← Chapters

မိုဒိဆန်းဒုက္ခရောက်နေပြီ

Vol. 007 Ch. 671

မိုဒိဆန်းဒုက္ခရောက်နေပြီ

Vol. 007 Ch. 671

ကြယ်ကိုးပွင့်သမုဒ္ဒရာ၏ တစ်နေရာတွင် မိုဒိဆန်းသည် အသက်လုပြေးနေရသည်။ သူ့အနောက်တွင် ကင်းမွန်များသည် လက်တံများဖြင့် သူ့ကိုတိုက်ခိုက်နေလေသည်။

သူတို့ လက်တံများသည် မိုဒိဆန်း၏ဘေးကိုတိုက်ခိုက်ရန်ကြိုးစားလေသည်။ သူရှောင်လိုက်သော်လည်း သူတို့မှ တစ်ကောင်ကမိသွားလေသည်။

“ဒီတစ်ခါ ဘယ်လိုလွတ်အောင်လုပ်မလဲ ကြည့်ကြတာပေါ့” ကင်းမွန်သည် မိုဒိဆန်းကိုဆုပ်ကိုင်ပြီး ရေထဲ တွင် ဝေ့ရမ်းလေသည်။

“လွှတ်” မိုဒိဆန်းသည် အော်လိုက်သည်နှင့် ဓားရှည်ပေါ်လာပြီး လက်တံများကို ဖြတ်လေသည်။

ထိုဓားရှည်သည် အလွန်ထက်လှသဖြင့် လက်တံများပြတ်ကျလေသည်။ လက်တံမှလွတ်သည်နှင့် မိုဒိဆန်းသည် ခန္ဓာကိုယ်ကိုခါရမ်းလိုက်ပြီး ဓားရှည်ကိုကောက်ကိုင်လိုက်သည်။

“အာ…” လက်တံအဖြတ်ခံလိုက်ရသော ကင်းမွန်သည် ရေတွင် လူးလိမ့်ကာ တခြားလက်တံများမှာ လည်း ရမ်းခါနေသည်။ ထိုအကောင်သည် အနီးအနားရှိကင်းမွန်များကိုပါ ရိုက်ခတ်လေသည်။

မိုဒိဆန်းသည် ကမ်းခြေတစ်လျှောက် ဦးတည်ချက်မရှိပြေးလေသည်။ သူသည် ရေမှလွတ်မြောက်မှသာ အားသာမည်ဖြစ်သည်။ သူသည် ရေအောက်တွင် အလွန်အားနည်းလွန်းသည်။

“အချင်းချင်းတိုက်မနေကြနဲ့တော့ မြန်မြန်လူသားနောက်လိုက်၊ သူ့ကိုရေထဲကမထွက်စေနဲ့” ကင်းမွန် တစ်ကောင်အော်လိုက်ရာ တခြားသူများသည် တိုက်ခိုက်ရာမှ ရပ်သွားကြပြီး မိုဒိဆန်းကိုဆက်လိုက်ကြသည်။

မိုဒိဆန်းသည် ရေအောက်တွင် နှေးကွေးကာ ဒဏ်ရာရထားခြင်းကြောင့် ပိုဆိုးနေသည်။ ကင်းမွန်အဖွဲ့ သည် သူ့အား အလျင်အမြန်ပင်မိသွားလေသည်။

သူတို့သည် သူ့အားဝိုင်းရင်း ပြောလေသည် “အဲပစ္စည်းကိုပေး၊ အဲလိုဆိုရင် အေးအေးဆေးဆေးသေခွင့် ပေးမယ်”

“ပစ္စည်းကငါ့လက်ထဲရောက်ပြီးသားကိုဘာလို့ပေးရမှာလဲ” မိုဒိဆန်းသည် လက်ထဲတွင်ဓားကိုင်ကာ သူတို့နှင့် မျက်နှာချင်းဆိုင်လိုက်သည် “မင်းတို့လည်း လူအများကြီးဆုံးရှုံးပြီးပြီ ဒါကိုငါ့နောက်လိုက်ကြသေးတယ် မင်းတို့အဖွဲ့ သေဖို့မကြောက်ကြဘူးပဲ”

ကင်းမွန်များသည် သူတို့မျိုးနွယ်ဝင်များ ကျသွားသည့်ကိစ္စကိုတွေးပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ မိုဒိဆန်း သူတို့မျိုးနွယ်မှ ပစ္စည်းခိုးယူချိန်က သူတို့မျိုးနွယ်ကို နိုင်သွားသည့်အပြင် ကင်းမွန်ကိုပင် သတ်သွားကာ အသက်ရှင်လျက်ထွက်ပြေးနိုင်သွားသည်။

သူသည် ထိုအချိန်က ဆိုးဝါးစွာဒဏ်ရာရခဲ့သည်။

“သူ့ကိုကြောက်စရမလိုဘူး သူဒဏ်ရာရထားပြီး ငါတို့နဲ့ ပြိုင်လို့မရဘူး” ကင်းမွန်တစ်ကောင်သည် အော် လေသည်။

“သူ့ကို မြန်မြန်ပြန်ခေါ်သင့်တယ် ဒီနေရာက ခရမ်းရောင်ရေမျိုးနွယ်နဲ့ ရေနဂါးမျိုးနွယ်နေရာနဲ့ သိပ်မဝေး ဘူး၊ သူတို့နဲ့တွေ့ရင် ပြဿနာဖြစ်လိမ့်မယ်” နောက်ကင်းမွန်တစ်ကောင်သည် သူတို့အား သတိပေးလေသည်။

“အင်း ငါတို့အတူလုပ်မယ်ဆိုရင် မအောင်မြင်စရာမရှိပါဘူး”

“ဟုတ်တယ် သူက နောက်ဆုံးအခြေအနေရောက်နေပြီ အတူတိုက်ကြမယ်”

သူတို့သည် ခြိမ်းခြောက်မှုကိုမကြောက်သည်ကို မိုဒိဆန်းတွေ့သောအခါ သူတို့ကို တွန်းလိုက်ပြီး ကမ်းခြေသို့ အမြန်ပြေးလေသည်။ သို့သော် မီတာအနည်းငယ်ရောက်သည်နှင့်ပင် ပြန်မိသွားလေသည်။

သူသည် အသိစိတ်ပျောက်သလိုဖြစ်ကာ အားလည်းနည်းလာသည်။ ကင်းမွန်များ ဝန်းရံချိန်တွင် သူ၏ လှုပ်ရှားမှုသည် လေးကန်လာသည်။ သူတို့၏ ပိတ်ထားသောလက်တံများနှင့်ဆိုလျှင် ထိုးမပေါက်နိုင်သော ကျော့ကွင်းပံဖြစ်ကာ သူ့ကိုအလယ်တွင်ထားကာ ဝန်းရံထားလေသည်။ ထို့နောက် သူတို့သည် ကြီးမားသော လေပူပေါင်းမှုတ်ထုတ်လိုက်ပြီး သူ့ကိုအထဲထည့်လိုက်သည်။

မိုဒိဆန်း ပူပေါင်းထဲဝင်သွားသည်နှင့် အနံ့အသက်တစ်မျိုးသည် သူ့ကိုတိုက်ခိုက်ပြန်သည်။ သို့သော် သူ ဘယ်လောက်ပင် တိုက်ခိုက်စေကာမူ ပူပေါင်းများသည် ပုံစံပြောင်းသွားသော်လည်း ပေါက်မသွားပေ။

ကင်းမွန်များသည် လက်တံများဆက်လိုက်ပြီး သူ့ကိုဝိုင်းကာ ရယ်မောလိုက်ကြသည်။

“မင်းက ငါတို့မျိုးနွယ်ဝင်တွေကို သတ်သွားလဲဘာဖြစ်လဲ နောက်ဆုံးတော့ ငါတို့လက်ထဲမှာမိသွားတာပဲ ဟားဟား သွားရအောင် အပြစ်ပေးခန်းမကိုသွားကြမယ်”

“ပစ္စည်းပေးဖို့ငြင်းနေမှတော့ ဖြေးဖြေးချင်းနှိပ်စက်ပေးရမှာပေါ့၊ ငါတို့မျိုးနွယ်ကိုရောက်တာနဲ့ တစ်စစီပိုင်း ပစ်မယ် ဟားစား”

မိုဒိဆန်းသည် ထိုလေအနံ့ကြောင့် မေ့မြောသွားကဲ့သို့ ခံစားရသည်။ လေသည် အဆိပ်ပါကာ သူ့အတွေး များ ထိုင်းမှိုင်းသွားသည်ဟု ခံစားရသည်။

“ရွှီး”

အေးစက်သော မြှားသည် ပူပေါင်းအားထိမှန်ကာ ပေါက်သွားသည်။ ပူပေါင်းသည် ရေခဲမြှားကြောင့် ကွဲသွားလေသည်။

ကင်းမွန်များသည် ရေကိုခွင်းလာသော ရေခဲမြှားကိုမြင်သောအခါ မှင်တက်သွားကြသည်။

“ဒါက ခရမ်းရောင်ရေမျိုးနွယ်က မင်းသားရဲ့ ရေခဲမြှားမလား”

“ဟားဟား မင်းတို့က မတုံးဘူးပဲ၊ ဘယ်သူ့ပစ္စည်းလဲဆိုတာကို သိသားပဲ” ဝူလာရှုံသည် လက်တွင် လေး ကိုင်ကာ ရေကူးလာသည်။ လေးတွင် ရေခဲမြှားသုံးခုတပ်ကာ လွှတ်လိုက်သည်နှင့် ရေခဲမြှားသုံးခုသည် ကင်းမွန် များကို တိုက်ခိုက်လေသည်။

“ဖူး”

ထိမှန်သွားသော ကင်းမွန်သုံးကောင်သည် လတ်ဆတ်သော သွေးများအန်ထွက်ကာ ကြမ်းပြင်သို့ ကျ သွားလေသည်။

“မင်းသား ဒါကဘာအခြေအနေလဲ” ကင်းမွန်သည် သူ့သေသွားသော မျိုးနွယ်ဝင်များကိုမြင်သောအခါ ဝူလာရှုံကိုကြည့်လိုက်သည်။

“ငါက မင်းတို့ကိုအဲမေးခွန်းမေးချင်တာ၊ ဒီနေရာက မင်းတို့အပိုင်မဟုတ်ဘးူ ကင်းမွန်မျိုးနွယ်” ဝူလာရှုံ သည် နောက်မြှားတစ်ခုချိန်လိုက်သည်။

“ဒါပေမဲ့ ဒီနေရာက ခရမ်းရောင်ရေမျိုးနွယ်ရဲ့ ပိုင်နက်လည်းမဟုတ်ဘူးလေ၊ ငါတို့က လူတစ်ယောက်ကို ဖမ်းဖို့လာတာ ဝင်ပါဖို့ မဆိုင်ဘူးလားလို့”

“ဟုတ်လား” ဝူလာရှုံသည် ထိုစကားပြောလိုက်သော ကင်းမွန်ကိုချိန်ကာ “ဒီနေရာက ငါတို့ ခရမ်းရောင် ရေမျိုးနွယ်ရဲ့ နယ်နိမိတ်ပဲ၊ အမြဲတမ်းဖြစ်ခဲ့တာ ငါတို့ မကာကွယ်တာ ခဏလောက်ပဲရှိသေးတယ် မင်းတို့က မေ့ ရဲတယ်၊ ဒီနေရာက တခြားသူဟာလို့ တကယ်ထင်တာလား”

ဝူလာရှုံ ပြောပြီးနောက်တွင် မြှားကိုလွှတ်လိုက်သည်နှင့် ကင်းမွန်သည် ရှောင်တိမ်းလိုက်သည်။ သို့သော် ရေခဲမြှားသည် မျက်လုံးရှိသည့်အတိုင်းပင် ကင်မွန်းမှာရှောင်ရှားရန်ကြိုးစားသော်လည်း မြှားမှာ သူ့နှလုံးကို ဖြတ် ဖောက်သွားလေသည်။

တခြားကင်းမွန်များသည် ကြောက်သွားကြလေသည်။ မင်းသားသည် တကယ်ကိုပဲ အင်အားကောင်း တာပဲ။

“မင်းသား ငါတို့မှားသွားပါတယ် ဒီနေရကထွက်သွားပြီး ပြန်မလာတော့ပါဘူး”

ဝူလာရှုံသည် လေးကိုချပြီး ထွက်သွားရန်လုပ်သော ကင်းမွန်မျိုးနွယ်များကို တိတ်တဆိတ် သက်ပြင်းချ မိသည်။

“ကျေးဇူးပါပဲ မင်းသား သွားပါတော့မယ်” မိုဒိဆန်းကိုကိုင်ထားသော ကင်းမွန်သည် မလှုပ်ရှားရသေးခင် မှာပင် ရေကြာပွတ်တစ်ခုသည် သူ့အားရစ်ပတ်လိုက်သည်။ အားထည့်လိုက်သည်နှင့် ကင်းမွန်သည် ကြေမွသွား လေသည်။

ရေကြာပွတ်သည် လွှတ်လိုက်သည်နှင့် မိုဒိဆန်းသည် ရေကြမ်းပြင်သို့ ညင်သာစွာကျသွားလေသည်။ သူ့အား ကိုင်ကာ ကင်းွန်သည် သူတို့အနောက်တွင် ထားလိုက်သည်။

ကင်းမွန်သည် မိုဒိဆန်းအား လက်တံတစ်ခုဖြင့်ကိုင်ကာ လှည့်ကြည့်လိုက်ရာ ဝူလာအာသည် ရေကြာပွတ်ကို ကိုင်ထားသည်ကိုတွေ့လိုက်ရသည်။ သူ့ဘေးတွင် ရွမ်ရှင်းမန်ရှိနေသည်။

“ငါတို့ကိုလွှတ်ပေးဖို့ သဘောတူပြီးသားမဟုတ်လား အခုကဘာသဘောလဲ”

“မင်းတို့ကို လွှတ်ပေးမယ်လို့ ဘယ်တုန်းကပြောတာလဲ” ဝူလာရှုံသည် သူ့အားအေးစက်စွာကြည့်လိုက် သည် “ငါတို့ နယ်မြေကိုလာမှတော့ ဘေးဘီကိုသတိထားရမှာပေါ့”

ဝူလာရှုံနှင့် ဝူလာအာတို့သည် အတူလှုပ်ရှားကြရာ တိုက်ကွက်အနည်းငယ်အတွင်းမှာပင် တစ်အုပ်စုလုံး ပြိုပျက်သွားလေသည်။

မိုဒိဆန်းသည် ပူပေါင်းမှထွက်လာသည်အထိ မူးဝေနေသည်။ သို့သော် သူသည် သူတို့ကို မသိရင် တောင် သူ့ကိုလာကယ်သည်ဆိုသည်ကိုတော့ သိသည်။ အထူးသဖြင့် ဝူလာအာသည် သူ့ကိုညင်သာစွာ လာ မ သောအခါ ပိုသေချာသွားသည်။

သို့သော် ဘာကြောင့်လဲ။ သူတို့ကို တစ်ခါမှမသိပါဘူး ဘာလို့သူ့ကိုကူညီရတာလဲ။

ကင်းမွန်များကို အကုန် ချေမှုန်းပြီးသောအခါ အလောင်းများကို နှစ်ယောက်ပေါင်းပြီး ရှင်းလိုက်ကြသည်။

“မယ်မယ် သူတို့ကို ရှင်းပြီးပါပြီ” ဝူလာရှုံသည် ပြန်လာသည်နှင့် အားရပါးရပြုံးလေသည်။

သူတို့ကို မင်းသားများဟု ခေါ်လိုက်သည်ကို မိုဒိဆန်းကြားလိုက်ကာ အခု သူမသည် သူတို့၏ မယ်တော် ဖြစ်သည်။ သူတို့သည် တော်ဝင်မျိုးနွယ်များဖြစ်မည်ဟု မိုဒိဆန်းခန့်မှန်းလိုက်သည်။ သူ အတွေးများပြန်စုရန် ကြိုးစားချိန်တွင် ရွှမ်ရှင်းမန်သည် သူ့အား နှုတ်ဆက်လေသည်။ သူသည် စကားပြောမည်အပြုတွင် ဝူလာရှုံသည် မေးခွန်းမေးလိုက်လေသည် “မင်းက မိုဒိဆန်းဖြစ်ရမယ် ဟုတ်လား”

***

All Chapters