အမှိုက်လက်ဖက်ခြောက်
Vol. 19 Ch. 285
ဒါကိုကြည့်ပြီးမွေးနေ့ပွဲနေရာတွင် လူတော်တော်များများက အသံတိုးတိုးလေးနဲ့စကားပြောနေကြသည်။
သို့ပေမယ့် ဟန်နန်ရှန်ဟာ ငွေကို လောဘကြီးသူတော့ မဟုတ်ပေ။
သို့သော် ဤအချိန်တွင် သူသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့မြေး ဟန်တီ ရဲ့ လုပ်ရပ်ကို ကြည့်ပြီးလင်းဖန်ဟာ သူမရဲ့ ချစ်သူ ဖြစ်သင့်သည်။
ဟန်တီ ရဲ့ ချစ်သူကသူ့ယောက္ခမကို လမ်းဘေးဆိုင်က လက်ဖက်ခြောက်သေတ္တာကို လက်ဆောင်ပေးဖို့သယ်လာခဲ့တာလား။
ဒါက သူ့ကိုယ်အလေးအနက်မထားတာမဟုတ်ဘူးလား။
“ဟစ်!”
ထိုအချိန်တွင် Audi a6(ကား)သည် အဝေးမှ ဖြတ်မောင်းလာကာ ခြံရှေ့တွင် ရပ်လိုက်သည်။
ထို့နောက် ဆံပင်ဖြူနှင့် အသက် ၅၀ ခန့်ရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည်ကားထဲကနေဆင်းကာ လမ်းလျှောက်လာခဲ့သည်။
သူ့ကိုတွေ့ပြီးတဲ့နောက်မှာတော့ အားလုံးကလေးစားတဲ့အမူအရာကို ချက်ချင်းပြသပြီး အာမေဋိတ်သံတွေ ထွက်ပေါ်ကြတော့သည်။
“ဒါဗိုလ်ချုပ်လျူပဲ “
“ဟုတ်တယ် ဗိုလ်ချုပ်လျူယောင်ပဲ!”
...
ဟန်နန်ရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လျူယောင်ကိုကိုယ်တိုင် နှုတ်ဆက်လိုက်သည်။
လျူယောင်က သူ့အရှိန်နည်းနည်းမြင့်လိုက်ပြီး “မစ္စတာ ဟန်အသက်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်!”
“ဒါက ခေါင်းဆောင်က မင်းအတွက်ပေးတဲ့ လက်ဆောင်ပါ။ မူလက မင်းရဲ့မွေးနေ့ပွဲကို လူကိုယ်တိုင်လာဖို့လုပ်ခဲ့တယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကြောင့် မင်းအတွက် ငါပဲလာပေးခဲ့ရတာ။ ခေါင်းဆောင်ကိုအပြစ်မတင်ပါနဲ့”
ဟန်နန်ရှန် ရဲ့ မျက်နှာက နီရဲနေပြီး “ဘယ်လို့ အပြစ်တင်ရမှာလဲ။ ခေါင်းဆောင် ရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ၊သူတကယ်လာမယ်ဆိုရင် ငါ့ စိတ်မချဘူး” လို့ပြောလိုက်သည်။
ဟန်နန်ရှန် နှင့် လျူယောင်တို့သည် လမ်းလျှောက်ရင်း စကားစမြည်ပြောကာ ရံဖန်ရံခါ တစ်ဟက်ဟက်နဲ့ရယ်မောနေကြသည်။
လင်းဖန်ဖြတ်သွားသောအခါ လျူယောင်သည် အနည်းငယ် ခေတ္တရပ်လိုက်ပြီး သူ့မျက်နှာမှာ အံ့အားသင့်သည့်အမူအရာပေါ်လာသည်။
လင်းဖန်ကိုသူရင်းနှီးလွန်းသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က လျူယောင်သည် ခေါင်းဆောင်ထံမှအရေးကြီးသတင်းတစ်ခုကိုရရှိခဲ့သည်။
ရလဒ်အနေဖြင့်သူတို့ ခေါင်းဆောင်သည် ကျန်ပေ့မြို့သို့ကျူဝမ်မင်နှင့် ကျောက်ဂျန်တို့လာကြောင်း ခေါက်းဆောက်ထံမှသိရသည်။
ဒါနဲ့ ခေါင်းဆောင်က သူ့ကို ထို့လူကြီးနှစ်ယောက်ဆီ ခေါ်သွားလေသည်။
လျူယောင်သည် လက်းဖန်မရောက်မီတွင်ကျူဝမ်မင်သည် လင်းဖန်က်ုအတော်လေးကို ချီးကျူးခဲ့သည်ကို သူရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။
ထိုအချိန်ကတည်းကသူသည် လင်းဖန်ကို အလွန်သိချင်နေခဲ့သည်။
လင်းဖန်က မစ္စတာ ကျောက်ဂျန် ကို ရေလိုပုလင်းတစ်လုံးသောက်ခိုင်းပြီးနောက်မစ္စတာကျောက်မတ်တတ်ရပ်နိုင်သောအခါ လိူယောင်သည် မစ္စတာ ကျောက်ဂျန်၏ ပျော်ရွှင်သောအသွင်အပြင်ကိုငူအလွန်သဘောကျခဲ့သည်။
ထို့အပြင်လျူယောက်သည်လင်းဖန်ကနဂါးအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းနှင့် ကျူဝမ်မင်ရဲ့မြေး၏အသက်ကို ကယ်တင်ခဲ့ကြောင်းလည်း သိရှိခဲ့သည်။
တစ်ချိန်တည်းမှာပင်ကိူဝမ်မင်နှင့်ကျောက်
ဂျန်တို့၏ ကျေးဇူးရှင်ဒါတွေကြောင့်လင်းဖန်၏ အနာဂတ်သည် လုံးဝအကန့်အသတ်မရှိတော့ပေ။
လျူယောင်သည် လင်းဖန် နှင့် အမြဲခင်မင်ရင်းနှီးချင်သော်လည်း အခွင့်အရေးမရခဲ့ပေ။
မထင်မှတ်ပဲဒီနေ့မှာတော့တွေ့ခဲ့သည်။
ဟန်နန်ရှန်သည် လိူယောင် ၏အမူအရာပြောင်းလဲမှုကိုသတိမထားမိဘဲ “ခဏကြာမှပွဲစမှာဆိုတော့ဗိုလ်ချုပ်လျူနဲ့အတူလက်ဖက်ရည်သောက်ရအောင်”
လက်ဖက်ရည်အကြောင်းကြားတော့လျူယောင်သည် ထိုနေ့တွင် မစ္စတာ ကျူဝမ်မင်နှင့် မစ္စတာကျောက်ဂျန်တို့ထံမှသောက်ခဲ့သောလီချမ်လက်ဖက်ရည်ကို မတွေးပဲမနေနိုင်ပေ။
လီချမ်၏အရသာကို တွေးကြည့်ရုံဖြင့် သူသည် အရမ်းသောက်ချင်လာခဲ့သည်။
ဟန်နန်ရှန် က ဆက်ပြောသည်။” ဗိုလ်ချုပ်ဟန်ငါ့အခန်းထဲမှာ အနီရောင် ၀တ်လုံနဲ့ပတ်ထားတဲ့ ခရမ်းရောင် အိုးကြီးကို သွားယူလိုက်ပါ။”
“ကောင်းပြီ အဘိုး။” ဟန်ရှန်ဒေါင် က ပြောသည်။
သူ့ဘေးမှာရပ်နေတဲ့ ခပ်ပိန်ပိန်လူက “ဒီအမှိုက်ပုံးလိုဒီလက်ဖက်ခြောက်ကဘာလိုရှိနေသေးတာလဲ၊ ရှိသေးတာလဲ။ မျက်စိနောက်တယ် မြန်မြန်ဖယ်ပစ်လိုက်”
ပိန်ပိန်ပါးပါး လူ၏စကားကိုကြားပြီးနောက် လိူယောင်သည် လင်းဖန်ရှေ့ရှိလက်ဖက်ခြောက်သေတ္တာကို သတိထားမိလိုက်သည်။
ဒီကိုကြည့်ပြီးလျူယောင်၏ မျက်လုံးများငည်အနည်းငယ်ကျုံသွားလေသည်။ဘာလို့ဆိုဒါကလီချမ်လက်ဖက်ခြောက်ဖြစ်လို့ပင်ဖြစ်သည်။
အံ့သြစရာမဟုတ်ဘူးပဲ ငါခုနကလီချမ်အကြောင်းတွေးတော့လီချမ်၏ရနံ့ကိုရလိုက်သည်။
ဒါဟာ ထင်ယောင်ထင်မှားမဟုတ်ဘူးပဲ!
ကျူဝမ်မင်နှင့် ကျောက်ဂျန်တို့သည် ကလေးနှစ်ယောက်သဖွယ် လက်ဖက်ရည်အိတ်သေးသေးလေးနှစ်လုံးအတွက်ရန်ဖြစ်နေကြသည်။
ဒီမှာတော့ သေတ္တာကြီးတစ်ခုထိရှိသည်။
ဒါ…
ဒါ…
အကယ်၍ မစ္စတာကျူဝမ်မင်နှင့် မစ္စတာကျောက်ဂျန်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူတို့၏ အမူအရာများ မည်သို့ဖြစ်မည်ကို သူမသိပေ။
ဤအခိုက်အတန့်တွင်လျူယောင် သည် အရပ်တိုပြီး ပိန်လှီသောလူနစ်ယောက်သည် လီချမ်ကိုအမှိုက်သရိုက်ကဲ့သို့ ခြေဖဝါးဖြင့် ကန်တော့မည်ကို ရုတ်တရက် သတိပြုမိသည်။
လီချမ်ကို ကန်တာလား။
အဖိုးအို ကျူဝမ်မင် နှင့် အဖိုးအို ကျောက်ဂျန်တို့ကအဖိုးတန် လက်ဖက်ခြောက်ဟု သတ်မှတ်ထားတဲ့ဝါကိုကန်တာလဲ။
လျူယောင်က “မင်းဘာလုပ်နေတာလဲ?”
လျူယောင်သည် ဗိုလ်ချုပ်ရာထူးကို ရယူနိုင်ခဲ့သည့် အကြောင်းရင်းမှာ တစ်ဖက်ကမိသားစုကြောင့်ဖြစ်သည်။
သို့သော် ပို၍အရေးကြီးသော အကြောင်းရင်းမှာ သူ့တွင် ထူးချွန်သော စွမ်းရည်ရှိခြင်းကြောင့် ဖြစ်သည်။
ပြင်းထန်တဲ့ရောင်ဝါ။
ပြင်းထန်တဲ့ရောင်ဝါကစစ်သားတွေမှာရှိတဲ့အရာဖြသ်သည်။သာမန်ရောင်ဝါကတောင်လူတွေကိုကြောက်ဖို့လုံလောက်သည်။ဗိုလိချုပ်ဆိုတော့...
ယခု လျူယောင်သည် အရပ်တိုပြီး ပိန်လှီသောလူကိုသာ အော်ဟစ်လိုက်သော သူ၏စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။
ဒီအချိန်မှာပိန်ပိန်ပိန်ပါးပါး လူသည် ကြောက်လန့်သွားတော့သည်။
ထ်ုပိန်ပိန်ပါးပါးလူကစကားထစ်စွာဖြင့်”ငါ... ငါ... ငါ... အမှိုက် လက်ဖက်ခြောက်ကို.....”
အချိန်အတော်ကြာအောင် ထိုင်ချလိုက်ပြီး နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်း ထပ်ပြောလိုက်သည်။
သို့သော် သူစကားမဆုံးသေးခင်မှာလျူယောင်ကထပ်မံဒေါသထွက်တော့သည်။
ထိုအချိန်တွင် ဂျစ်ကားအစိမ်းတစ်စီးက ပြေးလာခဲ့သည်။
ထို့နောက် ပခုံးပေါ် ကြယ်တံဆိပ်တပ်ထားသည့် ရန်ရှောင် သည် ဖြတ်လျှောက်လာသည်။
လင်းဖန်သည် သူ့ကိုမြင်ပြီးနောက်တွင် မထင်မှတ်ထားသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရန်ရှောင် သည် ကျူဝမ်မင် နှင့်အတူ တစ်ချိန်လုံးရှိနေသောကြောင့်ဖြစ်သည်။ လင်းဖန်၏ အထင်အမြင်တွင်၊ ရန်ရှောင် သည် သူ့အား အိမ်သို့ခေါ်ဆောင်ရန် ကားမောင်းသမားအဖြစ် လုပ်ဆောင်ခဲ့ငည်။
အခု သူ ရှန်ရှီလာဖို့ သူမမျှော်လင့်ထားပေ။
...
ရန်ရှောင် ကိုမြင်ပြီးနောက်၊ အခင်းဖြစ်ပွားရာနေရာရှိလူတိုင်းသည် ထပ်၍ဆူညံသွားတော့သည်။
“နောက်ထပ် ဗိုလ်ချုပ်!”
“ဒီဗိုလ်ချုပ်က သိပ်မရင်းနှီးပုံပဲ’’
“တစ်ယောက်ယောက်သိလား?”
...
လူအများ၏ သံသယများနှင့် နှိုင်းယှဉ်ပါက ဟန်နန်ရှန်၏ နှလုံးခုန်သံများသည်အလျင်မြန်ဆုံး အမြန်နှုန်းဖြင့်ခုန်ပေါက်သွားပြီးနောက်သူသည်အမြန်နှုတ်ဆက်လိုက်သည်။
ရန်ရှောင် က ဘယ်သူလဲ။
ကမ္ဘာပေါ်မှာ ဗိုလ်ချုပ်တွေ အများကြီးရှိသည်။
ပို၍အရေးကြီးသည်မှာ သူသည် မစ္စတာ ကျူဂမ်မင်၏ လုံခြုံရေးအရာရှိချုပ်ဖြစ်သည်။
မစ္စတာ ကျူဝမ်မင်က ဘယ်သူလဲ။
ကျူဂမ်မင်တရုတ်နိုင်ငံ၏ပထမတန်းထိပ်ဆုံးတွင် ထိုင်နေမည်မှာ သေချာသည်။
ရန်ရှောင်သည် မစ္စတာကျူဝမ်မင် ကို ကိုယ်စားပြုနိုင်သည်။
ဒါက ဟူနန်ရှန်ကို ဘယ်လိုမှ စိတ်မလှုပ်ရှားအောင် မလုပ်ပေ။
ရန်ရှောင်၏ စကားများသည် ဟန်နန်ရှန် ကို ပို၍ပင် အံ့သြစေခဲ့သည်။
သူက “ခေါင်းဆောင်ကျူဝမ်မင် နဲ့ ခေါင်းဆောင် ကျောက်ဂျန်တို့ကမစ္စတာ ဟန်ရဲ့ မွေးနေ့မှာ ပျော်ရွှင်၊ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!”
မစ္စတာ ကျူဝမ်မင်သာမက မစ္စတာကျောက်ဂျန်လည်း သူ့မွေးနေ့မှာ အတူတူ ဂုဏ်ပြုစကားဆိုကြသည်။ !
မစ္စတာကျောက်ဂျန်သည်ကျူဂမ်မင်ကဲ့သို့ရာထူးရှိသည့်လူမျိုးဖြစ်သည်။
ဟန်နန်ရှန်သည် ရန်ရှောင်၏ စကားကိုကြားသောအခါ သူ့မျက်နှာတစ်ပြင်လုံး ရွှင်မြူးလာပြီးအသက်ရှူသံများလဲမြန်လာလေသည်။