← Chapters

အကူအညီတောင်းခြင်း

Vol. 007 Ch. 670

အကူအညီတောင်းခြင်း

Vol. 007 Ch. 670

ရှီမာယူယူ ခြံဝန်းသို့ဝင်လိုက်ချိန်တွင် ဆူရှောင်ရှောင်သည် တံမြက်စည်းကိုင်ကာ လမ်းလျှောက်လာ သည်။ သူသည် စိတ်အားထက်သန်စွာအော်လိုက်သည် “ဂျူနီယာလေး ပြန်လာပြီလား ဒဏ်ရာတွေကသက်သာ ပြီလား”

“အခုကောင်းလာပါပြီ” ရှီမာယူယူ ပြောလိုက်သည် “သန့်ရှင်းရေးလုပ်နေပြန်ပြီလား”

“ဟုတ်တယ် ဒီရက်ပိုင်းအတွင်းကို ခြံထဲမှာဘယ်လောက်ညစ်ပတ်နေလဲ မမြင်ဘူးလား၊ တကယ်ကို ကြည့်လို့မကောင်းဘူး၊ အစ်ကိုကြီးနဲ့ ငါနဲ့က မင်းကိုလာရှာမလို့ပဲ ဒါပေမဲ့ ဆရာက ငါတို့ကိုနေပြီး သန့်ရှင်းရေးလုပ် ခိုင်းနေတာ၊ ကျောင်းအုပ်ကြီးပြန်လာတော့လည်း ငါတို့ကို တင်းကြပ်နေတာ၊ အဲဒါကြောင့် မင်းကိုလာတွေ့ဖို့ အချိန်မရတာ” ဆူရှောင်ရှောင်သည် ဝမ်းနည်းစွာညည်းတွားလေသည်။

“ဆရာက ဘာတွေလုပ်ခိုင်းလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာရှိရမှာလဲ ကျောင်းအုပ်ကြီးယွမ်ရဲ့ ကိစ္စတွေပေါ့၊ နောက်ဆုံးမှာ ကျောင်းအုပ်ကြီးယွမ်ပြန်လာတဲ့ အထိ ငါတို့ရှင်းမပြီးလိုက်ဘူးလေ၊ အဲဒါကြောင့် ငါတို့စာမေးပွဲကျသွားတယ်၊ အဲလိုနဲ့ပဲ သန့်ရှင်းရေးအဆက်မပြတ် လုပ်ရတော့တာပဲ၊ အခုလေးတင်ပြီးတာ ဒီခြံဝန်းရှင်းတာက နောက်ဆုံးပဲ တကယ်ကိုညစ်ပတ်နေတာပဲ”

ရှောင်ရှောင်စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို ရှီမာယူယူမြင်သောအခါ သူသည် အမှန်တကယ်ပင် သက်သက်သာသာမရှိသည်ကို သိလိုက်ရသည်။

“စီနီယာအစ်ကိုကြီးကအိပ်နေတုန်းလား”

“အင်းလေ ငါတို့ပြန်လာပြီးတာနဲ့ သူအိပ်ပျော်သွားတာ လွန်ခဲ့တဲ့ရက်တွေက သူသိပ်မအိပ်လိုက်ရဘူး အဲဒါကြောင့် နောက်ထပ်ရက်နည်းနည်းလောက်ကို အိပ်နေဦးမယ်ထင်တယ်” ဆူရှောင်ရှောင်ပြောလိုက်သည် “ဂျူနီယာ မင်းခြံဝန်းထဲမှာစောင့်လေ မင်းအခန်းရှင်းပြီးတာနဲ့ သွားကြတာပေါ့”

“ဒုက္ခခံမနေပါနဲ့ အစ်ကိုရာ၊ ဂျူနီယာအစ်မရောရှိလား”

“ရှိမယ်ထင်တာပဲ” ဆူရှောင်ရှောင်သည် မျက်စောင်းထိုးတွင်ရှိသော ဟန့်မြောင်ရွှမ်အခန်းဘက်သို့ အော် မည်အလုပ်တွင် ရှီမာယူယူတားလိုက်သည်။

“စီနီယာအစ်ကို မအော်နဲ့တော့ ကျွန်တော်သွားရှာလိုက်မယ်” သူမသည် ပါးစပ်ကိုကာရင်းပြောလေ သည်။

“အင်း အဲဒါဆိုသွားလေ၊ ငါခြံထဲကိုဆက်ရှင်းလိုက်ဦးမယ်” ဆူရှောင်ရှောင်သည် တံမြက်စည်းကိုင်ပြီး ထွက်သွားလေသည်။

ရှီမာယူယူသည် ဟန့်မြောင်ရွှမ်၏ အခန်းသို့သွားလိုက်သည်။ ထိုလူသည် လွန်ခဲ့သည့်ရက်တွေက အလုပ်လုပ်ပြီးတာနဲ့ အခုကိုအထဲမှာပြန်အိပ်ပျော်နေပြီ။

ရှီမာယူယူသည် တံခါးခေါက်လိုက်သည်။ သို့သော် ဟန့်မြောင်ရွှမ် သူမကို လျစ်လျူရှုထားသည်။ ခေတ္တ မျှ စဉ်းစားပြီးသော်အခါ သူမ ကြက်ပေါင်ကင်ကိုထုတ်ပြီး စားလိုက်သည်။

အထဲရှိလူ၏ နှာခေါင်းမှအနံ့ရသည်နှင့် မျက်လုံးသည် ချက်ချင်းပွင့်လာသည်။ ခေတ္တမျှတွေဝေပြီးနောက် တံခါးပြေးဖွင့်လေသည်။

“အာ.. မင်းပြန်လာပြီဆိုတာသိလိုက်တယ် မွှေးလိုက်တာ၊ ငါ့အတွက်ရောရှိလား”

သူမ ညအိပ်ဝတ်စုံကိုသာဝတ်ထားသည်ကို ရှီမာယူယူ တွေ့သောအခါ အထဲသို့ဝင်ပြီး တံခါးပိတ်လိုက် သည် “မျက်နှာသစ် အင်္ကျိဝတ်ပြီးမှဆက်ပြောတာပေါ့”

ဟန့်မြောင်ရွှမ်သည် အမှန်တကယ်စားချင်သော်လည်း ရှီမာယူယူ ပြောလိုက်သည့်စကားကြောင့် ကိုယ်လက်သန့်ရှင်းလိုက်သည်။ မဟုတ်လျှင် သူမ ဘာမှစားရမည်မဟုတ်ပေ။ သည်လိုနှင့် သန့်ရှင်းရေးလုပ် လိုက်သည်။

သူမ ပြီးသည်နှင့် ရှီမာယူယူသည် ကြက်ပေါင်ကင်ထုတ်ပြီး သူမအား ပေးလိုက်သည်။ ထို့နောက် သူမ မေးလိုက်သည် “ဘာတွေလုပ်စရာရှိသေးလဲ”

ဟန့်မြောင်ရွှမ် ခေါင်းရမ်းကာ “ဒီအချိန်အတွင်းတော့ ဆရာကဘာမှခိုင်းထားတာမရှိသေးဘူး”

“ဒါဆိုရင် ကျွန်တော်အကူအညီတောင်းစရာရှိလို့” ရှီမာယူယူ ပြောလိုက်သည်။

“ဘာအကူအညီလဲ”

ရှီမာယူယူသည် ဆေးနည်းထုတ်ပေးရာ ဟန့်မြောင်ရွှမ်ယူကြည့်ပြီးနောက် အံ့သြနေလေသည်။

“ဒါကရှေးဟောင်းဆေးနည်းပဲ ဘယ်လိုရတာလဲ”

“ဒီလိုပါပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်အခု ဆေးတွေလိုတယ်၊ အစ်မနဲ့ တခြားစီနီယာ အစ်ကိုတွေရော ကူညီပေးနိုင်မလား”

“ဝိဉာဉ်မိစ္ဆာအတွက်လား” ဟန့်မြောင်ရွှမ်သည် ဆေးပါဝင်ပစ္စည်းစာရင်းကိုကြည့်ပြီး ခန့်မှန်းလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုလဲ ကူညီပေးနိုင်မလား”

“ငါအရင်ကတော့ မဖော်ဖူးဘူး ဒါပေမဲ့ အဆင့်ကတော့မမြင့်ပါဘူး၊ အဆင့်၆ပဲရှိတယ်၊ ဆေးဖော်လည်း ပြဿနာမရှိဘူး၊ ဘယ်လောက်လိုလဲ ဘယ်အချိန်လောက်လိုချင်တာလဲ” ဟန့်မြောင်ရွှမ်သည် ရေရွတ်လိုက် သည်။

“ဒီနေ့အပါအဝင် ၁၀ရက်၊ အရေအတွက်ကတော့ များလေကောင်းလေပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကိစ္စမရှိဘူး” ဟန့်မြောင်ရွှမ် ကြေညာလေသည်။

ရှီမာယူယူသည် မှော်ဝင်လက်စွပ်အလွတ်ထုတ်လိုက်သည်။ အထဲတွင် ဆေးဖော်ရာတွင်လိုအပ်သည့် ဆေးပါဝင်ပစ္စည်းများသာရှိသည်။

“စီနီယာအစ်ကိုတွေ ဒီမှာရှိတယ် သူတို့ကိုသွားပြောပေးပါ၊ သူတို့ကြည့်ချင်တယ်ဆိုလည်း ဆေးနည်းပြ လို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ ငါအခုပဲ သူတို့ဆီသွားလိုက်မယ်” ဟန့်မြောင်ရွှမ်သည် ဆေးညွှန်းကိုင်ပြီးထွက်သွားလေ သည်။

ရှီမာယူယူသည် သူမအား ဆွဲလိုက်ပြီး “ခဏလေးမသွားပါနဲ့ဦး၊ စီနီယာအစ်ကို ၃က အခုလေးတင် အလုပ်တွေပြီးလို့ ခြံကိုသန့်ရှင်းရေးလုပ်နေတာ၊ အဲဒါကို မသန့်ရှင်းရရင် သူနေကောင်းမှာမဟုတ်ဘူး စီနီယာ အစ်ကိုကြီးကိုလည်း အိပ်ခိုင်းလိုက်ပါဦး”

“အင်းလေ အဲဒါဆိုလည်း” ဟန့်မြောင်ရွှမ်သည် ဆေးညွှန်းကိုပြန်ချပြီး ထိုင်ကာ ဆက်စားလေသည် “မင်းကရော”

“ကျွန်တော် သူငယ်ချင်းတွေကိုသွားရှာလိုက်ဦးမယ်၊ သူတို့လည်း ဆေးဘယ်လိုဖော်ရမလဲဆိုတာကို သိတယ်၊ ကျွန်တော်သူတို့နဲ့ သွားလုပ်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဟုတ်သားပဲ ကျွန်တော် အဲဒါတွေ ပေးပြီး ၁၀ရက်အတွင်းပြန်လာခဲ့မယ်”

ရှီမာယူယူသည် ခွဲခွာခြင်းဥယျာဉ်မှထွက်လာပြီး ဘေဂုံထန်နှင့် ဝူရန်ဖေကိုသွားရှာလိုက်သည်။ သူတို့ နှစ်ယောက်လုံးမရှိသဖြင့် မိခင်ကျောက်တုံးဖြင့် ဆက်သွယ်ရလေသည်။

သူတို့နှစ်ယောက်လုံး အလျင်အမြန်ပြန်လာသည်။

“ယူယူ ပြန်လာပြီလား နင်ဒဏ်ရာရတယ်ပြောတယ် အဆင်ပြေရဲ့လား”

“ပြေပါတယ်” ရှီမာယူယူ ပြေလာိုက်သည် “နင်တို့ကို အကူအညီတောင်းဖို့လာရှာတာ”

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ ရှီမာယူယူ အကူအညီတောင်းမည့် ကိစ္စကိုသိချင်နေကြသည်။

“ငါအတားအဆီးပြင်ပြီးသွားပြီ ငါ့နောက်လိုက်ခဲ့ကြ” ရှီမာယူယူသည် ပြောပြီးသည်နှင့် သူတို့နှစ်ယောက် အား ဝိဉာဉ်စေတီအတွင်းသို့ခေါ်သွားလိုက်သည်။

၁၀ရက်ကြာပြီးချိန်တွင် ရှီမာယူယူသည် ဆေးများအပြည့်ပါသောလက်စွပ်ယူကာ အပြင်သို့ထွက်လာ သည်။

သူမ အတွင်းဂိုဏ်းမှထွက်ခွာသည့် တည်ဆောက်မှုသို့ရောက်သောအခါ ခါတိုင်းလိုပင် အစောင့် နှစ်ယောက်စောင့်နေကြသည်။ သူမသည် ရှုဂျင်း၏ နာမည်ပြားထုတ်ပြရာ ချောချောမွေ့မွေ့ပင် သွားလာရနေ သည်။

သူမ ထွက်သွားသည်နှင့် ထိုနှစ်ယောက်သည် ဆက်ပြီးစားသောက်ကာ စကားပြောနေလေသည်။

“သူက ကျောင်းအုပ်ကြီးယွမ်ပြောတဲ့တစ်ယောက်လား”

“ဖြစ်လောက်တယ် ရှုဂျင်းရဲ့တပည့်လေ သူပဲမလား”

“ကျောင်းအုပ်ကြီးယွမ်က အဲလူအပေါ်ကိုမျှော်လင့်ချက်အကုန်ထားတာကို တွေးလို့တောင်မရဘူး”

“ရှုဂျင်းတပည့်ဖြစ်လို့ တွေးလို့မရတာက ဖြစ်သင့်ပါတယ်”

“အင်း သူ့ မျှော်လင့်ထားတာဖြစ်ပါစေလို့ ဆုတောင်းပါတယ်”

“သူလုပ်နိုင်နိုင် မလုပ်နိုင်နိုင် ငါတို့်ဘာမှလုပ်ရတာလဲမဟုတ်ဘူး လာ ဆက်သောက်ရအောင်”

“….”

ရှီမာယူယူသည် အိမ်ပြန်ရာ ရွှမ်ရှင်းမန်သည် သူမအား စောင့်နေလေသည်။

“ညီလေး၁၀ ပြန်လာပြီလား မင်းမလာသေးရင်ငါတို့သွားတော့မလို့” ဝူလာရှုံ ပြောလိုက်သည်။

သူတို့ စိတ်ပူနေသည်ကိုကြည့်ပြီး ရှီမာယူယူ မေးလိုက်သည် “ဘာဖြစ်လို့လဲ တိုက်ပွဲအခြေအနေ ပြောင်း သွားလို့လား”

“ဟုတ်တယ် ရေနဂါးမျိုးနွယ်က သူတို့တပ်ကိုလွှတ်လိုက်ပြီလို့ မနေ့ကသတင်းရတယ်၊ ဒီနှစ်ရက်အတွင်း ကို တိုက်ပွဲကြီးဖြစ်တော့မယ်” ဝူလာရှုံ ရှင်းပြလေသည် “ငါတို့ မနေ့ကတည်းကပြန်ချင်တာ၊ ဒါပေမဲ့ ဒီနေ့က ချိန်း ထားတဲ့ရက်ဆိုတော့ တစ်ရက်လောက်ထပ်စောင့်မယ်ဆိုပြီး မပြန်ဖြစ်တာ”

“အဲလိုဆိုရင် ကျွန်တော်ထပ်ပြီးအချိန်မဆွဲတော့ဘူး” ရှီမာယူယူသည် မှော်ဝင်လက်စွပ်ထုတ်ပြီး ရွှမ်ရှင်းမန်ကိုပေးလိုက်သည် “အမေ ဒါဆေးတွေပါ ပြန်ယူသွားလိုက် တိုက်ပွဲဖြစ်ရင် သုံးလို့ရတယ်”

ရွှမ်ရှင်းမန်သည် အထဲသို့ကြည့်လိုက်ရာ ထောင်ပေါင်းများစွာသော ဆေးပုလင်းများကိုတွေ့သောအခါ အံ့သြစွာ အော်လိုက်သည် “ဒီ၁၀ရက်အတွင်းကို ဒီလောက်အများကြီးဖော်လိုက်တာလား”

ထိုအရေအတွက်သည် သူမအတွက် လန့်စရာဖြစ်သည်ကို ရှီမာယူယူသိသဖြင့် ရှင်းပြလေသည် “တခြား လူတွေကူညီပေးပါတယ် အတွင်းဂိုဏ်းမှာ အဂ္ဂိရတ်ပညာရှင်တွေရှိတာသိတယ်မလား”

“ကျေးဇူးပဲ ကလေး” ရွှမ်ရှင်းမန်သည် သူမအား ဖက်ပြီးနောက် ဝင်ပေါက်ဖွင့်ကာထွက်သွားလေသည်။ ဝူလာအာနှင့် တခြားသူများသည် နှုတ်ဆက်ကာ သူမနောက်လိုက်သွားလေသည်။

အစပိုင်းတွင် ရွှမ်ရှင်းမန်သည် သတင်းရသည်နှင့် စိတ်ပူခဲ့သည်။ သို့သော် ပြန်ချိန်တွင် ယုံကြည်မှုအပြည့် ရှိနေသည်။ ထိုဆေးများနှင့်ဆိုလျှင် သူတို့ရှင်သန်နိုင်မည်ဟု သူမ ယုံကြည်သည်။

***

All Chapters