အိပ်ရင်းနှင့်အဆင့်တက်ခြင်း
Vol. 007 Ch. 668
သူမသည် နီရဲပျားတစ်ကောင်ကိုခေါ်ထုတ်ပြီး ပြောလိုက်သည် “ရှောင်ချီ မင်းအပြင်ထွက်ရင် ဒါလေးကို ခေါ်သွားနိုင်မလား”
“ဒီပျားလေးကိုယူရမှာလား” ရှောင်ချီသည် နီရဲပျားကိုယူလိုက်သည်။ ထိုပျားအမျိုးအစားသည် သတင်း များ ဆက်သွယ်ရာတွင် အသုံးပြုနိုင်သည်ကို သူမသိသဖြင့် ယူကာ သူမဆံပင်ပေါ်တွင်တင်ထားလိုက်သ်ည။
ပျားလေးသည် သူမဆံပင်တွင် တွယ်နေကာ မလှုပ်မယှက်နှင့် ဆံပင်အလှဆင်သကဲ့သို့ဖြစ်နေသည်။
“အဲဒါ ငါ့ပျားလေးပဲ ငါက သူတို့ရဲ့ ပျားဘုရင်မနဲ့စာချုပ်ရှိတယ် မင်းအဲဒါလေးကိုယူထားမယ်ဆိုရင် ဘယ်လိုအန္တရာယ်အခြေအနေပဲတွေ့တွေ့ ငါ့ကို အသိပေးလို့ရတယ်” ရှီမာယူယူ ရှင်းပြလေသည်။
ရှောင်ချီသည် အလွန်စိတ်လှုပ်ရှားသွားသည်။ ရှီမာယူယူသည် သူမအပေါ်အလွန်ကောင်းသည်ကို သိ သည်။ သူမသည် ရှီမာယူယူအတွက် ပြဿနာဖြစ်လာမည်ကို စိုးရိမ်သည်။ သူမ သရုပ်မှန်သည် ယူယူအတွက် ပြဿနာများယူလာပေးမည်ကို သိပါလျက်နှင့် ထွက်သွားရန်မပြောခဲ့ပေ။ ထိုအစား သူမ၏ ပျားကိုပင် ပေးခဲ့ သည်။
သူမသည် ခေါင်းပေါ်မှပျားလေးကိုထိကာ ခေါင်းညိမ့်ကာ လက်ခံလိုက်သည်။ အစပိုင်းတွင် သူမသည် ယူယူ့ဘေးတွင်ရှိနေသည်မှာ ရည်ရွယ်ချက်တစ်ခုကြောင့်ဟုဆိုလျှင် အခုတော့ သစ္စာစောင့်သိခြင်းကြောင့်ဖြစ် မည်။
“ရှောင်ချီ ခြံထဲမှာနေပြီးဆော့နေ၊ အပြင်ကိုမသွားနဲ့၊ ငါ နည်းနည်းပင်ပန်းလို့ အိပ်လိုက်ချင်လို့” ရှီမာယူယူ သည် လေးလံလာကာ ချက်ချင်းပင် အိပ်ပျော်သွားလေသည်။
ရှီမာယူယူသည် ဒဏ်ရာရလာပြီးချိန်မှစပြီး အိပ်နေသည်မှာများသည်ကို ရှောင်ချီသိသည်။ ထို့ကြောင့်ပင် အိပ်ရာနိုးလာသောအခါ အလွယ်တကူပင် ပင်ပန်းတတ်သည်။
ခေတ္တမျှစဉ်းစားပြီးနောက် အိပ်ယာပေါ်မှဆင်းကာ အိပ်ယာဘေးတွင် ရပ်နေသည်။ သူမသည် လက်ချောင်းကိုကိုက်လိုက်ပြီး လတ်ဆတ်သောသွေးများကို ရှီမာယူယူ၏ ပါးစပ်ထဲသို့ထည့်လိုက်သည်။
တစ်စက် နှစ်စက် သုံးစက်… သူမသည် အားလုံးပေါင်း ပါးစပ်ထဲသို့ သွေးကိုးစက်ချလိုက်ရာ နောက်ဆုံး တွင ်ရှီမာယူယူထပ်လက်မခံနိုင်တော့သဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။
အိမ်မက်ထဲတွင် ရှီမာယူယူသည်း ပိုးမျှင်အတွင်းပိတ်မိနေကာ လှုပ်မရပေ။ သို့သော် ရုတ်တရက် ဆိုသလိုပင် သူမသည် ချိုမြသော အသီးဖျော်ရည်တစ်ခွက်သောက်လိုက်ရသလိုပင်။ ထိုအနံ့သည် သူမ နှာခေါင်း အတွင်းသို့ ချက်ချင်းပင် စူးရှလာသည်။ သူမအား ချုပ်နှောင်ထားသော ပိုးမျှင်အိမ်သည် ပြေသွားကာ ချက်ချင်း ပင် ထိုးထွက်နိုင်လေသည်။
ရှောင်ချီသည် ခွေးခြေတွင်ခိုင်ကာ ရှီမာယူယူ အဆင့်တက်သည်ကို ကြည့်နေလေသည်။ သူမသည် ရှီမာယူယူ၏ စိတ်အခြေအနေကိုအာရုံခံမိကာ အနည်းငယ်စီတိုးတက်လာသည်ကို ကြည့်ပြီး ကျေနပ်စွာပြုံးလိုက် သည်။
ရှီမာယူယူသည် နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့သော်လည်း နိုးလာသောအခါအဆင့်တက်လေသည်။ သူမ သည် အလောတကြီးထထိုင်ကာ တင်ပျင်ခွေထိုင်ပြီး အဆင့်တက်သည့်အခြေအနေကိုဝင်လေသည်။
သူမ အဆင့်တက်ပြီးသောအခါ မျက်လုံးဖွင့်လိုက်ရာ ရှောင်ချီသည် ခွေးခြေတွင်ထိုင်နေရာမှ သွားဖြဲပြ လေသည်။ သူမသည် မြင်လိုက်ရသည်ကို ရှုပ်ထွေးသွားသည်။
“ငါအဆင့်တက်သွားတာလား”
ရှောင်ချီခေါင်းညိမ့်လိုက်သည်။
“ဒါအိမ်မက်မဟုတ်ဘူးလား”
ရှောင်ချီသည် ခေါင်းရမ်းလေသည်။
“ငါ ဘယ်လိုအဆင့်တက်သွားတာလဲ”
“မသိဘူးလေ အိပ်နေတုန်းအဆင့်တက်သွားတာပဲ” ရှောင်ချီသည် အပြစ်ကင်းသလိုပြောလေသည်။
သူမ အိပ်နေရင်းနဲ့အဆင့်တက်သွားတာလား။
ရှီမာယူယူသည် တကယ်ပင်ဆွံအသွားလေသည်။ လူတစ်ယောက်က အိပ်နေရင်းနဲ့ အဆင့်တက်နိုင်လို့ လား။ အဖြေကတော့ လုံးဝပါ။
“ငါ့စိတ်အခြေအနေက အရမ်းတိုးတက်လာတယ်” သူမ စိတ်အခြေအနေပိုကောင်းလာသည်ကို သတိ ထားမိသည်။ သူမသည် အရင်က အမြဲပင်ပန်းသည်ဟု ခံစားရသည်။ အခုတော့ လုံးဝကိုအဆင်ပြေနေသည်။
သူမသည် ငှက်လေးအားကြည့်လိုက်သည်။ သူမ အဆင့်တက်အောင်တစ်ခုခုများလုပ်လိုက်သလား။ သူမသည် အိပ်နေရင်းနှင့် တစ်ခါမှအဆင့်တက်မည်ဟု တစ်ခါမှမယုံကြည်ဖူးပေ။
သူမ အသက်ရှုလိုက်သည်နှင့် ရနံ့သင်းသင်းတစ်ခုကို ခံစားမိသည်။ သူမ အိမ်မက်ထဲမှရသော အနံ့နှင့် တစ်ထပ်တည်းပင်။ ရှောင်ချီ သူမကိုတစ်ခုခုကျွေးလိုက်ခြင်းကြောင့် အဆင့်တက်သွားသည်ဟု သူမ ခန့်မှန်းမိ သည်။
“ကျေးဇူးပဲ ရှောင်ချီ” သူမသည် ကျေးဇူးတင်စကားပြောလေသည်။
“ဟီးဟီး” ရှောင်ချီသည် ရယ်ရုံမျှရုံကာ ဝန်လည်းမခံ ငြင်းလည်းမငြင်းပေ။ သူမ ဘာမှမပြောချင်ပါက ရှီမာယူယူ ဖိအားပေးပြီး မေးမည်မဟုတ်သည်ကို သူမ သိသည်။
သူမ မည်သူဖြစ်သည်ကို ရှီမာယူယူအား မပြောပြချင်၍မဟုတ်ပဲ ပြောလိုက်ပါက သူမကို ယခုကဲ့သို့ ဆက်ဆံတော့မည်မဟုတ်ပေ။ သူမနားတွင် သတိထားမနေပါက သူမအပေါ်လှည့်ကွက်ဖြစ်သွားမည်။ အခုလို နေရသည်ကိုပင် နှစ်သက်သည်။
ရှီမာယူယူသည် ထပ်ပြီးစပ်စုမနေတော့ပေ။ သူမသည် လက်ရှိအဆင့်၏ စွမ်းအားကိုအာရုံခံမိပြီး အဆင့် တက်မှု အရှိန်မှာလည်း မြန်သည်ကို ခံစားမိသည်။
သူမသည် ကြယ်ကိုးပွင့်သမုဒ္ဒရာတါင် ၁နှစ်ကျော်အော်နေခဲ့ကာ မွေးစားအဖေ၏ အကူအညီဖြင့် အံ့ဖွယ် ဘုရင်မှ အံ့ဖွယ်အရှင်အဆင့်ထိတက်ခဲ့သည်။ အခုတော့ အံ့ဖွယ်အဆင့်ကျော်ဖြတ်ပြီးသည်မှာ သုံးလသာရှိသေး သည် အံ့ဖွယ်သူတော်စင် အဆင့်၁ဝင်သွားပြီဖြစ်သည်။ ထိုသည်မှာ မီးကျည်ထပ်တောင် မြန်သောအရှိန်နှုန်းဖြစ် သည်။
သို့သော် ဒီတစ်ခေါက်တွင် သူမသည် အဆင့်တစ်ခုလုံးတက်သွားသော်လည်း သူမ၏ ဝိဉာဉ်မိစ္ဆာများမှာ အဆင့်မတက်ပေ။ သူတို့သည် အဆင့်တက်ထားသော်လည်း ပိုအားကောင်းရန်လိုသေးသည်။ အဆင့်တစ်ဆင့် မျှသာ တက်သည်မှာ သူတို့အတွက် မလုံလောက်ပေ။
သို့သော် သူတို့သည် အရင်ကထက် များစွာသန်မာလာပြီဖြစ်သည်။ ရှီမာယူယူသာ အဆင့်ထပ်တက်ပါ က သူတို့သည် နောက်ကောက်ကျန်မည်မဟုတ်ပေ။
ပထမအဆင့် ဝိဉာဉ်သူတော်စင်… သူမသည် ဝိဉာဉ်သူတော်စင်စွမ်းအင်အသစ်ဖြင့် ဝိဉာဉ်စေတီသို့ သွား စမ်းသပ်ချင်မိသည်။ သို့သော် ရှောင်ချီရှိနေသဖြင့် လုပ်ရန်မဖြစ်နိုင်ပေ။
ရှီမာလိုင်နှင့် တခြားသူများသည် သူမ အဆင့်တက်သည့်အပြောင်းအလဲကို ခံစားမိကာ သူမခြံသို့ အပြေး ရောက်လာကြသည်။ သူမသည် ဒဏ်ရာရထားသောကြောင့် သူမ မဖြစ်နိုင်ပေ။ ရှီမန်ဖန်ှနင့် တခြားသူများလည်း ထွက်သွားရာ သူတို့လည်းမဖြစ်နိုင်ပေ။ သည်လိုနှင့် သူတို့သည် ကျူးကျော်သူဖြစ်မည်ကို စိုးရိမ်နေခဲ့ကြသည်။ ထိုလူသည် ရှီမာယူယူကို ထိခိုက်အောင်လုပ်လိုက်မည်ကို စိုးရိမ်သည်။
သို့သော် သူတို့ခြံဝန်းသို့ရောက်သောအခါ ရှီမာယူယူသည် တံခါးအရှေ့တွင် လမ်းလျှောက်နေသည်ကို တွေ့ရာ မှင်တက်သွားကြလေသည်။
ရောင်ဝါမှာ တည်ငြိမ်သွားသည်….အဲဒါက အဆင့်မြင့်ဝိဉာဉ်သူတော်စင်ရဲ့ ရောင်ဝါမလား။ သူမက ဝိဉာဉ်သူတော်စင်အဖြစ် အဆင့်တက်သွားတာလား။
“ယူယူ အခုအဆင့်တက်သွားတာက… သမီးလား” ရင်လန်သည် စမ်းမေးကြည့်လေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“သမီး… ဘယ်လိုလုပ်အဆင့်တက်တာလဲ ဒဏ်ရာရထားတာမဟုတ်ဘူးလား”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “သမီးလည်း မသိဘူး၊ အိပ်ရင်းနဲ့ အဆင့်တက်သွားတာပဲ”
ကျွတ်
အားလုံးသည် ကြက်သေသေသွားကြသည်။ သူမက အိပ်ရင်းနဲ့ အဆင့်တက်သွားတာလား။
“ဟားဟား ဘယ်လိုပဲလုပ်လုပ် လုပ်တာကောင်းတယ်” ရှီမာလိုင် ဟားတိုက်ရယ်မောကာ “သမီးရဲ့ စိတ် အခြေအနေကရော ပြန်ကောင်းပြီလား”
“လုံးဝကောင်းတာတော့မဟုတ်ဘူး ဒါပေမဲ့ ပိုကောင်းလာပါတယ်” ရှီမာယူယူသည် အပြုံးဖြင့် ပြောပြီး “နည်းနည်းလိုသေးတယ် ထပ်ပြီးအားပြည့်ဖို့လိုသေးတယ်”
သူမတွင် ဝိဉာဉ်အရည်ရှိသည်ကို သိသဖြင့် သူမ၏ အားဖြည့်ဆေးမှာထိုအရာကို ပြောခြင်းဖြစ်သည်ကို သိကြသည်။
“ကောင်းတယ် ကောင်းတယ်” ရှီမာလိုင်သည် ပီတိဖြစ်လေသည်။ ရှီမာယူယူ၏ အရင်အခြေအနေမှာ သူ့ အတွက ်ခေါင်းကိုက်စရာဖြစ်သည်။ သူမသည် အားနည်းကာ နုံးခွေနေခဲ့သည်။ ဒီလိုဖြစ်သည်မှာ ကောင်းလွန်း သွားသည်။
ရင်လန်၊ ဆန်းမူယုနှင့် ဘေဂုံဟန်တို့သည် သူမအတွက်ဝမ်းသာပေးရင်းနှင့် တစ်ဖက်တွင် အံ့သြမိကြ သည်။ ရှီမာလိုင်ပြောသည်မှာ မှန်သည်။ မည်သို့ပင် အဆင့်တက်စေကာမူ ထိခိုက်စေမည့် နည်းလမ်းမသုံးသရွေ့ တော့ ကောင်းသောအရာဖြစ်သည်။
“အခုက တကယ်ကိုပိုကောင်းသွားတာပဲ၊ ယူယူ နောက်ကိုဂရုစိုက်ရမယ်၊ ဒီလိုအန္တရာယ်ရှိတာကို ထပ် ပြီး မလုပ်နဲ့တော့” ရင်လန်သည် ရှီမာယူယူကို သူမ၏ သမီးကဲ့သို့ပင် တွေးသည်။ သူမဒဏ်ရာဖြင့် သတိမေ့နေ စဉ်က သူမအတွက် ခေါင်းကိုက်စရာပင်ဖြစ်ခဲ့သည်။
“သမီးမှတ်ထားပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရှေ့လျှောက် စိတ်စွမ်းအင်အများအပြားသုံးကာ ထိုကဲ့သို့ပုံစံမရှိသော နေရာသို့မရောက်သွား စေရန်သတိထားရမည်။ ပုံမှန်ဆိုလျှင် မည်သို့ပင် စိတ်စွမ်းအင်ကုန်သွားစေကာမူ တစ်လလောက်အနားယူလိုက် လျှင်ဖြစ်သည်။ သို့သော် အခုမှာ ပုံစံမဲ့နေရာသို့ရောက်သွားသဖြင် ပြန်ကောင်းရန် ၁နှစ်ဝန်းကျင် အချိန်လိုသည်။
သူမသည် ရုတ်တရက် လေဟာပြင်ကိုကြည့်လိုက်ရာ လှိုင်းဂယက်ကိုတွေ့လိုက်သည်ဟု ခံစားမိသည်။
သူမ၏ စိတ်စွမ်းအင်သည် အပြည့်အဝ ပြန်ကောင်းရန်လိုသေးသော်လည်း တခြားသူများထက် အနည်း ငယ် သန်မာတုန်းပင်။ လှိုင်းဂယက်သည် သူမနှင့် နီးလာကာ သူမ ခံစားမိတုန်းပင်ဖြစ်သည်။
လေပေါ်တွင်ဝင်ပေါက်ပွင့်လာကာ လူတစ်စုသည် ထိုမှထွက်လာလေသည်။ ရှီမာယူယူကို ခြံထဲတွင် မြင် လိုက်သော်အခါ သူတို့သည် ချက်ချင်းပင် ခုန်လိုက်သည်။
***