← Chapters

အမေတို့ရောက်လာပြီ

Vol. 007 Ch. 669

အမေတို့ရောက်လာပြီ

Vol. 007 Ch. 669

ရှီမာယူယူသည် ချက်ချင်းပင် သူမဆီသို့ခုန်လာသော ရွှမ်ရှင်းမန်တို့ကို ဖမ်းလိုက်ပြီး နားမလည်စွာ ပြော လိုက်သည် “အမေ ဒီကိုဘာလာလုပ်ကြတာလဲ”

“သမီးဒဏ်ရာကြောင့် သတိမေ့နေတယ် ကြားလို့လာတာ ဘယ်လိုနေလဲ” ရွှမ်ရှင်းမန်သည် ရှီမာယူယူ အားလွှတ်ပြီး ကြည့်လိုက်သည်။

“ကောင်းပါတယ် အကုန်တောင်ပြန်ကောင်းတော့မယ်” သူမ စစ်ဆေးရန်လာသည်ကို ရှီမာယူယူသိ သည် “အမေ ဒီကိုလာရမယ့်အချိန်မဟုတ်ဘူး တရားထိုင်နေရမယ့်အချိန်လေ သမီးဒဏ်ရာရတာကို ဘယ်လိုသိ တာလဲ”

“ကိစ္စတစ်ခုဖြစ်သွားလို့ သမီးကိုလူလွှတ်ပြီး ရှာခိုင်းတာ၊ သူတို့ပြန်လာတော့ သမီးဒဏ်ရာထားတယ်လို့ ပြောတယ်”

“သမီးတို့မျိုးနွယ်မှာဘာဖြစ်လို့လဲ၊ တခြားမျိုးနွယ်နဲ့ တိုက်ပွဲဖြစ်တာလား” ရှီမာယူယူသည် ဂရုတစိုက်ဖြင့် မေးလေသည်။

“အမှန်ပဲ” ရွှမ်ရှင်းမန် ပြောလိုက်သည်။

“ယူယူ သူတို့က သမီးဆီလာကြတာဆိုတော့ အိမ်ထဲခေါ်ပြီးမှ စကားဆက်ပြောလေ” ရှီမာလိုင်သည် သူမအား သတိပေးလေသည်။

ရွှမ်ရှင်းမန်သည် ရှီမာလိုင်အား ပြုံးပြပြီး “ဦးလေးက ယူယူရဲ့ အဘိုးဖြစ်ရမယ်၊ ကျွန်မက သူမရဲ့ မွေးစားအမေပါ၊ ဝါအရ ဦးလေးလို့ခေါ်ပါမယ်”

ဝူလာရှုံတို့သည် အနောက်တွင်ရပ်ကာ နှုတ်ခမ်းတွန့်ကြလေသည်။ သူတို့အမေကဘာလို့ ဒီလိုအဆင့် အတန်းကိုနှိမ့်လိုက်တာလဲ။

သူသည် ရှီမာယူယူရှေ့လာပြီး ပြောလိုက်သည် “ဘယ်လိုဖြစ်တာလဲ ငါတို့ကို သတင်းပေးတဲ့လူက မင်း ဒဏ်ရာအကြီးအကျယ်ရတယ်ပြောလို့ လန့်သွားကြတာ၊ အဲတုန်းက အမေက ချက်ချင်းလာချင်နေတာ၊ ဒါပေမဲ့ အဲတုန်းက အခြေအနေတွေကဆိုးနေတော့ ချက်ချင်းမလာနိုင်ဘူး”

“အဲတုန်းကပဲ အခြေအနေဆိုးတာပါ အခုတော့ကောင်းသွားပြီ” ရှီမာယူယူ ပြောလိုက်သည် “တခြား သူတွေနဲ့ တိုက်တာလား၊ အဲလိုဆိုရင် အခုက ဘာလာလုပ်ကြတာလဲ”

“အဖေနဲ့ အစ်ကို ၁နဲ့ ၂ ရှိတော့ အဆင်ပြေမှာပါ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ရှေ့မတိုးသာ နောက်မဆုတ် သာအခြေအနေဖြစ်နေတော့ ခဏလောက်ထွက်လာလည်း အဆင်ပြေပါတယ်” ဝူလာအာ ပြောလိုက်သည်။

“အစ်ကိုကြီးတို့က တိုက်ပွဲမှာရောက်နေလို့သာမဟုတ်ရင် သူတို့လည်းလာမှာပဲဆိုပြီး ပြောလိုက်တယ်” ဝူလာရှုံ ပြောလိုက်သည်။

“သွားမယ် အထဲမှာ သွားပြောရအောင်” ရှီမာယူယူသည် ပြောရင်းနှင့် ရွှမ်ရှင်းမန်၏ လက်မောင်းကို ဆွဲ ကာ အိမ်ထဲသို့ခေါ်သွားလေသည်။ သူမသည် သွားရင်းနှင့် အားလုံးကိုမိတ်ဆက်ပေးလေသည်။

“ကလေး ဘာတွေဖြစ်ခဲ့တာလဲ ပြောပြဦး၊ ဘယ်သူက ဒဏ်ရာရအောင်လုပ်လိုက်တာလဲ၊ အမေ အစ်ကို တွေကို သမီးအတွက်လက်စားချေခိုင်းမယ်” ရွှမ်ရှင်းမန်သည် ရှီမာယူယူ၏ လက်ကိုပုတ်ရင်းပြောလေသည်။

“အမေ ဘယ်သူမှလုပ်တာမဟုတ်ပါဘူး၊ သမီး ဂရုမစိုက်မိလို့ ဂယောင်ခြောက်ခြားကမ္ဘာရောက်သွားတာ ပါ” ရှီမာယူယူသည် မလုံမလဲပြောလေသည်။

“ဘယ်လိုဖြစ်ပြီး ဂယောင်ခြောက်ခြားကမ္ဘာထဲရောက်သွားတာလဲ အမေ့ကိုမညာနဲ့ အကုန်သိချင်တယ်”

“ဘယ်လိုရှင်းပြရမလဲ၊ အဲတုန်းက အစ်ကိုကြီးနဲ့ အပေးအယူလုပ်ခဲ့တာ၊ သမီးရဲ့ မောင်လေးကို ဆေးကု ချင်လို့ ပင်လယ်သခွားနက်လိုချင်တာ၊ အဲဒါတော့သိပြီးသားပါနော်” ရှီမာယူယူ ပြောလိုက်သည်။

“အင်း သမီးအစ်ကိုကြီးဆီက ပြောတာကြားတယ်” ရွှမ်ရှင်းမန်ပြောလိုက်သည် “အဲဒါနဲ့ ဒဏ်ရာနဲ့ ဘယ် လိုဆိုင်တာလဲ”

“အစတုန်းက ဒီလိုမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြီးရှင်းပြလေသည် “ဖန်လေးက နေရာတစ်ခုရောက် သွားပြီး ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့စွမ်းအင်တစ်ခုဝင်သွားတာ အဲဒါကို သမီးနောက်မှ ချိပ်ပိတ်ပေးခဲ့တာ၊ နောက်တော့ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကိုထုတ်ပစ်ချင်တာနဲ့ ဆေးပစ္စည်းတွေစုနေခဲ့တာ”

“ချိပ်ပိတ်ထားတယ်ဆိုတော့ ကုဖို့လည်း အဲလောက်မခက်ပါဘူး၊ ဘယ်လိုဖြစ်လို့ ဒီလောက် အန္တရာယ် များတဲ့အခြေအနေဖြစ်သွားတာလဲ”

“အစတုန်းက အဲလောက်အန္တရာယ်မများဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ ဝိုင်းပြီး အတိုက်ခံရတယ်၊ အဲအချိန်တုန်းက အခြေအနေတွေဆိုးလို့ ချိပ်ကိုဖျက်ပြီး အဲစွမ်းအင်ကိုထုတ်လိုက်ရတယ်၊ ပိုပြီး အန္တရာယ်များတဲ့အခြေအနေဖြစ်သွားတာ၊ အဲတုန်းက သူ့ကိုကယ်ဖို့အတွက် စိတ်စွမ်းအင်သုံးလိုက်ရာက ပင်ပန်းသွားပြီး ဂယောင်ခြောက်ခြားကမ္ဘာထဲရောက်သွားတာ”

“သမီးကတော့ တကယ်ပဲ…. ဟူး လူတွေကို ကယ်တာက အကန့်အသက်ရှိတယ်၊ ဘယ်လိုဖြစ်ပြီး မီးပုံ ထဲ တိုးဝင်ရတာလဲ” ရွှမ်ရှင်းမန်သည် ပြောလိုက်သည်။ သူမ၏ အပြစ်တင်သည့်အကြည့်သည် ရှီမာယူယူကို ချက်ချင်းပင် ပုဝင်သွားစေသည်။

“ဟုတ် ဟုတ် သမီးနောက်ကိုသတိထားပါမယ်”

“ဖန်လေးကို ဝိုင်းတဲ့လူတွေကြောင့်သာမဟုတ်ရင် သူတို့ကြောင့်သာမဟုတ်ရင် ဒီလောက်ရှုပ်မှာမဟုတ် ဘူး” ဝူလာရှု ဒေါသဖြစ်ကာ ပြောလိုက်သည်။

“အမှန်ပဲ” ဝူလာအာ သဘောတူလေသည် “အဲလူတွေက ဘယ်သူတွေလဲဆိုတာသိလား”

“ဖန်လေး သွားစစ်နေပြီ ညီမတို့ဘာမှလုပ်စရာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ခုနက ပြောတဲ့လူ တွေရေယ် ဘယ်လိုဖြစ်သွားလဲ တိုက်ပွဲဖြစ်တဲ့လူတွေကိုပြောတာ”

“ငါးရှဉ့်မျိုးနွယ်ကလွဲပြီး ဘာဖြစ်ရဦးမှာလဲ၊ အရင်က ငါတို့ အမေ့ကိုကယ်ဖို့ပဲ စိတ်စောနေကြတာ မျိုးနွယ် တွေအားလုံးက အေးဆေးနေနေကြတာ၊ ဒါပေမဲ့ ငါးရှဉ့်မျိုးနွယ်က တကယ့်ရေဘုရင်က ဘယ်သူတွေလဲဆိုတာ ကိုမေ့နေကြတယ်” ဝူလာရှုံ ပြောလိုက်သည်။

“အဲဒါကြောင့် တိုက်ကြတာလား”

“ဟင် မင်းသွားပြီးတော့ကို ငါးရှဉ့်တွေအများကြီးနဲ့ တိုက်ခဲ့တာ၊ သူတို့ကများ အခြေအနေကို လာပြီး စုံစမ်ရဲသေးတယ်၊ မင်းအဆင့်တက်တဲ့အချိန်တုန်းကလည်း သူတို့ကိုမိလိုက်သေးတယ်လေ၊ တော်တော်များများ တော့ဖမ်းမိနေပြီ၊ အခုသူတို့ပြန်လာတော့ အဖေလည်း စိတ်တိုပြီး သူတို့နဲ့ သွားစကားပြောတာ၊ ဒါပေမဲ့ ညှိနှိုင်း တာအဆင်မပြေဖြစ်ပြီး တိုက်ပွဲဖြစ်တော့တာပဲ”

“အစ်ကိုတို့က ပြီးခဲ့တဲ့နှစ်တွေက သိုသိုသိပ်သိပ်နေလို့သာလေ အားနည်းတာမှမဟုတ်တာ ဘာလို့ ငါးရှဉ့်မျိုးနွယ်ကို မနိုင်တာလဲ” ရှီမာယူယူ နားမလည်ပေ။

သူမ ကြယ်ကိုးပွင့်သမုဒ္ဒရာတွင်ရှိစဉ်က ခရမ်းရောင်ရေမျိုးနွယ်၏ အားကောင်းမှုကို ရင်းနှီးပြီးသားဖြစ် သည်။ ငါးရှဉ့်များသည် သူတို့၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

“သူတို့က ရေနဂါးမျိုးနွယ်နဲ့ ပူးပေါင်းလိုက်တာ” ဝူလာအာ ရှင်းပြလေသည်။ “ရေနဂါးမျိုးနွယ်က ငါတို့ ထက်အားနည်းတယ်၊ ဒါပေမဲ့ သူတို့ပေါင်းလိုက်တော့ နိုင်ဖို့ခက်သွားတယ်၊ ညီမလေးထားပေးသွားတဲ့ ဆေးတွေ ရှိနေလို့တော်သေးတယ် အဲဒါကြောင့်ပဲ အခုထိခံနိုင်သေးတာ၊ ဒါပေမဲ့ ဆေးတော်တော်များများတော့ သုံးပြီးသွား ပြီ”

“ဒါဆို ဒီတစ်ခေါက်ကိုဘယ်လောက်ကြာအောင်နေမှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“၁၀ရက်လောက်ပေါ့” ရွှမ်ရှင်းမန် ပြောလိုက်သည် “အမေတို့တော့အဲလောက်မှန်းထားတာပဲ ဒါပေမဲ့ သမီးက အဆင်ပြေနေတယ်ဆိုတော့ စောစောပြန်ရမှာပေါ့”

“အမေ ရောက်လာမှတော့ ခဏတော့စောင့်ပေး၊ သမီး ဆေးထပ်ဖော်ပြီး ပြန်ထည့်ပေးလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်း ပြန်သက်သာသေးတာမှမဟုတ်တာ” ဝူလာရှု သဘောမတူပေ။

“စိတ်စွမ်းအား အတော်အများတော့ ပြန်ကောင်းနေပါပြီ၊ အရင်ကလိုကောင်းသေးတာမဟုတ်ပေမယ့် အဲဒီဆေးဖော်ရုံလောက်တော့ ပြဿနာမဖြစ်ပါဘူး၊ ကျွန်တော်ကအဲဒါနဲ့ရင်းနှီးနေပြီးသားဆိုတော့ အဆင်ပြေမှာ ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ထားလိုက်တော့ ဆေးဖော်မယ်ဆိုရင် ဒဏ်ရာရတာကို မြင်ရလိမ့်မယ်” ရွှမ်ရှင်းမန် ပြောလိုက်သည်။

“အမေစိတ်ချပါ သမီးကိုယ့်ကိုယ်ကို အန္တရာယ်အဖြစ်မခံတော့ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သမီး ဂိုဏ်းကိုပြန်သွားမယ်၊ သူငယ်ချင်းတွေကိုရှာပြီး သူတို့ကိုပါ အကူအညီတောင်းလိုက်ရင် ဆေးပိုရသွားမှာပဲ၊ အမေ ဒီတစ်ခေါက်က တိုင်းပြည်ဘက်ကိုပထမဆုံးရောက်ဖူးတာမလား၊ ကိုယ့်အိမ်လိုသာသဘောထား၊ အဒေါ်လန်နဲ့ တခြားသူတွေက ဒီနားလေးကိုလှည့်ပတ်ပြလိမ့်မယ်”

“အမေ ညီလေး ၁၀ကအဲလိုပြောမှတော့ ခဏလောက်တော့နေကြတာပေါ့” ဝူလာရှုံ ပြောလိုက်သည် “လူသားတွေ ဘယ်လိုနေကြလဲဆိုတာကို သိချင်တယ်လို့အရင်ကပြောဖူးတယ်မလား၊ ဒီမှာနေပြီး ကြည့်ကြတာ ပေါ့”

“ကောင်းပြီလေ ဒါပေမဲ့ ကြာကြာနေလို့တော့မရဘူး” ရွှမ်းရှင်းမန်သည် အစပိုင်းတွင် ရှီမာယူယူအတွက် စိုးရိမ်ခဲ့သော်လည်း သူမအဆင်ပြေနေသည်ကို တွေ့ပြီးသောအခါ ကြယ်ကိုးပွင့်သမုဒ္ဒရာကို စိတ်ပူရပြန်သည်။

“ကောင်းတယ် ကျွန်တော်လည်း အိမ်မှာနေပြီး အဖော်လုပ်ပေးမယ်၊ ပြီးမှ မနက်ဖြန်ကိုသွားအကူအညီ တောင်းလိုက်မယ်” ရှီမာယူယူ ထပ်ပြောလေသည်။

နောက်နေ့မနက်တွင် သူမဂိုဏ်းသို့ပြန်သည်နှင့် ရှီမာလိုင်နှင့် တခြားသူများသည် ရွှမ်ရှင်းမန်တို့ကို ဧည့်ဝတ်ကျေရင်းကျန်ခဲ့လေသည်။ သူမ စဉ်းစားပြီးနောက် ခွဲခွာခြင်းဥယျာဉ်သို့ အရင်ဦးတည်လိုက်သည်။

***

All Chapters