အရသာရှိတယ်
Vol. 19 Ch. 279
နောက်တစ်ရက်တွင်လင်းဖန်သည်မနက်စာစားပြီးနောက်ရီကေမြို့ကထွက်ကာကျောင်းသို့သွားလေသည်။
ညနေကျောင်းဆင်းပြီးနောက်လင်းဖန်က ပန်းလုံဗီလာကို ပြန်လာခဲ့သည်။
လင်းဖန်သည်ဆိုဖာပေါ်တွင်ထိုင်ကာ တစ်ခုခုကိုတွေးလိုက်ပြီးနောက်သူက”ငါလက်ဖက်ပင်တွေကို ရေမလောင်းတာကြာပြီပဲ”ဟုရေရွတ်လိုက်သည်။
စကားပြောပြီးနောက်သူသည်ထရပ်လိုက်ပြီးသူစိုက်ထားသောလက်ဖက်ရွက်ပင်နားသို့ လျှောက်သွားလိုက်သည်။
သူစိုက်ထားသောလက်ဖက်ပင်နားရောက်ပြီးနောက်လင်းဖန်သည် အံ့အားသင့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူစိုက်ထားသောလက်ဖက်ပင်များသည်လူတစ်ယောက်အရပ်လောက်ထိမြင့်နေပြီးလက်ဖက်ပင်များကလဲစိမ်းစိုနေသောကြောင့်ဖြစ်သည်။သိရန်သူဒီလက်ဖက်ပင်ကိုစိုက်ထားသည်မှာနှစ်ပတ်လောက်သာရှိသေးသည်။သာမန်လက်ဖက်ပင်တွေသာဆိုရင်ဒီလောက်အချိန်မှာဒီလိုကြီးမှာမဟုတ်ပေ။ထို့ကြောင့်သူကအံသြရခြင်းဖြစ်သည်။
အဝေးမှ လေများတိုက်ခတ်လာသောအခါ လက်ဖက်ပင်၏မွှေးရနံ့များသည်လေထဲသို့ပျံ့လွင့်လာကာ လင်းဖန်စီသို့ရောက်လေသည်။လင်းဖန်သည်လက်ဖက်ပင်၏ရနံကိုရှုသွင်းလိုက်လေသည်။
လင်းဖန်၏စိတ်ထဲတွင်’’ဒီလက်ဖက်ပင်ရဲ့အနံ့တောင်ဒီလောက်ကောင်းနေရင်၊လက်ဖက်ရည်သာလုပ်ရင်ဘယ်လောက်တောင်ကောင်းမလဲ’’ဟူ၍ပင်ဖြစ်သည်။
ဒါကိုတွေးရင်း လင်းဖန်သည် လက်ဖက်ရွက်တစ်သုတ်ကို အမြန်ခူးယူလိုက်ပြီး အိမ်ထဲသို့ဝင်ကာလက်ဖက်ရွက်များကိုရေဆေးရင်းစတင်လက်ဖက်ရည်လုပ်တော့သည်။
သူ၏လှုပ်ရှားမှုများသည် အလွန်လျင်မြန်ယုံသာမကသူလက်ဖက်ရည်လုပ်သည့်ပုံစံကအကြိမ်ပေါင်းများစွာလုပ်ဖူးသလိုမျိုးချောမွေ့နေသည်။
ဒီမှာ လက်ဖက်ရည်ဖျော်တဲ့သူတွေသာရှိရင် ပါးစပ်အဟောင်းသားဖြင့်အံသြနေမည်မှာသေချာသည်။
လင်းဖန်ဖျော်သလိုမျိုးဆယ်နှစ်ကျော် လက်ဖက်ရည်ကိုကျွမ်းကျင်စွာဖျော်တတ်တဲ့ဆရာကြီးတောင်မှ မဖျော်တတ်ပေ။
ဒါဟာ ... မယုံနိုင်စရာပင်ဖြစ်သည်။
တကယ်တော့ လင်းဖန်သည် ဤမျှကောင်းမွန်သော လက်ဖက်ရည်နည်းစနစ်ကို ပိုင်ဆိုင်ထားရန်မှာ ပုံမှန်ပင်ဖြစ်သည်။
ဘာလို့ဆိုသူ့မှာ ကျွမ်းကျင်တဲ့ လက်ဖက်ရည်ဖျော်စွမရည်ရှိတဲ့အတွက်လက်ဖက်ရည် ဖျော်တာကသူ့အတွက် ပြဿနာ မဟုတ်ပေ။
ရုတ်တရက် လတ်ဆတ်သော လက်ဖက်ရည်ရနံ့သည် ဗီလာတစ်ခွင်လုံးကိုချက်ချင်းပျံ့နှံ့သွားလေသည်။
ထို့ကြောင့် လင်းဖန်သည် လက်ဖက်ရည်ကိုသောက်ရန်မစောင့်နိုင်တော့ပေ။ထို့ကြောင့်သူသည်လက်ဖက်ရည်ကိုသူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။
မွှေးပြီး၊ချိုမြိန်သောအရသာသည်လင်းဖန်ပါးစပ်အတွင်းချက်ချင်းပေါ်လာခဲ့သည်။
လက်ဖက်ရည်သောက်ပြီးနောက် လင်းဖန်သည် သူ၏စိတ်ဝိညာဉ်တစ်ခုလုံး သန့်စင်သွားသလိုမျိုးခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုနှင့် မသက်မသာမှုအားလုံးကို ဖယ်ရှားပစ်လိုက်သလိုချက်ချင်းလန်းဆန်းသွားလေသည်။
လင်းဖန်တောင်မှ မထိန်းနိုင်ဘဲ “အရမ်းကောင်းတဲ့လက်ဖက်ရည်ပဲ”ဟုနှုတ်မှထုတ်ဖော်ချီးကျူးလိုက်သည်။
ထို့နောက် လင်းဖန်သည်လက်ဖက်ရည်ကိုဖန်ခွက်အနည်းငယ်သောက်လိုက်အထိသောက်လိုက်သည်။
ရိုးရိုးလက်ဖက်ရည်ကိုညဘက်သောက်လိုက်ရင် အိပ်ပျော်မည်မဟုတ်ပေ။
သို့သော်လည်းဒီလက်ဖက်ရည်ကတော့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး လင်းဖန်သည် ပုံမှန်ထက်ပို၍ သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့တွင် လင်းဖန်သည် မနက်စာစားပြီးနောက်တွင် မနေ့ညက ခူးထားသော လက်ဖက်ရွက်ကြီးတစ်ဗူးကို ယူကာ Mercedes-Benz Gဖြင့်သူ့မိဘတွေစီသို့မောင်းသွားခဲ့သည်။
ကိုယ့်မှာကောင်းတဲ့အရာတွေရှိရင်မိဘတွေကို သဘာဝအတိုင်း ပေးရမည်ဖြစ်သည်။
လင်းဖန်သည် တစ်နာရီခန့်ကားမောင်းပြီးနောက်သူ့အိမ်တံခါးဝသို့ ရောက်လာခဲ့သည်။
လင်းဖန်သည် ကားပေါ်မှ ဆင်းလိုက်သည်နှင့် အဝေးမှ အံ့အားသင့်နေသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“အစ်ကို၊ ဘာလို့ပြန်လာတာလဲ”
လင်းဖန်သည် မည်သူလဲဆိုတာကိုမမြင်သော်လည်း ထိုအသံကိုကြားသောအခါတွင် သူ့ညီမ လင်းရှောင်ရီဆိုတာကို သိလိုက်သည်။
“ငါတစ်ခုခုယူလာတယ်..လာရွှေ့ကူအုံး”
လင်းဖန်သည် စကားပြောနေစဉ်တွင် ကားနောက်ဖုံးရှိလက်ဖက်ထည့်ထားတဲ့ဗူးကြကိုညွှန်ပြလိုက်သည်။
လင်းရှောင်ရီ က “အစ်ကို၊ ငါက မင်းရဲ့ညီမလေးလေ၊ဒါတောင် ဒီလောက်ကြီးမားတဲ့ အရာကိုရွှေ့ဖို့ ပြောဝံ့တယ်နော်”
လင်းဖန်က “ဒါက မင်းအတွက်လေ၊ မင်းကအစကတည်းကချောပြီးသာလေ၊မင်းသာ ကိုယ့်အကိုကိုကူညီပေးရင်ဘယ်လောက်တောင်ချောလိုက်မလဲ”
လင်းဖန်သည် စကားပြီးသောအခါတွင် သူသည် လင်းရှောင်ရီ ၏ ပါးကိုညစ်ပြီးနောက် “နင်ဝိတ်တွေပိုတိုးလာတာပဲ” လို့ ပြောလိုက်သည်။
လင်းရှောင်ရီကမကျေမနပ်လေသံဖြင့် “အစ်ကို!....”
သူမအော်ပြောပေမယ့် လင်းဖန်စကားအတိုင်းလက်ဖက်ထားသောဗူးကြီးကိုကိုင်ထားဆဲဖြစ်သည်။
“အား...ဒါကအရမ်းလေးတဲ့ပုံမပေါ်ဘူး...”လင်းရှောင်ရီက “အစ်ကို၊ အဲဒါက ဘာတွေလဲ”မေးလိုက်သည်။
လင်းဖန်က ဖြေဖို့လုပ်ပေမဲ့ဒေါင်ဝေဝေ ရဲ့ ပျော်ရွှင်နေတဲ့အသံက သူ့တို့ရှေ့မှာထွက်ပေါ်လာခဲ့သည်။ “ရှောင်ဖန် နင်ပြန်လာပြီလား”
“ဟုတ်တယ်။” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
သူ့ဘေးမှာ ဗူးကြီးတစ်လုံးကိုင်ထားတဲ့ လင်းရှောင်ရီက “မေမေ၊ ငါလဲရှိပါတယ်နော်”ဟမကျေမနပ်လေသံဖြင့်ပြောလိုက်သည်။
အိပ်ခန်းထဲကလင်းတန်လဲ အသံကြားတော့ချက်ချင်းထွက်လာကာ “ရှောင်ရီ နင် ဘာလို့ ဒီလောက်ကြီးတဲ့ ဗူးကြီးကို ကိုင်ထားတာလဲ”
ထို့နောက် အပြစ်တင်သောလေသံဖြင့် “ရှောင်ဖန်၊ ရှောင်ရီကို ကူသယ်ပေးလိုက်လေ၊ မင်းက သူ့အစ်ကိုပဲလေ”ဟုပြောလိုက်သည်။
စကားပြောနေစဉ်တွင် လင်းရှောင်ရီထံမှဗူးကို ယူပေးရန်ခြေလှမ်းလှမ်းလိုက်သည်။
သို့သော်လည်းလင်းဖန် ကအရင် လင်းရှောင်ရီ ထံမှ ဗူးကို ယူလိုက်သည်။
လင်းရှောင်ရီ သည် သူမ၏ ဖြူဖွေးနူးညံ့သော မေးစေ့ကို မြှောက်တင်ကာ လင်းဖန်အား အောင်နိုင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။
ဒေါင်ဝေဝေက “ဒီလောက်ကြီးတဲ့ဗူးထဲမှာ ဘာပါလဲ”
လင်းရှောင်ရီလဲဒါကိုသိချင်သောကြောင့်သေချာနားစွင့်နေလိုက်သည်။
လင်းဖန် က “အထဲမှာ လက်ဖက်ရွက်ရှိတယ်၊ ဒါကအရမ်းအရသာရှိတယ်” လို့ ပြန်ဖြေလိုက်သည်။
လင်းရှောင်ရီသည် ထိုစကားကိုကြားသောအခါ စိတ်ပျက်လက်ပျက်ဟန်ဖြင့် “လက်ဖက်ရွက်က ဘာကောင်းလို့လဲ” ဟု ပြောလိုက်သည်။
လင်းတန် ၏ မျက်လုံးများ အနည်းငယ် တောက်ပလာပြီး “တကယ်လား ဒါဆို ငါ မြည်းစမ်းကြည့်ရမယ်!”
စကားပြောနေရင်းက ဗူးကို တိုက်ရိုက်ဖွင့်လိုက်သည်။
ထို့နောက် သင့်လျော်သောလက်ဖက်ရွက်ပမာဏကိုယူ၍ ရေနွေးအိုးထဲသို့ထည့်လိုက်လေသည်။
ရုတ်တရက် မွှေးပျံသောလက်ဖက်ရည်ရနံ့က အခန်းထဲမှာချက်ချင်း ပြည့်သွားတော့သည်။
လက်ဖက်ရည်တစ်ခါမှမသောက်တတ်သောလင်းရှောင်ရီတောင်မှ တိတ်တိတ်လေးတံတွေးတစ်လုတ်ကိုမျိုချလိုက်သည်။
လင်းတန်သည်ဖန်ခွက်ထဲသို့လောင်းထည့်ပြီးနောက်ပါးစပ်ထဲသို့လောင်းထည့်လိုက်သည်။
လက်ဖက်ရည်သည် လင်းတန်လည်ချောင်းထဲကို ဝင်လာပြီးနောက်မကြုံစဖူး စိတ်အပန်းပြေတဲ့ ခံစားမှုတစ်ခု စိတ်ထဲမှာ ပေါ်လာလေသည်။
လင်းဖန်က သူ့အမေအတွက် လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ပေးလိုက်ပြီး “မေမေ မင်း ဒီလက်ဖက်ရည်ကို မြည်းစမ်းကြည့်၊အရမ်းကောင်းတယ်” လို့ပြောလိုက်သည်။
ဒေါင်ဝေဝေသည် လက်ဖက်ရည်၏ရနံ့ကြောင့်အစကတည်းကသောက်ချင်နေပြီဖြစ်သည်။ထို့ကြောင့်လင်းဖန်ပြောသောအခါမငြင်းတော့ဘဲလက်ဖက်ရည်ခွက်ကို ယူကာသောက်လိုက်ပြီးနောက် ဖုံးကွယ်၍မရသော ပျော်ရွှင်မှုတစ်ခုသည်သူမ၏မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာခဲ့သည်။
သူ့ဘေးနားက လင်းရှောင်ရီ က သူ့အဖေရော အမေတို့၏အမူပရာကိုတွေ့တော့ခွက်တစ်ခုကို အမြန်ရှာယူလိုက်ပြီး “အစ်ကို ငါ့ကိုလဲတစ်ခွက်ပေးပါ ငါလည်း သောက်ချင်တယ်” လို့ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “မင်း လက်ဖက်ရည်မသောက်တတ်ဘူးမလား”
လင်းရှောင်ရီက”အစ်ကို၊ ငါကအစကတည်းကသောက်တတ်တာလေ၊အစိကိုမှမသိတာ”
လင်းဖန်က ပြုံးလိုက်ပြီး သူမကို လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးကာ “ပူတယ်သတိထားအုံး” ဟု ပြောလိုက်သည်။
လင်းရှောင်ရီသည် ထိုအရာကို လျစ်လျူရှုပြီး လက်ဖက်ရည်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ခဏကြာတော့ သူမက စိတ်လှုပ်ရှားစွာနဲ့ “အရမ်းအရသာရှိတယ်!”ဟုပြောလိုက်သည်။
ထို့နောက် သူမသည် ခွက်ကို ဆန့်ထုတ်ကာ “အစ်ကို၊ ငါထပ်လိုချင်သေးတယ်” ဟု ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး