မိန်းကလေးတွေကိုဘယ်လိုလိုက်လဲ
Vol. 20 Ch. 288
နောက်တစ်နေ့တွင် လင်းဖန်သည် ဟန်တီ၏အိမ်တွင် နံနက်စာစားခဲ့သည်။သူသည်ဒီနံနက်စာကိုအလွန်ကျေနပ်ပုံရသည်။
ထိုအချိန်တွင် မနီးမဝေးမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဟွမ်တန် နှင့်အတူ လျှောက်လာခဲ့သည်။
လင်းဖန်နားရောက်ပြီးနောက်သူတို့လမ်းလျှောက်တာကိုရပ်လိုက်ကြသည်။
ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားက လင်းဖန်အား ဦးညွှတ်လ်ုက်ပြီး “မစ္စတာလင်း၊ ငါက ဟွမ်တန်ရဲ့ အဖေ ဟွမ်ကန် ပါ။ မနေ့က ငါသားကမင်းကို မသိဘဲနဲ့စော်ကားမိခဲ့တယ်။ဒီနေ့ မင်းကိုတောင်းပန်ဖို့ငါ သူ့ကိုငါခေါ်လာခဲ့တယ်”
စကားပြောပြီးနောက် သူက သူ့ဘေးမှာ ရပ်နေတဲ့ ဟွမ်တန်ဘက်ကို လှည့်ပြီး “မင်း ဒီမှာ ဘာလုပ်နေသေးတာလဲ၊မြန်မြန် မစ္စတာလင်းကိုတောင်းပန်လိုက်လေ”
ဟွမ်တန်ကရှေ့တစ်လှမ်းတိုးကာဦးညွှတ်လိုက်ပြီး “မစ္စလင်း၊ တောင်းပန်ပါတယ် မနေ့က ငါမှားသွားတာပါ’’
“ဟေ့ယောင် ဒါ တောင်းပန်တာလား။ ခွေးကောင်ရ” ဟွမ်ကန်က ဒေါသတကြီး အော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက ဟွမ်တန် ၏ဖင်ကို ပိတ်ကန်လိုက်ရာ ဟွမ်တန်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဟွမ်တန်သည်မျက်နှာနဲ့မြေပြင်ကိုမိတ်ဆက်လိုက်ရသောကြောင့်နှာခေါင်းကနေသွေးတွေစီးကျလာခဲ့သည်။
ဟွမ်ကန်သည်ပိတ်ကန်ရာတွင်သူ့သားကိုသူသက်ညာမှာမရှိပေ။
မနေ့ညက မွေးနေ့ပွဲမှာ ဖြစ်ပျက်ခဲ့တာကို ဟွမ်ကန်က သိလိုက်ရတော့လင်းဖန်အကြောင်း ကိုမွေးနေံပွဲလာငေညတစ်ယောက်ယောက်ကို အလျင်စလို မေးလိုက်သည်။
လင်းဖန်သည် ကျူဝမ်မင်၏မြေးကို ကယ်တင်ခဲ့ကြောင်းနှင့် တစ်ချိန်တည်းမှာပဲ ကျောက်ဂျန်ကိုမတ်တပ်ရပ်နိုင်အောင်လုပ်ပေးခဲ့သူဖြစ်သည်။
သိရန်ကျောက်ဂျန်သည် ဟွမ်ကန် ၏ခေါင်းဆောင်ဖြစ်ပြီး ကျောက်ဂျန်သာမရှိရင် လက်ရှိဟွမ်ကန်လဲ ရှိမည်မဟုတ်ပေ။
ဟွမ်ကန် က ကျောက်ဂျန်ကို ကျေးဇူးဆပ်ချင်ခဲ့သည်။
အခုတော့သူ့သားကကျောက်ဂျန် ရဲ့ ကျေးဇူးရှင်ကိုတောင် စော်ကားခဲ့သည်။
ဒါက ဟွမ်ကန်သူ့ကိုအတော်ဒေါသထွက်စေသည်။
ဟွမ်တန်သည် နာကျင်နေသော်လည်း ဘာမှမပြောဝံဘဲသူသည်ဒူးထောက်ရင်း “လင်း... မစ္စတာလင်း၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်...”
လင်းဖန်က သူ့ကို ငုံ့ကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့လေသံနဲ့ပြောလိုက်သည်။ “နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ ငါမျှော်လင့်တယ်”
...
လင်းဖန်နှင့် ဟန်တီ တို့သည် ရှန်ရှီတွင် အကြာကြီးမနေခဲ့ကြပေ။ နေ့လည်စာစားပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ ပြန်ခဲ့ကြသည်။
လင်းဖန်သည်အိပ့်ဆောင်ထဲသို့ဝင်တာနဲ့
ဇောင်ချင်းဘိုနဲ့စုရီတို့ရဲ့ဆူညံတဲ့အသံကိုအရင်ကြားလိုက်ရသည်။
စုရီကလင်းဖန်ဝင်လာတာကို တွေ့လိုက်ရတော့သူက “အစ်ကို လင်း မင်းပြန်လာပြီလား”
“အွန်းမင်းတို့ ဂိမ်းကစားနေကြတာလား” လင်းဖန်က ပြောသည်။
“ဟုတ်တယ် အစ်ကို လင်းလဲငါတို့နဲ့အတူတူ ဂိမ်းကစားချင်လို့လား” စုရီက မေးလိုက်သည်။
လင်းဖန်က “မင်းတို့ပဲဆော့ပါ၊ငါတော့မဆော့တော့ဘူး” လို့ ပြောလိုက်သည်။
ထိုအချိန်တွင် အခန်းအပြင်ဘက်ကနေခြေသံများထွက်ပေါ်လာပြီး မကြာမီ မူဇောင်သည် အိပ်ဆောင်ထဲသို့ ဝင်လာခဲ့သည်။
ဇောင်ချင်းဘိုက “ဝေ့ မူဇောင်မင်းပြန်ရောက်ပြီလား။ငါတို့ဒီနှစ်ကျောင်းစတက်ကတည်းကငါတို့အတူတူက ညစာမစားရသေးဘူး... ဒီနေ့ထမင်းသွားစားရင်ကော”
စုရီ က ချက်ချင်းပဲ ‘’3လမ်းမှာရှိတဲ့ ရှန်ဒေါင်ဘိုကို သွားမယ်။ အဲဒီဆိုင်က ဂဏန်းပေါင်းနဲ့ အသားကင်တွေကအရမ်း အရသာရှိတယ်!”
ဒါကို ဘယ်သူကမှ မကန့်ကွက်ကြပေ။
3လမ်းသည် ကျန်ပေ့တက္ကသိုလ်မှ 5 သို့မဟုတ် 6 ကီလိုမီတာခန့်အကွာတွင်ရှိသည်။
လင်းဖန်သည် Mercedes-Benz Big G(ကား)မောင်းနှင်ပြီး 10 မိနစ်အတွင်း လိုရာခရီးကို ရောက်ရှိသွားခဲ့သည်။
ရှန်ဒေါင်ဘို ဆိုင်အဝင်ဝကို ရောက်တာနဲ့ သူတို့မျက်နှာနားမှာ သင်းပျံ့တဲ့ရနံ့တစ်ခု ထွက်ပေါ်လာပြီးသူတို့ကိုခဏတာ သရေရည်ယိုစေသည်။
ဆိုင်ထဲကို လှမ်းကြည့်လိုက်တော့လူများအပြည့်ရှိနေသည်။သူတို့သည်စကားပြောရင်းရယ်မောနေကြသည်။
လင်းဖန်၊ စုရီ နှင့် အခြားသူများသည်အမြန်ပဲထိုင်စရာနေရာရှာလိုက်ကြပြီးနောက်ဆိုင်၏အမှတ်အသားဖြစ်သောဂဏန်းပေါင်း၊ အကင်မျိုးစုံနှင့် ဘီယာဗူးကို မှာကြားလိုက်သည်။
ဒီဆိုင်ကို လာလည်တဲ့သူတွေ တော်တော်များများကိုဆွဲဆောင်နိုင်တဲ့ အရာကဂဏန်းပေါင်းပင်ဖြစ်သည်။ဂဏန်းပေါင်းမှာရှိတဲ့ ကဏန်းအသားက နူးအိပြီး စွပ်ပြုတ်အရာ််လေးတွေက စပ်စပ်လေးဖြစ်ပြီး အရသာကလည်း အလွန်ကိုကောင်းပါသည်။
“အစ်ကို လင်းမင်းကောင်မလေးတွေကို ဘယ်လိုလိုက်တာလဲ။” မူဇောင်သည် ဘီယာတစ်ခွက်သောက်ပြီးနောက် မဝံ့မရဲမေးလိုက်သည်။
လင်းဖန်က “ဘာလဲ မင်းမှာကြိုက်နေတဲ့သူရှိလို့လား”
မူဇောင်”မဟုတ်ဘူး... မဟုတ်ပါဘူး၊ ငါကသိချင်လို့မေးတာပါ”
ဇောင်ချင်းဘိုက ပြုံးပြီး “မင်းအစ်ကိုလင်းကိုဒီလိုကိစ္စမေးကတည်းကမှားနေပြီ၊အစ်ကိုလင်းရဲ့Ferrari ကားကို မောင်းထုတ်နေသမျှကာလပတ်လုံးမရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက အစ်ကိုလင်းနောက်ကိုလိုက်လိမိ့မယ်”
လင်းဖန်ကဒါကိုကြားတော့ ပြုံးပြီး ခေါင်းခါလိုက်သည်။
စုရီက “မင်းတော့ပြောမှားနေတယ်၊အစ်ကို လင်းကဒီလောက်ရိုးသားတာကို”
လင်းဖန်က ခေါင်းညိတ်ပြီး “စုရီကပဲငါ့ကို နားလည်တယ်” ဟု ပြောလိုက်သည်။
စုရီ က “ဥပမာပေးပြီးပြောရရင်မိန်းကလေးတစ်ယောက်က ရေခဲမုန့်စားချင်ရင်ချက်ချင်းသွားဝယ်ပေးတယ်ကွာ၊ ဒါပေမယ့် ရေခဲမုန့်တွေ အရည်ပျော်တာကို တားဆီးဖို့အတွက် အစ်ကိုလင်းက Lamborghini (ကား)ဖြင့်ကောင်မလေးဆီ မြန်မြန်ရောက်အောင် မောင်းခဲ့တယ်။ အဲ့အချိန်ကျရင် ကောင်မလေးက အခုထုတ်အခုစားရေခဲမုန့်ကိုချက်ချင်းစားရလိမ့်မယ်”
“ဒါဆို ကောင်မလေးက အစ်ကို လင်းကို ချက်ချင်းကို သဘောကျသွားလိမ့်မယ်”
ဒါကိုကြားတော့လင်းဖန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားခဲ့သည်။ ဒီကောင်ရဲ့ဦးနှောက်ကတကယ့်ကို နက်နဲတာပဲဟုတွေးလိုက်သည်။
ညစာစားပွဲသည် ည ၉း၃၀ နာရီအထိ ကြာမြင့်ခဲ့ပြီးနောက်သူတို့သည် အိပ်ဆောင်သို့ ပြန်ခဲ့ကြသည်။
လင်ဖန်းသည် အရက်မူးပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားသော ဇောင်ချင်းဘို၊ စုရီနှင့် မူဇောင်တို့ကို ကြည့်လိုက်သည်။
ဤသည်မှာ ကျောင်းသားဘဝဖြစ်ပြီးဘာတွက်ချက်မှု၊ပူးပေါင်းကြံစည်မှု လဲမရှိပေ။
အရာအားလုံးသည်သာယာပြီး ကြည်နူးစရာ ကောင်းလှသည်။
...
လူအများအပြားသည် ၎င်းတို့၏မျက်နှာပေါ်တွင် အပြုံးများနှင့်အတူ ခရီးဆောင်အိတ်ကြီးများဖြင့် ကျန်ပေ့လေဆိပ်သို့ ရောက်လာကြသည်။
သို့သော် မကြာမီမှာပင် သူတို့၏ မျက်နှာပေါ်တွင် အံ့သြမှုတစ်ခု ပေါ်လာခဲ့သည်။
အကြောင်းမှာ ယနေ့ ကျန်ပေ့လေဆိပ်တွင်နိုင်ငံခြားသား အများအပြား အစုလိုက်အပြုံလိုက် ရောက်ရှိနေသောကြောင့်ဖြစ်သည်။
သူတို့အားလုံးသည် မျက်မှန်အထူကြီးကိုတပ်ထားပြီး၊ ရှပ်အင်္ကျီအဖြူနှင့်နာရီများကို ၀တ်ဆင်ထားကြသည်။
ထိုအချိန်တွင် ဆံပင်ဖြူ ပရော်ဖက်ဆာ အက််ဒီနှင့် ပါမောက္ခ ဂျက်ဖရီတို့သည် မောပန်းစွာ ထွက်လာကြသည်။
အက်ဒီ သက်ပြင်းချလိုက်သည်- “နောက်ဆုံးတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီပဲ “
“ဒီသင်္ချာအစီရင်ခံတာက ငါ့ကို စိတ်မပျက်စေလို့ပဲငါမျှော်လင့်တယ်...”
သူ့ဘေးက ဂျက်ဖရီက “စိတ်မပူပါနဲ့မင်းကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။!”
“ဒီတစ်ခါတော့ သူက ငါတို့ကို အံ့အားသင့်စရာတွေ ယူလာပေးတော့မယ်လို့ငါတို့ စဉ်းစားဖို့ပဲလိုတယ်”
ဂျက်ဖရီဒီလိုပြောတဲ့အခါ သူ့မျက်လုံးတွေက တောက်ပလာခဲ့သည်။
အက်ဒီကတော့ ဒီအကြောင်းကို အများကြီး မပြောတော့ပေ။
သင်္ချာပုစ္ဆာတွေကို ဖြေရှင်းဖို့ ဆိုတာကအသိပညာထက် ပိုလိုအပ်သည်။
တစ်ချိန်တည်းမှာပင်တွက်နေရင်းဥာဏ်အလင်းရမှုလည်း လိုအပ်ပါသည်။
လင်းဖန်သည် နောက်ဆုံး အစီရင်ခံစာ အစည်းအဝေးတွင် အမွှာယူဆချက်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။ ဒါဟာ အသိပညယဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဒါဟာ အလွန်မတော်တဆတစ်ခုလည်း ဖြစ်နျုင်သည်။
အက်ဒီက ဒီလိုမျိုး အံဖွယ်အရာမျိုးထပ်ဖြစ်ဦးမယ်လို့ မထင်ထားပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး