လက်ဆောင်အတု
Vol. 19 Ch. 284
လူတိုင်းဆီက နှုတ်ခွန်းဆက်သံကိုကြားတော့ ဟွမ်တန် က အနည်းငယ် ခေါင်းညိတ်ပြပြီး နောက်အလွန်မာနကြီးသောအသွင်ဖြင့် ရှေ့ကို လျှောက်သွားလိုက်သည်။
လူတိုင်းက ဒါကိုစိတ်မဆိုးကြရုံသာမက ဆန့်ကျင်ဘက်မှာတော့ ဟွမ်တန်ရဲ့လက်အောက်ငယ်သားလိုတယောက်ပြီးတယောက် လိုက်လာကြသည်။
နောက်အခိုက်အတန့်တွင်ဟွမ်တန်၏ခြေရာများသည် ရုတ်တရက်ရပ်တန့်သွားပြီး လင်းယုန်ကဲ့သို့ မျက်လုံးတစ်စုံသည် အနည်းငယ်ကျဉ်းမြောင်းသွားကာ လက်ကိုင်ထားသောဟန်တီနှင့်လင်းဖန် တို့ကို စိုက်ကြည့်လိုက်သည်။
ဒီအခိုက်အတန့်မှာ အဝေးက ရုတ်တရက် အသံတစ်ခုထွက်လာခဲ့သည်။
“အဘိုးကြီးမွေးနေ့ပွဲကို လာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် တရုတ်ရိုးရာဝတ်စုံကို၀တ်ထားသော ဆံပင်ဖြူ အဘိုးကြီးသည် ခြံထဲသို့ ဝင်လာလေသည်။
လူတိုင်းက သူ့ကိုမြင်တော့ လက်သီးဆုပ်ပြီး “မင်္ဂလာပါ မစ္စတာဟန်!”လို့နှုတ်ဆက်လိုက်ကြသည်။
ထင်ရှားသည်မှာ ဤအဘိုးအိုသည် ယနေ့မွေးနေ့ကြယ်ပွင့်ဖြစ်ပြီး ဟန်တီ၏အဖိုး ဟန်နန်ရှန်ဖြစ်သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက လက်ဆောင်သေတ္တာကို ကိုင်ဆောင်ကာ “မစ္စတာဟွမ်အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်!”
ဟန်နန်ရှန်က လက်ဆောင်ကိုယူကာ ပြုံးပြီး “ကောင်းပြီ!”ဟုပြောလိုက်သည်။
ပထမတစ်ယောက်ပြီးတာနဲ့ နောက်ကလူတွေကလည်း လက်ဆောင်တွေ ယူပြီး ကောင်းချီးပေးလိုက်ကြသည်။
“မစ္စတာ ဟန်ကို နှစ်တိုင်းလက်ဆောင်ပစ္စည်းရပါစေ”
“မစ္စတာ ဟူး အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
“မစ္စတာ ဟူး သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပါတယ်!”
...
နောက်ဆုံးတွင် ဟွမ်တန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ “မစ္စတာ ဟန် အရာအားလုံး အဆင်ပြေပြီးထာဝရအင်ရှည်ပါစေလို့ ဆုတောင်းပါတယ်!”
စကားဝိုင်းအဆုံးတွင် သူသည် ၁ မီတာခန့် ရှည်လျားပြီး အလွန်လှပစွာ ထုပ်ပိုးထားသော သေတ္တာကို ကိုင်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ဟွမ်တန်က”မစ္စတာ ဟန်က လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲရတာကို နှစ်သက်တယ်လို့ကျွန်တော်ကြားတယ်။ဒါကြောင့်သိပ်မကြာခင်ကပဲ တန်ဘိုဟူရဲ့ မူရင်း “နွေဦးနှင့် ဆောင်းဦးနှင်းခဲပုံ” ကို မတော်တဆ ရခဲ့လို့ မစ္စတာ ဟန်အတွက်အထူးယူလာခဲ့တာပါ။’’
တန်ဘိုဟူ။
“နွေဦးသစ်ပင်နှင့် ဆောင်းဦးနှင်းခဲပုံ”။
လက်ရေးလှရေးတာနှင့် ပန်းချီကို မလေ့လာဖူးသူများပင် ဤလက်ရေးလှနှင့် ပန်းချီကားသည် မည်မျှ အဖိုးတန်သည်ကို သဘောပေါက်ကြသည်။
ထို့ကြောင့် ခြံတွင်းရှိလူတိုင်းသည် ချမ်းသာသည်ဖြစ်စေ ရာထူးကြီးသည်ဖြစ်စေဤအချိန်တွင် အားလုံးလေးစားမှု အပြည့်ရှိနေကြသည်။
“ဒါကဒီပန်းချီကားပေါ့”
“ ဟွမ်တန်က မျှော်လင့်ထားသလိုပဲ!”
“ကောင်းလိုက်တာ!”
...
ဟွမ်တန် ပြောသည့်အတိုင်း ဟန်နန်ရှန် သည် လက်ရေးလှရေးတာနှင့် ပန်းချီဆွဲကို အလွန်နှစ်သက်သည်။
တန်ဘိုဝူ ၏ “နွေဦးပေါက်သစ်ပင်များနှင့် ဆောင်းဦးနှင်းခဲပုံ” ဖြစ်သည်ကို သူကြားသိပြီးနောက် သူ၏ မျက်လုံးများသည်အနည်းငယ် လင်းထိန်သွားခဲ့သည် ။
ထို့နောက် သူက သဘောကျစွာ ရယ်မောကာ “ကောင်းပြီ၊ ဟားဟား။ ငါ ဒီပန်းချီကားကို သဘောကျနေတာ ကြာပြီ။ ဒါကြောင့်ငါကဒါကိုတန်ဖိုးထားပါ့မယ်”
စကားပြောနေစဉ်တွင် သူသည် ထုပ်ပိုးထားသောသေတ္တာကိုဖွင့်ကာ အတွင်းမှ လက်ရေးလှနှင့် ပန်းချီကားကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
တက်ရောက်သူအားလုံးသည် ခေါင်းကို မော့ကာ လက်ရေးလှရေစထားသော ပန်းချီကားကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။သူတို့၏မျက်လုံးများထဲတွင် အလွန်စပ်စုလိုသောစိတ် နှင့် လေးစားမှုအပြည့်ရှိသည်။
တစ်စုံတစ်ယောက်သည် ချက်ချင်းပင် “စိမ်းလန်းစိုပြေနေသောတောင်ကုန်းကနေစမ်းရေများ စီးကျနေသည်... ဒါအမှန်ပင်၊ ဒါကတန်ဘိုဟူရဲ့တကယ့်လက်ရာပဲ၊ဒီပန်းချီကားကအလွန်းရိုးရှင်းလှတယ်ဆိုပေမဲ့အရမ်စလဲလှတယ်”
“တကယ်ကောင်းတယ်!”
“ဒီလို လှပတဲ့ ပန်းချီကားတစ်ချပ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဘဲ!”
သူ့လက်ထဲက လက်ရေးလှနှင့် ပန်းချီကားကို ကြည့်ရင်း ဟူနန်ရှန်သည် အလွန်ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
သို့သော် လင်းဖန်သည်ဒါကိုမထီမဲ့မြင်ပြုသော အမူအရာဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် သူ၏ ပန်လုံအိမ်ကြီးတွင် အမှန်တကယ် နွေဦးသစ်ပင်နှင့် ဆောင်းဦးနှင်းခဲရုပ်ပုံလွှာရှိသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသောကြောင့်ပင်ဖြစ်သည်။
ဟန်တီရဲ့အဖိုးက လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲရတာကို နှစ်သက်တယ်ဆိုတာ သူသိရင်၊ သူက ဒါကို ယူလာလိမ့်မည်ဖြစ်သည်။
လင်းဖန် ၏ “နွေဦးပေါက်သစ်ပင်နှင့် ဆောင်းဦးရာသီနှင်းခဲပုံ” ကို စာအိတ်အနီမှ ရယူခဲ့ပြီး လိမ်လည်လှည့်ဖြားနိုင်ခြေ လုံးဝမရှိပါ။
ဒီတော့ ငါ့ရှေ့မှာ “နွေဦးပေါက်သစ်ပင်နဲ့ ဆောင်းဦးနှင်းခဲပုံ” က အတုဆိုတာထင်ရှားသည်။
လင်းဖန်၏ လှုပ်ရှားမှုများနှင့် အမူအရာ အပြောင်းအလဲများကို ဟွမ်တန် ကမြင်လိုက်သည်။
အထင်အမြင်သေးတာလား?
ငါပေးခဲ့တဲ့ ပန်းချီကားကို မထီမဲ့မြင်ပြုတာလား။ !
ဟွမ်တန်သည် လင်းဖန်အပေါ် ရန်လိုမှု အပြည့်ရှိတယ်ဆိုပေမဲ့စိတ်ပိုထိန်းထားသေးသည်။ ဤအချိန်မှာတော့သူသည်စိတ်မထိန်းနိုင်တော့ပေ။
“မင်း ခေါင်းခါပြတာကဘာကိုဆိုလိုတာလဲ” ဟွမ်တန်က အေးစက်စွာပြောလိုက်သည်။
ရုတ်တရက် အားလုံးက လင်းဖန်ကို စူးစိုက်ကြည့်လိုက်ကြသည်။
လင်ဖန်းနှင့် ဝန်တီတို့ လက်ကိုင်ထားသည်ကို မြင်သောအခါ တစ်စုံတစ်ခုကို ချက်ခြင်း သူတို့သဘောပေါက်သွားသည်။
လင်းဖန်သည် တည်ငြိမ်သောအမူအရာဖြင့် “လက်ဆောင်ပေးတာအတုဆိုရင် ခေါင်းခါတာက သာမာန်ပဲမဟုတ်ဘူးလား?”
ဒီနေရာရှလူများအားလုံးသည်ချက်ချင်းစတင်ဆွေးနွေးတော့သည်။
“အတုလား?”
“နွေဦးသစ်ပင်များနှင့် ဆောင်းဦးပေါက်ရာသီနှင်းပုံများ” အကြောင်း သူပြောနေတာလား။’’
...
ဟွမ်တန်၏အမူအရာပြောင်းသွားကာ”ဒါ... မင်း မဟုတ်တဲ့စကားတွေမပြောနဲ့”
“ငါ့ရဲ့ အကြီးမားဆုံးအားသာချက်က အမှန်အတိုင်းပြောတာပဲ” လင်းဖန်က ပြောလိုက်သည်။
ထို့နောက် သူသည် “နွေဦးသစ်ပင်များနှင့် ဆောင်းဦးနှင်းခဲများ” ကို အနီးကပ်ကြည့်ရှုလိုက်သည်။
ရုတ်တရက် ဤ “နွေဦးသစ်ပင်နှင့် ဆောင်းဦးနှင်းခဲပုံ” ကို ကူးယူပုံ၊ အမှတ်အသားပြုပုံ စသည်ဖြင့် လွန်ခဲ့သော ငါးနှစ်ကပန်းချီကိုပြုလုပ်ထားသောမြင်ကွင်းများသည်သူ့အမြင်အာရုံတွင်အလွန်ရှင်းလင်းစွာ ပေါ်လာခဲ့သည်။
လင်းဖန် က “ဒီပန်းချီကားရဲ့ ဘယ်ဘက်အောက်ထောင့်အစွန်းကို သေချာကြည့်ပါ။ဒီမှာ a စာလုံးသေးသေးလေးတွေရှိတယ်၊မယုံရင်ကြည့်လိုက်”
ဟူနန်ရှန် အပါအဝင် လူတိုင်းသည် လင်းဖန်ပြောသောဘယ်ဘက်ထောင့်သို့ လှမ်းကြည့်လိုက်သည်။
မကြာခင်မှာပဲ တစ်စုံတစ်ယောက်က “တကယ်ရှိတယ်၊ စာရွက်ထဲမှာတစ်ကယ် ရှိတယ်!”
“ဟုတ်တယ် ငါလည်းမြင်တယ်!”
သိရန်တန်ဘိုဟူသည် တန်မင်းဆက်တွင် ထူးချွန်သော ပန်းချီ၊လက်ရေးလှပညာရှင်ဖြစ်ပြီး ထိုအချိန်တွင် အင်္ဂလိပ်အက္ခရာ လုံးဝမရှိပေ။
ဒီပန်းချီကားကအစစ်လား၊အတုလားဆိုတာကိုချက်ချင်းရှင်းသွားတော့သည်။
ဒါကိုတွေ့တော့ဟွမ်တန်၏ မျက်နှာသည် ချက်ချင်းပင် ရုပ်ဆိုးသွားတေည့သည်။
သူသည်အရင်ကဒီပန်းချီကားဟာ တကယ့်ပန်းချီကားတစ်ချပ်လို့ သူထင်ခဲ့သည်။
မဟုတ်ရင် သူက ဟန်နန်ရှန် ကို မွေးနေ့လက်ဆောင်အဖြစ် ပေးမှာမဟုတ်ပေ။
ဟွမ်တန်သည် အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် သူက “ဆရာဟန်၊ ကျွန်တော် ဒီဟာကိုအရင်ကမတွေ့မိလို့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အတုယူလာခဲ့မိတဲ့အတွက်နောက်ထပ်မွေးနေ့လက်ဆောင် ပေးပါ့မယ်”
ဟန်နန်ရှန်က သူ့လက်ကို ဝှေ့ယမ်းပြီး “တောင်းပန်စရာမလိုပါဘူး၊ ဒါကမင်း လှည့်စားခံရတာပဲလေ၊ မင်းတော့ဒီလက်ရေးလှနဲ့ ပန်းချီကားကိုလည်း ငါကြိုက်တယ်။ တန်ဘိုဟူရဲ့ လက်ရာအစစ်ပဲ ဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ်ကိစ္စမရှိဘူး”
ထို့နောက် သူသည် လက်ဆောင်သေတ္တာထဲသို့ ရုပ်ပုံလွှာကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။
အမှန်တော့ ဒီပန်းချီကားအပေါ် သူ့ရဲ့သဘောထားက အရင်ကလို စိတ်အားထက်သန်မှု မရှိဘူးဆိုတာ သိသာထင်ရှားသည်။
ဟွမ်တန်၏နောက်တွင်ရပ်နေသောခပ်ပိန်ပိန်ပိန်ပိန် အမျိုးသားက လှည့်၍ “မင်းက ငါ့ဝမ်းကွဲ ဟန်တီ ရဲ့ သူငယ်ချင်းလား။ ဒီနေ့ အဘိုးဆီ ဘာလက်ဆောင် ယူလာလဲ။”
လင်းဖန်သည်ဘာစကားမှမပြောဘဲ Mercedes Benz Big G(ကား)ကိုဖွင့်ကာ ကားနောက်ခန်းထဲကနေလက်ဖက်ခြောက်သေတ္တာကြီးကို ထုတ်ယူလိုက်သည်။
“မစ္စတာ ဟဟန်ကံကောင်း၊ကျန်းမာပြီး အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်!”
ဒါကိုကြည့်ပြီးပိန်ပိန်ပိန်ပါးပါး အမျိုးသားက ရယ်မောရင်း သူက”လက်ဖက်ခြောက်လား။ ပြီးတေည့သေတ္တာကြီးနဲ့ ထုပ်ပိုးမှုလဲမရှိဘူး၊ အဲဒါကလမ်းဘေးဆိုင်က ဝယ်လာတဲ့ လက်ဖက်ခြောက်မဟုတ်ဘူးမလား”
“ဝမ်းကွဲ ဟန်တီ မင်းရဲ့သူငယ်ချင်း... တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ ဟား.. ဟား!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး