လင်းဖန်၏အထောက်အထား
Vol. 20 Ch. 287
ခေါင်းဆောင်ဟောင်းနှစ်ဦးဆိုတာကကျူဝမ်မင် နှင့် ကျောက်ဂျန်တို့ကိုရည်ညွှန်းခြင်းဖြစ်သည်။
ကျူဝမ်မင်နဲ့ ကျောက်ဂျန်တို့က ဘယ်သူတွေလဲ။
သူတို့တွေကကောင်းကင်နဲ့တူတဲ့ တည်ရှိမှုပင်ဖြစ်သည်။
ဒါပေမယ့် လူတိုင်းခုနကဘာကိုကြားခဲ့တာလဲ
ဒီလိုကောင်းကင်ကြီးနဲ့သူတွေက အသက်နှစ်ဆယ်ကျော်သာသာရှိပုံရတဲ့ ဒီလူငယ်လေးရဲ့ရည်းစားရဲ့အဖိုးမွေးနေ့ကို လူကိုယ်တိုင်လာရောက်ကျင်းပပေးချင်တာလား။
ဒါဆိုသူကသူဘယ်သူလဲ? !
မူလက ဟန်နန်ရှန်သည် လက်ဖက်ရည်ကောင်းကို သဘောကျနေသော်လည်း ထိုအချိန်တွင်သူသည်လုံးဝ လန့်သွားပုံရသည်။
ရုတ်တရက် ပင်သူသောက်လိုက်တဲ့ လက်ဖက်ရည်ရဲ့အရသာက ဘာအရသာလဲဆိုတာတောင်သူမေ့သွားခဲ့သည်။
ဟန်နန်ရှန် က သူ့မြေးမရဲ့ ချစ်သူက မရိုးရှင်းဘူးလို့ခံစားရသည်။
ယခုတော့ မရိုးရှင်းသည်ထက်ပင်ပိုနေပုံရသည်။
ဟူနန်ရှန်းက သူ့မြေးမမှာ သာမာန်ကောလိပ်ကျောင်းသားတစ်ယောက်နဲ့ရည်းစားဖြစ်နေတယ်ဆိုတာကို သိလိုက်ရတော့ဟန်နန်ရှန် ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ့မြေးမလေးကို လင်းဖနက်စွန့်လွှတ်ဖို့ နည်းလမ်းရှာမည်ဆိုတာပင်ဖြစ်သည်။
ထိုအချိန်တွင်တော့ဟန်နန်ရှန်သည် ဤအကြံအစည်ကို သူမေ့ထားလိုက်သည်။
သူသည်အဲ့ဒီအစားသူ့မြေးလေးမနဲ့လင်းဖန်တို့ဘယ်တော့ လက်ထပ်မှာလဲဆိုတာကိုပင်စဉ်းစားနေတော့သည်။
သူ့ဘေးမှာ ရပ်နေတဲ့ ဟန်ရှန်ဒေါင်လည်း ထပ်တူထပ်မျှ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
သူ ဘာကြားလိုက်တာလဲ။
လင်းဖန်ကြောင့် ကျူဝမ်မင်နှင့်ကျောက်ဂျန်တို့သည် ၎င်းတို့၏ အဖိုးအား ဂုဏ်ပြုရန် ရောက်လာလုနီးပါးဖြစ်ခဲ့သည်။
ဒါတောင်သူကလင်းဖန်ကိုအရှက်ခွဲဖို့စိတ်ကူးမိသေးသည်။
....
ဟန်တီ၏ မျက်နှာပေါ်တွင်အံ့အားသင့်မှုတစ်ခု ပေါ်လာလေသည်။
လင်းဖန်သည် သင်္ချာဉာဏ်ကြီးရှင်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲသူကအလွန်ချမ်းသာကြောင်း သူမသိသည်။
သို့သော် လင်းဖန်သည် ကျူဝမ်မင် နှင့်ကျောက်ဂျန်တို့နှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိလိမ့်မည်ဟု သူမမထင်ထားခဲ့မိပေ။
လျူယောင်၏၏အမူအရာသည် အနည်းငယ်မျှမပြောင်းသွားပေ။
လင်းဖန်သည် ကျူဝမ်မင် ၏မြေးဖြစ်သူ၏အသက်ကို ကယ်တင်ခဲ့ပြီး ကျောက်ဂျန်ကိုလည်း မတ်တပ်ရပ်စေနိုင်အောင်လုပ်ပေးခဲ့သည်။
အခုတော့ ကျူဝမ်မင်နဲ့ ကျောက်ဂျန်တို့ဟာ လင်းဖန်ရဲ့ ချစ်သူ အဖိုးရဲ့ မွေးနေ့အတွက် ဂုဏ်ပြုပွဲ လာချင်ကြတဲ့ဆိုတဲ့ အဓိပ္ပါယ် ရှိသည်။
…………
ရန်ရှောင်ပြောသည်ကိုကြားပြီးနောက်လင်းဖန်သည် မထိန်းနိုင်ဘဲ ပြုံးကာ “မစ္စတာကျူနဲ့ မစ္စတာကျောက်တို့လဲ မနာလိုနေစရာ မလိုပါဘူး။ အခုအချိန်ကစပြီး သူတို့ကိုလီချမ်လက်ဖက်ရည် အလုံအလောက်ပေးမှာပါ”
လင်းဖန်သည် အမြဲတမ်း ကြင်နာမှုကိုကြင်နာမှုနဲ့သာပြန်ပေးဆပ်သူဖြစ်သည်။
ကျူဝမ်မင် နဲ့ ကျောက်ဂျန်တို့ဟာ ဒီလိုမျက်နှာသာမျိုးပေးခဲ့ကြတဲ့အတွက် အဘိုးအိုနှစ်ယောက်အပေါ် လင်းဖန် ရဲ့ ခံစားချက်ကအလွန်ကိုကောင်းမွန်နေသည်။
ထို့ကြောင့် လင်းဖန်သည် ၎င်းတို့အား သဘာဝအတိုင်း တွန့်တိုနေမည်မဟုတ်ပေ။
ရန်ရှောင်က “ခေါင်းဆောင်နှစ်ယောက်သာမင်းပြောတာကြားရင် သူတို့ အရမ်းပျော်သွားမှာ သေချာတယ်!”
ထို့နောက် လင်းဖန်သည် ခေါင်းကိုမော့ကာ ပတ်ပတ်လည်ကို လှမ်းကြည့်သည်။
ပိန်ပိန်ပါးပါးလူသည် လင်းဖန်က သူ့ကိုကြည့်နေတာကို သတိပြုမိတဲ့အခါ သူ့တစ်ကိုယ်လုံး မြေပြင်ပေါ် ပြန်ကျသွားခဲ့သည်။
သူသည်ဘာမိုက်မဲမှုကိုလုပ်ခဲ့တာလဲ။ !
ကျူဝမ်မင် နှင့် ကျောက်ဂျန်တို့အတွက်အလွန်အရေးကြီးသည့်လူကိုသူကဆဲဆိုခဲ့သည်။
ပိန်ပိန်ပါးပါးက သူသည်သူက ပြီးသွားပြီဆိုတာ နားလည်လိုက်သည်။
…………
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်ရောက်လာပြီး ဟန်နန်ရှန်အား “ဆရာကြီး၊ မွေးနေ့ပွဲ အဆင်သင့်ဖြစ်ပြီ” ဟုပြောလိုက်သည်။
ဟန်နန်ရှန်ခေါင်းညိတ်ပြပြီးနောက် သူ့အကြည့်က သေတ္တာကြီးထဲက လီချမ်လက်ဖက်ခြောက်ကို စိုက်ကြည့်လိုက်သည်။
ဒီအချိန်မှာ သူ့နှလုံးသားထဲမှာ လက်ဖက်ခြောက်သေတ္တာကြီးကို မြင်နေရတာကို မကြိုက်တော့တာမဟုတ်တော့ပဲ
အဲဒီအစား၊ ရတနာကို ရှာတွေ့တဲ့ ရတနာမုဆိုးတစ်ယောက် လိုမျိုးသူ၏မျက်လုံးတစ်စုံသည် ဖျတ်ခနဲတောက်သွားခဲ့သည်။
ဟန်နန်ရှန် က “ရှန်ဒေါင် မင်းက ဒီလက်ဖက်ခြောက်သေတ္တာကို ငါ့အခန်းထဲမှာ သေချာထည့်ထား၊ ဘယ်သူမှ ဒါကိုရွှေ့ခွင့်မရှိဘူး!”
သူသည်ရန်ရှောင်ပြောသောစကားကိုကြားလိုက်သည်။
ရန်ရှောင်ပြောသောစကားမှာကျူဝမ်မင် နှင့် ကျောက်ဂျန်တို့ သည် ဤလက်ဖက်ခြောက်သေတ္တာကို မြင်သောအခါတွင်မနာလိုဖြစ်မယ်ဆိုတာပင်ဖြစ်သည်။
ဒါကြောင့်ဒီလက်ဖက်ခြောက်သေတ္တာ၏တန်ဖိုးကို... စိတ်ကူးကြည့်နိုင်သည်။
ဟန်နန်ရှန် သည် လျူယောင် နှင့် ရန်ရှောင်တို့သည် သေတ္တာထဲမှ လက်ဖက်ခြောက်ကို ကြည့်နေသည်ကို သတိပြုမိသောအခါ သူက “ဒါ့အပြင် ဗိုလ်ချုပ်လျူနဲ့ ဗိုလ်ချုပ်ရန်တို့အတွက် လက်ဖက်ခြောက်ထည့်ပေးလိုက်အုံး”
ဒါကိုကြားတော့လျူယောင်နှင့်ရန်ရှောင်တို့၏ စကားများကို ကြားသောအခါတွင်သူတို့မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
…………
ဒီနေ့ မွေးနေ့ပွဲကို ဟိုတယ်မှာမကျင်းပပဲခြံဝင်းထဲက လွတ်နေတဲ့ ရင်ပြင်မှာ ကျင်းပဖို့ဟန်နန်ရှန်ကရွေးချယ်ခဲ့သည်။
ထိုအချိန်ခြံဝင်းရင်ပြင်တွင်စားပွဲများနှင့် ပြည့်နေပြီဖြစ်သည်။
အစဉ်အလာအရ လင်းဖန်နှင့် ဟန်တီတို့သည် တတိယစားပွဲတွင် ထိုင်သင့်သည်။
သို့သော်ယနေ့မှတော့လင်းဖန်တို့ကပထမစားပွဲတွင်ထိုင်လိုက်သည်။
မွေးနေ့ကြယ်ပွင့်ဖြစ်သောကြောင့်လူတိုင်းက အာရုံစိုက်သင့်သည်။
သို့သော် ယနေ့တွင်တော့လင်းဖန်အပေါ်ကိုအားလုံးကအာရုံစူးစိုက်နေကြသည်။
ဟန်နန်ရှန် လည်း ဒါကို ခံစားခဲ့ရပေမယ့် သူ သည်စိတ်မဆိုးပေ။ ဆန့်ကျင်ဘက်အနေနဲ့သူကပိုလို့တောင် ပျော်နေသည်။
ပွဲသည်သုံးနာရီမပြည့်မီတွင်ဖြည်းညှင်းစွာ ပြီးဆုံးသွားခဲ့သည်။
…………
ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။
ဟန်တီနှင့် လင်းဖန် တို့သည် ခြံဝင်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေကြသည်။
ထိုအချိန်တွင် ဟန်တီသည် ရုတ်တရက် ရပ်လိုက်ပြီး လင်းဖန်ကို သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်နေလိုက်သည်။
လင်းဖန်က”ငါ့မျက်နှာမှာ ညစ်ပတ်နေလို့လား” လို့ မေးလိုက်သည်။
ဟန်တီ က ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး” လို့ပြောလိုက်သည်။
“ဒါဆို မင်းဘာလို့ငါ့ကိုကြည့်နေတာလဲ” လင်းဖန်က မေးသည်။
“မင်းမှာ အံ့သြစရာ အထောက်အထားတွေ ဘယ်လောက်တောင်ရှိလဲဆိုတာငါ့ကိုပြောလို့ရလား” ဟန်တီက ပြောသည်။
“ငါပရော်ဖက်ရှင်နယ် ကားမောင်းသမား၊ ပရော်ဖက်ရှင်နယ် စန္ဒယားပညာရှင်၊ လက်ရေးလှကျွမ်းကျင်သူ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်...” လင်းဖန်ကဆိုလိုက်သည်။
ဟန်တီကလင်းဖန်တစ်ခုပြောတိုင်း ခေါင်းညိတ်လိုက်သည်။
လင်းဖန်က “မင်းငါပြောတာယုံလား”
ဟန်တီ က “မင်းပြောတာကိုငါယုံတယ်’’
လင်းဖန်က “ဒီအထောက်အထားတွေက အရေးအကြီးဆုံးမဟုတ်သေးဘူး”
ဒါကိုကြားတော့ဟန်တီသည် မျက်တောင်မခတ်ဘဲ လင်းဖန်အား အလွန်စပ်စုသောမျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
လင်းဖန် က ပြုံးပြီး “အရေးကြီးဆုံးက မင်းရဲ့ချစ်သူဖြစ်နေတာပဲ” လို့ပြောလိုက်သည်။
ဟန်တီကဒါကိုကြားတော့ သူမရဲ့မျက်နှာလှလှလေးကအနည်းငယ်နီသွားခဲ့သည်။
သူမသည် ကျန်ပေ့တက္ကသိုလ်မှ သင်္ချာပါမောက္ခဖြစ်ပြီး လင်းဖန်၏ ဆရာမလဲဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမသည်ဆယ်ကျော်သက်မိန်းကလေးလိုရှက်နေလေသည်။
နှစ်ယောက်သားသည်မတ်တပ်ရပ်ကာတစ်ယောက်ကိုတစ်ယောက်ချစ်ခင်ကြင်နာစွာ ကြည့်ပြီးနောက်တစ်ယောက်နားတစ်ယောက် ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။
နောက်ဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်လိုက်သည်။ခဏကြာပြီးနောက်သူတို့နှစ်ယောက်သည်ခန္ဓာကိုယ်ချင်းပြန်ခွာလိုက်သည်။ထို့နောက်နစ်ယောက်ကိုတစ်ယာက်ချသ်ချင်စွာကြည့်ပြီးနောက်နမ်းလိုက်ကြတော့သည်။
( ̄ε ̄)
(ˉ﹃ˉ)
…………
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး