← Chapters

ကျင်းဝမ်၏ ဖိတ်ခေါ်မှု

Vol. 007 Ch. 667

ကျင်းဝမ်၏ ဖိတ်ခေါ်မှု

Vol. 007 Ch. 667

ကုန်ရှန်ယိသည် စစ်ဆေးရလာသော ပစ္စည်းကို ရှီမန်ဖန်လက်ထဲထည့်ကာ ပြောလိုက်သည် “ကျွန်မတို့ ကို တိုက်တဲ့လူတွေက သစ်ခွရနံ့ဂိုဏ်းနဲ့ နီရဲတိမ်တိုက်ဂိုဏ်းကပဲ”

“အဲ၂ဂိုဏ်းက ဘယ်လိုဖြစ်ပြီး ပေါင်းနေတာလဲ” ရှီမန်ဖန်သည် သူမလက်ထဲမှ ပစ္စည်းကို မြင်သောအခါ နားမလည်ဖြစ်မိသည်။

“ထူးဆန်းတယ်မလား” ကုန်ရှန်ယိ ပြောလိုက်သည် “နီရဲတိမ်တိက်က ကျွန်မတို့ ကုန်တောင်ကြားနဲ့ ဆက်ဆံရေးကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုနောက်ကျော ဓားနဲ့ထိုးအောင် ဘယ်သူဂွင်ဆင်တာလဲ”

“ဟုတ်တယ် ကုန်တောင်ကြား သတ္တုကြောတွေ့တယ်ဆိုတဲ့ သတင်းပေါက်ပြီးတော့ အဲလောက် ပြဿနာတွေများလာမယ်လို့ ထင်မထားမိဘူး” ရှီမန်ဖန် ပြောလိုက်သည် “သတ္တုကြောအကြောင်းကို ဘယ်သူ သတင်းဖြန့်တာလဲဆိုတာ ရှာတွေ့လား”

“တွေ့တယ် အဖေတို့တော့ သူ့ကိုရှင်းပြီးပြီ” ကုန်ရှန်ယိ ပြောလိုက်သည် “ကျွန်မတို့ သတ္တုတွင်းရှာတွေ့ တယ်ဆိုတဲ့အချက်ကို သူများတွေက အားကျကြတာ”

“အဲဒါအပြင်တခြားဟာရောရှာတွေ့လား” ရှီမန်ဖန် မေးလိုက်သည်။

“အင်း” ကုန်ရှန်ယိ ပြောလိုက်သည် “သစ်ခွရနံ့ဂိုဏ်းက ခေါင်းဆောင် ဒီနေ့သူတို့ဂိုဏ်း ကနေထွက်သွားတယ်တဲ့၊ ”

“ငါတို့ကိုဝိုင်းတဲ့အထဲမှာ သူပါလား”

“သစ်ခွရနံ့အသင်းကို ခေါင်းဆောင်တာ သူပဲလေ”

“ငါတို့ဘယ်အချိန်သွားကြမလဲ”

“အခုပဲ”

“အဲလောက်မြန်မြန်ကြီးလား”

“ကျွန်မတို့ချုံခိုတိုက်ဖို့ စီစဉ်ရဦးမယ် ပြီးတော့လန်ဖန်ရဲ့ မျိုးနွယ်ဝင်တွေလည်းထွက်လာကြတော့မှာ”

“ကောင်းပြီ ခဏစောင့်ပေး”

ရှီမန်ဖန်သည် ငှက်လေးအားသွားရှာလိုသည်။ ရှီမာယူယူ အပြင်သွားလျှင် ငှက်လေးကိုပါခေါ်သွားရန် ပြောလိုသည်။ သို့သော် သူခြေလှမ်းနှစ်လှမ်းသာလှမ်းရသေးသည် ငှက်လေးသည် လူတစ်စုနှင့်လျှောက်လာ သည်ကို တွေ့လိုက်ရသည်။

“မင်းအပြင်သွားမယ်လို့ ယူယူပြောတယ် အဲဒါကြောင့် ငါတို့လိုက်ခဲ့ကြမလို့” ငှက်လေးပြောလိုက်သည်။

ရှီမန်ဖန်သည် ငှက်လေးဘေးမှလူများကို မြင်လိုက်သောအခါ အံ့သြသွားသည်။ သူတို့က ဝိဉာဉ်စေတီ ထဲကလာကြတာမလား။ အပြင်မှာဘာလုပ်နေကြတာလဲ။ ဝိဉာဉ်စေတီရှိတာကို ကျင်းဝမ်သိသွားပြီလား။

“ကျင်းဝမ် အိမ်မှာပဲခဏနေသွားတာ၊ ယူယူသူ့ကိုမောင်းထုတ်လိုက်တာလေ” ငှက်လေး ရှင်းပြသည်။

“ကောင်းတယ်၊ မင်းတို့ ငါတို့နဲ့လိုက်ခဲ့”

ကုန်ရှန်ယိသည် ယာယီတည်ဆောက်မှုကိုထုတ်ပြီး မြေပေါ်တွင် အသက်သွင်းလိုက်သည်။ ထို့နောက် သူမသည် အဖွဲ့ကိုဦးဆောင်ကာ ကောင်းကင်မြို့တော်မှထွက်ခွာလေသည်။

ရှီမာူယူသည် အပြင်မှအဖြစ်အပျက်များကို မသိသော်လည်း ရှီမန်ဖန်တို့ ထွက်သွားပြီကို ခန့်မှန်းမိသည်။ သူမသည် အိပ်ရာပေါ်တွင်လှဲကာ ကျင်းဝမ်ပြောသွားသော စကားများကို စဉ်းစားနေလိုက်သည်။

သူ ပြောခဲ့သည် “ယူယူ မြန်မြန်ပြန်ကောင်းတော့၊ အဲဒါမှ ငါတို့ ဘင်းကျုံးမြို့တော်မှာလုပ်မယ့် အဂ္ဂိရတ် ပညာရှင် တွေ့ဆုံပွဲကို ဝင်ပါလို့ရမှာ”

သူမသည် အဂ္ဂိရတ်ပညာရှင်များ စုဝေးသည်ကို စိတ်မဝင်စားသော်လည်း သူနောက်ဆက်ပြောလိုက် သည့် စကားကိုစိတ်ဝင်စားသည်။

“ဒီအတိုင်း အဂ္ဂိရတ်ပညာရှင်တွေစုဝေးတာပဲဟာကို ဘာတွေစိတ်လှုပ်ရှားနေတာလဲ”

“စိတ်လှုပ်ရှားတာပေါ့၊ ဘင်းကျုံးမြို့တော်မှာ လုပ်တဲ့ အဂ္ဂိရတ်ပညာရှင်တွေ့ဆုံပွဲမှာ ပြိုင်ပွဲလည်းပါတယ် လေ၊ အဂ္ဂိရတ်ပညာကျွမ်းကျင်သူ အများကြီးပါမယ်လို့လည်း ကြားတယ်”

“ငါမှ အဲလူတွေကိုမသိတာ စိတ်မဝင်စားပါဘူး” ရှီမာယူယူသည် သမ်းဝေကာ ပြောလေသည်။

“အတွင်းပိုင်းဒေသက အဂ္ဂိရတ်ပညာရှင်အများကြီးလာမယ်လို့ ကြားတယ်” ကျင်းဝမ် ပြောလိုက်သည်။

“သူတို့က အတွင်းပိုင်းဒေသကလာမှာမို့လို့ မင်းကစိတ်ဝင်စားတာလား၊ သူတို့ကလည်း ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူတွေပဲမဟုတ်ဘူးလား”

“မင်းနားမလည်သေးဘူးပဲ” ကျင်းဝမ်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလေသည် “အတွင်းပိုင်းဒေသ က ဆေးနည်းပညာတွေက ငါတို့နဲ့မတူဘူး၊ သူတို့နဲ့ပြိုင်မယ်ဆိုရင် သူတို့ ဆေးဖော်တာကိုကြည့်လို့ရတယ်လေ”

“သြော်” သူဘာကြောင့် အဲလောက်စိတ်ဝင်စားနေသည်ကို ရှီမာယူယူ သိချင်သေးသည်။ သို့သော် သူ သည် ဆေးနည်းကိုစိတ်ဝင်စားသည်ဟု မထင်မိပေ။ ထိုဆေးနည်းများကို သင်ကြားပေးမည့်သူမရှိပဲ ကြည့်ရုံနှင့် လုပ်နိုင်မည်မဟုတ်သည်မှာတော့ နှမြောစရာကောင်းသည်။

“သြော်…လို့ပြောလိုက်တာလား” ကျင်းဝမ်သည် ရှီမာယူယူ၏ တုန့်ပြန်မှုကို မကျေနပ်ပေ။

“အရင်တုန်းဆိုရင်သာ ငါ လှုပ်လှုပ်ရွရွဖြစ်နေမှာ၊ ဒါပေမဲ့ အခုချိန်မှာ ငါပိုပြီးသန်မာလာဖို့ပဲ အရေးကြီး တယ်”

“မင်း အင်အားကြီးလာဖို့အချိန်ယူလို့ရပါတယ်၊ ဒါပေမဲ့ အဂ္ဂိရတ်ပညာရှင်တွေ့ဆုံပွဲက နေ့တိုင်းလုပ်နေ တာမဟုတ်ဘူးလေ အထူးသဖြင့် ဒီလိုအကြီးကြီးမျိုးကို”

“အင်း ငါကငယ်သေးတာပဲ နောက်တစ်ခေါက်မှကြည့်လို့ရတာပဲ” ရှီမာယူယူ ပြေလာိုက်သည် “ဘာပဲ ဖြစ်ဖြစ် ငါက ဂိုဏ်းရဲ့ကျောင်းသားပဲ သွားချင်တိုင်းသွားလို့မရဘူး”

“ကောင်းကင်ဂိုစ်းလည်း ပါမှာပဲ” ကျင်းဝမ် ပြောလိုက်သည်။

ထိုအခါမှပင် ရှီမာယူယူ စိတ်ဝင်စားလာသည်။ သူမသည် မျက်လုံးများပင့်ကာ သူ့အား ကြည့်ပြီး ပြော လိုက်သည် “မင်းကသိလှချည်လား”

“ဒါပေါ့” ကျင်းဝမ်သည် ဂိုဏ်ယူစွာပြောပြီး “ကောင်းကင်ဂိုဏ်းပါမယ်ဆိုတာတင်သိတာမဟုတ်ဘူး၊ ဝင်ပြိုင်တိုင်း မရှုံးတဲ့လူကိုလည်းသိတယ်၊ အဲလူက ဒီတစ်ခေါက်တွေ့ဆုံပွဲကို အရမ်းစိတ်ဝင်စားနေတော့ သူတို့ လည်းပါမယ်ထင်တယ်”

ရှီမာယူယူသည် စိတ်ထဲမှတွေးနေမိသည်။ ယွမ်ရှောင်ဂျီကလည်း သူမကို အဲဒါပဲလုပ်ခိုင်းမယ်ထင်တယ်။ သူမကို ဝင်ပြိုင်ခိုင်းပြီး ဂုဏ်ပုဒ်ယူချင်တာလား။

သူမ စဉ်းစားကြည့်လေလေ ဖြစ်နိုင်ချေရှိသည်ကို တွေးမိသည်။ သို့သော် မသေချာသောကြောင့် အမူအရာကို ထိန်းလိုက်သည်။

“ဒါဆို တွေ့ဆုံပွဲကဘယ်တော့လဲ”

“၁နှစ်လိုသေးတယ်” ကျင်းဝမ် ပြောလိုက်သည် “အဲဒါကြောင့် မင်းဝင်ပြိုင်ချင်တယ်ဆိုရင် ၁နှစ်အတွင်း ပြန်ကောင်းမှရမယ်၊ စိတ်အခြေအနေက အဂ္ဂိရတ်ပညာရှင်တွေအတွက် အရေးကြီးဆုံးပဲ၊ ဒါပေမဲ့ စိတ်စွမ်းအင် ကလည်း ပြန်ကောင်းဖို့ အခက်ဆုံးပဲ၊ မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာဆိုတော့ အချိန်လည်းကြာဦး မယ်၊ မင်း ၁နှစ်အတွင်းကို အပြည့်အဝပြန်ကောင်းမှဖြစ်မယ်”

“အဲဒါက အလောကြီးလို့ရတဲ့ကိစ္စမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါလည်းဟုတ်တာပဲ မင်းကငယ်သေးတာပဲ နောက်ပွဲတစ်ခုကိုပြိုင်ချင်ရင်လည်း ပြိုင်လို့ရပါတယ်” ကျင်းဝမ်သည် သူမအား ပြေရာပြေကြောင်းပြောလေသည်။

“အသက်အကန့်အသက်လည်းရှိသေးတာလား”

“ဒါပေါ့ ဒါကစည်းမျဉ်းတစ်ခုပဲ၊ ပြိုင်ပွဲဝင်မယ့်သူတွေကို အသက်ကန့်သတ်ထားတယ်၊ ပြိုင်မယ့်သူတွေက အသက် ၂၀၀ အောက်ဖြစ်ရမယ်” ကျင်းဝမ်ပြောလိုက်သည် “ငါ့အသက်က အခုဆိုပြိုင်လို့ရသေးတယ်၊ နောက် တစ်ခေါက်ကိုစောင့်မယ်ဆိုရင် အသက်ကြီးသွားပြီ”

ရှီမာယူယူသည် သူ့အား ခေတ္တမျှ အကဲခတ်ပြီနောက် ညင်သာစွာ ပြောလိုက်သည် “အဲတော့ မင်းက ရေကြက်အိုကြီးပေါ့”

ရေကြက်…အိုကြီး ဟုတ်လား။ သူက အဲလောက်အသက်ကြီးတဲ့ပုံပေါက်နေပြီလား။

ရှီမာယူယူသည် အိပ်ရာပေါ်လှဲကာ ယွမ်ရှောင်ဂျီပြောခဲ့သည့် အကြောင်းနှင့် တူမလားဆိုသည်ကို တွေး နေသည်။ သို့သော် မည်မျှပင်စဉ်းစားကာမူ အဖြေမရသဖြင့် ထပ်မတွေးတော့ပေ။

ထိုအချိန်တွင် ရှောင်ချီဝင်လာပြီး သူမနှင့်အတူ ဆော့ပေးလေသည်။

“ရှောင်ချီ မင်းဘာလို့ ကျောင်းအုပ်ကြီးယွမ်ကို သေအောင်ကြောက်တဲ့ပုံဖြစ်နေတာလဲ”

ရှောင်ချီသည် ယွမ်ရှောင်ဂျီအကြောင်းကြားသည်နှင့် နှုတ်ခန်းတွန့်ကာ ပြောလိုက်သည် “ရှောင်ချီမှ သူ့ကို မနိုင်တာ၊ သူက အမြဲတမ်းရှောင်ချီ့ကို အမှောင်ခန်းထဲမှာပိတ်ထားတယ်၊ အမှောင်ခန်းကို ရှောင်ချီမုန်း တယ်၊ သူက ရှောင်ချီ့ကို ဂိုဏ်းနယ်မြေကလည်းထွက်ခွင့်မပေးဘူး”

အခုချိန်တွင် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသည် အမှောင်ခန်းတွင်ရှိနေသေးသည်။ သို့သော် သူမကို ထူးဆန်းသည်ဟု ရှီမာယူယူတွေးမည်စိုးသောကြောင့် ရှီမာယူယူကို မပြောချင်ပေ။

အမှောင်ခန်းထဲမှာ ပိတ်ထားတယ်ဟုတ်လား။ ကျောင်းအုပ်ကြီးက ဖိနှိပ်တတ်တဲ့သူလား။

အဲလိုမဖြစ်နိုင်လောက်ပါဘူး။ ဆရာနဲ့ ဦးလေးတို့က သူ့ရဲ့ဒီဝါသနာကိုတစ်ခါမှမပြောဖူးကြဘူး။ ရှောင်ချီ ကို ကာကွယ်ဖို့အတွက်ပဲဖြစ်မှာပါ။ အပြင်မှာဆိုရင် ရှောင်ချီ့အတွက် အရမ်းအန္တရာယ်များလို့လေ။

ရှောင်ချီ၏ သရုပ်မှန်ကို သူမ မသိသော်လည်း အပြင်တွင်အန္တရာယ်အလွန်များသောကြောင့် သူမကို ဂိုဏ်းနယ်မြေမှ ထွက်ခွင့်မပြုဟု သူမ ခန့်မှန်းမိသည်။

သို့သော် သူမနှင့်ကျ ဘာလို့ရှောင်ချီကို အပြင်မှနေခွင့်ပြုတာလဲ။

***

All Chapters