကျောက်ဂျန် ကောင်းကင်ကို တိုက်ရိုက်မော့ကြည့်ပြီး ရယ်လိုက်သည်။” ငါ့ခြေထောက်တွေက ပြဿနာမရှိတော့ဘူး၊ ဟားဟား!”

အဘယ်ကြောင့်ဆိုသော် ကျောက်ဂျန်သည် ဘီးတပ်ကုလားထိုင်မှ တိုက်ရိုက်ထရပ်လိုက်သောကြောင့်ဖြစ်သည်။

ဒါကိုတွေ့တဲ့သူတိုင်း အံသြသွားကြသည်။

ပခုံးပေါ်၌ ကြယ်တံဆိပ်ပါသော လူလတ်ပိုင်းအရွယ် အမျိုးသား၏မျက်လုံးများသည်ချက်ချင်းနီရဲသွားသည်။

တစ်ချိန်က သူ၏သခင်ဖြစ်ခဲ့ဖူးသော သံသွေးစစ်ဗိုလ်ချုပ်ကြီးသည် မည်မျှ မတ်တပ်ရပ်ရန် စိတ်အားထက်သန်သည်ကိုသူသိသည်။

ကျောက်ဂျန်သည် တစ်ချိန်က မတ်တပ်ရပ်ဖို့ကြိုးစားသောလဲမရပ်နိုင်ပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို သူမြင်ဖူးသည်။ကျောက်ဂျန်သည် တစ်ချိန်က မြေပြင်ပေါ်တွင် ထိုင်ကာလက်နှစ်ဖက်ဖြင့် ရွေ့လျားနေသည်ကိုသူမြင်ဖူးသည်။

…………

လူလတ်ပိုင်းအရွယ်အမျိုးသားသည်ကျောက်ဂျန်၏ဒဏ္ဍာရီကိုနားထောင်ရင်း ကြီးပြင်းလာခဲ့ပြီး သူအလေးစားရဆုံးပုဂ္ဂိုလ်မှာ ကျောက်ဂျန်သာဖြစ်သည်။

ကိုယ်လေးစားရသောလူဒီလိုလမ်းမလျှောက်နိုင်တာကိုတွေ့တော့သူသည်အရမ်းကိုဝမ်းနည်းခဲ့သည်။

အခုတော့ ကျောက်ဂျန်သည် မတ်တပ်ထရပ်နေပြီဖြစ်သည်။

ယောက်ျားလေးများသည်သာမန်အားဖြင့်မျက်ရည်မကျတတ်ပေ။ကျပြီဆိုရင်လဲသူတို့ရင်ထဲမှာအရမ်းအရမ်းကိုနာကျင်ခံစား၍သာ မျက်ရည်ကျခြင်းဖြစ်သည်။

ဒီအချိန်မှာကျောက်ဂျန် က အရမ်းလေးနက်တဲ့လေသံနဲ့ “လင်းဖန်ကျေးဇူးတင်ပါတယ်!”ဟုပြောလိုက်သည်။

အားလုံးက ဒီအချိန်မှာတခဏတာ အံ့အားသင့်သွားပြီးယခင်ရေဘူးသေးသေးလကို ရုတ်တရက် တွေးလိုက်မိသည်။

ကျောက်ဂျန် မတ်တပ်ရပ်စေနိုင်တာကဒီရေဘူးသေးသေးလေးကြောင့်ဆိုတာဖြစ်နိုင်ရဲ့လား။

မကြာခင်မှာပဲကျူဝမ်မင် လူတိုင်းရဲ့ အတွေးကိုရယ်​ရင်းအတည်ပြုလိုက်လေသည်။ “ကျောက်ဂျန် ခုနက ရေပုလင်းက ဘယ်လောက် အဖိုးတန်လဲဆိုတာ မင်းမသိပါဘူး၊လင်းဖန်က နဂါးအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေရင်တောင် ဒါကိုရဖို့တန်ဖိုးအများကြီး နဲ့ကြိုးစားခဲ့ရတယ်!”

ဒါကိုပြောပြီးနောကအလင်းဖန်က သူ့မြေးကို သေမင်းတံခါးဝကနေ ပြန်ကယ်ထုတလာ်တဲ့ မြင်ကွင်းကို မတွေးဘဲမနေနိုင်ပေ။

လင်းဖန်ကကျောက်ဂျန်ကို သောက်ရန် အမည်မသိအရည်ပုလင်းငယ်ကို ထုတ်လိုက်သောအခါ ရောက်ရှိလာသူအများအပြားက တိတ်တဆိတ် ခေါင်းယမ်းနေကြသည်။

အချို့သောလူများသည်ဒီဘေးဥပဒ်ကိုသူတို့ရောမခံစားရစေရန် လင်းဖန် နှင့်ပင် တိတ်တဆိတ် ဝေးဝေးမှာသွားထိုင်လိုက်ကြသည်။

ထိုအချိန်တွင် လူတိုင်းက လင်းဖန်အား အံ့သြသောမျက်နှာဖြင့်မနာလိုစွာဖြင့် ကြည့်နေကြသည်။

လင်းဖန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော နဂါးအဖွဲ့မှ ဆင်းသက်လာသည်ကိုသူတို့အားလုံး အံ့သြမိသည်။

ကျောက်ဂျန်ကိုမတ်တပ်ရပ်နိုင်အောင် ကူညီပေးတာကြောင့်လင်းဖန်ကအနာဂတ်မှာ အကျိုးကျေးဇူးများစွာ ရရှိမှာ သေချာသည်။

ကျောက်ဂျန် သည် ခဏမျှ မတ်တပ်ရပ်လိုက်ပြီး နောက်တစ်ကြိမ် ဘီးတပ်ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။

ထို့နောက် ကျောက်ဂျန် သည် ဆရာဝန်နှစ်ဦး၏ တောင်းဆိုချက်အရ အသေးစိတ်စစ်ဆေးမှုကို ပြုလုပ်လိုက်သည်။

မစစ်ဆေးရင် ဘာမှမဖြစ်ပေ။ စစ်ဆေးပြီးနောက် လူတိုင်း အံ့သြသွားကြရပြန်သည်။

ကျောက်ဂျန် ၏ ခြေသလုံးကြွက်သားများ သည်လုံးဝ ပြန်လည်ကောင်းမွန်လာပြီးပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်နေသရွေ့ ပုံမှန်လူများကဲ့သို့ ပြန်ပြီး လမ်းလျှောက်နိုင်မည်ဖြစ်သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်၏ မူလကပုံမှန်မဟုတ်ဘဲ မြင့်မားနေသောသည်အတိုင်းအတာများသည်ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

ဒါက ရိုးရိုးရှင်းရှင်း အံ့ဖွယ်တစ်ခုပင်ဖြစ်သည်။

…………

နေဝင်ချိန်။

အနီရောင်တောက်ပနေသော နေရောင်သည် ကောင်းကင်တစ်ခုလုံးကိုလင်းထိန်နေတာဟာရောင်စုံပန်းပွင့်ကိုဆေးခြယ်သလိုမျိုး တောက်ပနေသည်။

အိမ်ဝင်းအတွင်းရှိ စားပွဲကြီးပေါ်တွင် အရသာရှိသော အစားအစာအမျိုးပေါင်း 20 ကျော်ရှိသည်။

ကျူဝမ်မင် နဲ့ ကျောက်ဂျန် တို့ရဲ့ တောင်းဆိုချက်အရ လင်းဖန်ကပင်မနေရာတွင်ထိုင်လိုက်သည်။

“လင်းဖန်၊ ငါမင်းကို တစ်ခွက်အရင်တိုက်ပါရစေ” ကျူဝမ်မင်သည် ဖန်ခွက်ကိုယူကာ ပြောလိုက်သည်။

ကျောက်ဂျန်က ချက်ချင်းပြန်ပြောလိုက်သည်။”ဟေး ကျူ မင်းဘာလုပ်နေတာလဲ၊ သူက ငါ့ကို မတ်တတ်ပြန်ရပ်နိုင်အောင်လုပ်တဲ့အတွက်ဒီပထမ်ဆုံးဝိုင်တစ်ခွက်ကိုငါအရင်ပေးသင့်တယ်”

စကားပြောနေရင်း ဝိုင်ဖန်ခွက်ကိုလည်း ကောက်ကိုင်လိုက်သည်။

ကျူဝမ်မင်ကတွန့်ဆုတ်သောလေသံ

ဖြင့်”သူက မင်းကို နောက်တစ်ကြိမ် မတ်တတ်ရပ်နိုင်အောင်လုပ်ပေးပေမဲ့လဲငါ့မြေးရဲ့အသက်ကိုလဲသူပဲကယ်တင်ခဲ့တယ်လေ”

“ပထမဆုံး ဝိုင်တစ်ခွက်ကို ငါအရင်ပေးသင့်တယ်”

.....

ကျောက်ဂျန်နှင့် ကျူဝမ်မင်တို့နှစ်ဦးစလုံးသည် ခေါင်းဆောင်ကြီးများဖြစ်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာထိုမုန့်များထဲမှ တစ်ခုခုကို စားဖို့နေနေသာသာ၊ စားပွဲမှာ သူတို့နှင့် အတူသောက်နေရကတည်းက သူတို့တစ်သက်လုံးပျော်နေမည်ဖြစ်သည်။

ယခုမူကျောက်ဂျန် နှင့် ကျူဝမ်မင် တို့သည် လင်းဖန်ကို ဝိုင်ခွက်ရေန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။

ချန်ပြည်နယ်ခေါင်းဆောင်များအပါအဝင် ပခုံးပေါ်ရှိ ကြယ်တံဆိပ်ပါသော အမျိုးသားအများအပြားသည် လင်းဖန်အား မနာလိုစွာ ကြည့်နေကြသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘသာပြန်-စောင့်ချောကြီး

All Chapters