← Chapters

မွေးနေ့ပွဲကျင်းပခြင်း

Vol. 19 Ch. 283

မွေးနေ့ပွဲကျင်းပခြင်း

Vol. 19 Ch. 283

​နောက်​ရက်​အနည်းငယ်​တွင်​ လင်းဖန်​သည်​ ​ကျောင်းသို့မသွား​ဘဲ ကျောက်ဂျန်နှင့်​ ကျူဝမ်မင် တို့နဲ့အတူစစ်​တုရင်​ကစားရန်​ ကျူဝမ်မင်အိမ်သို့ ​ရောက်​လာ​လေ့ရှိသည်​။ လင်းဖန်သည်နေ့ရက်များကိုအေးအေးဆေးဆေးပဲဖြတ်သန်းနေသည်။

ရက်အတော်​ကြာပြီးနောက်ကျောက်ဂျန်သည် အလွယ်တကူ မတ်တတ်ရပ်ကာ ခြေလှမ်းအနည်းငယ်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်က ပိုကောင်းလာသောကြောင့်သူ့မျက်နှာတစ်ခုလုံးသည်မကြာခဏ ရယ်နေတတ်သည်။

“ဒင်!”

ထိုအချိန်တွင် လင်းဖန်၏ လက်ကိုင်ဖုန်းသည် အနည်းငယ် တုန်ခါသွားကာ ဟန်တီထံမှပို့လိုက်သောမက်ဆေ့ချ်ဖြစ်ကြောင်း သိလိုက်ရသည်။

ဟန်တီ: ငါ့အဖိုးမွေးနေ့ ဖြစ်လို့ရှန်ရှီ ကို သွားလည်ဖို့ မင်းကို နှစ်ရက်လောက်ခေါ်ထားလို့ရလား။

ဒါကိုကြည့်ပြီးနောက်လင်းဖန်သည်မဆိုင်းမတွဘဲ မက်ဆေ့ကို ချက်ချင်းပြန်ဖြေလိုက်သည်။

လင်းဖန်: ကောင်းပြီ ငါ မင်းကို အခု လာခေါ်မယ် ။

ဟန်တီ: မင်းငါ့ကိုလာခေါ်စရာမလိုဘူး၊ ငါ အခုရှန်ရှီရောက်နေပြီ...

လင်းဖန်သည် ဒါကိုတွေ့တော့ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ ဤရက်များတွင် ဆရာမဟန်တီ အတန်းသို့ မလာသည်မှာ အံ့ဩစရာမရှိပေ။

လင်းဖန် နှင့် ဟန်တ တို့သည် နောက်ထပ် မက်ဆေ့ချ် အနည်းငယ် ပေးပို့ပြီးနောက် လက်ဖက်ခြောက်သေတ္တာကြီးကို ယူပြီး Mercedes-Benz G ပေါ်တွင် တင်ကာ အဝေးပြေးလမ်းဆီသို့ မောင်းသွားလိုက်ကြသည်။

ရှန်ရှီ သည် ဟူ ခရိုင်(ပြည်နည်)တွင်တည်ရှိပြီး ကျန်ပေ့မြို့သည် ချန် ပြည်နယ်တွင်တည်ရှိသည်။

မြို့နှစ်မြို့သည် မတူညီသောပြည်နယ်များတွင် တည်ရှိသော်လည်း ၎င်းတို့ကြားအကွာအဝေးသည် ကီလိုမီတာ ရာဂဏန်းမျှသာကွာဝေးသောကြောင့်ထိုနေရာသို့ရောက်အောင်ကားမောင်းနှင်ရန်မှာအဆင်ပြေသည်။

လင်းဖန်သည် ခရီးတစ်ခုလုံးတွက်အရှိန်ကန့်သတ်ချက်ဖြင့် မောင်းနှင်ခဲ့သောကြောင့်ရှန်ရှီသို့ရောက်ရန် ၃ နာရီခန့်ကြာခဲ့သည်။

ထို့နောက် သူသည်ဟန်တီပြောသောနေရာသို့ရောက်သွားခဲ့သည်။

ထိုအချိန်တွင် စစ်စိမ်းရောင် ဂျစ်ကားတစ်စီး သည်သူ့ရှေ့တွင်ပေါ်လာခဲ့သည်။

ကားထဲကနေကိုယ်လုံးကိုယ်​​ပေါက်သန်မာပြီးအရပ် ၁.၈ မီတာလောက်မြင့်တဲ့ လူတယောက် ထွက်လာခဲ့သည်။

ကျူဝမ်မင် ၊ ကျောက်ဂျန်နှင့် အခြားသူများ နှင့် ဆင်တူသော သွေး ရောင်ဝါတစ်ခုကသူ့စီကနေထွက်လာခဲ့သည်။

ဒါ...စစ်သားပဲ!

ထိုလူက လင်းဖန်၏ ကားပြတင်းပေါက်ဆီသို့ လျှောက်လာပြီး “မင်းက လင်းဖန်လား။”

“ဟုတ်ပါတယ် ။” လင်းဖန်က အံသြစွာ ပြောလိုက်သည်။

“ငါက ဟန်တီရဲ့ ဒုတိယအစ်ကိုဟန်ရှန်ဒေါင်ပါ!” ဟန်ရှန်ဒေါင်က ပြောလိုက်သည်။

ဆရာမဟန်တီ ရဲ့ ဒုတိယအစ်ကိုဆိုတော့ဒါကသူ့ရဲ့ဒုတိယအစ်ကိုမဟုတ်ဘူးလား။

ဒါကြောင့် လင်းဖန်က “မင်္ဂလာပါ ဒုတိယအစိကို” လို့ နှုတ်ဆက်လိုက်သည်။

ဟန်ရှန်ဒေါင်က မျက်မှောင်ကြုတ်ပြီး “ငါ့နောက်ကိုသေချာလိုက်၊ငါ့ကိုမပျောက်စေနဲ့”

သူ့လေသံက တော့တင်းမာနေသည်။

သို့သော် လင်းဖန်သည် ဒါကိုဒေါသမထွက်ပေ။

ဟန်ရှန်ဒေါင်သည် စကားပြောပြီးသောအခါ ဂျစ်ကားပေါ်သို့ ပြန်တက်လာခဲ့သည်။

ထို့နောက် ဟန်ရှန်ဒေါင်သည် အရှိန်မြှင့်စက်ကို နင်းလိုက်ရာ ကားတစ်စင်းလုံးသည်သားရဲတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေး(မောင်း)သွားလေသည်။

“မင်း ငါ့ ဟန်မိသားစုရဲ့ တံခါးကို ဝင်ချင်ရင် ငါ့အရှိန်ကို အမီလိုက်နိုင်လားဆိုတာအရင်စောင့်လိုက်ကြရအောင်!”

ဟန်ရှန်ဒေါင်က စကားပြောနေစဉ်တွင် သူသည် လင်းဖန်းမည်မျှအဝေးတွက်ကျန်ခဲ့သည်ကို သိလိုသောကြောင့်နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင်ဟန်ရှန်ဒေါင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဘာလို့ဆိုလင်းဖန်မောင်းနှင်နေသော Mercedes-Benz G(ကား) သည် သူ့နောက်တွင်ရှိနေသောကြောင့်ဖြစ်သည်။

“သူကကားမောင်းကျွမ်းကျင်ပုံရတယ်၊ ဒါပေမယ့် အခုကော...”

စကားပြောပြီးသောအခါ ဟန်ရှန်ဒေါင်သည် အရှိန်ကိုထပ်မြင့်လိုက်သည်။

“ဗွမ်း!”

ရုတ်တရက် ဂျစ်ကားရဲ့အရှိန်က တိုးသွားပြန်သည်။

ဒါပေမယ့် သူနောက်ကြည့်မှန်ကို ပြန်ကြည့်လိုက်တော့ လင်းဖန်က သူ့နောက်မှာ နီးကပ်စွာ လိုက်လာသည်ကို တွေ့လိုက်ရသည်။

ကားနှစ်ခုကြားရှိ အကွာအဝေးသည် ယခင်အတိုင်းပင်ဖြစ်ပြီး ပြောင်းလဲမှုလုံးဝမရှိပေ။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ !

ဟန်ရှန်ဒေါင်သည် ပို၍ လေးနက်သောအမူအရာဖြင့် သူသည် အရှိန်ထပ့်မင့်လိုက်သည်။

သို့သော်လည်း လင်းဖန် ၏ Mercedes-Benz G(ကား) သည် ဟန်ရှန်ဒေါင် ၏ ဂျစ်ကားနောက်ကိုအမြဲတမ်းအမီလိုက်လာခဲ့သည်။

“ဗွမ်း!”

ဟန်ရှန်ဒေါင်သည် ဆက်လက်အရှိန်မြှင့်ရင်း နောက်ကြည့်မှန်ကို မကြာခဏ ကြည့်နေသောကြောင့်လမ်းအကွေ့ကို ဖြတ်မောင်းလာသောအခါ တစ်ဖက်ခြမ်းမှ ကားတစ်စီးကလာသည်ကိုမမြင်လိုက်ပေ။သူမြင်လိုက်သောအချိန်တွင်အနည်းငယ်နောက်ကျသွားသည်။

ဟန်ရှန်ဒေါင် ၏ အမူအရာသည်အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ယာဉ်ကို ရှောင်နိုင်ရန် အတွက်စတီယာကို အမြန်ကွေ့လိုက်သောကြောင့်ကားကိုမတိုက်မိပေမဲ့လမ်းရှိပလတ်ဖောင်းရှိသစ်ပင်ကိုတိုက်မိသောကြောင့်ကားရှေ့မှမီးခိုးများထွက်လာလေသည်။

လင်းဖန်သည် အလွန်လျင်မြန်စွာမောင်းလာပြီး ဂျစ်ကားဘေးတွင် ရပ်လိုက်သည်။

“ဗွမ်း!”

ဟန်ရှန်ဒေါင်သည် ရှက်ရှက်ဖြင့် ကားပေါ်မှ ဆင်းလိုက်သည်။ လင်းဖန်က သူ့ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရတော့ သူ့မျက်နှာတစ်ခုလုံး အနည်းငယ် မဲမှောင်သွားခဲ့သည်။

မူလက လင်းဖန်းအား သူ့ညီမကို လက်ထပ်ရန်မှာလွယ်ကူမည်မဟုတ်ကြောင်း လင်းဖန်အား နားလည်စေရန်အတွက် သူ၏ ထူးချွန်သော ကားမောင်းကျွမ်းကျင်မှုကိုအသုံးချခဲ့သည်။

ရလဒ်အနေနဲ့ကတော့လင်းဖန်ကို သူ့ညီမကိုလက်ထပ်တာမလွယ်ဘူးဆိုတဲ့ဟာပါပျက်ကွက်ခဲ့ရုံသာမက ကားမတော်တဆမှုလည်း ဖြစ်ခဲ့သည်။

ဒါကရှက်စရာကောင်းလွန်းလှသည်။

လင်းဖန်က “ဒုတိယ အစ်ကို၊ မင်းကားကို ပြင်ဖို့ တစ်ယောက်ယောက်က ဆွဲခေါ်ခိုင်းလိုက်မယ်...”

“ရတယ် ငါ့ဘာငါပြောလိုက်မယ်” ဟန်ရှန်ဒေါင် က ပြောလိုက်သည်။

“ဒင်!”

ထိုအချိန်တွင် ဟန်ရှန်ဒေါင် ၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

သူသည် ပို့လာသောသတင်းကို ငုံ့ကြည့်ကာ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။

လင်းဖန် က”ကျနော့ကားနဲ့အတူ အိမ်ပြန်ရအောင်”

ဟန်ရှန်ဒေါင် သည် လင်းဖန် နှင့် အတူတူ ကားစီးရန် တွန့်ဆုတ်နေခဲ့သည်။

သူသာလိုက်စီးရင်သူကလင်းဖန်ကို တိုက်ရိုက်လက်မြှောက်အရှုံးပေးလိုက်တာ မဟုတ်ဘူးလား?

ဒါပေမယ့် အခုပို့လိုက်သောဝိုက်ချက် မက်ဆေ့ချ်ကို တွေးပြီးနောက်သူကခေါင်းညိတ်ပြလိုက်ပြီး “ကောင်းပြီ” ဟု ပြန်ပြောလိုက်သည်။

ဟန်ရှန်ဒေါင် သည် Mercedes-Benz Big G (ကား)တွင် ထိုင်လိုက်သည်။

ယင်းနှင့်ပတ်သက်၍လင်းဖန်သည် ပျော်ရွှင်သွားခဲ့သည်။

နာရီဝက်ခန့်အကြာတွင် ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု သူတို့မျက်စိရှေ့မှာပေါ်လာဆလသည်။

ခြံဝင်းတံခါးဝတွင် အစောင့်အကြပ် နှစ်ယောက်ကကြပ်ကြပ်မတ်မတ် ရပ်နေသဖြင့် သာမန်လူများ ချဉ်းကပ်လျှင်အလွန်ကြောက်လန့်သွားကြမည်ဖြစ်သည်။

ဟန်ရှန်ဒေါင် သည်လင်းဖန်ကြောက်လန့်ပုံကို မြင်ချင်သလို လင်းဖန်ကို ကြည့်လိုက်သည်။

သို့သော် သူသည် စိတ်ပျက်သွားခဲ့သည်။

လင်းဖန်၏အမူအရာသည် အမြဲတမ်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး ဘာမှမထူးခြားပေ။

သူ့အိမ်သူ ပြန်နေပုံရသည်။

တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

အရင်နေ့တွင် လင်းဖန်သည် ကျူဝမ်မင်နှင့် ကျောက်ဂျန်တို့နေထိုင်သည့် ခြံဝင်းသို့ မကြာခဏ သွားလေ့ရှိသည်။

အဲဒီမှာရှိတဲ့ ကာကွယ်ရေးကဒီမှာထက် အဆပေါင်းများစွာ ပိုတင်းကျပ်သည်။

အစောင့်များကစစ်ဆေးပြီးနောက်လင်းဖန်တို့ကိုဝင်ခွင့်ပေးလိုက်သည်။ထို့ကြောင့်လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းကာ အတွင်းသို့ မောင်းဝင်လာခဲ့သည်။

ယခုအချိန်တွင် ခြံနောက်ဘက်တွင် အော်ဒီကားနှင့် စစ်တပ်စိမ်းဂျစ်ကားများ အများအပြားရပ်ထားသည်။

အနောက်တိုင်း၀တ်စုံ၊ သားရေဖိနပ်၊ ရှပ်အင်္ကျီအဖြူနှင့် စကတ်တိုတို့ဝတ်ထားသေညအမျိုးသား အမျိုးသမီး တစ်စုသည်မတ်တပ်ရပ်ပြီး စကားစမြည် ပြောနေကြသည်။

ထိုအချိန်တွင် ဟန်တီ သည် အတွင်းမှ ထွက်လာလေသည်။

ယနေ့တွင်ဟန်တီ သည် အနီရောင် ဇာလက်ရှည် ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမ၏လှပသော မျက်နှာကို မိတ်ကပ်ပါးပါးဖြင့် လိမ်းချယ်ထားပြီးငွေရောင် ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။

ဟန်တီနှင့် လင်းဖန် ကြားတွင် လူများစွာရှိသည်။

သို့သော်လည်း သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ချက်ချက်းတွေ့လိုက်ကြသည်။

ဟန်တီပြုံးပြီး လမ်းလျှောက်လာရင်း “မင်းဒီမှာရောက်ပြီလား?”

“ဟုတ်တယ် ။” လင်းဖန်က ပြောသည်။

ထို့နောက် ဟန်တီသည် လင်းဖန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်တွင် ခြံဝင်းအတွင်း၌ ဂျစ်ကားစိမ်းတစ်စီး ရပ်တန့်သွားခဲ့သည် ။

ထို့နောက် လင်းဖန်တို့နေရာတွင် ကျယ်လောင်စွာ ဆူညံသွားခဲ့သည်။

“ဆရာကြီး ဟွမ်!”

“မင်္ဂလာပါ ဆရာကြီးဟွမ်”

“ဆရာကြီး ဟွမ် မလာတာတောင်တော်တော်ကြာနေပြီ!”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters