ကောင်းလိုက်တာ
Vol. 20 Ch. 286
စိတ်လှုပ်ရှားနေတာကဟန်နန်ရှန်တစ်ယောက်ထဲမဟုတ်ပေ။လူတိုင်းကစိတ်လှုပ်ရှားနေကြသည်။
ရောက်ရှိနေသောလူအများစုသည် စစ်သားများဖြစ်ကြသည်။
ကျူဝမ်မင် နှင့် ကျောက်ဂျန်တို့ဆိုတာကဘယ်လိုလူမျိုးလဲဆိုတာကိုလူတိုင်းသိလေသည်။
ကျူဝမ်မင် နှင့် ကျောက်ဂျန် တို့သည် တရုတ်နိုင်ငံ၏ အဓိကမဏ္ဍိုင်နှစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်သည်။
တစ်ချို့လူတွေက စိတ်ထဲမှာ မှန်းဆနေကြသည်။ ‘’ဟန် မိသားစုက ဒီအဘိုးကြီးနှစ်ယောက်ကိုဘယ်လိုအကွက်တွေများသုံးထားလဲမသိဘူး’’
သို့သော် ရီရှောင်သည်မွေးနေ့ပွဲကိုလရောက်ဂုဏ်ပြုရခြင်းအကြောင်းရင်းမှာ မကြာသေးမီကကျူဝမ်မင်ထံမှ ဖုန်းခေါ်ဆိုမှုကြောင့်ဆိုတာ လူတိုင်းမသိခဲ့ကြပေ။
မူလက သူတို့သည် လင်းဖန်အား စစ်တုရင်ကစားရန် သူတို့အိမ်ကိုလာခိုင်းလေသည်။
သို့သော်လင်းဖန်သည်သူ့တို့အိမ်ကိုလာဖို့ကိုငြင်းဆိုလိုက်သည်။ဘာလို့သူ့ရည်းစားဟန်တီ၏အဖိုးအသက် 80 ပြည့် မွေးနေ့ဖြစ်သောကြောင့် ရှန်ရှီကို သွားမည်ဟု လင်းဖန် ပြောလိုက်သည်။
လင်းဖန်ပြသထားသေညဆေးရည်ပဲဖြစ်ဖြစ် သူပိုင်ဆိုင်တဲ့ လီချမ်လက်ဖက်ရည်ပဲဖြစ်ဖြစ်... သူနဲ့နီးစပ်ဖို့ အရမ်းထိုက်တန်သည်။
ပြီးတော့ လင်းဖန်သည် ကျူဝမ်မင် ၏မြေး၏အသက်ကို ကယ်တင်ရုံသာမက ကျောက်ဂျန်ကိုလဲမတ်တပ်ရပ်နိုင်အောင်လုပ်ပေးသောကြောင့်သူတို့နှစ်ယောက်သည်လင်းဖနိနှင့် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှု ရချင်ခဲ့သည်။
ထို့ကြောင့် ကျောက်ဂျန်နှင့် ကျူဝမ်မင် တို့သည် လင်းဖန်၏ ချစ်သူဟန်တီ၏အဖိုးကို ချီးကျူးဂုဏ်ပြုရန် ချက်ချင်းဆုံးဖြတ်ခဲ့ကြသည်။
သို့သော် သူတို့၏ပုံရိပ်ကြောင့် ရှန်ရှီ သို့ ရုတ်တရက်သွားရန် လုံးဝမဖြစ်နိုင်ပေ။
ပြီးတော့လုံခြုံရေးကိုလဲအာမမခံနိုင်ပေ။
ယခင်အချိန်ကကျူဝမ်မင်သည် လင်းဖန်၏အဘိုးမွေးနေ့ကို ဂုဏ်ပြုရန် ချင်ရှီသို့သွားရန်အချိန်အတော်ကြာ ကြိုတင်စီစဉ်ထားခဲ့ရသည်။
ထို့ကြောင့်ချန် ပြည်နယ်၊ ကျန်းပေ့မြို့၊ ချင်ရှီမြို့စသည်မြို့ခေါင်းဆောင်များစွာတို့သည်ကျူဝမ်မင်နောက်ကနေ လိုက်ပါသွားရန်အခွင့်အရေးတစ်ခုရခဲ့သည်။
......
ထုံးစံအတိုင်း ဟန်နန်ရှန်သည် ဒါကို မသိခဲ့ပေ။ ရန်ရှောင်၏စကားကိုကြားပြီးနောက် သူသည် စိတ်လှုပ်ရှားသွားပြီး “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်နှစ်ယောက် ကျေးဇူးတင်ပါတယ်!”
ထို့နောက် သူက “ခေါင်းဆောင်နှစ်ယောက်ရဲ့ ကျန်းမာရေး အဆင်ပြေရဲ့လား” လို့ အလျင်စလို မေးလိုက်သည်။
ရန်ရှောင်က ခေါင်းညိတ်ပြီး “အားလုံးအဆင်ပြေပါတယ်။”ဟုပြန်လည်ပြောကြားလိုက်သည်။
“ကောင်းတယ် ကောင်းတယ်!” ဟန်နန်ရှန်က ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက် ရန်ရှောင်က စက္ကူပေါ်တွင်စကားလုံးနှစ်လုံးရေးထားတာကို ထုတ်ယူလိုက်ပြီး “ဒါက ခေါင်းဆောင် ကျူဝမ်မင် နဲ့ ခေါင်းဆောင်ကျောက်ဂျန် တို့ကိုယ်တိုင်ရေးထားတဲ့လက်ရေးလှပါ၊ဒါကမွေးနေ့ဂုဏ်ပြုလက်ဆောင်ပါ” လို့ပြောလိုက်သည်။
ခေါင်းဆောင်ကျူဝမ်မင်နှင့် ခေါင်းဆောင်ကျောက်ဂျန်တို့၏ လက်ရေးလှစာရွက်။
ဒါ ဘာလောက်တောင်ဂုဏ်ရှိလိုက်မလဲ။
အစောပိုင်းဟွမ်တန်ပေးသော “နွေဦးသစ်ပင်နှင့် ဆောင်းဦးနှင်းခဲပုံ” သည် တန်ဘိုဟူ၏ လက်ရာဖြစ်သော်လည်း ယင်းနှင့် နှိုင်းယှဉ်ရန်မှာဝေးကွာလွန်းလှသည်။
ထို့ကြောင့်ဟန်နန်ရှန် ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် “ကျေးဇူးတင်ပါတယ်... ခေါင်းဆောင်နှစ်ယောက် ကျေးဇူးတင်ပါတယ်”
ထို့နောက် သူသည် လက်ရေးလှစာရွက်ကို သေချာ လေးနက်စွာ ယူလိုက်သည်။
ထိုအခိုက်တွင်ရန်ရှောင် သည်လင်းဖန် နှင့် လျူယောင်တို့သည် မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်သူတို့စီ လျှောက်သွားလိုက်သည်။
သူချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ရန်ရှောင်၏ပါးစပ်နှင့် နှာခေါင်းထဲသို့ အထူးရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။
ရန်ရှောင်သည် ဒီရနံ့ ကိုအလွန်ရင်းနှီးပေးသည်။ဒါကမကြာသေးမီကသူသောက်ခဲ့သောလီချမ် ရဲ့ ရနံ့ ဆိုတာကိုသူချက်ချင်းသိလိုက်သည်။
မကြာမီ သူသည် လင်းဖန်တွင်နားတွင်လွှင့်ပစ်ခံရသောလက်ဖက်ခြောက်သေတ္တာကိုကြည့်လိုက်သည်။
ရန်ရှောင်သည် လီချမ်လက်ဖက်ရည်ကိုကျူဝမ်မင် နှင့် ကျောက်ဂျန်တို့ သည် မည်မျှတန်ဖိုးရှိသည်ကို သူကောင်းကောင်းသိခဲ့သည်။
ရလဒ်အနေနဲ့ အခုကသာမာန်အမှိုက်လို လွှင့်ပစ်ခံရတာလား။
ရန်ရှောင် က “မင်းရဲ့ ညစ်ပတ်နေတဲ့ခြေထောက်ကို ဖယ်စမ်း!”
လျူယောင်က တဲ့ခြင်္သေ့ဆိုရင်ရန်ရှောင်သည် ကောင်းကင်ပေါ်မှပျံတက်နေသည့် ဧရာမနဂါးကြီးဖြစ်သည်။
ပိန်ပိန်နှင့်လူသည် ထိတ်လန့်တကြား မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျသွားသည်။
ရန်ရှောင်ကအော်ပြေညလိုက်ပြီး လင်းဖန်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
သို့ပေမယ့် နှစ်ယောက်သား စကားမပြောကြပေ။
သို့သော် ဤခေါင်းညိတ်ပြခြင်းသည် အချင်းချင်းသိကြောင်းကိုပြသနေသည်။
ဟန်နန်ရှန်၏ နှလုံးသည် အနည်းငယ် လန့်ဖျပ်သွားတော့သည်။ ဤလင်ဖန်း ... သူကကျောင်းသားပဲမဟုတ်ပါလား။
ရန်ရှောင်နဲဘယ်လိုသိတာလဲ။
ကြည့်ရတာ သူကထင်သလောက် မရိုးရှင်းဘူးပဲ။
ထိုအချိန်တွင် ဟန်ရှန်ဒေါင်သည် ခရမ်းရောင် မြေအိုးနှင့် ယူဆောင်လာခဲ့သည်။
ဟန်နန်ရှန်က သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး “ဗိုလ်ချုပ် ရန်နဲ့ ဗိုလ်ချုပ်လျူ ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါအုံး” လို့ ပြောလိုက်သည်။
လျူယောင်နှင့် ရန်ရှောင် တို့နှစ်ဦးစလုံးသည် လင်းဖန်ပေးသော လက်ဖက်ရည်ကို အလွန်နှစ်သက်ကြသည်။
သိချင်စိတ်ဖြင့်ဟန်နန်ရှန်သည် လဲလင်းဖန်ပေးသောလက်ဖက်ခြောက်သေတ္တာကိုဖွင့်လိုက်သည်။
သူသည် ‘ လက်ဖက်ခြောက်အမြောက်အများကိုတွေ့သောလဲသူ၏အမူအရာကဘာမှမဖြစ်ပေ။
သူသံသယအရိပ်အမြွက်ဖြင့် လက်တစ်ဆုပ်စာ လက်ဖက်ခြောက်ရွက်ကို ကောက်ယူကာ ခရမ်းရောင် မြေအိုးတစ်လုံးထဲတွင်ထည့်ပြီး သင့်လျော်သော ရေနွေးပူကို လောင်းချလိုက်သည်။
ထို့နောက် လက်ဖက်ခြောက်ပြုတ်ထားသော ရေကို သူ့ဘေးရှိ အမှိုက်ပုံးထဲသို့ လောင်းချသည်။
“ဘာလို့လောင်းချတာလဲ?!”
တစ်ချိန်တည်းမှာပင်လျူယောင်နှင့် ရန်ရှောင် တို့က တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။
လျူယောင်သည် လီချမ်လက်ဖက်ရည်ကို မည်မျှအရသာရှိသည်ကို သိသည်။
ရန်ရှောင်သည် ကျူဝမ်မင် နှင့် ကျောက်ဂျန်တို့က လက်ဖက်ရည်တစ်စက်တိုင်းကိုတန်ဖိုးထားသည်။ အထူးသဖြင့် ပထမဆုံး ဖျော်သည့်ခွက်ကို မည်မျှမြတ်နိုးသည်ကိုပင်မြင်နိုင်သည်။
ထုံးစံအတိုင်း ဟန်နန်ရှန် က ဒါကို မသိဘဲ သူက “ဒါ... ဒါ... လက်ဖက်ရည်ဖျော်တာပဲ မဟုတ်ဘူးလား?”
သူ့လုပ်ရပ်တွင်အမှားအယွင်းများရှိလားဆိုပြီးပြန်စဉ်းစားလိုက်သည်။
လက်ဖက်ရည်မသောက်ခင် လက်ဖက်ရည်ကို ဆေးကြောတာက ပုံမှန်မဟုတ်ဘူးလား။
လျူယောင်နှင့်ရန်ရှောင်တို့က ခေါင်းကို အနည်းငယ်ခါယမ်းကာ ဘာမှမပြောကြပေ။
ဟန်နန်ရှန်သည် ပွက်ပွက်ဆူနေသော ရေကို ခရမ်းရောင် မြေအိုးထဲသို့ ထပ်မံလောင်းထည့်လိုက်သည်။
ခဏအကြာတွင် လက်ဖက်ရည်ကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
ဟန်နန်ရှန်က “ဗိုလ်ချုပ် လိူနဲ့ ဗိုလ်ချုပ်ရန်ကျေးဇူးပြုပြီး”
သူတို့နှစ်ယောက်သည် မယဉ်ကျေးတော့ဘဲသောက်လိုက်သည်။
လီချမ်လက်ဖက်ရည်ကိုသောက်ပြီးနောက်၊ ရန်ရှောင်နှင့် လျူယောင်တို်၏မျက်နှာများပေါ်တွင် မဖုံးကွယ်နိုင်သော ပျော်ရွှင်မှုများ ပေါ်လွင်လာလေသည်။
ဒါကိုတွေ့ပြီးဟန်နန်ရှန်သည်လဲစူးစမ်းလိုစိတ်ဖြင့် လက်ဖက်ရည်ခွက်ကိုယူကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
ဟန်နန်ရှန်သည်အသက် ရှစ်ဆယ်မရောက်ခင်ကတည်းကသူ့ခန္ဓာကိုယ်သည် သံချေးတက်နေသော စက်ကဲ့သို့ချွတ်ယွင်းနေသလိုခံစားရသည်။
လက်ဖက်ရည်သောက်လိုက်သောအခါတွင် သူ့တစ်ကိုယ်လုံးရှိ သံချေးများ ရုတ်တရက် ပျောက်ကွယ်သွားပုံရပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်ကာလန်းဆန်းသွားတော့သည်။
ဒီလောက်အရသာရှိတဲ့ လက်ဖက်ရည်ကိုသူ့ဘဝမှာ တစ်ခါမှ မသောက်ဖူးပေ။
သို့သော် ဟန်နန်ရှန်မချီးကျူးမီတွင် သူ့ဘေးနားရှိ ရန်ရှောင်က ဦးစွာပြောလိုက်သည်။
“ဒုတိယ အကြိမ် ကပထမဆုံးအကြိမ် သောက်ဖူးတာကအကြိမ်ပေါင်းများစွာ အရသာပိုရှိတယ်!”
ထို့နောက် ရန်ရှောင် သည် သူ့ဘေးနားရှိ လက်ဖက်ခြောက်သေတ္တာကြီးကို ကြည့်ကာ လင်းဖန်အား “မင်းရည်းစားရဲ့ အဖိုးမွေးနေ့ ရောက်တော့မယ်ဆိုတာကိုခေါင်းဆောင်နှစ်ယောက် သိသွားတဲ့အခါ သူတို့က လူကိုတိုင်လာပြီးတော့ ဂုဏ်ပြုချင်ခဲ့တယ်။”
“ဒါပေမယ့် လာဖို့စီစဉ်ဖို့ အချိန်က အရမ်းနောက်ကျနေပြီမို့ ငါ့ကပဲကိုယ်စား ဂုဏ်လာပြုတာပါ။”
“ကံကောင်းထောက်မစွာနဲ့သူတို့ မလာတာကောင်းတယ်။ သူတို့ ဒီလိုမျိုး လီချမ်လက်ဖက်ခြောက်သေတ္တာကြီးကို တွေ့ခဲ့မယ်ဆိုရင် သူတို့ မနာလို်လောက်တောင်ဖြစ်မလဲ မသိဘူး။”
ဒီစကားထွက်လာတာနဲ့ လူတိုင်းနှုတ်ဆိတ်သွားတော့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး